fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

Dr 528 နှင့် ရှာရှာဖွေဖွေမေးခွန်းများ (၁)

35
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/12/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

အြန္လိုင္းအေမးအေျဖမွာ ဝင္ေျဖတာ ၁ႏွစ္ျပည့္ၿပီဆိုေတာ့ ရွာရွာေဖြေဖြ ထူးထူးဆန္းဆန္းေမးခြန္းေတြလည္း အမ်ားႀကီးႀကဳံရပါတယ္။ တခ်ိဳ႕ပရိသတ္ေတြက တကယ့္ကိုေမးခြန္းေမးတာ ေတာ္ၾကပါတယ္။ထိုသူတို႔ ရွာရွာေဖြေဖြေမးထားတဲ့ ေမးခြန္းေတြကို အားလုံးဗဟုသုတရေအာင္ ေဆာင္းပါးအေနနဲ႔စုစည္းတင္ျပခ်င္ပါတယ္။

အခုအပိုင္း(၁)မွာေတာ့ အေရးေပၚသေႏၶတားေဆး(Emergency Oral Contraceptive Pills)နဲ႔ပတ္သက္တဲ့ေမးခြန္းေတြကိုတင္ျပခ်င္ပါတယ္။

အရင္ဆုံးအေရးေပၚသေႏၶတားေဆးအေၾကာင္းကိုနည္းနည္းေျပာျပပါရေစ။ အေရးေပၚသေႏၶတားေဆး ထုတ္လုပ္တဲ့ရည္႐ြယ္ခ်က္က တကယ့္ကိုအေရးေပၚ အေျခအေနမွသာ ေသာက္ဖို႔ ထုတ္လုပ္ထားတာပါ။ ဘယ္လိုအေျခအေနေတြမွာ သုံးဖို႔ထုတ္ထားလဲဆိုေတာ့ ဥပမာ အလိုမတူဘဲ အႏိုင္က်င့္ခံရရင္၊ ကြန္ဒုံး အသုံးျပဳေနရင္းနဲ႔ မေတာ္တဆ ကြန္ဒုံးေပါက္ၿပဲသြားရင္၊ မလိုခ်င္တဲ့ ကိုယ္ဝန္ရတာမ်ိဳး
မျဖစ္ေအာင္ ေနာက္ၿပီး ခရီးသြားရင္းနဲ႔ အတူေနခဲ့မိတယ္ ေရာက္ေနတဲ့ေနရာမွာ ေဆးဝယ္ဖို႔ကလည္းခ်က္ခ်င္းမလြယ္ဘူး။

ေနာက္တစ္ရက္ေလာက္မွ ေဆးဝယ္လို႔ရမယ္။ ဒါမွမဟုတ္ အတူေနတဲ့ညမွာ မိုးသက္ေလျပင္းေတြက်လို႔ ခ်က္ခ်င္းေဆးထြက္ဝယ္ဖို႔ အဆင္မေျပဘူး။ မနက္ျဖန္ သို႔မဟုတ္ သန္ဘက္ခါမွ ေဆးဝယ္လို႔ရမယ္။ စတဲ့အေျခအေနေတြ အတြက္ ထုတ္လုပ္ထားတာပါ။ အေရးေပၚတားေဆးက လိင္ဆက္ဆံၿပီးခ်က္ျခင္းမေသာက္ႏိုင္လည္း ကိစၥမရွိပါဘူး။ ၇၂နာရီ အခ်ိန္ရပါတယ္။ ၇၂နာရီအတြင္းမွာ ႏွစ္လုံးပါတဲ့အေရးေပၚတားေဆးဆိုလည္းႏွစ္လုံး တစ္လုံးပါတဲ့အေရးေပၚတားေဆးဆိုလည္း တစ္လုံးတိုက္ႏိုင္ရင္ မလိုခ်င္တဲ့ ကိုယ္ဝန္မရေအာင္ အနည္းနဲ႔အမ်ား ကာကြယ္ေပးႏိုင္ပါတယ္။

