Ondr တြင္ ကေလးမရလို႔ တိုင္ပင္ၾကသည့္ စုံတြဲအခ်ိဳ႕တြင္ သုက္လႊတ္မႈနဲ႔ ပတ္သတ္တဲ့ ျပႆနာမ်ားကို ရင္ဆိုင္ေနၾကသည္ကို ေတြ႕ရပါတယ္။ သုက္လႊတ္ျပႆနာဆိုသည္မွာ ဆက္ဆံၿပီးေနာက္ သုက္ရည္မထြက္ျခင္းကို ဆိုလိုပါတယ္။ သုက္ရည္ထဲတြင္ သုက္ပိုးမပါသည္ကို ဆိုလိုျခင္း မဟုတ္ပါ။အခုလို သုက္ရည္မထြက္ျခင္းသည္ သုက္လႊတ္ျခင္း လုံးဝမရွိျခင္းသို႔မဟုတ္ သုက္ရည္ဆီးအိမ္ထဲသို႔ ျပန္ဝင္သြားျခင္း စသည္တို႔ေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ သုက္ရည္လုံးဝ မထြက္ျခင္းသည္ ေမြးရာပါျပႆနာေၾကာင့္ သို႔မဟုတ္ အျခားေသာ ျပႆနာေၾကာင့္ ရရွိလာခဲ့လွ်င္ တစ္သက္လုံးကု၍ မေပ်ာက္ႏိုင္သည္အထိ ျဖစ္ႏိုင္ပါတယ္။
(1) ပုံမွန္သုက္ရည္လႊတ္မႈ ျဖစ္စဥ္တြင္ သုက္ရည္ထြက္မႈ ႏွင့္လႊတ္မႈဟူ၍ အပိုင္း၂ပိုင္းရွိပါတယ္။ သုက္ရည္ထြက္ၿပီး လိင္တံရဲ႕ အပိုင္းတစ္ေနရာတြင္ စုေဆာင္းထားၿပီး ဆက္ဆံေနစဥ္ လိင္တံမွတဆင့္သုက္ရည္လႊတ္ျခင္းျဖင့္ ဆက္ဆံမႈ ၿပီးေျမာက္ပါတယ္။ သုက္ရည္ထြက္ျခင္းကို ဦးေႏွာက္ရဲ႕အလိုအေလ်ာက္ စနစ္ေၾကာင့္ ထြက္ရွိၿပီး သုတ္ရည္လႊတ္ျခင္းကိုေတာ့ ဦးေႏွာက္ထိန္းခ်ဳပ္မႈစနစ္ျဖင့္ လႊတ္ပါတယ္။ သုက္ရည္လႊတ္ျခင္းသည္ အာ႐ုံေၾကာမ်ားႏွင့္လည္း သက္ဆိုင္ပါတယ္။
(2) ပုံမွန္သုက္ရည္ ပမာဏသည္ 1.5mlမွ 2ml အနည္းဆုံးရွိပါတယ္။ သုက္ပိုးမ်ား၊ ဓာတ္ပစၥည္းမ်ားႏွင့္ အင္ဇိုင္းမ်ား ပါဝင္ပါတယ္။ သုက္ရည္ပါဝင္မႈ ပစၥည္းမ်ား အေသးစိတ္ခြဲျခားျခင္းသည္ မည္သည့္အပိုင္း ျပႆနာေၾကာင့္ ျဖစ္ရသည္ကို သိရွိႏိုင္ပါတယ္။
(3)သုက္လႊတ္မႈဆိုင္ရာ ျပႆနာမ်ားကို ကုသရာတြင္ လူနာရဲ႕ ေရာဂါရာဇဝင္အေသးစိတ္သည္ အဓိကက်ပါတယ္။ အရင္တုန္းက ပုံမွန္သုက္လႊတ္ခဲ့သလား? ယခုမွ ျပႆနာႀကဳံေတြ႕ရသလား?
