အမျိုးသားများတွင် ပန်းသေ၊ ပန်းညှိုးရောဂါမဖြစ်စေရန် ကျန်းမာရေးနှင့် ညီညွတ်ပြီးသန့်ရှင်းလတ်ဆတ်သော မျှတသည့်အစားအစာများကို စားသုံးရပါမည်။
ထို့အပြင် ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ခြင်း၊ ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ အရက်နှင့်ဆေးလိပ်များ မသောက်ခြင်း၊ စိတ်ဖိစီးမှုများလျှော့ချခြင်း၊ စိတ်အပန်းဖြေအနားယူခြင်း၊ ခန္ဓာကိုယ်ကို ညှင်သာစွာ နှိပ်နှယ်ပေးခြင်းနှင့် ဆီးချိုသွေးချို၊ သွေးတိုးရောဂါနှင့် နှလုံးရောဂါများရှိပါက တတ်ကျွမ်းနားလည်သော ဆရာဝန်ကို ပြသခြင်းများလည်း ဆောင်ရွက်ရပါမည်။ အချို့သော ဟင်းသီးဟင်းရွက်၊ အသီးနှင့် အခြားအစားအစာများသည် အမျိုးသားများ၏ ကျန်းမာရေးကိုများစွာ အထောက်အကူပြုပါသည်။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးသည် ဆီးကျိတ်ကင်ဆာမဖြစ်စေရန် တားဆီးပေးပါသည်။ ခရမ်းချဉ်သီးတွင် ဘီတာကယ်ရိုတင်းနှင့် လိုင်းကိုပင်များ ကြွယ်ဝစွာ ပါဝင်ပြီး လိင်တံကဲ့သို့ သွေးစီးဆင်းမှုကို အားပေးသောကြောင့် ပန်းသေ၊ ပန်းညှိုးရောဂါကို ကင်းစေပါသည်။
ဖရဲသီး
ပန်းသေးပန်းညှိုးရောဂါကင်းစေရန် ဖရဲသီးကို စားပေးရပါမည်။ ဖရဲသီးတွင် Itrulline ပါဝင်ပြီး လိင်တံကဲ့သို့ သွေး စီးဆင်းမှုကို မြှင့်တင်အားပေးသောကြောင့် ဖြစ်ပါသည်။
ထောပတ်သီး
ထောပတ်သီးတွင် ဗီတာမင်ဘီစစ် B6 or Pyridoxine ကြွယ်ဝစွာပါရှိပြီး သွေးတွင်း ယောကျာၤးဟော်မုန်းတတ်စတိုစတီရုန်းကို မြှင့်တက်စေပါသည်။ ပန်းသေ၊ ပန်းညှိုးရောဂါကို ကင်းဝေးစေပါသည်။
တရုတ်နံနံ
အမျိုးသားများတွင် လိင်စိတ်စွမ်းအားမြင့်မားစေပြီး ပန်းသေပန်းညှိုးရောဂါ မဖြစ်စေရန် ကာကွယ်ပေးသော ဟင်းသီးဟင်းရွက်မှာ တရုတ်နံနံပင်ဖြစ်ပါသည်။ တရုတ်နံနံပင်သည် အမျိုးသားဟော်မုန်းအန်ဒရိုစတီရုန်းကို မြှင့်တင်ပေးသောကြောင့် ဖြစ်ပါသည်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူတွင် ဗီတာမင်စီပါရှိပြီး ခန္ဓာကိုယ်တွင်းသွေးစီးဆင်းမှုကို ကောင်းစေပါသည်။ လိင်စိတ်ဆန္ဒကိုလည်း နှိုးဆွပေးပါသည်။ ပန်သေ၊ ပန်းညှိုးရောဂါကို ကင်းဝေးစေပါသည်။
ဌက်ပျောသီး
အမျိုးသားများ၏ လိင်စိတ်စွမ်းအားကို မြှင့်တင်ပေးသော အသီးများတွင် ဌက်ပျောသီးလည်း ပါဝင်ပါသည်။ ဌက်ပျောသီးတွင်ရှိသော Bromelain သည်ပန်းသေပန်းညှိုးမဖြစ်အောင် ကာကွယ်ပေးပါသည်။
ဥအမျိုးမျိုး
အစားအစာများထဲတွင် ပန်းသေ၊ ပန်းညှိုးရောဂါမဖြစ်စေရန် အထောက်အကူပြုသည့် ဥအမျိုးမျိုးလည်း ပါဝင်ပါသည်။ ကြက်ဥ၊ ဘဲဥနှင့် ငုံးဥတို့တွင် ဗီတာမင်ဘီဖိုက်နှင့် ဗီတာမင်ဘီစစ်တို့ ပါဝင်ပြီး ခန္ဓာကိုယ်တွင် ဟော်မုန်းဓာတ်များကို ထိန်းညှိပေးသောကြောင့် ဖြစ်ပါသည်။
အခြားအစားအစာများ
အမျိုးသားများတွင် ပန်းသေပန်းညှိုးရောဂါမဖြစ်စေရန် ဆိတ်သားဟင်း၊ စာကလေးကြော်၊ ငါးရှဥ့်ချဉ်စပ်၊ ပျားရည်နှင့် နွားနို့များကိုလည်း မျှတစွာ စားသုံးရပါမည်။
အကြံပြုချက်
အမျိုးသားများအတွက် အိမ်ထောင်ရေးသုခပြည့်စေရန် ဟင်းသီး ဟင်းရွက်၊ အသီးအနှံနှင့် အသားများကို မျှတစွာ စားသုံးရပါမည်။ အစာလည်းဆေး၊ ဆေးလည်းအစာဆိုသည့်အတိုင်း ဂရုစိုက်စားသုံးရပါမည်။ သို့မှသာ ပန်းသေပန်းညှိုးရောဂါ ကင်းဝေးမည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။
AUTHOR – ဒေါက်တာကောင်းစံ
Credit to Health Care Journal (No-7, No-26)