fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အမျိုးသား အများစု မလိုအပ်သောဆေး

261
VIEWS
Share on FacebookShare on TwitterShare on Linkedin
31/08/2016
in အမျိုးသားကျန်းမာရေး
1 min read
A A

လွန်ခဲ့သော ဆယ်စုနှစ်များအတွင်းက ရယ်စရာကောင်းသော အဖြစ်အပျက်တစ်ခု အမေရိကန်နိုင်ငံမှာ ဖြစ်ပျက်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်အတွင်းက Journal of Clinical Endocrinol-ogy and Metabolism ဂျာနယ်မှာ ဖော်ပြပါရှိခဲ့သော ဆောင်းပါးတစ်ပုဒ်အရ အမျိုးသားတစ်ဦးရဲ့ ကျားဟော်မုန်းဖြစ်သော တက်စတိုစရုန်းဟာ တစ်နှစ်လျှင် တစ်ရာခိုင်နှုန်းလောက် လျော့ပါးလာလေ့ရှိတယ်လို့ သိရှိရပါတယ်။

ပုံမှန်အားဖြင့် အသက်ရ လာတာနဲ့အမျှ အမျိုးသားတို့ရဲ့ တက်စတိုစတီရုန်းပမာဏဟာ သဘာဝအလျောက် လျော့ကျလာလေ့ ရှိပါတယ်။ သို့သော်လည်း ဝမ်းဗိုက်အဆီများက ဟော်မုန်းပမာဏကို ပိုမို လျော့ပါးလာစေပါတယ်။ ကော်တီဆုန်းဆေးနှင့် ဘိန်းအနွယ်ဝင် ဆေးဝါးများ၊ ပလပ်စတစ်အိတ်များတွင် ပါဝင်လေ့ရှိသည့် bisphenol A(BPA) စသော ဓာတုပစ္စည်းများ၊ ဆီးချိုရောဂါ ကဲ့သို့သော ရောဂါများ စသည်တို့ကလည်း သွေးတွင်းလည်ပတ်နေသော တက်စတိုစတီရုန်းဟော်မုန်း ပမာဏကို လျော့ပါးစေပါတယ်။ တက်စတိုစတီရုန်းပမာဏ နည်းပါးလားခြင်းကို အမျိုးသားတွေက ခံစားမိလေ့ရှိပါတယ်။ သွေးရည်ကြည်တွင်းရှိ တက်စတိုစတီရုန်းပမာဏ ၂၂၀-၃၀၀ ng/ dl ထက်နည်းပါးသော အခြေအနေကို တက်စတိုစတီရုန်း အားနည်းခြင်းလို့ ခေါ်ဆိုကြပြီး အမျိုးသားများတွင် ကာမဆန္ဒအားနည်းခြင်းနှင့် ကလေးမရခြင်းများ ဖြစ်စေနိုင်သည်။ ထိုအချိန်မှာ အမျိုးသားများရဲ့ အရိုးသိပ်သည်းမှုလည်း နည်းပါးလာပြီး အာရုံစူးစိုက်ရ ခက်ခဲခြင်းများ ခံစားကြရပါတယ်။ သို့ပေမယ့် “တက်စတိုစတီရုန်း လျော့နည်းလာခြင်း” ဟာ သင်ထင်မြင်သလို တက်စတိုစတီရုန်း ဖြည့်စွက်ဆေးတွေ သောက်ရလောက်အောင် ဆိုးရွားနေတဲ့ အခြေအနေ တစ်ရပ် မဟုတ်ပါဘူး။ တက်စတို စတီရုန်း လျော့နည်းလာခြင်းဟာ အသက်အရွယ်ရလာခြင်း၊ ဝဖြိုးလာခြင်း သို့မဟုတ် ဆေးတို့၏ ပေါင်းစပ်အာနိသင် ပေါ်ပေါက်လာတတ်တဲ့ လက္ခဏာ တစ်ရပ်သာဖြစ်ပြီး ပြဿနာကြီးတစ်ခု မဟုတ်ပါဘူး။ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတွေကတော့ တက်စတိုစတီရုန်း လျော့နည်း လာတာကိုပဲ ရောဂါကြီး တစ်ရပ်လို ပုံကြီးချဲ့ကြကာ အသက်ရလာတဲ့အခါ ပုံမှန်ဖြစ်နေကျဖြစ်သော လိင်စိတ်နည်းပါးခြင်း၊ လှုပ်ရှားမှု နှေးကွေးလာခြင်းတို့ကို ရောဂါတစ်ခု ဖြစ်ပွားနေသည်နှင့် ကြေငြာကာ သူတို့ရဲ့ တက်စတိုစတီရုန်း အားဖြည့်ဆေးတွေ သောက်ဖြစ်အောင် ဆွဲဆောင်ကြပါတယ်။ ထိုအခါ နဂိုကထက် ရွှင်လန်းတက်ကြွမှု နည်းပါးတယ်လို့ ခံစားနေကြရတဲ့ အမျိုးသားတွေဟာ ၎င်းဆွဲဆောင်မှုနောက် ပါသွားတတ်ပြီး တက်စတိုစတီရုန်းလေးများ သောက်ခြင်း၊ ထိုးခြင်းတို့ကို လုပ်ဆောင် တတ်ကြပါတယ်။ စိုးရိမ်စရာအချက် တက်စတိုစတီရုန်း ဖြည့်စွက်ဆေးတွေဟာ သင့်ရဲ့လျော့ပါးနေတဲ့ သွေးတွင်း တက်စတိုစတီရုန်း ပမာဏကို မြင့်တက်လာစေရုံမျှ မကပါဘူး။ ကနှလုံးရောဂါ ဖြစ်ပွားနိုင်ချေကိုလည်း ပိုများလာစေနိုင်ပါတယ်။ သွေးနီဥ အရေအတွက်ကိုလည်း တိုးပွားလာစေနိုင်သလို ဝှေးစေ့တွေကတော့ ကျုံ့သေးသွားနိုင်ပါတယ်။ PLOS ONE ဆေးပညာ ဂျာနယ်ပါ လေ့လာမှုတစ်ရပ်အရ တက်စတိုစတီရုန်း ဖြည့်စွက်ဆေးများ သုံးစွဲပြီး သုံးလလောက်ကြာတဲ့ အချိန်မှာ အသက် ၆၅ နှစ်နှင့်အထက် အမျိုးသားများမှာ နှလုံးသွေးကြောပိတ်ဆို့ခြင်း ဖြစ်ပွားနှုန်း နှစ်ဆပိုတိုးလာသလို ထို့ထက် ငယ်ရွယ်သော အမျိုးသားများမှာလည်း နှလုံးရောဂါ ဖြစ်ပွားမှု ပိုများလာတာ တွေ့ရှိရပါတယ်။ ၎င်းအဖြစ်အပျက်မှာ ၁၉၉၀ ကျော်နှင့် ၂၀၀၀ ကျော်နှစ်ကာလများအတွင်းက လူလတ်ပိုင်း အမျိုးသမီးများမှာ သွေးဆုံးခြင်းကို ကုသရန် မဟော်မုန်းများ အစားထိုုး ကုသစဉ်နှင့် ခပ်ဆင်ဆင် တူညီပြီး ၂၀၀၂ ခုနှစ်မှာတော့ ဟော်မုန်းအစားထိုး ကုသခြင်းက လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် ရင်သားကင်ဆာများ ဖြစ်ပွားနိုင်ချေကို တိုးပွားစေတယ်ဆိုတာကို သိရှိခဲ့ကြရပါတယ်။ အမေရိကန် နိုင်ငံအတွင်း တက်စတိုစတီရုန်း သုံးစွဲမှုဟာ ၂၀၀၁ ခုနှစ်ကစပြီး သုံးဆအထိ တိုးတက်လာခဲ့ပါတယ်။ ၁၉၇၃ ခုနှစ်ကတည်းက လူနာများမှာ စတင်သုံးစွဲခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဌာနရဲ့ ထောက်ခံချက်ရရှိထားခဲ့တဲ့ တက်စတိုစတီးရုန်း ဖြည့်စွက်ဆေးများကို အရေးပြားကပ်ခွားများ၊ ဂျယ်၊ သောက်ဆေး၊ ထိုးဆေး စသည်ဖြင့် ပုံစံငါးမျိုးဖြင့် ရရှိနိုင်ပါတယ်။ ၂၀၁၂ တစ်ခုတည်းမှာပင် Andro Gel အမည်ရ လိမ်းဆေး တစ်မျိုးတည်းကို အကြိမ် သုံးသန်းကျော် ဆရာဝန်များက ညွှန်းဆိုခဲ့ကြပါတယ်။ တက်စတိုစတီရုန်း ဖြည့်စွက်ဆေးများ ရောင်းချခြင်းမှ ရရှိငွေမှာ တစ်နှစ်အတွင်း ဒေါ်လား ၂ ဘီလီယံခန့် ရှိပါတယ်။ ဆရာဝန်တော်တော် များများက တက်စတိုစတီရုန်းကို စမ်းသပ်စစ်ဆေးလေ့ မရှိကြဘဲ ပေးလေ့ရှိကြသလိုပေးပြီး နောက်ပိုင်းမှာလည်း ပြန်လည်စစ်ဆေးမှု နည်းပါးလေ့ရှိကြပါတယ်။ တက်စတိုစတီရုန်း ဖြည့်စွက်ဆေးများ ပေးခြင်းရဲ့ လေးပုံတစ်ပုံလောက်ဟာ သွေးစစ်ဆေးမှု ဘာမှမလုပ်ဘဲ ပေးထားခြင်းဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရှုထောင့်ကကြည့်လျှင်လည်း ထိုးဆေးများပေးခြင်းဟာ အမျိုးသားများအတွက် အကူအညီ မရပါဘူူး။ ဆေးပညာဆိုင်ရာ ကြည့်ပြန်ရင်လည်း နှလုံးရောဂါ ဖြစ်ပွားမှုကို တိုးပွားစေသည့်အပြင် တက်စတိုစတီရုန်း ဖြည့်စွက်ဆေးတွေက အမျိုးသားတစ်ယောက်ရဲ့ သဘာဝတရားကို ယိုယွင်းစေ၍ တက်စတိုစတီရုန်း သဘာဝအတိုင်း ထွက်ခြင်းကို လျော့နည်းလာစေပါတယ်။ တက်စတိုစတီရုန်းကို သဘာဝနည်းများဖြင့် အားဖြည့်ခြင်း တက်စတိုစတီရုန်း ဆေးများသာ သုံးစွဲနေမယ့်အစား အမျိုးသားများဟာ တက်စတိုစတီရုန်း လျော့နည်း လာခြင်းရဲ့ အဓိကအကြောင်းရင်များကို အာရုံစိုက်ကုသသင့်ပါတယ်။ သဘာဝအတိုင်း တက်စတိုစတီရုန်းများ ပြန်လည် အားဖြည့်နိုင်ရန် မှန်ကန်သော နည်းလမ်းကတော့ ကိုယ်အလေးချိန် လျော့ချခြင်း ဖြစ်ပါတယ်။ ဝဖြိုးသော အမျိုးသားများတွင် ကိုယ်အလေးချိန် ၁၇ ပေါင် လျော့ကျသွားတိုင်း သွေးတွင်း တက်စတိုစတီရုန်း ပမာဏ ၁၅ ရာခိိုင်နှုန်း တိုးတက်လာကြောင်း တွေ့ရှိရပါတယ်။ ပုံမှန်အားဖြင့် အမျိုးသားတစ်ယောက်ရဲ့ ခါးအတိုင်းအတာဟာ သူ့အရပ်ရဲ့ တဝက်ခန့်သာ ရှိသင့်ပါတယ်။ အစားအသောက်ပုံစံ ပြောင်းလဲခြင်းကလည်း ကိုယ်အလေးချိန်ကို လျော့နည်းစေခြင်းမရှိတဲ့တိုင် အကျိုးရှိစေနိုင်ပါတယ်။ အရက်လျော့သောက်ခြင်းက သွေးတွင်း တက်စတိုစတီရုန်း ပမာဏကို တိုးတက်စေပါတယ်။ ပြည့်ဝဆီများလွန်းသော အစားအသောက်များ လျော့စားခြင်း၊ ဆန်လုံးညိုများ စားပေးခြင်းကလည်း စိတ်ခံစားမှုကို ကောင်းမွန်စေပြီး အားအင်တိုးတက် စေပါတယ်။ အမျိုးသားများ ရှောင်ကြဉ်ကြရမှာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေတဲ့ ရောဂါတစ်မျိုးအတွက် အန္တရာယ်မကင်းသော ဆေးဝါးတစ်မျိုးကို မလိုအပ်ဘဲ မသုံးစွဲမိဖို့ဘဲ ဖြစ်ပါတော့တယ်။

 

AUTHOR –  ဒေါက်တာကျော်စွာထွန်း (ဆေးဝါးဗေဒ)
Credit to: Health Care Journal (Vol-7, No-27)

Previous Post

အရေပြားကင်ဆာ

Next Post

သတိပြုရမည့် ခေါင်းကိုက်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
742
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

1 year ago
630

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
984

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သတိပြုရမည့် ခေါင်းကိုက်ခြင်း

နိုဗူးတိုက်ကျွေးခြင်း

အသားစားလျှင် သန်ထမည်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.