အေရးေပၚေဆးျဖစ္လို႔ ပါဝင္တဲ့ေဟာ္မုန္းကိုလည္း ပိုထည့္ထားတယ္။ ေဟာ္မုန္းမ်ားတာနဲ႔အမွ် ေဘးထြက္ဆိုးက်ိဳးလည္း ပိုမ်ားတယ္။ ပ်ိဳ႕ခ်င္၊ အန္ခ်င္၊ ရင္သားတင္း ေခါင္းမူးေခါင္းကိုက္၊ စိတ္ခံစားမႈေတြ ေျပာင္းလဲႏိုင္တယ္။ ရာသီေသြးလည္း ေျပာင္းမယ္။ ထိန္တာ၊ မ်ားတာ၊ နည္းတာ လာမယ့္ရက္မဟုတ္ဘဲ ဆင္းတာ ထပ္ဆင္းတာ စသျဖင့္အမ်ိဳးမ်ိဳး ျဖစ္ႏိုင္တယ္။

ကဲ ေဆးအေၾကာင္းအနည္းငယ္ေျပာၿပီးၿပီဆိုေတာ့ေမးခြန္းေလးေတြကိုေျပာျပပါ့မယ္။

ေမးခြန္း၁။ ။ ဆရာကြၽန္ေတာ့္နာမည္က ေမာင္ေအာင္ပါ။ အေရးေပၚတားေဆးက အတူေနၿပီး ၇၂နာရီအတြင္းမွာေသာက္ရင္ ကိုယ္ဝန္လုံးဝမရဖို႔ ၁၀၀ရာခိုင္ႏႈန္းအာမခံပါသလား။

အေျဖ။ ။ ကိုယ္ဝန္တားတဲ့ေနရာမွာ ကြန္ဒုံးသုံးတာ၊လက္ညိဳး ထိုးေဆးကဒ္ ေန႔စဥ္စားတာ၊ သုံးလခံေဆးထိုးတာ၊ မိန္းမကိုယ္ထဲ ပစၥည္းထည့္တာ၊ လက္ေမာင္းထဲ ျမဳပ္တာ၊ ရက္ေရွာင္တာ စသျဖင့္နည္းလမ္းေတြ အမ်ားႀကီးရွိပါတယ္။ ဘယ္တားတဲ့ နည္းလမ္းမွ ၁၀၀ရာခိုင္ႏႈန္း အာမမခံထားပါ။ ကြၽန္ေတာ့္အေနနဲ႔လည္း ၾကားကေန အာမမခံေပးပါ။ ကြန္ဒုံးသုံးရင္ေတာင္မွ ကိုယ္ဝန္မရဖို႔ ၉၈ ရာခိုင္ႏႈန္းပဲ ကာကြယ္ေပးႏိုင္ပါတယ္။

အေရးေပၚသေႏၶတားေဆး (EOC pills) ေတြ အေနနဲ႔ကေတာ့ အတူေနၿပီး ၂၄နာရီအတြင္း ေသာက္ရင္ ၉၅ ရာခိုင္ႏႈန္း စိတ္ခ်ရတယ္။ ၄၈နာရီအတြင္း ေသာက္ရင္ ၈၅ရာခိုင္ႏႈန္း ၊၇၂နာရီအတြင္း ေသာက္ရင္ ၅၈ ရာခိုင္ႏႈန္း စိတ္ခ်ႏိုင္ပါတယ္။

ေမးခြန္း(၂) အတူေနၿပီးတိုင္း ႏွစ္လုံးပါတာဆို ႏွစ္လုံး တစ္လုံးပါတာဆို တစ္လုံး ထပ္တိုက္ဖို႔လိုလား။သို႔မဟုတ္ တစ္ရက္တည္းမွာ သို႔မဟုတ္ ႏွစ္ရက္ေလာက္ ၃ခါ ၄ခါအတူေနၿပီးမွ ႏွစ္လုံးပါတဲ့ေဆးဆိုႏွစ္လုံး တစ္လုံးပါတဲ့ေဆးဆိုတစ္လုံး တစ္ႀကိမ္ပဲတိုက္ရင္ေကာရလား။