(4) မ်ိဳးပြားအဂၤါမ်ား ခ်ိဳ႕ယြင္းမႈ ရွိ၊ မရွိ လက္ေတြ႕စမ္းသပ္ စစ္ေဆးရပါမယ္။
(5)လူနာရဲ႕သုက္ရည္နမူနာကို ဓာတ္ခြဲစစ္ေဆးဖို႔ လိုပါလိမ့္မယ္။ အကယ္၍ သုက္ရည္ လုံးဝမထြက္ေသာ လူနာတြင္ လိင္ဆက္ဆံၿပီး ထြက္ေသာဆီးကို နမူနာ စစ္ေဆးသင့္ပါတယ္။ အဆိုပါ ဆီးထဲတြင္သုက္ပိုးရွိပါက သုက္ရည္ထြက္ေသာ္လည္း ဆီးအိမ္ထဲသို႔ ျပန္လည္ဝင္ေရာက္ျခင္း ျပႆနာဟု ယူဆႏိုင္ပါတယ္။
(6)က်ားေဟာ္မုန္းစစ္ေဆးမႈအတြက္ ေသြးစစ္သင့္ပါတယ္။ တက္စတိုစတီး႐ုန္း ပမာဏနည္းလွ်င္လည္း သုက္ရည္ပမာဏ နည္းႏိုင္ပါတယ္။
(7)TURS လို႔ေခၚတဲ့ အတ္ထရာေဆာင္း႐ိုက္ျခင္းျဖင့္ ပ႐ိုစတက္ဂလင္းႏွင့္ သုက္ရည္ထြက္ေသာ အိတ္မ်ားပုံစံကို သိရွိႏိုင္ပါတယ္။
သုက္လႊတ္မႈ ျပႆနာမ်ားႏွင့္ ကုသနည္းးမ်ား
(၁)သုက္လႊတ္ေစာျခင္း
ဆက္ဆံခ်ိန္သည္ ပုံမွန္ပ်မ္းမွ် ၉မိနစ္ခန႔္သာ ၾကာတတ္ေသာ္လည္း အခ်ိဳ႕မွာ ၁မိနစ္ခန႔္တြင္ သုက္ရည္ေစာလႊတ္တတ္ပါတယ္။ ထို႔သို႔ျဖစ္ရျခင္းမွာ ပန္းညိဳးမႈ ျပႆနာရွိျခင္း ၊စိတ္လႈပ္ရွားမႈ ရွိျခင္းႏွင့္အာ႐ုံေၾကာ ျပႆနာမ်ားေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ကုသနည္းမ်ားကေတာ့ ေဆးဝါးျဖင့္ ကုသျခင္းႏွင့္စိတ္ပညာျဖင့္ ကုသျခင္းတို႔ပဲ ျဖစ္ပါတယ္။
(၂)သုက္လႊတ္ေနာက္က်ျခင္း
သုက္လႊတ္ေနာက္က်ျခင္းကို ကုသရာတြင္ ဆက္ဆံျခင္းဆိုင္ရာ အသိပညာေပးျခင္းႏွင့္ ယုံၾကည္မႈတိုးပြားေအာင္ ပညာေပးျခင္းနည္းျဖင့္ ကုသျခင္းပဲ ျဖစ္ပါတယ္။
(၃)သုက္ရည္ဆီးအိမ္အတြင္း ျပန္ဝင္ျခင္း
ကေလးမရေသာအမ်ိဳးသား ၁ရာခိုင္ႏူန္းခန႔္သည္ အဆိုပါ ျပႆနာရွိတတ္ပါတယ္။ သုက္ပိုးမပါသူမ်ားသည္ ၁၅ရာခိုင္းႏူန္းသည္လည္း အဆိုပါ ျပႆနာေၾကာင့္ ျဖစ္ပါတယ္။ အခုလိုျဖစ္ရတဲ့အေၾကာင္းရင္းအခ်ိဳ႕ကေတာ့ ဆီးခ်ိဳေရာဂါ၊ အာ႐ုံေၾကာေရာဂါ၊ အခ်ိဳ႕ေဆးဝါးမ်ားႏွင့္ ခြဲစိတ္မႈဆိုးက်ိဳး စသည္တို႔ေၾကာင့္ျဖစ္ပါတယ္။ ကုသနည္းကေတာ့ အေၾကာင္းရင္းေပၚ မူတည္ကုရပါတယ္။ ေဆးဝါးအကူအညီျဖင့္ ကုသရပါတယ္။
(၄)သုက္ရည္မလႊတ္နိင္ျခင္း
