fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ကာလသားရောဂါ

559
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/11/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

ကာလသားေရာဂါလကၡဏာေျပာျပပါ ဆရာမလို Ondr မွာ လူငယ္အခ်ိဳ႕ ေမးေလ့ရွိပါတယ္။ ဆစ္ဖလစ္လို႔ေခၚတဲ့ ကာလသားေရာဂါသည္ Treponima pallidum လို႔ ေခၚတဲ့ ဘက္တီးရီယားပိုးေၾကာင့္ ျဖစ္ပြားေသာ ေရာဂါ ျဖစ္ပါတယ္။

ပထမဦးဆုံးေပၚတဲ့ လကၡဏာတစ္ခုကေတာ့ လိင္အဂၤါ၊ စအို၊ ပါးစပ္အတြင္း မနာက်င္တဲ့ ေသးငယ္ေသာ အနာတစ္ခု ျဖစ္ျခင္းပဲ ျဖစ္ပါတယ္။ ထိုအနာကို ရွန္ကာလို႔ ေခၚပါတယ္။ ကာလသားေရာဂါကူးစက္ခံရေသာ္လည္း ႏွစ္ေပါင္းမ်ားစြာ မည္သည့္လကၡဏာမွ မေပၚဘဲ ရွိေနတတ္ပါတယ္။ သို႔ေသာ္ေရာဂါကို ေစာေစာေတြ႕ၿပီး ေစာေစာကုသမႈ ခံယူျခင္းသည္ အေကာင္းဆုံးပဲ ျဖစ္ပါတယ္။

ကာလသားေရာဂါ မကုပဲ ထားလွ်င္အေရးႀကီးေသာ ကိုယ္တြင္းအဂၤါမ်ား ထိခိုက္တတ္ပါတယ္။ ဥပမာဦးေႏွာက္၊ႏွလုံး။ ကာလသားေရာဂါသည္ အဆိုပါအနာ ရွန္ကာကို တိုက္႐ိုက္ထိေတြ႕မွသာ ေရာဂါကူးစက္ႏိုင္ပါတယ္။ ေရာဂါရွိသူႏွင့္ အဝတ္အစားအတူတူဝတ္႐ုံႏွင့္ အတူတူစား႐ုံျဖင့္ မကူးစက္ႏိုင္ပါ။

ကာလသားေရာဂါ အဆင့္၄ဆင့္ ရွိပါတယ္။
-ပထမအဆင့္
-ဒုတိယအဆင့္
-ေနာက္က်အဆင့္
-တတိယအဆင့္

ပထမအဆင့္ႏွင့္ ဒုတိယအဆင့္တြင္ ကာလသားေရာဂါသည္ အကူးစက္ႏိုင္ဆုံး အဆင့္ျဖစ္ပါတယ္။ေနာက္က်အဆင့္တြင္ ေရာဂါပိုးရွိေသာ္လည္း မကူးစက္တတ္ပါ။ တတိယအဆင့္ကေတာ့ လူက်န္းမာေရး အထိခိုက္ဆုံး အဆင့္ ျဖစ္ပါတယ္။

(1)ပထမအဆင့္
၎အဆင့္သည္ ကူးစက္ခံရၿပီး ၃ပတ္ႏွင့္၄ပတ္ခန႔္တြင္ ျဖစ္လာပါတယ္။ လုံးဝန္းေသးငယ္ေသာအနာ(ရွန္ကာ) စတင္ေပါက္လာပါတယ္။ ရွန္ကာသည္ မနာေသာ္လည္း ကူးစက္လြယ္ပါတယ္။ ပိုးဝင္ေရာက္ေသာ မည္သည္ေနရာတြင္မဆို ျဖစ္ပြားေလ့ရွိပါတယ္။ ပိုးကူးစက္ၿပီး ၃ပတ္ခန႔္တြင္ ေပါက္ႏိုင္ေသာ္လည္း ၁၀ရက္မွ ရက္၉၀ ၾကာတတ္ၿပီး ၂ပတ္မွ ၆ပတ္ထိ က်န္ရွိတတ္ပါတယ္။ လိင္ဆက္ဆံေနစဥ္ အနာႏွင့္ ထိေတြ႕လွ်င္ ေရာဂါပိုးကူးစက္ႏိုင္ပါတယိ။