အေျဖ။ ။ တစ္ရက္တည္းမွာ သို႔မဟုတ္ ႏွစ္ရက္ေလာက္ ၃ခါ ၄ခါအတူေနၿပီးမွ ႏွစ္လုံးပါတဲ့ေဆးဆိုႏွစ္လုံး တစ္လုံးပါတဲ့ေဆးဆိုတလုံး တႀကိမ္ပဲတိုက္ရင္လည္းရပါတယ္။ သို႔ေသာ္ ေမးခြန္း၁မွာေျပာခဲ့သလို ၂ရက္ (၄၈) နာရီဆိုရင္ ကိုယ္ဝန္ကို ကာကြယ္ႏိုင္တဲ့ရာခိုင္ႏႈန္းက ေလ်ာ့သြားႏိုင္ပါတယ္။ ၃ရက္အတြင္းမွာ တိုက္ရင္ရတယ္လို႔ ဆိုေသာ္ျငား ရက္တစ္ရက္ ေနာက္က်သြားတာနဲ႔အမွ် ကိုယ္ဝန္တားႏိုင္ေျခက်ဆင္းလာပါတယ္။

ေမးခြန္း (၃) ကြၽန္ေတာ္ေကာင္မေလးနဲ႔ေန႔လည္းကအတူေနၿပီး အေရးေပၚတားေဆးတိုက္လိုက္တယ္ဆရာ။ ဒါေပမယ့္တိုက္ၿပီး စိတ္မထိန္းႏိုင္ေတာ့ ညေနမွာေနာက္တစ္ႀကိမ္ထပ္ေနမိတယ္။အဲ့ဒါေနာက္တစ္ႀကိမ္ထပ္တိုက္ဖို႔လိုလား။ကြၽန္ေတာ္တို႔ကမေျပလည္ေတာ့ကေလးရမွာစိုးလို႔ပါ။

ဒါက ေသခ်ာစဥ္းစားၾကည့္ရင္ ေမးခြန္း၂နဲ႔သေဘာတရားခ်င္းတူပါတယ္။

အေျဖ။ ။ ထပ္တိုက္စရာမလိုပါဘူး။ဘာလို႔လဲဆိုေတာ့ ေဆးတိုက္ၿပီးရက္မျခားေသးလို႔ပါ။ ဆိုလိုတာက ေနာက္ရက္မွာအတူေနမိတာမဟုတ္ဘဲ ေဆးတိုက္ထားတဲ့ရက္ရဲ႕ ညေနမွာပဲအတူထပ္ေနမိတာမ်ိဳးမို႔ပါ။ ေနာက္တစ္ရက္မွာထပ္ေနမယ္ဆိုရင္ေတာ့ ထပ္တိုက္ရမွာပါ။

ေမးခြန္း(၄) ဒီေမးခြန္းကေတာ့ အြန္လိုင္းအေမးအေျဖမွာေမးတာေတာ္ေတာ္နည္းပါတယ္။ကြၽန္ေတာ္နဲ႔သိတဲ့ စီးပြားေရးလုပ္ငန္းရွင္သူေဌးတခ်ိဳ႕ အေမးမ်ားတဲ့ေမးခြန္းပါ။ဘာေမးတာလဲဆိုေတာ့ အေရးေပၚတားေဆးကိုအတူမေနခင္ႀကိဳတိုက္ထားလို႔ေကာရလားတဲ့။အရမ္းခ်မ္းသာၿပီး သားသမီးရွိ မယားရွိတဲ့သူေဌးတခ်ိဳ႕က sponsor ေပးၿပီး small အမွန္အကန္တေယာက္ေလာက္ထားတာမ်ိဴးရွိပါတယ္။အဲ့အခါမွာျပသာနာကဘာလဲဆိုေတာ့ ေနတာၾကာလာတာနဲ႔အမွ် သံေယာဇဥ္တြယ္ၿပီး ေကာင္မေလးကတကယ္ခ်စ္မိတဲ့အခါက် ဆက္ဆံၿပီးေဆးမေသာက္ဘဲ ကိုယ္ဝန္ယူလိုက္တာျဖစ္ျဖစ္(ဒါကေတာ့ရွားပါတယ္) သို႔မဟုတ္ ႂကြယ္ဝမႈေတြကိုေလာဘတက္ၿပီး သူ႔ကိုယ္ဝန္ကိုယူခ်င္တာပဲျဖစ္ျဖစ္ ျဖစ္လာႏိုင္ပါတယ္။ဒါေၾကာင့္အတူေနၿပီးမွတိုက္ရင္မေသာက္တာမ်ိဳးေတြျဖစ္ႏိုင္တဲ့အတြက္ အတူမေနခင္ႀကိဳတိုက္ခ်င္ၾကတာပါ။

