ေဖာ္မလင္ဆိုတာ
ေဖာ္မလင္ဆိုတာ အေရာင္အဆင္းမရွိ၊ အနံ႔ျပင္းတဲ့ ဓာတုပစၥည္းတစ္မ်ိဳးျဖစ္ပါတယ္။ ေဖာ္မယ္ဒီဟိုက္(formaldehyde)၊ မက္သနာ (methanol)၊ ေရ (water) စုေပါင္းထားတဲ့ အေရာအေႏွာ တစ္ခုျဖစ္ၿပီး ေဖာ္မလင္အရည္မွာ ေဖာ္မယ္ဒီဟိုက္ ၃၇ ရာခိုင္ႏႈန္း ပါဝင္ပါတယ္။
ေဖာ္မလင္ကို ဘယ္လိုေနရာေတြမွာ အသုံးျပဳေလ့ရွိသလဲ
-ေဖာ္မလင္ကို အဓိကအားျဖင့္ လူေသေတြကို ၾကာရွည္ခံေအာင္ စိမ္တဲ့ေနရာမွာ သုံးပါတယ္။
– ပိုးသတ္ရာမွာ သုံးပါတယ္၊ ၾကမ္းခင္းေတြ၊ အဝတ္အစားေတြ၊ သေဘာေတၤြနဲ႔ သိုေလွာင္႐ုံေတြကိုသန႔္ရွင္းေရး ျပဳလုပ္ရာမွာ အသုံးျပဳပါတယ္။
– အင္းဆက္ပိုးေတြ၊ ယင္ေကာင္ေတြ ႏွိမ္နင္းရာမွာသုံးပါတယ္။
– ပိုးခ်ည္၊ ဆိုးေဆး၊ မွန္နဲ႔ ေဖာက္ကြဲပစၥည္းေတြ ျပဳလုပ္ရာမွာ သုံးပါတယ္။
– ဓာတ္ေျမၾသဇာနဲ႔ ေရေမႊးျပဳလုပ္ရာမွာ သုံးပါတယ္။
– အလွကုန္ပစၥည္းေတြ တာရွည္ခံေအာင္ ျပဳလုပ္ရာမွာ သုံးပါတယ္။
– လွ်ပ္ကာပစၥည္းေတြ ျပဳလုပ္ရာမွာ သုံးပါတယ္။
– အထပ္သားေတြ ကပ္ရာမွာ သုံးပါတယ္ ။
ေဖာ္မလင္ကို တာရွည္ခံပစၥည္းအျဖစ္ ဘယ္လိုအစားအစာေတြမွာ သုံးသလဲ
ေဖာ္မလင္ကို တာရွည္ခံပစၥည္းအျဖစ္ လြဲမွားစြာအသုံးျပဳတတ္တဲ့ အစားအေသာက္ေတြကေတာ့
-အသား၊ ငါး၊ Seafood ေခၚ ပင္လယ္စာေတြ၊
– ဟင္းသီးဟင္း႐ြက္ေတြ
– ပန္းသီး၊ လိေမၼာ္သီး စတဲ့ အသီးအႏွံေတြ၊
– တိုဖူး/ ပဲျပား၊ ပဲေသြး၊ မုန႔္ဟင္းခါးဖတ္ စတာေတြျဖစ္ပါတယ္။
ေဖာ္မလင္ပါတဲ့ အစားအေသာက္ေတြကို စားသုံးမိရင္ ဘယ္လို က်န္းမာေရး ျပႆနာေတြ ျဖစ္တတ္ပါသလဲ။
ေဖာ္မလင္ပါတဲ့ အစားအေသာက္ကို စားသုံးမိတာေၾကာင့္ ဗိုက္နာျခင္း၊ ပ်ိဳ႕အန္ျခင္း၊ ဝမ္းသြားျခင္း၊ သတိလစ္ေမ့ေျမာျခင္းနဲ႔ အခန႔္မသင့္ရင္ ေသဆုံးတဲ့အထိ ျဖစ္ႏိုင္ပါတယ္။
ေဖာ္မလင္ပါတဲ့ အစားအေသာက္ကို ေရရွည္ စားသုံးမိက
-ေက်ာက္ကပ္၊ အသည္း ၊အစာအိမ္၊ အဆုတ္တို႔ ပ်က္စီးျခင္း၊
– ၾကာရင္ ကင္ဆာေရာဂါျဖစ္ပြားျခင္း၊
– အသည္းေျခာက္ျခင္း၊ အသည္းကင္ဆာ
– ေသြးအားနည္းျခင္း၊ ေသြးကင္ဆာတို႔ ျဖစ္ႏိုင္ၿပီး အထူးသျဖင့္ ကိုယ္ဝန္ေဆာင္နဲ႔ ေမြးကင္းစကေလးေတြမွာ ဆိုး႐ြားစြာ ထိခိုက္ေစႏိုင္ပါတယ္။
အစားအေသာက္ေတြမွာ ေဖာ္မလင္ ပါ၊ မပါ ဘယ္လို သိႏိုင္မလဲ
– ငါးဆိုရင္ ေဖာ္မလင္ပါတဲ့အခါ အသားက ရာဘာလို မာေတာင့္ေတာင့္ျဖစ္ေနမယ္။ အေၾကးခြံက မာေနမယ္၊ ငါးညႇီနံ႔မရဘူး၊ ယင္မနားဘူး။
