လူသားတို့သည် လျှာကို အာရုံငါးပါးထဲတွင် မျက်စိနဲ့ နားလောက်အရေးမကြီးဟု ယေဘူယျ သတ်မှတ်ထားကြပါတယ်။ လူသားတို့ရဲ့ လျှာသည်တခြားသော တိရိစ္ဆာန်များရဲ့ လျှာနဲ့ မတူပေ။ ဖားရဲ့ လျှာသည် ပိုးမွှားတွေကို ဖမ်းယူ စားသုံးနိုင်ရာမှာ အသုံးကျပါတယ်။ ဒါပေမယ့် လူသားတို့ရဲ့ လျှာသည် လုပ်ငန်းတော်တော်များများ လုပ်ဆောင်တဲ့နေရာမှာ ပါပါတယ်။
လျှာကို ဘာတွေနဲ့ ဖွဲ့စည်းထားလဲ
-တကယ်တော့ လျှာဆိုတာ ကြွက်သားစိုင်ကြီး တစ်ခုသာ။
-ထိုကြွက်သားကို အပေါ်ယံမှာ အမြှေးပါးနဲ့ ဖုံးအုပ်ထားပါတယ်။
-လျှာရဲ့ အပေါ်ယံ မျက်နှာပြင်မှာ အာရုံခံတဲ့ အဖုကလေးတွေပါပါတယ်။ ထိုအဖု ကလေးများသည် လျှာအောက် လျှာဘေးတွေမှာလည်း ရှိပါသေးတယ်။
-လျှာကို အာရုံကြောတွေနဲ့လည်း ထောက်ပံ့ ပေးထားပါတယ်။
လျှာရဲ့လုပ်ငန်း ဆောင်တာတွေက ဘာတွေလဲ
-စားသောက်လိုက်တဲ့ အစားအသောက်တွေရဲ့ အရသာ ခံစား သိမှုမှာ ပါတယ်။ စားလိုက်တဲ့အစားအသောက်တွေကို သွားက ဝါးပြီး တံတွေးရည်နဲ့ ရောထားတဲ့ အစာအစိတ်အပိုင်းကလေးများကိုလျှာရဲ့ အာရုံဖုကလေးတွေက အာရုံခံနိုင်ပါတယ်။ လျှာရဲ့ အရှေ့ပိုင်းက အငန် ၊အလယ်က အချို အနောက်က အခါး ၊ လျှာဘေးက အချဉ်တွေကို အာရုံခံနိုင်ပါတယ်။ စပ်ခြင်းဆိုတာ တကယ်တော့
လျှာရဲ့ အာရုံဖုလေးတွေက စားလိုက်တဲ့ အစားအသောက်ကြောင့် နာတာကိုခံစားရတဲ့ သိမှုပါ။
-လျှာက သွားက ဝါးပြီး ဖြစ်လာတဲ့ အရွယ်အစားသေးသွားတဲ့ အစာများကို တံတွေးနဲ့ ရောလုံးကာ မျိုချရလွယ်အောင် လုပ်ပေးတယ်။
-အစားအသောက်မျိုချတဲ့အခါ လျှာရဲ့ ထိပ်ပိုင်းက မြင့်သွားပြီး မာတဲ့ အာခေါင်ကိုသွားထိကာ အစာများကို လည်မျိုထဲ ဆင်းအောင် ထောက်ကူပေးတယ်။
-ခံတွင်းထဲမှာ စားသောက်ပြီး ကျန်ခဲ့တဲ့ စားကြွင်းစားကျန်များကိုလည်း ရှင်းပေးသေးတယ်။ သွားကြိုသွားကြား ညပ်နေသော စားကြွင်းများကို လျှာတထိုးထိုးနဲ့ဖယ်ရှားကြဖူးမှာပါ။
-လျှာသည် လူသားတို့အကြား အရေးကြီးတဲ့ ဆက်သွယ်မှုတစ်ခုဖြစ်တဲ့ စကားပြောဆို အသံထွက်ဖို့ အဓိက နေရာက ပါဝင်လုပ်ဆောင်ပေးပါတယ်။
Author : ခေတ်သစ် ဇီဝက