fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

လူတွေကြောက်တဲ့ ဂနိုဆိုတာ

560
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/11/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

ဂႏိုဆိုတဲ့ ေရာဂါဟာ လူသိေတာ္ေတာ္မ်ားပါတယ္။ တခ်ိဳ႕က ဘာမွန္း ေသခ်ာမသိေပမယ့္ လူတိုင္းနီးပါး ၾကားဖူးနားဝ ရွိၾကသည္သာ။ ဒီေတာ့ လူတိုင္းေၾကာက္တဲ့ ဂႏိုဆိုတဲ့ ေရာဂါ အေၾကာင္းကို တစ္ေစ့တစ္ေစာင္း ေျပာျပခ်င္ပါတယ္။

ဂႏိုဆိုတာ ဂႏိုရီးယားလို႔ ေခၚတဲ့ ကူးစက္ေရာဂါ တစ္မ်ိဳးျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ လိင္ကတဆင့္ ကူးစက္တတ္ပါတယ္။ Nisseria gonorrhoea ဆိုတဲ့ ပဲေစ့လို ပုံစံရွိတဲ့ ဘက္တီးရီးယား ေရာဂါပိုး ကူးစက္ခံရလို႔ ျဖစ္ပါတယ္။ ဒီ ဘက္တီးရီးယားဟာ အမ်ိဳးသားအဂၤါမွ ထြက္ေသာ သုက္ရည္မ်ား ၊ အမ်ိဳးသမီး မ်ိဳးပြားအဂၤါမွ ထြက္ေသာ အရည္မ်ားတြင္ ရွိေနတဲ့အတြက္ အကာကြယ္မဲ့ လိင္ဆက္ဆံမႈ႕ ျပဳတဲ့အခါမွာ တစ္ဦးမွ တစ္ဦးသို႔ ကူးစက ္ပ်ံႏွံ႔တတ္ပါတယ္။ ပုံမွန္ လိင္ဆက္ဆံသည့္ ပုံစံတြင္ ကူးစက္ႏိုင္တဲ့ အျပင္ ပါးစပ္ျဖင့္ လိင္ဆက္ဆံျခင္း ၊ စအိုႏွင့္ လိင္ဆက္ဆံျခင္းတို႔မွလည္း ကူးစက္ႏိုင္ပါတယ္။ ထို႔အျပင္ လိင္ဆႏၵအတြက္ အသုံးျပဳသည့္ ပစၥည္းကိရိယာမ်ားကို မွ်ေဝသုံးစြဲျခင္းမွ တဆင့္လည္း ကူးစက္ႏိုင္ေခ် ရွိပါတယ္။ မိခင္ေလာင္းမွ သေႏၶသားသို႔လည္း ေမြးဖြားေနစဥ္အတြင္း ကူးစက္ႏိုင္ေခ် ရွိပါတယ္။

နမ္းျခင္း ၊ ေပြ႕ဖက္ျခင္း ၊ ပန္းကန္ခြက္ေယာက္မ်ားကို မွ်ေဝသုံးစြဲျခင္းတို႔မွ တဆင့္ကူးစက္ႏိုင္ျခင္း မရွိပါဘူး။ ဒါ့အျပင္ ဒီပိုးဟာ ျပင္ပ ပတ္ဝန္းက်င္မွာ ၾကာရွည္စြာ အသက္ရွင္ႏိုင္စြမ္း မရွိတဲ့အတြက္ အမ်ားသုံး ေရကူးကန္တို႔ အိမ္သာတို႔ကေနလည္း ကူးစက္တာမ်ိဳး မရွိပါဘူး။

ေရာဂါကူးစက္ခံရၿပီဆိုလည္း လကၡဏာ သိပ္ျပေလ့မရွိပါဘူး။ ေရာဂါ လကၡဏာျပၿပီဆိုရင္လည္း တျခားေနရာေတြပါ ကူးစက္ပ်ံႏွံ႔ေနတတ္ပါၿပီ။ ေယာက္က်ားေလးေတြမွာဆို ၁၀ ေယာက္ ကူးစက္ခံရရင္ တစ္ေယာက္ေလာက္ပဲ လကၡဏာ ျပတတ္ပါတယ္။ မိန္းကေလးေတြမွာဆိုရင္ေတာ့ ၂ ေယာက္မွာ ၁ ေယာက္ေလာက္က ေရာဂါ လကၡဏာ ခံစားရႏိုင္ပါတယ္။