အဆိုပါ ျပႆနာသည္ လူနာတစ္ေထာင္တြင္ တစ္ေယာက္ျဖစ္ႏိုင္ပါတယ္။ အိပ္ေနစဥ္ သူ႔အလိုလိုသုက္လႊတ္ျခင္းေတာ့ ျဖစ္ႏိုင္ပါတယ္။ ေမြးရာပါ ခ်ိဳ႕တဲ့မူေၾကာင့္ သုက္မလႊတ္နိင္ျခင္းသည္ ကုသရန္ ခက္ခဲပါတယ္။ ဆီးခ်ိဳေရာဂါ၊ အာ႐ုံေၾကာေရာဂါ၊ ေဆးဝါးမ်ား စသည္တို႔ေၾကာင့္ သုက္ရည္မလႊတိႏိုင္ျခင္း ျဖစ္ေစပါတယ္။ ေမြးရာပါအဂၤါ ခ်ိဳ႕တဲ့မႈ ျပႆနာေၾကာင့္ ျဖစ္ခဲ့လွ်င္ ခြဲစိတ္ကုသနည္းျဖင့္ ကုႏိုင္ပါတယ္။ ေက်ာ႐ိုးအာ႐ုံေၾကာျပႆနာမ်ားေၾကာင့္ သုက္ရည္မလႊတ္ႏိုင္ျခင္း ျဖစ္ႏိုင္ပါတယ္။ ဥပမာ ေက်ာ႐ိုးထိခိုက္ဒဏ္ရရျခင္း
(၅)သုက္ရည္ထဲေသြးပါျခင္း
သုက္ရည္အေရာင္သည္ နာက်င္မႈမခံစားရဘဲ အနီေရာင္သို႔မဟုတ္ အညိဳေရာင္ ျဖစ္ေနတတ္ပါတယ္။ေသြးခဲေတြ႕ရျခင္းေတာ့ မဟုတ္ပါ။ အဆိုပါ အေျခအေနသည္ လိင္စိတ္တက္ႂကြေသာ လူငယ္မ်ားတြင္ေတြ႕ရတတ္ၿပီး အေထြအထူး ကုသမႈ ခံယူစရာမလိုပါ။
အကယ္၍ နာက်င္မႈပါခံစားရပါက သုက္လႊတ္ႁပြန္ လမ္းေၾကာင္းပိတ္ျခင္းေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ အသက္ ၅၀ ေက်ာ္သူမ်ားတြင္ ေတြ႕ရတတ္ၿပီး ကင္ဆာႏွင့္ ပိုးကူးစက္မႈတို႔ ေၾကာင့္ျဖစ္ႏိုင္ပါတယ္။ ဆီးက်ိတ္စမ္းသပ္မူလုပ္ျခင္း၊ ကင္ဆာအင္ဇိုင္းစစ္ေဆးျခင္း၊ အတ္ထရာေဆာင္း႐ိုက္ျခင္းစသည့္ စမ္းသပ္မႈလုပ္ျခင္းျဖင့္ အေၾကာင္းရင္း ရွာေဖြကုသရပါတယ္။
Author : Dr. ျပည့္ရွင္း
Ondr တွင် ကလေးမရလို့ တိုင်ပင်ကြသည့် စုံတွဲအချို့တွင် သုက်လွှတ်မှုနဲ့ ပတ်သတ်တဲ့ ပြဿနာများကို ရင်ဆိုင်နေကြသည်ကို တွေ့ရပါတယ်။ သုက်လွှတ်ပြဿနာဆိုသည်မှာ ဆက်ဆံပြီးနောက် သုက်ရည်မထွက်ခြင်းကို ဆိုလိုပါတယ်။ သုက်ရည်ထဲတွင် သုက်ပိုးမပါသည်ကို ဆိုလိုခြင်း မဟုတ်ပါ။အခုလို သုက်ရည်မထွက်ခြင်းသည် သုက်လွှတ်ခြင်း လုံးဝမရှိခြင်းသို့မဟုတ် သုက်ရည်ဆီးအိမ်ထဲသို့ ပြန်ဝင်သွားခြင်း စသည်တို့ကြောင့် ဖြစ်နိုင်ပါတယ်။ သုက်ရည်လုံးဝ မထွက်ခြင်းသည် မွေးရာပါပြဿနာကြောင့် သို့မဟုတ် အခြားသော ပြဿနာကြောင့် ရရှိလာခဲ့လျှင် တစ်သက်လုံးကု၍ မပျောက်နိုင်သည်အထိ ဖြစ်နိုင်ပါတယ်။
