fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

မယ်ဇလီနှင့် ရောဂါ

607
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/11/2017
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

တန္ေဆာင္ေဆာင္း လျပည့္ညကို ေဆးေပါင္းခတဲ့ ညလို႔လည္း ဆိုၾကတယ္။ ဒီညမွာ မယ္ဇလီဖူးကို သုပ္စားရင္ ေရာဂါမ်ိဳး ၉၆ ပါးလုံး ကင္းစင္ၿပီး ေရာဂါဘယ ကင္းေဝးတယ္လို႔လည္း ယုံၾကည္မႈ႕ေတြ ရွိၾကတယ္။ ေရွးယခင္ကတည္းက တန္ေဆာင္မုန္းလျပည့္ဆို မယ္ဇလီဖူးသုပ္ေတြကို လိုက္ေဝၿပီး အလႉလုပ္တာေတြ ေဈးကဝယ္ၿပီး သုပ္စားတာေတြ လုပ္ေလ့ရွိၾကပါတယ္။ မယ္ဇလီဆိုတာကလည္း ဒီအခ်ိန္ေလာက္ပဲ ေပါေပါလႈိင္လႈိင္ ေတြ႕ရတတ္တယ္။

မယ္ဇလီရဲ႕ ခါးသက္သက္အရသာကို မႀကိဳက္ေတာင္ တန္ေဆာင္မုန္းလျပည့္ဆို ေရာဂါကင္းေအာင္ မျဖစ္မေန စားၾကတဲ့ သူေတြလည္း မ်ားစြာ ရွိတယ္။
မယ္ဇလီက ၉၆ ပါးေရာဂါလုံးကို မကာကြယ္ေပးႏိုင္ေပမယ့္ တကယ္လည္း ေဆးဖက္ဝင္တဲ့ အပင္တစ္မ်ိဳးျဖစ္ၿပီး စားသင့္တဲ့ အစားအစာတစ္မ်ိဳးဆိုလည္း မမွားပါဘူး။ မယ္ဇလီဖူးမွာ က်န္းမာေရးအတြက္ ေကာင္းမြန္ေစတဲ့ ဓာတ္ေပါင္းေတြ မ်ားစြာပါဝင္ပါတယ္။

သဘာဝ ဝမ္းေပ်ာ့ေဆးအေနနဲ႔ လုပ္ေဆာင္ေပးႏိုင္စြမ္းေတြ ရွိၿပီး ဝမ္းေပ်ာ့ေစကာ ဝမ္းခ်ဳပ္ျခင္း ကင္းေစတယ္။ ဒါ့အျပင္ ခႏၶာကိုယ္ထဲက မေကာင္းတဲ့ အဆိပ္အေတာက္ေတြ ၊ အူလမ္းေၾကာင္းထဲက မေကာင္းတဲ့ အဆိပ္အေတာက္ေတြကိုလည္း ကင္းရွင္းေစတယ္။ တကယ္လို႔ သင့္မွာ အူလမ္းေၾကာင္း ဓာတ္တုံျပန္ျခင္း လြန္ကဲမႈ႕ေၾကာင့္ ျဖစ္တဲ့ ေရာဂါ ( IBS ) လိုမ်ိဳး ရွိတယ္ဆိုရင္လည္း မယ္ဇလီဖူးမွာ ဒီေရာဂါေတြကို သက္သာေပ်ာက္ကင္းေစတဲ့ အစြမ္းေတြ ရွိလို႔ စားသုံးသင့္တယ္။ ဒါ့အျပင္ လိပ္ေခါင္းေရာဂါ ရွိသူေတြလည္း စားသုံးသင့္တယ္။

မယ္ဇလီမွာ သဘာဝနည္းနဲ႔ သန္ေကာင္ေတြ ကို ေခ်ဖ်က္ေစႏိုင္တဲ့ အစြမ္းေတြလည္း ရွိတယ္။ ေရာင္ရမ္းမႈ႕ေတြကို ေလ်ာ့နည္းေစၿပီး ဝမ္းေပ်ာ့ေစႏိုင္တဲ့ အစြမ္းေတြ ရွိလို႔ စအိုကြဲနာ ခံစားေနရတဲ့သူေတြ အေနနဲ႔လည္း ေဆးအျဖစ္ စားသုံးသင့္တဲ့ အစားအစာထဲမွာ ပါဝင္တယ္။ ဒါ့အျပင္ ဓာတ္မတည့္မႈ႕ေတြ ကို သက္သာေစတဲ့ အတြက္ ႏွင္းခူနာရွိသူေတြလည္း စားသုံးသင့္တယ္။