ဒီေမးခြန္းက ေမးခြန္းနံပါတ္(၃)နဲ႔ခပ္ဆင္ဆင္ပါပဲ။ႀကိဳတင္တိုက္လို႔ရပါတယ္။

သို႔ေသာ္ေမးခြန္းနံပါတ္(၃)လိုပဲရက္ျခားသြားရင္ေတာ့ ထပ္တိုက္ဖို႔လိုပါတယ္။ဆိုလိုတာက တစ္ခါႀကိဳတိုက္ၿပီး ဒီေန႔အတူေနလိုက္တယ္။ ေနာက္၇၂နာရီျပည့္တဲ့အထိထပ္မတိုက္ဘဲအတူထပ္ေနလို႔ေတာ့မရပါဘူး။ေမးခြန္း(၁)အေျဖမွာေျပာခဲ့သလိုပဲ ၇၂နာရီျပည့္ခါနီးတာနဲ႔အမွ် ကာကြယ္ႏိုင္စြမ္းေလွ်ာ့က်လာလို႔ပါ။

အဆုံးသတ္အေနနဲ႔ေျပာျပခ်င္တာကေတာ့ အေရးေပၚတားေဆးဟာ အေပၚမွာတစ္ခါေျပာခဲ့တဲ့အတိုင္း ေဘးထြက္ဆိုးက်ိဳးေတြအေနနဲ႔ ပ်ိဳ႕ခ်င္၊အန္ခ်င္၊ရင္သားတင္း ေခါင္းမူးေခါင္းကိုက္၊စိတ္ခံစားမႈေတြေျပာင္းလဲတာ၊ရာသီထိန္တာ၊မ်ားတာ၊နည္းတာလာမယ့္ရက္မဟုတ္ဘဲ ဆင္းတာ ထပ္ဆင္းတာေတြအျပင္ မၾကာခဏသုံးစြဲလာတာနဲ႔အမွ် ကိုယ္ဝန္တားႏိုင္စြမ္းေလွ်ာ့က်လာၿပီး ေဆးေသာက္ေသာ္လည္းကိုယ္ဝန္ရတာ၊ရတဲ့ကိုယ္ဝန္ကလည္း သားအိမ္ျပင္ပမွာျဖစ္တာ၊ကိုယ္ဝန္မခိုင္တာ၊ေျခေထာက္ထဲက ေသြးျပန္ေၾကာေတြ ပိတ္ၿပီးေရာင္ျခင္း၊ အဆုပ္ေသြးေၾကာပိတ္၊ ႏွလုံးေသြးေၾကာပိတ္၊ ဦးေႏွာက္ေသြးေၾကာပိတ္၊ အသည္းထိခိုက္၊ အသဲကင္ဆာ၊ သည္းေျခအိတ္ေရာဂါ နဲ႔ ေသြးတိုးေရာဂါေတြျဖစ္တာစတဲ့ေရရွည္ခဏခဏသုံးရင္ရႏိုင္မယ့္ေဘးထြက္ဆိုးက်ိဳးေတြကတအားမ်ားပါတယ္။ဒါေၾကာင့္တကယ္အေရးေပၚမွသာသုံးသင့္ပါတယ္။လူငယ္စုံတြဲမ်ားအေနနဲ႔ ကြန္ဒုံးကိုပဲအဓိကထားသုံးစြဲေစခ်င္ပါတယ္။ကြန္ဒုံးကေဘးထြက္ဆိုးက်ိဳးမရွိသေလာက္နည္းတဲ့အျပင္ လိင္ကတဆင့္ကူးစက္တဲ့ေရာဂါေတြကိုလည္းကာကြယ္ေပးႏိုင္ပါတယ္။