ေရာဂါ လကၡဏာေတြကေတာ့

အမ်ိဳးသားမ်ားတြင္ ဆီးပူျခင္း ၊ ဆီးသြားစဥ္ အမ်ိဳးသား အဂၤါမွ နာက်င္ျခင္း ၊ အမ်ိဳးသား အဂၤါထိပ္ရွိ အေရျပား ေရာင္ရမ္းနာက်င္ျခင္းေတြ ရွိတတ္ပါတယ္။ အဂၤါထိပ္မွ အျဖဴ သို႔မဟုတ္ စိမ္းဖန႔္ဖန႔္ ဝါတာတာ အရည္ေတြ ထြက္တာကေတာ့ အျဖစ္မ်ားတဲ့ လကၡဏာတစ္ခုပါ။ တစ္ခါတေလ ေဝွးေစ့မ်ား ေရာင္ရမ္းနာက်င္တာမ်ိဳးေတြ ရွိေပမယ့္ ရွားပါတယ္။

အမ်ိဳးသမီးေတြမွာျဖစ္ရင္ အနံ႔ရွိတဲ့ စိမ္းဖန႔္ဖန႔္ ဝါတာတာ အရည္က်ဲက်ဲေတြ ဆင္းတာမ်ိဳးျဖစ္တတ္ပါတယ္။ ဒါ့အျပင္ အမ်ိဳးသားေတြမွာလို ဆီးသြားရင္ပူတာ နာတာ က်ဥ္တာေတြ ျဖစ္တတ္ပါတယ္။ အျဖစ္နည္းတဲ့ လကၡဏာေတြကေတာ့ ဆီးစပ္နားေတြ နာက်င္ကိုက္ခဲေနတာ ၊ ရာသီလာခ်ိန္မဟုတ္ဘဲ ေသြးဆင္းတာ ၊ ရာသီေသြး အမ်ားႀကီးဆင္းတာေတြအျပင္ အမ်ိဳးသားနဲ႔ အတူေနၿပီး ေသြးဆင္းတာမ်ိဳးေတြ ျဖစ္တတ္ပါေသးတယ္။

စအိုနဲ႔ ဆက္ဆံရာမွ တဆင့္ကူးစက္တဲ့ သူဆိုရင္ေတာ့ စအိုနားတစ္ဝိုက္မွာ ယားတာ၊ နာတာ၊ ျပည္လို အရည္ေတြဆင္းတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ တခ်ိဳ႕မွာဆို ဝမ္းသြားေနရင္း ေသြးရဲရဲေတြ ပါတာမ်ိဳးေတြလည္း ရွိတတ္ပါတယ္။

ပါးစပ္နဲ႔ ဆက္ဆံတဲ့သူေတြဆိုရင္ သုက္ရည္ေတြ အမွတ္တမဲ့ မ်က္စိထဲ ဝင္သြားတာမ်ိဳး ရွိခဲ့ရင္ မ်က္စိနာလာတာ၊ မ်က္ဝတ္ေတြ ထြက္တာမ်ိဳး ျဖစ္တတ္ပါတယ္။ မ်က္စိထဲက ျပည္လိုအရည္ေတြလည္း ထြက္ႏိုင္ပါေသးတယ္။ ေနေရာင္ဒဏ္ကို မခံႏိုင္တာမ်ိဳးေတြလည္း ျဖစ္တတ္ပါတယ္။ လည္ေခ်ာင္းနာတာ၊ လည္ပင္းနားက အက်ိတ္ေတြ နာၿပီး ေရာင္ရမ္းတာမ်ိဳးေတြလည္း ျဖစ္ႏိုင္ပါတယ္။

ျပင္းထန္တဲ့အခါမွာ အဆစ္ေတြ နာက်င္ကိုက္ခဲတာ ၊ ပူၿပီး ေရာင္ေနတာမ်ိဳးေတြေတာင္ ျဖစ္တတ္ပါတယ္။ ဒီလို ေၾကာက္စရာေကာင္းတဲ့ ဂႏိုေရာဂါကို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မကုဘဲ ထားလိုက္ရင္ အမ်ိဳးသားေရာ အမ်ိဳးသမီးမွာပါ ကေလးမရႏိုင္ေတာ့တာ ၊ တစ္ကိုယ္လုံးကို ပိုးပ်ံႏွံ႔ၿပီး ပိုးဆိပ္တက္တာေတြထိ ျဖစ္တတ္ပါတယ္။ HIV ပိုး ကူးစက္ခံရဖို႔လည္း အႏၲရာယ္ပိုမ်ားႏိုင္ပါတယ္။ ဒါ့အျပင္ ကိုယ္ဝန္ေဆာင္ မိခင္မွာဆိုရင္ ေမြးလာတဲ့ ကေလးကို ကူးစက္ၿပီး မ်က္စိကြယ္သြားတာမ်ိဳးေတာင္ ျဖစ္ႏိုင္ပါတယ္။

ဒါေၾကာင့္ ဒီဂႏိုကို ေစာသိၿပီး ေစာကုဖို႔ လိုပါတယ္။ ေစာသိေအာင္ ဘာေတြလုပ္ႏိုင္မလဲ။ အမ်ိဳးသားေတြမွာဆို ဆီးစစ္တာ၊ အဂၤါထိပ္က မူမမွန္ဆင္းေနတဲ့ အရည္ေတြကို စစ္တာမ်ိဳးေတြ လုပ္လို႔ ရပါတယ္။ အမ်ိဳးသမီးေတြမွာ ဆိုရင္ေတာ့ သားအိမ္ေခါင္းကေန ဆင္းေနတဲ့ အရည္ေတြကို ယူစစ္တာမ်ိဳးေတြ လုပ္သင့္ပါတယ္။

ဒီေရာဂါျဖစ္ရင္ ေၾကာက္ဖို႔ မလိုဘူး။ ဆရာဝန္ေတြနဲ႔ ေသခ်ာတိုင္ပင္ၿပီး ပိုးသတ္ေဆး ေသာက္တာ၊ ထိုးတာမ်ိဳးနဲ႔ ေပ်ာက္ေအာင္ ကုလို႔ရပါတယ္။ ဒါေၾကာင့္ မလိုအပ္တဲ့ ေနရာေတြမွာ အရွက္အေၾကာက္ႀကီးမေနဖို႔နဲ႔၊ မိမိမွာ မသကာစၤရာ ေရာဂါ လကၡဏာ တစ္ခုခု ခံစားေနရရင္ ဆရာဝန္ေတြနဲ႔ ေဆြးေႏြးတိုင္ပင္ၿပီး ေဆးကုသမႈ႕ ခံယူဖို႔ တိုက္တြန္းရင္း ဒီေဆာင္းပါးေလးကို နိဂုံးခ်ဳပ္လိုက္ရပါတယ္။

Author : Dr. မ်ိဳးဆက္

(Unicode)

ဂနိုဆိုတဲ့ ရောဂါဟာ လူသိတော်တော်များပါတယ်။ တချို့က ဘာမှန်း သေချာမသိပေမယ့် လူတိုင်းနီးပါး ကြားဖူးနားဝ ရှိကြသည်သာ။ ဒီတော့ လူတိုင်းကြောက်တဲ့ ဂနိုဆိုတဲ့ ရောဂါ အကြောင်းကို တစ်စေ့တစ်စောင်း ပြောပြချင်ပါတယ်။

ဂနိုဆိုတာ ဂနိုရီးယားလို့ ခေါ်တဲ့ ကူးစက်ရောဂါ တစ်မျိုးဖြစ်ပါတယ်။ များသောအားဖြင့် လိင်ကတဆင့် ကူးစက်တတ်ပါတယ်။ Nisseria gonorrhoea ဆိုတဲ့ ပဲစေ့လို ပုံစံရှိတဲ့ ဘက်တီးရီးယား ရောဂါပိုး ကူးစက်ခံရလို့ ဖြစ်ပါတယ်။ ဒီ ဘက်တီးရီးယားဟာ အမျိုးသားအင်္ဂါမှ ထွက်သော သုက်ရည်များ ၊ အမျိုးသမီး မျိုးပွားအင်္ဂါမှ ထွက်သော အရည်များတွင် ရှိနေတဲ့အတွက် အကာကွယ်မဲ့ လိင်ဆက်ဆံမှု့ ပြုတဲ့အခါမှာ တစ်ဦးမှ တစ်ဦးသို့ ကူးစက ်ပျံနှံ့တတ်ပါတယ်။ ပုံမှန် လိင်ဆက်ဆံသည့် ပုံစံတွင် ကူးစက်နိုင်တဲ့ အပြင် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ၊ စအိုနှင့် လိင်ဆက်ဆံခြင်းတို့မှလည်း ကူးစက်နိုင်ပါတယ်။ ထို့အပြင် လိင်ဆန္ဒအတွက် အသုံးပြုသည့် ပစ္စည်းကိရိယာများကို မျှဝေသုံးစွဲခြင်းမှ တဆင့်လည်း ကူးစက်နိုင်ချေ ရှိပါတယ်။ မိခင်လောင်းမှ သန္ဓေသားသို့လည်း မွေးဖွားနေစဉ်အတွင်း ကူးစက်နိုင်ချေ ရှိပါတယ်။