(2)ဒုတိယအဆင့္
ဒုတိယအဆင့္တြင္ အေရျပားအကြက္မ်ားႏွင့္ လည္ေခ်ာင္းနာျခင္း လကၡာမ်ား ခံစားရတတ္ပါတယ္။အေရျပားအကြက္မ်ားသည္ ယားယံျခင္းမရွိဘဲ ေျခဖဝါး၊ လက္ဖဝါးတြင္ ေပါက္တတ္ၿပီး တျခားကိုယ္အႏွံ႔အျပားတြင္လည္း ေပါက္ႏိုင္ပါတယ္။ အခ်ိဳ႕လူမ်ားသည္ အေရျပားအကြက္ ေပ်ာက္သည့္တိုင္ သတိမထားတတ္ၾကပါ။ အျခားေသာ လကၡဏာမ်ားကေတာ့
-ေခါင္းကိုက္ျခင္း
-ျပန္ရည္ေၾကာ အက်ိတ္မ်ားေရာင္ျခင္း
-ဖ်ားျခင္း
-ဝိတ္က်ျခင္း
-ဆံပင္ကြၽတ္ျခင္း
-အဆစ္နာျခင္း
ထိုလကၡဏာမ်ားသည္ အျခားေသာေရာဂါမ်ားႏွင့္ ေရာေထြးႏိုင္ပါတယ္။

(3)ေနာက္က်အဆင့္
ထိုအဆင့္တြင္ ေရာဂါပိုးသည္ ပုန္းလွ်ိဳေနေသာ အဆင့္ပင္ျဖစ္ပါတယ္။ ပထမအဆင့္ႏွင့္ ဒုတိယအဆင့္သည္ ကုသလွ်င္ ေပ်ာက္ေသာ္လည္း ေနာက္က်အဆင့္တြင္ မည္သည့္လကၡဏာမွ သတိမထားဘဲ ရွိတတ္ပါတယ္။ ထို႔ေၾကာင့္ ကာလသားေရာဂါပိုး ရွိေနေသာေၾကာင့္ တတိယအဆင့္ မေရာက္မွီ အခ်ိနိၾကာသည္အထိ ရွိေနႏိုင္ပါတယ္။

(4)တတိယအဆင့္
အဆိုပါအဆင့္သည္ ေနာက္ဆုံးအဆင့္ ျဖစ္ပါတယ္။ ကာလသားေရာဂါ ပိုးကူးစက္မႈကို မကုသခဲ့လွ်င္ ၁၅ မွ ၃၀ ရာခိုင္ႏူန္းသည္ ေနာက္ဆုံးအဆင့္သို႔ ေရာက္ရွိႏိုင္ပါတယ္။ ကာလသားေရာဂါ တတိယအဆင့္သည္ အသက္အႏၲရာယ္ ထိခိုက္ေစႏိုင္ေသာအဆင့္ ျဖစ္ပါတယ္။ မ်က္စိကြယ္ျခင္း၊ နားမၾကားျခင္း၊ စိတ္ေရာဂါရျခင္း၊ မွတ္ဉာဏ္ခ်ိဳ႕တဲ့ျခင္း၊ အ႐ိုးထိခိုက္ျခင္း၊ ေလျဖတ္ျခင္း၊ အေျမႇးပါးေရာင္ျခင္း၊ႏွလုံးေရာဂါရျခင္းႏွင့္ ဦးေႏွာက္ႏွင့္ ေက်ာ႐ိုးပိုးကူးစက္ျခင္းတို႔ ျဖစ္ပါတယ္။

ကာလသားေရာဂါပိုးကို ေသြးစစ္ျခင္း၊ ဆီးစစ္ျခင္းျဖင့္ သိရွိႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္စဥ္ ကာလသားေရာဂါပိုးကို မျဖစ္မေန စစ္ေဆးသင့္ပါတယ္။ ထိုမွသာ ကေလးတြင္ ေရာဂါပိုးကူးစက္မႈ မျဖစ္ပြားေအာင္ ႀကိဳတင္ကုသသင့္ပါတယ္။

ကုသနည္းမ်ား
-ပထမအဆင့္ႏွင့္ ဒုတိယအဆင့္ ကာလသာေရာဂါပိုးကို ပင္နီဆလင္ထိုးျခင္းျဖင့္ အလြယ္တကူ ကုသႏိုင္ပါတယ္။ ပင္နီဆလင္ႏွင့္ မတည့္လွ်င္ အျခားေသာ ပိုးသတ္ေဆးျဖင့္ ကုသရပါတယ္။ ကာလသားပိုး ဦးေႏွာက္ထိေရာက္ခဲ့လွ်င္ ေဆး႐ုံတြင္ ကုသမႈ ခံယူရပါမယ္။ ကုသေနစဥ္ ရွန္ကာမ်ား မေပ်ာက္ခင္ လိင္ဆက္ဆံမႈကို မျပဳတာ အေကာင္းဆုံးျဖစ္ပါတယ္။