Author : Dr. 528

(Unicode)

အွန်လိုင်းအမေးအဖြေမှာ ဝင်ဖြေတာ ၁နှစ်ပြည့်ပြီဆိုတော့ ရှာရှာဖွေဖွေ ထူးထူးဆန်းဆန်းမေးခွန်းတွေလည်း အများကြီးကြုံရပါတယ်။ တချို့ပရိသတ်တွေက တကယ့်ကိုမေးခွန်းမေးတာ တော်ကြပါတယ်။ထိုသူတို့ ရှာရှာဖွေဖွေမေးထားတဲ့ မေးခွန်းတွေကို အားလုံးဗဟုသုတရအောင် ဆောင်းပါးအနေနဲ့စုစည်းတင်ပြချင်ပါတယ်။

အခုအပိုင်း(၁)မှာတော့ အရေးပေါ်သန္ဓေတားဆေး(Emergency Oral Contraceptive Pills)နဲ့ပတ်သက်တဲ့မေးခွန်းတွေကိုတင်ပြချင်ပါတယ်။

အရင်ဆုံးအရေးပေါ်သန္ဓေတားဆေးအကြောင်းကိုနည်းနည်းပြောပြပါရစေ။ အရေးပေါ်သန္ဓေတားဆေး ထုတ်လုပ်တဲ့ရည်ရွယ်ချက်က တကယ့်ကိုအရေးပေါ် အခြေအနေမှသာ သောက်ဖို့ ထုတ်လုပ်ထားတာပါ။ ဘယ်လိုအခြေအနေတွေမှာ သုံးဖို့ထုတ်ထားလဲဆိုတော့ ဥပမာ အလိုမတူဘဲ အနိုင်ကျင့်ခံရရင်၊ ကွန်ဒုံး အသုံးပြုနေရင်းနဲ့ မတော်တဆ ကွန်ဒုံးပေါက်ပြဲသွားရင်၊ မလိုချင်တဲ့ ကိုယ်ဝန်ရတာမျိုး
မဖြစ်အောင် နောက်ပြီး ခရီးသွားရင်းနဲ့ အတူနေခဲ့မိတယ် ရောက်နေတဲ့နေရာမှာ ဆေးဝယ်ဖို့ကလည်းချက်ချင်းမလွယ်ဘူး။

နောက်တစ်ရက်လောက်မှ ဆေးဝယ်လို့ရမယ်။ ဒါမှမဟုတ် အတူနေတဲ့ညမှာ မိုးသက်လေပြင်းတွေကျလို့ ချက်ချင်းဆေးထွက်ဝယ်ဖို့ အဆင်မပြေဘူး။ မနက်ဖြန် သို့မဟုတ် သန်ဘက်ခါမှ ဆေးဝယ်လို့ရမယ်။ စတဲ့အခြေအနေတွေ အတွက် ထုတ်လုပ်ထားတာပါ။ အရေးပေါ်တားဆေးက လိင်ဆက်ဆံပြီးချက်ခြင်းမသောက်နိုင်လည်း ကိစ္စမရှိပါဘူး။ ၇၂နာရီ အချိန်ရပါတယ်။ ၇၂နာရီအတွင်းမှာ နှစ်လုံးပါတဲ့အရေးပေါ်တားဆေးဆိုလည်းနှစ်လုံး တစ်လုံးပါတဲ့အရေးပေါ်တားဆေးဆိုလည်း တစ်လုံးတိုက်နိုင်ရင် မလိုချင်တဲ့ ကိုယ်ဝန်မရအောင် အနည်းနဲ့အများ ကာကွယ်ပေးနိုင်ပါတယ်။

