လိင်ဆက်ဆံမှုနဲ့ပတ်သက်ပြီး အမှန်တကယ်မဖြစ်နိုင်တဲ့ ချဲ့ကားပြောဆိုမှုများကို ဆွေးနွေးမေးမြန်း ချင်ပါတယ်။
ဘယ်လိုအကြောင်းအရာတွေများလဲဗျာ။
ဥပမာပေါ့ ဆရာရယ်။ တချို့အမျိုးသားလူငယ်တွေကြား တစ်ဦးနဲ့တစ်ဦး တိုးတိုးတိတ်တိတ် ပြောဆိုကြရမယ်။ လိင်အင်္ဂါအရွယ်အစား ကြီးမားကြောင်း ကြွားပြောတာမျိုး ပိုပြောတာမျိုး။ အမှန်တကယ် မဟုတ်တဲ့ ပြောဆိုမှု တွေအကြောင်းပါ။
အဲလိုပြောဆိုမှုတွေဟာ လူငယ်လူရွယ်တွေကြားမှာ မှားယွင်းတဲ့ အတွေးအခေါ်အယူအဆတွေ ရှိနေခြင်းကြောင့်ပါ။ ယောကျ်ားပီသမှုဆိုတာကို ရိုးသားမှု၊ သတ္တိရှိမှု၊ ဇွဲကောင်းမှု၊ ဦးဆောင်ဦးရွက်ပြုနိုင်မှု၊ သည်းခံနိုင်မှု၊ ကူညီတတ်မှုစတဲ့ အင်္ဂါရပ်တွေအပေါ် မူတည်တယ်ဆို တာကို သတိမမူမိကြဘဲ တစ်လွဲဆံပင်ကောင်း ဆိုသလို ဖြစ်နေတတ်ကြတာပါ။
ဒါတွေကိုလူငယ်တွေနားလည်အောင် ပညာပေးသင့်တာပေါ့နော် ဆရာ။
သိပ်မှန်တာပေါ့ဗျာ။ လူငယ်လူရွယ်တွေမှာ မှားယွင်းတဲ့အတွေး အခေါ်အယူအဆ မရှိသင့်ဘူးပေါ့။ သုတေသနပညာရှင်များ လေ့လာတွေ့ရှိချက်ကို ဗဟုသုတအဖြစ် ပြောပြပေးပါမယ်။ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံ တွေမှာ အသက် ၄၀ နဲ့ ၆၉ နှစ်ကြားအမျိုးသား ၁၅၀၀ လောက်ကို လေ့လာမေးမြန်းခဲ့ ကြတာပါ။ The Man’s Sexual Habits Survey ကလုပ်ဆောင်ခဲ့ရာမှ တစ်လမှာ ပျမ်းမျှအားဖြင့် လိင်ဆက်ဆံမှု ၈ ကြိမ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။ ၂၄ နာရီအတွင်း တစ်ကြိမ်ထက်ပို၍ ဆက်ဆံသူမရှိသလောက် ရှားပါးကြောင်းလည်း တွေ့ရ ပါတယ်။
အမျိုးသားတွေ သိထားသင့်တဲ့ အချက်တွေပဲပေါ့နော် ဆရာ။
အခြားလေ့လာ သုတေသနပြုထားတာတွေလည်း ရှိသေးတယ်။ Durex Global Survey ကလည်း လူ ပေါင်း ၁၅၀,၀၀၀ ခန့်ကို မေးမြန်းလေ့လာ ခဲ့ကြတာတွေ့ရပါတယ်။ ပျမ်းမျှအားဖြင့် သုံးရက်တစ်ကြိမ် လိင်ဆက် ဆံမှု ရှိတယ်လို့ ဆိုပါတယ်။
အမှန်တော့ဗျာ လိင်ဆက်ဆံမှုဟာ လူဘဝမှာ ကျေနပ်ပျော်ရွှင်ဖွယ်ရာ ကိစ္စ
တစ်ရပ်ဖြစ်ပေမယ့် အကြိမ်အရေအတွက်က အဓိကမကျပါဘူး။ ဒီအချက်ကို သုတေသနပညာရှင်များက သေသေချာချာ မီးမောင်းထိုးပြထားကြပါတယ်။
လိင်အင်္ဂါအရွယ်အစားနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ဖူးတာမို့ ဒီတစ်ချက်ကိုတော့ အသေးစိတ်မမေးတော့ပါဘူး ဆရာ။ လိင်ဆက်ဆံရာမှာ အကြိမ်အရေအတွက်ဟာ ပဓာနမကျသလို လိင်အင်္ဂါအရွယ်အစားကလည်း အဓိကအချက် တစ်ခုမဟုတ်ဘူးဆိုတာ လူတိုင်းသိနားလည်ထားသင့်တာပေါ့နော် ဆရာ။
ကျွန်တော်ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုပြောပြဦးမယ်ဗျာ။ ဇနီးမောင်နှံနှစ်ဦးဟာ တစ်ဦးကိုတစ်ဦး သိပ်ချစ် ကြတယ်။ မြတ်နိုးကြတယ်။ သံယောဇဉ်လည်းအရမ်းကြီးကြတယ်။ ဒါပေမယ့် သူတို့နှစ်ဦးဟာ တစ်နှစ်မှာ သုံးကြိမ်မျှသာ လိင်ဆက်ဆံကြတယ်တဲ့။ အဲဒီသုံးရက်က ဇနီးဖြစ်သူရဲ့မွေးနေ့ လင်ယောကျ်ားရဲ့ မွေးနေ့နဲ့ သူတို့နှစ်ဦး လက်ထပ်တဲ့နေ့ သုံးရက်ပဲဖြစ်တယ်တဲ့ဗျာ။
ဒါကြောင့် ဇနီးမောင်နှံနှစ်ဦးအတွက် လိင်ဆက်ဆံမှုဟာ အိမ်ထောင်တစ်ခုအတွက် လိုအပ်ချက်တစ်ခု ဖြစ်သော်လည်း ချစ်ခြင်းမေတ္တာသံယောဇဉ်က ပိုပြီး အရေးကြီးတယ်လို့ပြောရမှာပါ။ လိင်ဆက်ဆံမှုနဲ့ ပတ်သက်ပြီး ချဲ့ကားပြောဆိုမှုတွေဟာ လည်း အမှန်တော့ လူငယ်လူရွယ်ကြားမှာ ပပျောက် သွားပြီဖြစ် ကြောင်းလည်း ပြောချင်ပါတယ်။
AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)