ခုခံအားကျရောဂါဆိုတာဘာလဲ?
ခုခံအားကျရောဂါကိုAIDS(Acquired Immunodeficiency Syndrome) လို့ခေါ်ပါတယ်။
ဒီရောဂါဟာခုခံအားကိုကျဆင်းစေသောဗိုင်းရပ်စ် HIV(Human Immunodeficiency Virus) ပိုး
ကြောင့် ဖြစ်ပွားရပါတယ်။ထိုပိုး၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် လူ၏ကိုယ်ခန္ဓာအတွင်းသို့ ဝင်ရောက်လာသည့် တခြားသောရောဂါပိုးတို့ကိုမခုခံမတိုက်ထုတ်နိုင်တော့ဘဲရောဂါများ
တစ်မျိုးပြီး တစ်မျိုး အလွယ်တကူရနိုင် သည့် အခြေအနေကိုရောက်ရှိသွားပါသည်။
ခုခံအားကျ ရောဂါ ရဲ့ ရာဇဝင် တစေ့တစောင်း
ခုခံအားကျရောဂါကို ၂၀ရာစုနှောင်းပိုင်း ၁၉၈၁ခုနှစ်လောက်ကအမေရိကန်ပြည်ထောင်စုမှာ
အကြောထဲမူးယစ်ဆေးထိုးသုံးသူများ နှင့် အခြောက်များတွင် ပြင်းထန်အဆုတ်ရောင် ရောဂါဖြစ်ရာ
မှ စတင်တွေ့ရှိခဲ့ပါတယ်။ခုဆိုရင် တစ်ကမ္ဘာလုံးအနေနှင့် ကပ်ရောဂါသဖွယ်ဖြစ်နေပါပြီ။၂၀၁၄ခုနှစ်
ခန့်မှန်းအရေအတွက်အရလူကြီးကလေးဦးရေ ၃၈.၆ သန်းခန့် ကမ္ဘာတစ်ဝန်းကူးစက်ခံနေရပြီး
၂၅.၃ သန်းခန့်ခုခံအားကျရောဂါကြောင့် သေဆုံးခဲ့ရပါတယ်။
ခုခံအားကျရောဂါပိုးဆိုတာဘာလဲ?
ခုခံအားကျရောဂါပိုး HIV ပိုးဟာလူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီး ကိုယ်ခံအားစနစ်ထဲက
အထူးသဖြင့် CD4 ဆဲလ်တွေထဲမှာနေပြီးကိုယ်ခံအားစနစ်ကိုတိုက်ဖျက်ပါတယ်။ဒါကြောင့် HIV ပိုးကူးစက်ခံရသူဟာကိုယ်ခံအားဓာတ်တွေကျလာပြီးရောဂါမျိုးစုံကူးစက်ခံရပြီးနောက်ဆုံးမှာ
AIDS ခုခံအားကျဆင်းရောဂါအဆင့်နဲ့ နိဂုံးချုပ်ရပါတော့တယ်။
ခုခံအားကျဆင်းရောဂါပိုးသင်ဘယ်လိုရနိုင်သလဲ?
သင့်ကိုယ်တွင်းကို HIV ပိုးဟာအောက်ပါနည်းလမ်းများဖြင့် အဓိက ဝင်ရောက်ကူးစက်နိုင်
ပါတယ်။
၁) ရောဂါပိုးရှိနေသူနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း(လိင်တူလိင်ကွဲ)
၂) ရောဂါပိုးရှိနေသူနှင့် မသန့်ရှင်းသောစုတ်ထိုးအပ် ဆေးထိုးအပ်နှင့် ဆေးထိုးပြွန်ကိုအတူ
မျှဝေသုံးစွဲခြင်း(အထူးသဖြင့် မူးယစ်ဆေးဝါးအကြောထဲ ထိုးသွင်းခြင်း၊ဆေးမင်ကြောင်ထိုးခြင်း)
၃) ရောဂါပိုးရှိနေသူ၏ သွေးနှင့် သွေးရည်ကြည် သွင်းမိခြင်း
၄) ရောဂါပိုးရှိနေသောမိခင်များမှ ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန် ၊နို့တိုက်နေချိန်များတွင်
ကလေးကိုကူးစက်ခြင်း
ဒါကြောင့် အမျိုးသား ၊အမျိုးသမီးများအနေဖြင့် တစ်ကြိမ်တည်းပါဆိုဆို ၊ငယ်သူမို့ မသိပါလို့
ဆိုဆို ၊မိမိတို့အနေဖြင့် တစ်ဖက်သားကို ဘယ်လောက်ပဲယုံယုံရောဂါပိုးကိုတော့ မယုံပါနဲ့။
ယုံမိရင် ပုံအပ်လို့ မှားပါလိမ့်မယ်။လိင်ဆက်ဆံ(လိင်တူလိင်ကွဲ)ရာတွင် အကာအကွယ်သုံးစေလို
ပါတယ်။အလွှာခြားချင်ခြားပေမယ့် ဘဝမှာ တစ်ခါမှားတစ်သက်စာသေရာပါရောဂါ မဖြစ်နိုင်တာ
ကိုသတိချပ်စေလိုပါတယ်။
ဆေးမင်ကြောင်ထိုးသူများအနေနဲ့လည်းသီးသန့်အပ်တစ်ချောင်းကိုသာသုံးစေလိုပါတယ်။
တစ်ခါသုံးဆေးထိုးအပ်များကိုသုံးစွဲစေလိုပါတယ်။
မိခင်လောင်းများအနေဖြင့်လည်း ကိုယ်ဝန်ကို ဆောလျင်စွာအပ်ကာ ဆရာဝန် ညွှန်ကြားတဲ့
အတိုင်း လိုအပ်တာများကိုစစ်ဆေးသင့်ပါတယ်။
ဆက်ပါဦးမည်။
AUTHOR – ခေတ်သစ်ဇီဝက