အရေးပေါ်ဆေးဖြစ်လို့ ပါဝင်တဲ့ဟော်မုန်းကိုလည်း ပိုထည့်ထားတယ်။ ဟော်မုန်းများတာနဲ့အမျှ ဘေးထွက်ဆိုးကျိုးလည်း ပိုများတယ်။ ပျို့ချင်၊ အန်ချင်၊ ရင်သားတင်း ခေါင်းမူးခေါင်းကိုက်၊ စိတ်ခံစားမှုတွေ ပြောင်းလဲနိုင်တယ်။ ရာသီသွေးလည်း ပြောင်းမယ်။ ထိန်တာ၊ များတာ၊ နည်းတာ လာမယ့်ရက်မဟုတ်ဘဲ ဆင်းတာ ထပ်ဆင်းတာ စသဖြင့်အမျိုးမျိုး ဖြစ်နိုင်တယ်။

ကဲ ဆေးအကြောင်းအနည်းငယ်ပြောပြီးပြီဆိုတော့မေးခွန်းလေးတွေကိုပြောပြပါ့မယ်။

မေးခွန်း၁။ ။ ဆရာကျွန်တော့်နာမည်က မောင်အောင်ပါ။ အရေးပေါ်တားဆေးက အတူနေပြီး ၇၂နာရီအတွင်းမှာသောက်ရင် ကိုယ်ဝန်လုံးဝမရဖို့ ၁၀၀ရာခိုင်နှုန်းအာမခံပါသလား။

အဖြေ။ ။ ကိုယ်ဝန်တားတဲ့နေရာမှာ ကွန်ဒုံးသုံးတာ၊လက်ညိုး ထိုးဆေးကဒ် နေ့စဉ်စားတာ၊ သုံးလခံဆေးထိုးတာ၊ မိန်းမကိုယ်ထဲ ပစ္စည်းထည့်တာ၊ လက်မောင်းထဲ မြုပ်တာ၊ ရက်ရှောင်တာ စသဖြင့်နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဘယ်တားတဲ့ နည်းလမ်းမှ ၁၀၀ရာခိုင်နှုန်း အာမမခံထားပါ။ ကျွန်တော့်အနေနဲ့လည်း ကြားကနေ အာမမခံပေးပါ။ ကွန်ဒုံးသုံးရင်တောင်မှ ကိုယ်ဝန်မရဖို့ ၉၈ ရာခိုင်နှုန်းပဲ ကာကွယ်ပေးနိုင်ပါတယ်။

အရေးပေါ်သန္ဓေတားဆေး (EOC pills) တွေ အနေနဲ့ကတော့ အတူနေပြီး ၂၄နာရီအတွင်း သောက်ရင် ၉၅ ရာခိုင်နှုန်း စိတ်ချရတယ်။ ၄၈နာရီအတွင်း သောက်ရင် ၈၅ရာခိုင်နှုန်း ၊၇၂နာရီအတွင်း သောက်ရင် ၅၈ ရာခိုင်နှုန်း စိတ်ချနိုင်ပါတယ်။

မေးခွန်း(၂) အတူနေပြီးတိုင်း နှစ်လုံးပါတာဆို နှစ်လုံး တစ်လုံးပါတာဆို တစ်လုံး ထပ်တိုက်ဖို့လိုလား။သို့မဟုတ် တစ်ရက်တည်းမှာ သို့မဟုတ် နှစ်ရက်လောက် ၃ခါ ၄ခါအတူနေပြီးမှ နှစ်လုံးပါတဲ့ဆေးဆိုနှစ်လုံး တစ်လုံးပါတဲ့ဆေးဆိုတစ်လုံး တစ်ကြိမ်ပဲတိုက်ရင်ကောရလား။

