fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ရင်သားကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်သောအကြောင်းများနဲ့ လျှော့ချနိုင်မည့်နည်းလမ်းများ

32
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/12/2017
in ရောဂါကြီးများ
1 min read
A A

ရင်သားကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်သောအကြောင်းများနဲ့ လျှော့ချနိုင်မည့်နည်းလမ်းများ

ရင်သားကင်ဆာသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းလုံးမှာပါ အဖြစ်များဆုံးသော ကင်ဆာများထဲတွင် ပါဝင်သော ကင်ဆာတစ်ခုဖြစ်သည်။

ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကိုမြင့်တက်စေတဲ့အကြောင်းတွေကတော့

– မိမိရဲ့ မိသားစုမျိုးရိုး ( ဥပမာ အမေ အဒေါ် အဖွား) တစ်ဦးဦမှာ ရင်သားကင်ဆာရောဂါဖြစ်ခဲ့ခြင်း
– ဓါတ်ရောင်ခြည်နဲ့ ထိတွေ့မှုများခြင်း
– အပျိုဖော်ဝင်ချိန်စောပြီး သွေးဆုံးချိန်နောက်ကျခြင်း
– ကိုယ်ဝန်မဆောင်ခြင်း
– ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးသော်လည်း ကလေးနို့မတိုက်ခြင်း
– အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း
– အသက်ကြီးမှ ကလေးရခြင်း
– သွေးဆုံးပြီးနောက် ဟော်မုန်းအစားထိုး ကုသမှုခံယူခြင်း
– ပိန်လွန်းခြင်း၊ ဝလွန်းခြင်း
– ဟော်မုန်းဆေး၊ သန္ဓေတာဆေးများကို ရေရှည်အသောက်များခြင်း စတာတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေကို များစေသော အကြောင်းများဖြစ်ပါတယ်။

ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေရန်အတွက် လုပ်သင့်တဲ့နည်းလမ်းတွေကတော့

(၁) ကိုယ်လက်လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

သုတေသနတစ်ခုအရ တစ်ပတ်လျှင် အနည်းဆုံး လေးနာရီလောက် ကိုယ်လက်လှုပ်ရှားမှု (လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း) ကို ပြုလုပ်ပေးပါက ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို ၃၀ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်ပါတယ်။

(၂) ဆေးလိပ်မသောက်ပါနဲ့၊ ဆေးလိပ်သောက်တဲ့သူ အနားမှာလည်း မနေပါနဲ့။

ဆေးလိပ်လုံး၀ မသောက်ပါနဲ့။ ဆေးလိပ်သောက်ခြင်းဟာ ရင်သားကင်ဆာ ဖြစ်ပွားလာနိုင်မှု သာမကခံတွင်းနှင့်လည်ချောင်း၊ အဆုတ်ပိုင်းဆိုင်ရာ ကင်ဆာများပါ ဖြစ်ပွားမှုနှုန်းကို များလာစေနိုင်ပါတယ်။

(၃) အရက် မသောက်ပါနဲ့။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အမျိုးသမီးတွေ အရက်သောက်တာဟာ အရင်က မရှိသလောက်ကိုရှားပါတယ်။ ခုနောက်ပိုင်းမှာတော့ အမျိုးသမီးတွေလည်း သောက်လာကြပါတယ်။ ဒါဟာ မကောင်းပါဘူး။ အရက်သောက်သုံးမှုများလေ ရင်သားကင်ဆာ ဖြစ်နိုင်ခြေပိုများလေ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင်အမျိုးသမီးများဟာ အရက်လုံး၀ မသောက်သင့်ပါဘူး။

(၄) ပတ်ဝန်းကျင် ညစ်ညမ်းမှု

(လေထု၊ ရေထု ၊ မြေထု ညစ်ညမ်းမှု နှင့် ဆူညံသံ) များကို ရှောင်ပါ။ လေကောင်းလေသန့်ရတဲ့နေရာ သန့်ရှင်းတဲ့နေရာမှာ နေထိုင်သင့်ပါတယ်။

(၅) ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများများ စားပါ။

(၆) နေခြည်နုနု (မနက်ခင်း ၇နာရီနဲ့ ၉နာရီကြား နေရောင်)နဲ့မိမိအရေပြားနဲ့ တစ်နေ့ကို ငါးမိနစ် ဆယ်မိနစ်ခန့်ထိ တွေ့ပေးပါ။

(၇) မိမိကလေးကို မိမိနို့တိုက်ကျွေးပါ။ မိခင်များဟာ မိမိကလေးငယ်ကို နို့ချို တိုက်ကျွေးခြင်းဖြင့် မိမိရဲ့ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။

(၈) ကိုယ်အလေးချိန်ကို ထိန်းထားပါ။ အဝလွန်တာ သို့မဟုတ် ပိန်လွန်းတာဟာ ရင်သားကင်ဆာဖြစ်ပွားနိုင်မှုကိုမြင့်တက်စေနိုင်တဲ့အတွက်အဝလွန်တာ သို့မဟုတ် ပိန်လွန်းတာမဖြစ်အောင် မိမိမှာ ရှိသင့်တဲ့ကိုယ်အလေးချိန်ကို ထိန်းထားရပါမယ်။ ကိုယ့်ရဲ့BMI (Body Mass Index) ကိုအမြဲ တိုင်းတာပါ။

Author : Dr. 528

Previous Post

အယ်(လ်)ဇိုင်းမာရောဂါဖြစ်ပွားနိုင်မှုကို လျော့ကျစေမည့်နည်းလမ်းများ

Next Post

မွေးလမ်းကြောင်း ပိုးဝင်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
483

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
903
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
482
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
759
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
444

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မွေးလမ်းကြောင်း ပိုးဝင်ခြင်း

သားအိမ်ခေါင်းကင်ဆာ

ပွဲတော်ရက်များ သတိထား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.