(1) ပုံမှန်သုက်ရည်လွှတ်မှု ဖြစ်စဉ်တွင် သုက်ရည်ထွက်မှု နှင့်လွှတ်မှုဟူ၍ အပိုင်း၂ပိုင်းရှိပါတယ်။ သုက်ရည်ထွက်ပြီး လိင်တံရဲ့ အပိုင်းတစ်နေရာတွင် စုဆောင်းထားပြီး ဆက်ဆံနေစဉ် လိင်တံမှတဆင့်သုက်ရည်လွှတ်ခြင်းဖြင့် ဆက်ဆံမှု ပြီးမြောက်ပါတယ်။ သုက်ရည်ထွက်ခြင်းကို ဦးနှောက်ရဲ့အလိုအလျောက် စနစ်ကြောင့် ထွက်ရှိပြီး သုတ်ရည်လွှတ်ခြင်းကိုတော့ ဦးနှောက်ထိန်းချုပ်မှုစနစ်ဖြင့် လွှတ်ပါတယ်။ သုက်ရည်လွှတ်ခြင်းသည် အာရုံကြောများနှင့်လည်း သက်ဆိုင်ပါတယ်။
(2) ပုံမှန်သုက်ရည် ပမာဏသည် 1.5mlမှ 2ml အနည်းဆုံးရှိပါတယ်။ သုက်ပိုးများ၊ ဓာတ်ပစ္စည်းများနှင့် အင်ဇိုင်းများ ပါဝင်ပါတယ်။ သုက်ရည်ပါဝင်မှု ပစ္စည်းများ အသေးစိတ်ခွဲခြားခြင်းသည် မည်သည့်အပိုင်း ပြဿနာကြောင့် ဖြစ်ရသည်ကို သိရှိနိုင်ပါတယ်။
(3)သုက်လွှတ်မှုဆိုင်ရာ ပြဿနာများကို ကုသရာတွင် လူနာရဲ့ ရောဂါရာဇဝင်အသေးစိတ်သည် အဓိကကျပါတယ်။ အရင်တုန်းက ပုံမှန်သုက်လွှတ်ခဲ့သလား? ယခုမှ ပြဿနာကြုံတွေ့ရသလား?
(4) မျိုးပွားအင်္ဂါများ ချို့ယွင်းမှု ရှိ၊ မရှိ လက်တွေ့စမ်းသပ် စစ်ဆေးရပါမယ်။
(5)လူနာရဲ့သုက်ရည်နမူနာကို ဓာတ်ခွဲစစ်ဆေးဖို့ လိုပါလိမ့်မယ်။ အကယ်၍ သုက်ရည် လုံးဝမထွက်သော လူနာတွင် လိင်ဆက်ဆံပြီး ထွက်သောဆီးကို နမူနာ စစ်ဆေးသင့်ပါတယ်။ အဆိုပါ ဆီးထဲတွင်သုက်ပိုးရှိပါက သုက်ရည်ထွက်သော်လည်း ဆီးအိမ်ထဲသို့ ပြန်လည်ဝင်ရောက်ခြင်း ပြဿနာဟု ယူဆနိုင်ပါတယ်။
(6)ကျားဟော်မုန်းစစ်ဆေးမှုအတွက် သွေးစစ်သင့်ပါတယ်။ တက်စတိုစတီးရုန်း ပမာဏနည်းလျှင်လည်း သုက်ရည်ပမာဏ နည်းနိုင်ပါတယ်။
(7)TURS လို့ခေါ်တဲ့ အတ်ထရာဆောင်းရိုက်ခြင်းဖြင့် ပရိုစတက်ဂလင်းနှင့် သုက်ရည်ထွက်သော အိတ်များပုံစံကို သိရှိနိုင်ပါတယ်။
သုက်လွှတ်မှု ပြဿနာများနှင့် ကုသနည်းးများ
(၁)သုက်လွှတ်စောခြင်း
ဆက်ဆံချိန်သည် ပုံမှန်ပျမ်းမျှ ၉မိနစ်ခန့်သာ ကြာတတ်သော်လည်း အချို့မှာ ၁မိနစ်ခန့်တွင် သုက်ရည်စောလွှတ်တတ်ပါတယ်။ ထို့သို့ဖြစ်ရခြင်းမှာ ပန်းညိုးမှု ပြဿနာရှိခြင်း ၊စိတ်လှုပ်ရှားမှု ရှိခြင်းနှင့်အာရုံကြော ပြဿနာများကြောင့် ဖြစ်နိုင်ပါတယ်။ ကုသနည်းများကတော့ ဆေးဝါးဖြင့် ကုသခြင်းနှင့်စိတ်ပညာဖြင့် ကုသခြင်းတို့ပဲ ဖြစ်ပါတယ်။
(၂)သုက်လွှတ်နောက်ကျခြင်း