ေသခ်ာမေျပာႏိုင္ေသးေပမယ့္ မယ္ဇလီဟာ အခ်ိန္တိုအတြင္းမွာ ကိုယ္အေလးခ်ိန္ကို က်ဆင္းေစႏိုင္တယ္လို႔လည္း တခ်ိဳ႕က ယူဆၾကတယ္။ မယ္ဇလီဖူးကို ေထာင္းၿပီး ရလာတဲ့ အႏွစ္ေတြကို ႏွင္းခူနာေတြ ၊ အေရျပားထူ အေရျပား ေလးဖက္နာေတြ (Psoriasis ) ေရာဂါသည္ေတြရဲ႕ ျဖစ္ေနတဲ့ အနာေတြေပၚ လိမ္းေပးျခင္းျဖင့္ ျမန္ျမန္ သက္သာေစတယ္။ တခ်ိဳ႕ဆို ေရာင္ရမ္း ဝက္ၿခံေတြေပၚမွာေတာင္ အေရာင္ျမန္ျမန္က်ေအာင္ လိမ္းေလ့ရွိတယ္။

ခံတြင္းထဲက အနာေတြ ၊ သြားဖုံးေရာင္ ေရာဂါခံစားေနရတဲ့ သူေတြအတြက္လည္း မယ္ဇလီ႐ြက္ကို ဝါးစားေပးျခင္းျဖင့္ ျမန္ျမန္ ေပ်ာက္ကင္းေစတယ္။ ဒါ့အျပင္ မယ္ဇလီစားျခင္းျဖင့္ ရင္ပူေနတာ၊ အစာမေၾကျဖစ္ေနတာ ၊ ပ်ိဳ႕အန္ခ်င္တာ ၊ ေလပြတာေတြအတြက္လည္း ေပ်ာက္ေစတယ္။ အာဟာရ အေနနဲ႔ ၾကည့္မယ္ဆိုရင္လည္း မယ္ဇလီမွာ vitamin B ဓာတ္ေပါင္းစုေတြ မ်ားစြာ ပါဝင္တယ္။

မယ္ဇလီဟာ ခႏၶာကိုယ္အတြက္တင္ သာမက ဆံပင္အတြက္လည္း အစြမ္းထက္ ေဆးတစ္လက္ ျဖစ္လို႔ေနတယ္။ မယ္ဇလီမႈန႔္ကို ဒိန္ခ်ဥ္ ၊ ေရတို႔နဲ႔ ေရာၿပီး ေခါင္းကို လိမ္းက်ံ ခဏထား ေလွ်ာ္လိုက္ရင္ သင့္ဆံပင္ေလးဟာ ေပ်ာ့ေပ်ာင္းေစ႐ုံမက အေရာင္ေတြလည္း ေတာက္ပေစတယ္။ ဆံပင္ကိုလည္း သန္မာေစတယ္၊ ထူထဲေစတယ္။ ေနေရာင္ျခည္ဒဏ္ကိုလည္း ခံႏိုင္ရည္ ရွိေစတယ္။

ဒီလိုဆို မယ္ဇလီက က်န္းမာေရးအတြက္သာမကဘဲ အလွအပအတြက္ပါ ေဆးတစ္လက္ျဖစ္တယ္ဆိုတာ သိသြားၿပီ ထင္ပါတယ္။ ဒါေပမယ့္ မယ္ဇလီကို မစားသင့္တဲ့ လူေတြလည္း အနည္းအက်ဥ္းေတာ့ ရွိပါတယ္။ ဝမ္းပ်က္ဝမ္းေလ်ာ ျဖစ္ေနတဲ့သူေတြ ၊ အသည္းအရမ္း မေကာင္းတဲ့ သူေတြအတြက္ မယ္ဇလီကို အလြန္အကြၽံ မစားသုံးသင့္ပါဘူး။ ဒါ့အျပင္ ကိုယ္ဝန္သည္ေတြ ( အထူးသျဖင့္ ၃ လေအာက္) နဲ႔ ႏို႔တိုက္မိခင္ေတြလည္း ေရွာင္သင့္ပါတယ္။ ကိုယ္ဝန္လႏုစဥ္မွာ စားရင္ ကေလးကို ထိခိုက္ေစႏိုင္လို႔ ျဖစ္ပါတယ္။ ႏို႔တိုက္မိခင္ေတြမွာ စားရင္ေတာ့ ကေလးမွာ ေလထိုးေလေအာင့္တာေတြ ဝမ္းပ်က္တာေတြ ျဖစ္ႏိုင္လို႔ပါ။ အနည္းအက်ဥ္းစားတာက ရေပမယ့္ မ်ားမ်ားနဲ႔ ခဏခဏစားရင္ ဝမ္းပ်က္ဝမ္းေလ်ာျဖစ္ၿပီး ခႏၶာကိုယ္ထဲမွာ ေရဓာတ္နဲ႔ ဆားဓာတ္ ဆုံးရႈံ႕းမႈ႕ေတြ ျဖစ္ေစႏိုင္လို႔ပါ။ အားလုံး ေဆးေပါင္းခတဲ့ ညမွာ က်န္းမာခ်မ္းသာၾကပါေစလို႔ ဆုေတာင္းရင္း  ………………..