-ပင္လယ္စာဆိုရင္ရာဘာလိုမာၿပီး ျဖဴေနမယ္၊ အနံ႔မရွိဘူး။ ကင္းမြန္ဆိုရင္ အရမ္းမာၿပီး ဓားနဲ႔ျဖတ္မွ ျပတ္ႏိုင္တယ္။
-တိုဖူး/ပဲျပားဆိုရင္ေပ်ာ့မေနဘဲ မာမာတင္းတင္းျဖစ္ေနမယ္။ ၂၄ နာရီ ေက်ာ္ရင္လည္း မပ်က္စီးဘူး။
-မုန႔္ဟင္းခါးဖတ္ဆိုရင္ ေပ်ာ့ေျပာင္းမေနဘဲ အီလက္စတစ္လို ျဖစ္ေနမယ္။ ေရေႏြးထဲထည့္ရင္ေဆးနံ႔လိုလို၊ ျပာနံ႔လိုလို ရေနမယ္။
ဘယ္လို ကာကြယ္လို႔ ရမလဲ
-ေဖာ္မလင္ပါႏိုင္တယ္လို႔ ယူဆတဲ့ အစားအေသာက္မ်ားကို စားသုံးျခင္း ေရွာင္ပါ။
-ေဖာ္မယ္ဒီဟိုက္((Formadehyde)က ေရမွာ ေပ်ာ္ဝင္ၿပီး အပူေပးရင္ အေငြ႕ျပန္ေပ်ာက္ကြယ္ႏိုင္တာေၾကာင့္ အသီးေတြကို မစားခင္ တစ္နာရီခန႔္ ေရစိမ္ထားပါ။
-အသီးအ႐ြက္ေတြကို မခ်က္ျပဳတ္ခင္ ဆားေရနဲ႔ အခ်ိန္ ၁၀ မိနစ္ခန႔္ စိမ္ၿပီးမွ ခ်က္ပါ။
-ငါးဆိုရင္ ဆားေရထဲမွာတစ္နာရီ စိမ္ထား ရင္ ေဖာ္မလင္ ၉၀ ရာခိုင္ႏႈန္းကို ဖယ္ႏိုင္တယ္၊ရွလကာရည္ ၉၀ ရာခိုင္ႏႈန္း (Vinegar 90%)ပါတဲ့ ေရထဲမွာ စိမ္ရင္ေတာ့ ေဖာ္မလင္ကို ၁၀၀ ရာခိုင္ႏႈန္း ဖယ္ႏိုင္တယ္။
Author : ေခတ္သစ္ ဇီဝက
ဖော်မလင်ဆိုတာ
ဖော်မလင်ဆိုတာ အရောင်အဆင်းမရှိ၊ အနံ့ပြင်းတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဖော်မယ်ဒီဟိုက်(formaldehyde)၊ မက်သနော(methanol)၊ ရေ (water) စုပေါင်းထားတဲ့ အရောအနှော တစ်ခုဖြစ်ပြီး ဖော်မလင်အရည်မှာ ဖော်မယ်ဒီဟိုက် ၃၇ ရာခိုင်နှုန်း ပါဝင်ပါတယ်။
ဖော်မလင်ကို ဘယ်လိုနေရာတွေမှာ အသုံးပြုလေ့ရှိသလဲ
-ဖော်မလင်ကို အဓိကအားဖြင့် လူသေတွေကို ကြာရှည်ခံအောင် စိမ်တဲ့နေရာမှာ သုံးပါတယ်။
– ပိုးသတ်ရာမှာ သုံးပါတယ်၊ ကြမ်းခင်းတွေ၊ အဝတ်အစားတွေ၊ သဘောင်္တွေနဲ့ သိုလှောင်ရုံတွေကိုသန့်ရှင်းရေး ပြုလုပ်ရာမှာ အသုံးပြုပါတယ်။
– အင်းဆက်ပိုးတွေ၊ ယင်ကောင်တွေ နှိမ်နင်းရာမှာသုံးပါတယ်။
– ပိုးချည်၊ ဆိုးဆေး၊ မှန်နဲ့ ဖောက်ကွဲပစ္စည်းတွေ ပြုလုပ်ရာမှာ သုံးပါတယ်။
– ဓာတ်မြေသြဇာနဲ့ ရေမွှေးပြုလုပ်ရာမှာ သုံးပါတယ်။
– အလှကုန်ပစ္စည်းတွေ တာရှည်ခံအောင် ပြုလုပ်ရာမှာ သုံးပါတယ်။
– လျှပ်ကာပစ္စည်းတွေ ပြုလုပ်ရာမှာ သုံးပါတယ်။
– အထပ်သားတွေ ကပ်ရာမှာ သုံးပါတယ် ။
ဖော်မလင်ကို တာရှည်ခံပစ္စည်းအဖြစ် ဘယ်လိုအစားအစာတွေမှာ သုံးသလဲ
ဖော်မလင်ကို တာရှည်ခံပစ္စည်းအဖြစ် လွဲမှားစွာအသုံးပြုတတ်တဲ့ အစားအသောက်တွေကတော့