နမ်းခြင်း ၊ ပွေ့ဖက်ခြင်း ၊ ပန်းကန်ခွက်ယောက်များကို မျှဝေသုံးစွဲခြင်းတို့မှ တဆင့်ကူးစက်နိုင်ခြင်း မရှိပါဘူး။ ဒါ့အပြင် ဒီပိုးဟာ ပြင်ပ ပတ်ဝန်းကျင်မှာ ကြာရှည်စွာ အသက်ရှင်နိုင်စွမ်း မရှိတဲ့အတွက် အများသုံး ရေကူးကန်တို့ အိမ်သာတို့ကနေလည်း ကူးစက်တာမျိုး မရှိပါဘူး။

ရောဂါကူးစက်ခံရပြီဆိုလည်း လက္ခဏာ သိပ်ပြလေ့မရှိပါဘူး။ ရောဂါ လက္ခဏာပြပြီဆိုရင်လည်း တခြားနေရာတွေပါ ကူးစက်ပျံနှံ့နေတတ်ပါပြီ။ ယောက်ကျားလေးတွေမှာဆို ၁၀ ယောက် ကူးစက်ခံရရင် တစ်ယောက်လောက်ပဲ လက္ခဏာ ပြတတ်ပါတယ်။ မိန်းကလေးတွေမှာဆိုရင်တော့ ၂ ယောက်မှာ ၁ ယောက်လောက်က ရောဂါ လက္ခဏာ ခံစားရနိုင်ပါတယ်။

ရောဂါ လက္ခဏာတွေကတော့

အမျိုးသားများတွင် ဆီးပူခြင်း ၊ ဆီးသွားစဉ် အမျိုးသား အင်္ဂါမှ နာကျင်ခြင်း ၊ အမျိုးသား အင်္ဂါထိပ်ရှိ အရေပြား ရောင်ရမ်းနာကျင်ခြင်းတွေ ရှိတတ်ပါတယ်။ အင်္ဂါထိပ်မှ အဖြူ သို့မဟုတ် စိမ်းဖန့်ဖန့် ဝါတာတာ အရည်တွေ ထွက်တာကတော့ အဖြစ်များတဲ့ လက္ခဏာတစ်ခုပါ။ တစ်ခါတလေ ဝှေးစေ့များ ရောင်ရမ်းနာကျင်တာမျိုးတွေ ရှိပေမယ့် ရှားပါတယ်။

အမျိုးသမီးတွေမှာဖြစ်ရင် အနံ့ရှိတဲ့ စိမ်းဖန့်ဖန့် ဝါတာတာ အရည်ကျဲကျဲတွေ ဆင်းတာမျိုးဖြစ်တတ်ပါတယ်။ ဒါ့အပြင် အမျိုးသားတွေမှာလို ဆီးသွားရင်ပူတာ နာတာ ကျဉ်တာတွေ ဖြစ်တတ်ပါတယ်။ အဖြစ်နည်းတဲ့ လက္ခဏာတွေကတော့ ဆီးစပ်နားတွေ နာကျင်ကိုက်ခဲနေတာ ၊ ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းတာ ၊ ရာသီသွေး အများကြီးဆင်းတာတွေအပြင် အမျိုးသားနဲ့ အတူနေပြီး သွေးဆင်းတာမျိုးတွေ ဖြစ်တတ်ပါသေးတယ်။