Author . ႐ြက္သစ္

တန်ဆောင်ဆောင်း လပြည့်ညကို ဆေးပေါင်းခတဲ့ ညလို့လည်း ဆိုကြတယ်။ ဒီညမှာ မယ်ဇလီဖူးကို သုပ်စားရင် ရောဂါမျိုး ၉၆ ပါးလုံး ကင်းစင်ပြီး ရောဂါဘယ ကင်းဝေးတယ်လို့လည်း ယုံကြည်မှု့တွေ ရှိကြတယ်။ ရှေးယခင်ကတည်းက တန်ဆောင်မုန်းလပြည့်ဆို မယ်ဇလီဖူးသုပ်တွေကို လိုက်ဝေပြီး အလှူလုပ်တာတွေ ဈေးကဝယ်ပြီး သုပ်စားတာတွေ လုပ်လေ့ရှိကြပါတယ်။ မယ်ဇလီဆိုတာကလည်း ဒီအချိန်လောက်ပဲ ပေါပေါလှိုင်လှိုင် တွေ့ရတတ်တယ်။

မယ်ဇလီရဲ့ ခါးသက်သက်အရသာကို မကြိုက်တောင် တန်ဆောင်မုန်းလပြည့်ဆို ရောဂါကင်းအောင် မဖြစ်မနေ စားကြတဲ့ သူတွေလည်း များစွာ ရှိတယ်။
မယ်ဇလီက ၉၆ ပါးရောဂါလုံးကို မကာကွယ်ပေးနိုင်ပေမယ့် တကယ်လည်း ဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပြီး စားသင့်တဲ့ အစားအစာတစ်မျိုးဆိုလည်း မမှားပါဘူး။ မယ်ဇလီဖူးမှာ ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ဓာတ်ပေါင်းတွေ များစွာပါဝင်ပါတယ်။

သဘာဝ ဝမ်းပျော့ဆေးအနေနဲ့ လုပ်ဆောင်ပေးနိုင်စွမ်းတွေ ရှိပြီး ဝမ်းပျော့စေကာ ဝမ်းချုပ်ခြင်း ကင်းစေတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ အဆိပ်အတောက်တွေ ၊ အူလမ်းကြောင်းထဲက မကောင်းတဲ့ အဆိပ်အတောက်တွေကိုလည်း ကင်းရှင်းစေတယ်။ တကယ်လို့ သင့်မှာ အူလမ်းကြောင်း ဓာတ်တုံပြန်ခြင်း လွန်ကဲမှု့ကြောင့် ဖြစ်တဲ့ ရောဂါ ( IBS ) လိုမျိုး ရှိတယ်ဆိုရင်လည်း မယ်ဇလီဖူးမှာ ဒီရောဂါတွေကို သက်သာပျောက်ကင်းစေတဲ့ အစွမ်းတွေ ရှိလို့ စားသုံးသင့်တယ်။ ဒါ့အပြင် လိပ်ခေါင်းရောဂါ ရှိသူတွေလည်း စားသုံးသင့်တယ်။

မယ်ဇလီမှာ သဘာဝနည်းနဲ့ သန်ကောင်တွေ ကို ချေဖျက်စေနိုင်တဲ့ အစွမ်းတွေလည်း ရှိတယ်။ ရောင်ရမ်းမှု့တွေကို လျော့နည်းစေပြီး ဝမ်းပျော့စေနိုင်တဲ့ အစွမ်းတွေ ရှိလို့ စအိုကွဲနာ ခံစားနေရတဲ့သူတွေ အနေနဲ့လည်း ဆေးအဖြစ် စားသုံးသင့်တဲ့ အစားအစာထဲမှာ ပါဝင်တယ်။ ဒါ့အပြင် ဓာတ်မတည့်မှု့တွေ ကို သက်သာစေတဲ့ အတွက် နှင်းခူနာရှိသူတွေလည်း စားသုံးသင့်တယ်။

