နှာခေါင်းရိုး အတွင်းဘက်မှာ လေတွေပြည့်နေတဲ့ လှိုင်ခေါင်းကလေးတွေ ရှိပါတယ်။ အဆိုပါ လှိုင်ခေါင်းကလေးတွေ ရောင်ရမ်းတာကို ထိပ်ကပ်နာလို့ ခေါ်ပါတယ်။ အများအားဖြင့် ဘတ်တီးရီးယား ပိုးဝင်လို့ဖြစ်တတ်တယ်။ ဒါ့အပြင် ဓာတ်မတည့်ရောဂါတွေနဲ့လည်း တွဲတွေ့ရတတ်တယ်။
ဘာတွေ စားသောက်ရမလဲ
– ကိုယ်ခံအားတက်စေဖို့ Anti-oxidant ပါသော အစားအသောက်များစားပေးပါ။ ဗိုက်တာမင် အေ ၊စီ ၊အီး ပေါကြွယ်ဝတဲ့ အစားအသောက်တွေကိုများများ စားပါ။
– ဗိုက်တာမင် အေပါတဲ့ အစားအသောက်တွေကတော့ တိရိစ္ဆာန်တွေရဲ့အသည်းအမြစ်များ ၊မုန်လာဥနီ ၊ရွှေဖရုံသီး ၊ကျောက်ဖရုံသီး ၊သရက်သီး ၊တရုတ်ဆီးသီးခြောက် ၊ဟင်းနုနွယ် ၊ဆလတ်ရွတ်၊ကြက်သွန်နီ ၊တရုတ်ပန်းဂေါ်ဖီ စတာတွေမှာ ပေါကြွယ်ဝပါတယ်။
– ဗိုက်တာမင် စီကို ချဉ်တဲ့ သံပုရာနွယ်ဝင် အသီးများ ၊မာလကာသီး ၊လိမ္မော်သီး ၊ငရုတ်သီးစိမ်း ၊ပန်းဂေါ်ဖီထုပ် ၊ငရုတ်ပွ ၊တရုတ်နံနံ ၊သရက်သီး စတာတွေမှာ ပေါများစွာ တွေ့ရပါတယ်။
– ဗိုက်တာမင် အီးကို အဓိကအားဖြင့် အစေ့အဆန်နဲ့ ၎င်းတို့မှထွက်သော အဆီများ (နေကြာစေ့ ၊နေကြာဆီ ၊မြေပဲ ၊မြေပဲဆီ စသဖြင့် ) ၊ပင်လယ်ရေညှိ ၊စိမ်းပြာရေညှိ စတာတွေမှာ တွေ့ရပါတယ်။
– သွပ်ဓာတ်ပေါကြွယ်ဝသော ကမာ ၊ကဏန်းစတဲ့ ပင်လယ်စာများ၊အသားများ ၊နှမ်း ၊နေကြာဆီ ၊ကြက်ဥအနှစ်များကို စားပေးပါ။
ဘာတွေ ရှောင်ရမလဲ
-ဓာတ်မတည့်ခြင်း ကြောင့်ဖြစ်တယ်လို့ ယူဆရင် ဒိုင်ယာရီ သေချာမှတ်ပါ။ ဘာမှတ်ရမလဲဆိုရင် ဘာတွေ စားမိ ၊သောက်မိရင် ထိပ်ကပ်နာ ဝေဒနာ ခံစားရသလဲ ဆိုတာ မှတ်ပါ။
-အများအားဖြင့် ဂျုံနဲ့ လုပ်တဲ့မုန့်များ ၊နို့ထွက်ပစ္စည်းများ ၊ရှောက်သံပုရာ မျိုးနွယ်တွေ ရှောင်ပါ။
Author : ခေတ်သစ် ဇီဝက