ကာကြယ္နည္း
-လိင္ဆက္ဆံလွ်င္ ကြန္ဒုံးသုံးရန္
-အေပ်ာ္အပါးလိုက္စားမႈ ေရွာင္က်ဥ္ရန္
ကာလသားေရာဂါသည္ တစ္ခါသုံး ေဆးထိုးအပ္မသုံးလွ်င္လည္း ေရာဂါကူးစက္ႏိုင္ပါတယ္။

ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား
-ကိုယ္ဝန္ေဆာင္စဥ္ ေရာဂါရွိလွ်င္ ကိုယ္ဝန္ပ်က္က်ျခင္း၊ ကေလးအေသေမြးျခင္း၊ ေစာေမြးျခင္းတို႔ျဖစ္ႏိုင္ပါတယ္။ ကေလးတြင္လည္း ေမြးရာပါ ကာလသားေရာဂါ ပါလာတတ္ပါတယ္။ ကေလးတြင္ အ႐ိုး၊သြား၊ မ်က္စိ၊ နား၊ ဦးေႏွာက္ စသည့္တို႔တြင္ ခ်ိဳ႕ယြင္းခ်က္ ပါလာတတ္ပါတယ္။ ထို႔ေၾကာင့္ ေစာေစာေရာဂါပိုးကို ရွာေဖြကုသသင့္ပါတယ္။

Author : Dr. ျပည့္ရွင္း

(Unicode)

ကာလသားရောဂါလက္ခဏာပြောပြပါ ဆရာမလို Ondr မှာ လူငယ်အချို့ မေးလေ့ရှိပါတယ်။ ဆစ်ဖလစ်လို့ခေါ်တဲ့ ကာလသားရောဂါသည် Treponima pallidum လို့ ခေါ်တဲ့ ဘက်တီးရီယားပိုးကြောင့် ဖြစ်ပွားသော ရောဂါ ဖြစ်ပါတယ်။

ပထမဦးဆုံးပေါ်တဲ့ လက္ခဏာတစ်ခုကတော့ လိင်အင်္ဂါ၊ စအို၊ ပါးစပ်အတွင်း မနာကျင်တဲ့ သေးငယ်သော အနာတစ်ခု ဖြစ်ခြင်းပဲ ဖြစ်ပါတယ်။ ထိုအနာကို ရှန်ကာလို့ ခေါ်ပါတယ်။ ကာလသားရောဂါကူးစက်ခံရသော်လည်း နှစ်ပေါင်းများစွာ မည်သည့်လက္ခဏာမှ မပေါ်ဘဲ ရှိနေတတ်ပါတယ်။ သို့သော်ရောဂါကို စောစောတွေ့ပြီး စောစောကုသမှု ခံယူခြင်းသည် အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ကာလသားရောဂါ မကုပဲ ထားလျှင်အရေးကြီးသော ကိုယ်တွင်းအင်္ဂါများ ထိခိုက်တတ်ပါတယ်။ ဥပမာဦးနှောက်၊နှလုံး။ ကာလသားရောဂါသည် အဆိုပါအနာ ရှန်ကာကို တိုက်ရိုက်ထိတွေ့မှသာ ရောဂါကူးစက်နိုင်ပါတယ်။ ရောဂါရှိသူနှင့် အဝတ်အစားအတူတူဝတ်ရုံနှင့် အတူတူစားရုံဖြင့် မကူးစက်နိုင်ပါ။

ကာလသားရောဂါ အဆင့်၄ဆင့် ရှိပါတယ်။
-ပထမအဆင့်
-ဒုတိယအဆင့်
-နောက်ကျအဆင့်
-တတိယအဆင့်

ပထမအဆင့်နှင့် ဒုတိယအဆင့်တွင် ကာလသားရောဂါသည် အကူးစက်နိုင်ဆုံး အဆင့်ဖြစ်ပါတယ်။နောက်ကျအဆင့်တွင် ရောဂါပိုးရှိသော်လည်း မကူးစက်တတ်ပါ။ တတိယအဆင့်ကတော့ လူကျန်းမာရေး အထိခိုက်ဆုံး အဆင့် ဖြစ်ပါတယ်။

(1)ပထမအဆင့်
၎င်းအဆင့်သည် ကူးစက်ခံရပြီး ၃ပတ်နှင့်၄ပတ်ခန့်တွင် ဖြစ်လာပါတယ်။ လုံးဝန်းသေးငယ်သောအနာ(ရှန်ကာ) စတင်ပေါက်လာပါတယ်။ ရှန်ကာသည် မနာသော်လည်း ကူးစက်လွယ်ပါတယ်။ ပိုးဝင်ရောက်သော မည်သည်နေရာတွင်မဆို ဖြစ်ပွားလေ့ရှိပါတယ်။ ပိုးကူးစက်ပြီး ၃ပတ်ခန့်တွင် ပေါက်နိုင်သော်လည်း ၁၀ရက်မှ ရက်၉၀ ကြာတတ်ပြီး ၂ပတ်မှ ၆ပတ်ထိ ကျန်ရှိတတ်ပါတယ်။ လိင်ဆက်ဆံနေစဉ် အနာနှင့် ထိတွေ့လျှင် ရောဂါပိုးကူးစက်နိုင်ပါတယိ။