အဖြေ။ ။ တစ်ရက်တည်းမှာ သို့မဟုတ် နှစ်ရက်လောက် ၃ခါ ၄ခါအတူနေပြီးမှ နှစ်လုံးပါတဲ့ဆေးဆိုနှစ်လုံး တစ်လုံးပါတဲ့ဆေးဆိုတလုံး တကြိမ်ပဲတိုက်ရင်လည်းရပါတယ်။ သို့သော် မေးခွန်း၁မှာပြောခဲ့သလို ၂ရက် (၄၈) နာရီဆိုရင် ကိုယ်ဝန်ကို ကာကွယ်နိုင်တဲ့ရာခိုင်နှုန်းက လျော့သွားနိုင်ပါတယ်။ ၃ရက်အတွင်းမှာ တိုက်ရင်ရတယ်လို့ ဆိုသော်ငြား ရက်တစ်ရက် နောက်ကျသွားတာနဲ့အမျှ ကိုယ်ဝန်တားနိုင်ခြေကျဆင်းလာပါတယ်။

မေးခွန်း (၃) ကျွန်တော်ကောင်မလေးနဲ့နေ့လည်းကအတူနေပြီး အရေးပေါ်တားဆေးတိုက်လိုက်တယ်ဆရာ။ ဒါပေမယ့်တိုက်ပြီး စိတ်မထိန်းနိုင်တော့ ညနေမှာနောက်တစ်ကြိမ်ထပ်နေမိတယ်။အဲ့ဒါနောက်တစ်ကြိမ်ထပ်တိုက်ဖို့လိုလား။ကျွန်တော်တို့ကမပြေလည်တော့ကလေးရမှာစိုးလို့ပါ။

ဒါက သေချာစဉ်းစားကြည့်ရင် မေးခွန်း၂နဲ့သဘောတရားချင်းတူပါတယ်။

အဖြေ။ ။ ထပ်တိုက်စရာမလိုပါဘူး။ဘာလို့လဲဆိုတော့ ဆေးတိုက်ပြီးရက်မခြားသေးလို့ပါ။ ဆိုလိုတာက နောက်ရက်မှာအတူနေမိတာမဟုတ်ဘဲ ဆေးတိုက်ထားတဲ့ရက်ရဲ့ ညနေမှာပဲအတူထပ်နေမိတာမျိုးမို့ပါ။ နောက်တစ်ရက်မှာထပ်နေမယ်ဆိုရင်တော့ ထပ်တိုက်ရမှာပါ။

မေးခွန်း(၄) ဒီမေးခွန်းကတော့ အွန်လိုင်းအမေးအဖြေမှာမေးတာတော်တော်နည်းပါတယ်။ကျွန်တော်နဲ့သိတဲ့ စီးပွားရေးလုပ်ငန်းရှင်သူဌေးတချို့ အမေးများတဲ့မေးခွန်းပါ။ဘာမေးတာလဲဆိုတော့ အရေးပေါ်တားဆေးကိုအတူမနေခင်ကြိုတိုက်ထားလို့ကောရလားတဲ့။အရမ်းချမ်းသာပြီး သားသမီးရှိ မယားရှိတဲ့သူဌေးတချို့က sponsor ပေးပြီး small အမှန်အကန်တယောက်လောက်ထားတာမျိူးရှိပါတယ်။အဲ့အခါမှာပြသာနာကဘာလဲဆိုတော့ နေတာကြာလာတာနဲ့အမျှ သံယောဇဉ်တွယ်ပြီး ကောင်မလေးကတကယ်ချစ်မိတဲ့အခါကျ ဆက်ဆံပြီးဆေးမသောက်ဘဲ ကိုယ်ဝန်ယူလိုက်တာဖြစ်ဖြစ်(ဒါကတော့ရှားပါတယ်) သို့မဟုတ် ကြွယ်ဝမှုတွေကိုလောဘတက်ပြီး သူ့ကိုယ်ဝန်ကိုယူချင်တာပဲဖြစ်ဖြစ် ဖြစ်လာနိုင်ပါတယ်။ဒါကြောင့်အတူနေပြီးမှတိုက်ရင်မသောက်တာမျိုးတွေဖြစ်နိုင်တဲ့အတွက် အတူမနေခင်ကြိုတိုက်ချင်ကြတာပါ။