သေချာမပြောနိုင်သေးပေမယ့် မယ်ဇလီဟာ အချိန်တိုအတွင်းမှာ ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်တယ်လို့လည်း တချို့က ယူဆကြတယ်။ မယ်ဇလီဖူးကို ထောင်းပြီး ရလာတဲ့ အနှစ်တွေကို နှင်းခူနာတွေ ၊ အရေပြားထူ အရေပြား လေးဖက်နာတွေ (Psoriasis ) ရောဂါသည်တွေရဲ့ ဖြစ်နေတဲ့ အနာတွေပေါ် လိမ်းပေးခြင်းဖြင့် မြန်မြန် သက်သာစေတယ်။ တချို့ဆို ရောင်ရမ်း ဝက်ခြံတွေပေါ်မှာတောင် အရောင်မြန်မြန်ကျအောင် လိမ်းလေ့ရှိတယ်။

ခံတွင်းထဲက အနာတွေ ၊ သွားဖုံးရောင် ရောဂါခံစားနေရတဲ့ သူတွေအတွက်လည်း မယ်ဇလီရွက်ကို ဝါးစားပေးခြင်းဖြင့် မြန်မြန် ပျောက်ကင်းစေတယ်။ ဒါ့အပြင် မယ်ဇလီစားခြင်းဖြင့် ရင်ပူနေတာ၊ အစာမကြေဖြစ်နေတာ ၊ ပျို့အန်ချင်တာ ၊ လေပွတာတွေအတွက်လည်း ပျောက်စေတယ်။ အာဟာရ အနေနဲ့ ကြည့်မယ်ဆိုရင်လည်း မယ်ဇလီမှာ vitamin B ဓာတ်ပေါင်းစုတွေ များစွာ ပါဝင်တယ်။

မယ်ဇလီဟာ ခန္ဓာကိုယ်အတွက်တင် သာမက ဆံပင်အတွက်လည်း အစွမ်းထက် ဆေးတစ်လက် ဖြစ်လို့နေတယ်။ မယ်ဇလီမှုန့်ကို ဒိန်ချဉ် ၊ ရေတို့နဲ့ ရောပြီး ခေါင်းကို လိမ်းကျံ ခဏထား လျှော်လိုက်ရင် သင့်ဆံပင်လေးဟာ ပျော့ပျောင်းစေရုံမက အရောင်တွေလည်း တောက်ပစေတယ်။ ဆံပင်ကိုလည်း သန်မာစေတယ်၊ ထူထဲစေတယ်။ နေရောင်ခြည်ဒဏ်ကိုလည်း ခံနိုင်ရည် ရှိစေတယ်။

ဒီလိုဆို မယ်ဇလီက ကျန်းမာရေးအတွက်သာမကဘဲ အလှအပအတွက်ပါ ဆေးတစ်လက်ဖြစ်တယ်ဆိုတာ သိသွားပြီ ထင်ပါတယ်။ ဒါပေမယ့် မယ်ဇလီကို မစားသင့်တဲ့ လူတွေလည်း အနည်းအကျဉ်းတော့ ရှိပါတယ်။ ဝမ်းပျက်ဝမ်းလျော ဖြစ်နေတဲ့သူတွေ ၊ အသည်းအရမ်း မကောင်းတဲ့ သူတွေအတွက် မယ်ဇလီကို အလွန်အကျွံ မစားသုံးသင့်ပါဘူး။ ဒါ့အပြင် ကိုယ်ဝန်သည်တွေ ( အထူးသဖြင့် ၃ လအောက်) နဲ့ နို့တိုက်မိခင်တွေလည်း ရှောင်သင့်ပါတယ်။ ကိုယ်ဝန်လနုစဉ်မှာ စားရင် ကလေးကို ထိခိုက်စေနိုင်လို့ ဖြစ်ပါတယ်။ နို့တိုက်မိခင်တွေမှာ စားရင်တော့ ကလေးမှာ လေထိုးလေအောင့်တာတွေ ဝမ်းပျက်တာတွေ ဖြစ်နိုင်လို့ပါ။ အနည်းအကျဉ်းစားတာက ရပေမယ့် များများနဲ့ ခဏခဏစားရင် ဝမ်းပျက်ဝမ်းလျောဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ ရေဓာတ်နဲ့ ဆားဓာတ် ဆုံးရှုံ့းမှု့တွေ ဖြစ်စေနိုင်လို့ပါ။ အားလုံး ဆေးပေါင်းခတဲ့ ညမှာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းရင်း  ………………..

Author . ရွက်သစ်

 

Previous Post

ကလေးငယ်တွေ ထမင်းကျွေးခက်တဲ့အခါ

Next Post

သည်းခြေအိတ်မှာ ကျောက်တည်ခြင်းနဲ့ သည်းခြေအိတ် ရောဂါများနဲ့ အစားအသောက်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
606

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သည်းခြေအိတ်မှာ ကျောက်တည်ခြင်းနဲ့ သည်းခြေအိတ် ရောဂါများနဲ့ အစားအသောက်

အသားအရေလှပဖို့

လှပတဲ့ အသားအရေကို ပိုင်ဆိုင်ရစေဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.