ႏွာေခါင္း႐ိုး အတြင္းဘက္မွာ ေလေတြျပည့္ေနတဲ့ လႈိင္ေခါင္းကေလးေတြ ရွိပါတယ္။ အဆိုပါ လႈိင္ေခါင္းကေလးေတြ ေရာင္ရမ္းတာကို ထိပ္ကပ္နာလို႔ ေခၚပါတယ္။ အမ်ားအားျဖင့္ ဘတ္တီးရီးယား ပိုးဝင္လို႔ျဖစ္တတ္တယ္။ ဒါ့အျပင္ ဓာတ္မတည့္ေရာဂါေတြနဲ႔လည္း တြဲေတြ႕ရတတ္တယ္။
ဘာေတြ စားေသာက္ရမလဲ
– ကိုယ္ခံအားတက္ေစဖို႔ Anti-oxidant ပါေသာ အစားအေသာက္မ်ားစားေပးပါ။ ဗိုက္တာမင္ ေအ ၊စီ ၊အီး ေပါႂကြယ္ဝတဲ့ အစားအေသာက္ေတြကိုမ်ားမ်ား စားပါ။
– ဗိုက္တာမင္ ေအပါတဲ့ အစားအေသာက္ေတြကေတာ့ တိရိစာၦန္ေတြရဲ႕အသည္းအျမစ္မ်ား ၊မုန္လာဥနီ ၊ေ႐ႊဖ႐ုံသီး ၊ေက်ာက္ဖ႐ုံသီး ၊သရက္သီး ၊တ႐ုတ္ဆီးသီးေျခာက္ ၊ဟင္းႏုႏြယ္ ၊ဆလတ္႐ြတ္၊ၾကက္သြန္နီ ၊တ႐ုတ္ပန္းေဂၚဖီ စတာေတြမွာ ေပါႂကြယ္ဝပါတယ္။
– ဗိုက္တာမင္ စီကို ခ်ဥ္တဲ့ သံပုရာႏြယ္ဝင္ အသီးမ်ား ၊မာလကာသီး ၊လိေမၼာ္သီး ၊င႐ုတ္သီးစိမ္း ၊ပန္းေဂၚဖီထုပ္ ၊င႐ုတ္ပြ ၊တ႐ုတ္နံနံ ၊သရက္သီး စတာေတြမွာ ေပါမ်ားစြာ ေတြ႕ရပါတယ္။
– ဗိုက္တာမင္ အီးကို အဓိကအားျဖင့္ အေစ့အဆန္နဲ႔ ၎တို႔မွထြက္ေသာ အဆီမ်ား (ေနၾကာေစ့ ၊ေနၾကာဆီ ၊ေျမပဲ ၊ေျမပဲဆီ စသျဖင့္ ) ၊ပင္လယ္ေရညႇိ ၊စိမ္းျပာေရညႇိ စတာေတြမွာ ေတြ႕ရပါတယ္။
– သြပ္ဓာတ္ေပါႂကြယ္ဝေသာ ကမာ ၊ကဏန္းစတဲ့ ပင္လယ္စာမ်ား၊အသားမ်ား ၊ႏွမ္း ၊ေနၾကာဆီ ၊ၾကက္ဥအႏွစ္မ်ားကို စားေပးပါ။
ဘာေတြ ေရွာင္ရမလဲ
-ဓာတ္မတည့္ျခင္း ေၾကာင့္ျဖစ္တယ္လို႔ ယူဆရင္ ဒိုင္ယာရီ ေသခ်ာမွတ္ပါ။ ဘာမွတ္ရမလဲဆိုရင္ ဘာေတြ စားမိ ၊ေသာက္မိရင္ ထိပ္ကပ္နာ ေဝဒနာ ခံစားရသလဲ ဆိုတာ မွတ္ပါ။
-အမ်ားအားျဖင့္ ဂ်ဳံနဲ႔ လုပ္တဲ့မုန႔္မ်ား ၊ႏို႔ထြက္ပစၥည္းမ်ား ၊ေရွာက္သံပုရာ မ်ိဳးႏြယ္ေတြ ေရွာင္ပါ။
Author : ေခတ္သစ္ ဇီဝက