ဒီမေးခွန်းက မေးခွန်းနံပါတ်(၃)နဲ့ခပ်ဆင်ဆင်ပါပဲ။ကြိုတင်တိုက်လို့ရပါတယ်။

သို့သော်မေးခွန်းနံပါတ်(၃)လိုပဲရက်ခြားသွားရင်တော့ ထပ်တိုက်ဖို့လိုပါတယ်။ဆိုလိုတာက တစ်ခါကြိုတိုက်ပြီး ဒီနေ့အတူနေလိုက်တယ်။ နောက်၇၂နာရီပြည့်တဲ့အထိထပ်မတိုက်ဘဲအတူထပ်နေလို့တော့မရပါဘူး။မေးခွန်း(၁)အဖြေမှာပြောခဲ့သလိုပဲ ၇၂နာရီပြည့်ခါနီးတာနဲ့အမျှ ကာကွယ်နိုင်စွမ်းလျှော့ကျလာလို့ပါ။

အဆုံးသတ်အနေနဲ့ပြောပြချင်တာကတော့ အရေးပေါ်တားဆေးဟာ အပေါ်မှာတစ်ခါပြောခဲ့တဲ့အတိုင်း ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ ပျို့ချင်၊အန်ချင်၊ရင်သားတင်း ခေါင်းမူးခေါင်းကိုက်၊စိတ်ခံစားမှုတွေပြောင်းလဲတာ၊ရာသီထိန်တာ၊များတာ၊နည်းတာလာမယ့်ရက်မဟုတ်ဘဲ ဆင်းတာ ထပ်ဆင်းတာတွေအပြင် မကြာခဏသုံးစွဲလာတာနဲ့အမျှ ကိုယ်ဝန်တားနိုင်စွမ်းလျှော့ကျလာပြီး ဆေးသောက်သော်လည်းကိုယ်ဝန်ရတာ၊ရတဲ့ကိုယ်ဝန်ကလည်း သားအိမ်ပြင်ပမှာဖြစ်တာ၊ကိုယ်ဝန်မခိုင်တာ၊ခြေထောက်ထဲက သွေးပြန်ကြောတွေ ပိတ်ပြီးရောင်ခြင်း၊ အဆုပ်သွေးကြောပိတ်၊ နှလုံးသွေးကြောပိတ်၊ ဦးနှောက်သွေးကြောပိတ်၊ အသည်းထိခိုက်၊ အသဲကင်ဆာ၊ သည်းခြေအိတ်ရောဂါ နဲ့ သွေးတိုးရောဂါတွေဖြစ်တာစတဲ့ရေရှည်ခဏခဏသုံးရင်ရနိုင်မယ့်ဘေးထွက်ဆိုးကျိုးတွေကတအားများပါတယ်။ဒါကြောင့်တကယ်အရေးပေါ်မှသာသုံးသင့်ပါတယ်။လူငယ်စုံတွဲများအနေနဲ့ ကွန်ဒုံးကိုပဲအဓိကထားသုံးစွဲစေချင်ပါတယ်။ကွန်ဒုံးကဘေးထွက်ဆိုးကျိုးမရှိသလောက်နည်းတဲ့အပြင် လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။

Author : Dr. 528

Previous Post

ရာသီမလာ

Next Post

ကလေးငယ်များအတွက် ပျားရည်က တကယ်ကောင်းသလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.5k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
808
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
649

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးငယ်များအတွက် ပျားရည်က တကယ်ကောင်းသလား

ဗြုတ်စိထတဲ့ ကျောက်ကပ်ရေအိတ်လေးများ

ဆီးကျိတ်နှင့် ပတ်သက်သမျှ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.