သုက်လွှတ်နောက်ကျခြင်းကို ကုသရာတွင် ဆက်ဆံခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် ယုံကြည်မှုတိုးပွားအောင် ပညာပေးခြင်းနည်းဖြင့် ကုသခြင်းပဲ ဖြစ်ပါတယ်။
(၃)သုက်ရည်ဆီးအိမ်အတွင်း ပြန်ဝင်ခြင်း
ကလေးမရသောအမျိုးသား ၁ရာခိုင်နူန်းခန့်သည် အဆိုပါ ပြဿနာရှိတတ်ပါတယ်။ သုက်ပိုးမပါသူများသည် ၁၅ရာခိုင်းနူန်းသည်လည်း အဆိုပါ ပြဿနာကြောင့် ဖြစ်ပါတယ်။ အခုလိုဖြစ်ရတဲ့အကြောင်းရင်းအချို့ကတော့ ဆီးချိုရောဂါ၊ အာရုံကြောရောဂါ၊ အချို့ဆေးဝါးများနှင့် ခွဲစိတ်မှုဆိုးကျိုး စသည်တို့ကြောင့်ဖြစ်ပါတယ်။ ကုသနည်းကတော့ အကြောင်းရင်းပေါ် မူတည်ကုရပါတယ်။ ဆေးဝါးအကူအညီဖြင့် ကုသရပါတယ်။
(၄)သုက်ရည်မလွှတ်နိင်ခြင်း
အဆိုပါ ပြဿနာသည် လူနာတစ်ထောင်တွင် တစ်ယောက်ဖြစ်နိုင်ပါတယ်။ အိပ်နေစဉ် သူ့အလိုလိုသုက်လွှတ်ခြင်းတော့ ဖြစ်နိုင်ပါတယ်။ မွေးရာပါ ချို့တဲ့မူကြောင့် သုက်မလွှတ်နိင်ခြင်းသည် ကုသရန်ခက်ခဲပါတယ်။ ဆီးချိုရောဂါ၊ အာရုံကြောရောဂါ၊ ဆေးဝါးများ စသည်တို့ကြောင့် သုက်ရည်မလွှတိနိုင်ခြင်း ဖြစ်စေပါတယ်။ မွေးရာပါအင်္ဂါ ချို့တဲ့မှု ပြဿနာကြောင့် ဖြစ်ခဲ့လျှင် ခွဲစိတ်ကုသနည်းဖြင့် ကုနိုင်ပါတယ်။ ကျောရိုးအာရုံကြောပြဿနာများကြောင့် သုက်ရည်မလွှတ်နိုင်ခြင်း ဖြစ်နိုင်ပါတယ်။ ဥပမာ ကျောရိုးထိခိုက်ဒဏ်ရရခြင်း
(၅)သုက်ရည်ထဲသွေးပါခြင်း
သုက်ရည်အရောင်သည် နာကျင်မှုမခံစားရဘဲ အနီရောင်သို့မဟုတ် အညိုရောင် ဖြစ်နေတတ်ပါတယ်။ သွေးခဲတွေ့ရခြင်းတော့ မဟုတ်ပါ။ အဆိုပါ အခြေအနေသည် လိင်စိတ်တက်ကြွသော လူငယ်များတွင်တွေ့ရတတ်ပြီး အထွေအထူး ကုသမှု ခံယူစရာမလိုပါ။
အကယ်၍ နာကျင်မှုပါခံစားရပါက သုက်လွှတ်ပြွန် လမ်းကြောင်းပိတ်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အသက် ၅၀ ကျော်သူများတွင် တွေ့ရတတ်ပြီး ကင်ဆာနှင့် ပိုးကူးစက်မှုတို့ ကြောင့်ဖြစ်နိုင်ပါတယ်။ ဆီးကျိတ်စမ်းသပ်မူလုပ်ခြင်း၊ ကင်ဆာအင်ဇိုင်းစစ်ဆေးခြင်း၊ အတ်ထရာဆောင်းရိုက်ခြင်းစသည့် စမ်းသပ်မှုလုပ်ခြင်းဖြင့် အကြောင်းရင်း ရှာဖွေကုသရပါတယ်။
Author : Dr. ပြည့်ရှင်း