သည်းခြေအိတ်မှာ ကျောက်တည်ရင် ဗိုက်ညာဘက်ခြမ်းက အောင့်မယ်။ သည်းခြေလမ်းကြောင်း ပိတ်သွားရင် မျက်လုံးဝါ ၊ အသားဝါ ၊ ဆီးဝါ ၊ အသားယား ၊ ဝမ်းသွားရင် ဆီတွေ ဝေ့ပါသလို ဖြစ်မယ်။ ဖြစ်ရတဲ့ အဓိကအကြောင်းမှာ အစားအသောက်နဲ့ အနေအထိုင်မမှန်လို့ ဖြစ်တာပါ ။
မိမိရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေက ကိုယ်အလေးချိန်လျော့ပါ။ တိရိစ္ဆာန်ကရတဲ့ ပြည့်ဝဆီတွေ စားသုံးတာရှောင်ပါ။ အဆီတွေ အဆိမ့်တွေ ရှောင်ပါ။ ဆီကြော်အစားအစာတွေ ၊ အဆီဓာတ်များတဲ့ ကြက်အရေပြားတွေ ၊ ဝက်ဆီ ၊ အမဲဆီတွေ၊ နို့နဲ့ မလိုင်တွေ ၊ ထောပတ်တွေ ၊ ကြက်ဥနဲ့ ဘဲဥ အနှစ်တွေ ၊ ချောကလက်တွေ ၊ အသင့်စားမုန့်တွေ ၊ ပီဇာတွေ စတာတွေ ရှောင်ပါ။
အချိုဓာတ်များတဲ့ ကော်ဖီ ၊ လက်ဖက်ရည် ၊ အချိုရည်များ သောက်သုံးခြင်းကိုလည်း ဆင်ခြင်သင့်ပါတယ်။ အသားစားတဲ့အခါ အဆီလွတ်အသားများ စားပါ။ ပရိုတင်းပါသော ငါး ၊ ပဲနီလေး ၊ မတ်ပဲ ၊စားတော်ပဲ စတဲ့ ပဲအမျိုးမျိုးကိုလည်း စားပေးနိုင်တယ်။ သစ်သီး နဲ့ဟင်းသီးဟင်းရွက်များကိုလည်း များများစားပေးပါ။
အထူးသဖြင့် Salicylate ပါဝင်သော မုန်လာဥနီ ၊ ပန်းသီး ၊ ဆီးသီး ၊ နာနတ်သီး ၊ စပျစ်သီး ၊ ထောပတ်သီး ၊ ပန်းဂေါ်ဖီ၊ ပဲသီးစိမ်း စတာတွေ စားပေးပါ။ အမျှင်ဓာတ်များပါသော ဂျုံ ၊နှံစားပြောင်း ၊ ကွေကာ ၊ ကညွတ် ၊ ဟင်းနုနွယ် ၊ ကန်စွန်းရွက် ၊ အစေ့အဆန်ပါသော အခွံမာ အသီးများ စတာတွေ စားပေးပါ။ ရေများများသောက်ပါ။
Author : ခေတ်သစ် ဇီဝက