စအိုနဲ့ ဆက်ဆံရာမှ တဆင့်ကူးစက်တဲ့ သူဆိုရင်တော့ စအိုနားတစ်ဝိုက်မှာ ယားတာ၊ နာတာ၊ ပြည်လို အရည်တွေဆင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တချို့မှာဆို ဝမ်းသွားနေရင်း သွေးရဲရဲတွေ ပါတာမျိုးတွေလည်း ရှိတတ်ပါတယ်။

ပါးစပ်နဲ့ ဆက်ဆံတဲ့သူတွေဆိုရင် သုက်ရည်တွေ အမှတ်တမဲ့ မျက်စိထဲ ဝင်သွားတာမျိုး ရှိခဲ့ရင် မျက်စိနာလာတာ၊ မျက်ဝတ်တွေ ထွက်တာမျိုး ဖြစ်တတ်ပါတယ်။ မျက်စိထဲက ပြည်လိုအရည်တွေလည်း ထွက်နိုင်ပါသေးတယ်။ နေရောင်ဒဏ်ကို မခံနိုင်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ လည်ချောင်းနာတာ၊ လည်ပင်းနားက အကျိတ်တွေ နာပြီး ရောင်ရမ်းတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။

ပြင်းထန်တဲ့အခါမှာ အဆစ်တွေ နာကျင်ကိုက်ခဲတာ ၊ ပူပြီး ရောင်နေတာမျိုးတွေတောင် ဖြစ်တတ်ပါတယ်။ ဒီလို ကြောက်စရာကောင်းတဲ့ ဂနိုရောဂါကို အကြောင်းအမျိုးမျိုးကြောင့် မကုဘဲ ထားလိုက်ရင် အမျိုးသားရော အမျိုးသမီးမှာပါ ကလေးမရနိုင်တော့တာ ၊ တစ်ကိုယ်လုံးကို ပိုးပျံနှံ့ပြီး ပိုးဆိပ်တက်တာတွေထိ ဖြစ်တတ်ပါတယ်။ HIV ပိုး ကူးစက်ခံရဖို့လည်း အန္တရာယ်ပိုများနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင် မိခင်မှာဆိုရင် မွေးလာတဲ့ ကလေးကို ကူးစက်ပြီး မျက်စိကွယ်သွားတာမျိုးတောင် ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဒီဂနိုကို စောသိပြီး စောကုဖို့ လိုပါတယ်။ စောသိအောင် ဘာတွေလုပ်နိုင်မလဲ။ အမျိုးသားတွေမှာဆို ဆီးစစ်တာ၊ အင်္ဂါထိပ်က မူမမှန်ဆင်းနေတဲ့ အရည်တွေကို စစ်တာမျိုးတွေ လုပ်လို့ ရပါတယ်။ အမျိုးသမီးတွေမှာ ဆိုရင်တော့ သားအိမ်ခေါင်းကနေ ဆင်းနေတဲ့ အရည်တွေကို ယူစစ်တာမျိုးတွေ လုပ်သင့်ပါတယ်။

ဒီရောဂါဖြစ်ရင် ကြောက်ဖို့ မလိုဘူး။ ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ပြီး ပိုးသတ်ဆေး သောက်တာ၊ ထိုးတာမျိုးနဲ့ ပျောက်အောင် ကုလို့ရပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ နေရာတွေမှာ အရှက်အကြောက်ကြီးမနေဖို့နဲ့၊ မိမိမှာ မသကာၤစရာ ရောဂါ လက္ခဏာ တစ်ခုခု ခံစားနေရရင် ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ဆေးကုသမှု့ ခံယူဖို့ တိုက်တွန်းရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ရပါတယ်။

Author : Dr. မျိုးဆက်

 

Previous Post

စိတ်ဖိလို့ ကိုယ်မပိရစေဖို့ငှာ

Next Post

မီးဖွားပြီးစ လုံမတို့ အမေး အဖုံဖုံ အမျိုးအစားစုံ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
772
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မီးဖွားပြီးစ လုံမတို့ အမေး အဖုံဖုံ အမျိုးအစားစုံ

အနာသေးသေးလေးကနေ သေတတ်တဲ့ ရောဂါ (သို့မဟုတ်) Scrub Typhus

ဖရဲသီး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.