-အသား၊ ငါး၊ Seafood ခေါ် ပင်လယ်စာတွေ၊
– ဟင်းသီးဟင်းရွက်တွေ
– ပန်းသီး၊ လိမ္မော်သီး စတဲ့ အသီးအနှံတွေ၊
– တိုဖူး/ ပဲပြား၊ ပဲသွေး၊ မုန့်ဟင်းခါးဖတ် စတာတွေဖြစ်ပါတယ်။
ဖော်မလင်ပါတဲ့ အစားအသောက်တွေကို စားသုံးမိရင် ဘယ်လို ကျန်းမာရေး ပြဿနာတွေ ဖြစ်တတ်ပါသလဲ။
ဖော်မလင်ပါတဲ့ အစားအသောက်ကို စားသုံးမိတာကြောင့် ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း၊ သတိလစ်မေ့မြောခြင်းနဲ့ အခန့်မသင့်ရင် သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
ဖော်မလင်ပါတဲ့ အစားအသောက်ကို ရေရှည် စားသုံးမိက
-ကျောက်ကပ်၊ အသည်း ၊အစာအိမ်၊ အဆုတ်တို့ ပျက်စီးခြင်း၊
– ကြာရင် ကင်ဆာရောဂါဖြစ်ပွားခြင်း၊
– အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ
– သွေးအားနည်းခြင်း၊ သွေးကင်ဆာတို့ ဖြစ်နိုင်ပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင်နဲ့ မွေးကင်းစကလေးတွေမှာ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။
အစားအသောက်တွေမှာ ဖော်မလင် ပါ၊ မပါ ဘယ်လို သိနိုင်မလဲ
– ငါးဆိုရင် ဖော်မလင်ပါတဲ့အခါ အသားက ရာဘာလို မာတောင့်တောင့်ဖြစ်နေမယ်။ အကြေးခွံက မာနေမယ်၊ ငါးညှီနံ့မရဘူး၊ ယင်မနားဘူး။
-ပင်လယ်စာဆိုရင်ရာဘာလိုမာပြီး ဖြူနေမယ်၊ အနံ့မရှိဘူး။ ကင်းမွန်ဆိုရင် အရမ်းမာပြီး ဓားနဲ့ဖြတ်မှ ပြတ်နိုင်တယ်။
-တိုဖူး/ပဲပြားဆိုရင်ပျော့မနေဘဲ မာမာတင်းတင်းဖြစ်နေမယ်။ ၂၄ နာရီ ကျော်ရင်လည်း မပျက်စီးဘူး။
-မုန့်ဟင်းခါးဖတ်ဆိုရင် ပျော့ပြောင်းမနေဘဲ အီလက်စတစ်လို ဖြစ်နေမယ်။ ရေနွေးထဲထည့်ရင်ဆေးနံ့လိုလို၊ ပြာနံ့လိုလို ရနေမယ်။
ဘယ်လို ကာကွယ်လို့ ရမလဲ
-ဖော်မလင်ပါနိုင်တယ်လို့ ယူဆတဲ့ အစားအသောက်များကို စားသုံးခြင်း ရှောင်ပါ။
-ဖော်မယ်ဒီဟိုက်((Formadehyde)က ရေမှာ ပျော်ဝင်ပြီး အပူပေးရင် အငွေ့ပြန်ပျောက်ကွယ်နိုင်တာကြောင့် အသီးတွေကို မစားခင် တစ်နာရီခန့် ရေစိမ်ထားပါ။
-အသီးအရွက်တွေကို မချက်ပြုတ်ခင် ဆားရေနဲ့ အချိန် ၁၀ မိနစ်ခန့် စိမ်ပြီးမှ ချက်ပါ။
-ငါးဆိုရင် ဆားရေထဲမှာတစ်နာရီ စိမ်ထား ရင် ဖော်မလင် ၉၀ ရာခိုင်နှုန်းကို ဖယ်နိုင်တယ်၊ရှလကာရည် ၉၀ ရာခိုင်နှုန်း (Vinegar 90%)ပါတဲ့ ရေထဲမှာ စိမ်ရင်တော့ ဖော်မလင်ကို ၁၀၀ ရာခိုင်နှုန်း ဖယ်နိုင်တယ်။
Author : ခေတ်သစ် ဇီဝက