(2)ဒုတိယအဆင့်
ဒုတိယအဆင့်တွင် အရေပြားအကွက်များနှင့် လည်ချောင်းနာခြင်း လက္ခာများ ခံစားရတတ်ပါတယ်။အရေပြားအကွက်များသည် ယားယံခြင်းမရှိဘဲ ခြေဖဝါး၊ လက်ဖဝါးတွင် ပေါက်တတ်ပြီး တခြားကိုယ်အနှံ့အပြားတွင်လည်း ပေါက်နိုင်ပါတယ်။ အချို့လူများသည် အရေပြားအကွက် ပျောက်သည့်တိုင် သတိမထားတတ်ကြပါ။ အခြားသော လက္ခဏာများကတော့
-ခေါင်းကိုက်ခြင်း
-ပြန်ရည်ကြော အကျိတ်များရောင်ခြင်း
-ဖျားခြင်း
-ဝိတ်ကျခြင်း
-ဆံပင်ကျွတ်ခြင်း
-အဆစ်နာခြင်း
ထိုလက္ခဏာများသည် အခြားသောရောဂါများနှင့် ရောထွေးနိုင်ပါတယ်။

(3)နောက်ကျအဆင့်
ထိုအဆင့်တွင် ရောဂါပိုးသည် ပုန်းလျှိုနေသော အဆင့်ပင်ဖြစ်ပါတယ်။ ပထမအဆင့်နှင့် ဒုတိယအဆင့်သည် ကုသလျှင် ပျောက်သော်လည်း နောက်ကျအဆင့်တွင် မည်သည့်လက္ခဏာမှ သတိမထားဘဲ ရှိတတ်ပါတယ်။ ထို့ကြောင့် ကာလသားရောဂါပိုး ရှိနေသောကြောင့် တတိယအဆင့် မရောက်မှီ အချိနိကြာသည်အထိ ရှိနေနိုင်ပါတယ်။

(4)တတိယအဆင့်
အဆိုပါအဆင့်သည် နောက်ဆုံးအဆင့် ဖြစ်ပါတယ်။ ကာလသားရောဂါ ပိုးကူးစက်မှုကို မကုသခဲ့လျှင် ၁၅ မှ ၃၀ ရာခိုင်နူန်းသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနိုင်ပါတယ်။ ကာလသားရောဂါ တတိယအဆင့်သည် အသက်အန္တရာယ် ထိခိုက်စေနိုင်သောအဆင့် ဖြစ်ပါတယ်။ မျက်စိကွယ်ခြင်း၊ နားမကြားခြင်း၊ စိတ်ရောဂါရခြင်း၊ မှတ်ဉာဏ်ချို့တဲ့ခြင်း၊ အရိုးထိခိုက်ခြင်း၊ လေဖြတ်ခြင်း၊ အမြှေးပါးရောင်ခြင်း၊နှလုံးရောဂါရခြင်းနှင့် ဦးနှောက်နှင့် ကျောရိုးပိုးကူးစက်ခြင်းတို့ ဖြစ်ပါတယ်။

ကာလသားရောဂါပိုးကို သွေးစစ်ခြင်း၊ ဆီးစစ်ခြင်းဖြင့် သိရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ကာလသားရောဂါပိုးကို မဖြစ်မနေ စစ်ဆေးသင့်ပါတယ်။ ထိုမှသာ ကလေးတွင် ရောဂါပိုးကူးစက်မှု မဖြစ်ပွားအောင် ကြိုတင်ကုသသင့်ပါတယ်။

ကုသနည်းများ
-ပထမအဆင့်နှင့် ဒုတိယအဆင့် ကာလသာရောဂါပိုးကို ပင်နီဆလင်ထိုးခြင်းဖြင့် အလွယ်တကူ ကုသနိုင်ပါတယ်။ ပင်နီဆလင်နှင့် မတည့်လျှင် အခြားသော ပိုးသတ်ဆေးဖြင့် ကုသရပါတယ်။ ကာလသားပိုး ဦးနှောက်ထိရောက်ခဲ့လျှင် ဆေးရုံတွင် ကုသမှု ခံယူရပါမယ်။ ကုသနေစဉ် ရှန်ကာများ မပျောက်ခင် လိင်ဆက်ဆံမှုကို မပြုတာ အကောင်းဆုံးဖြစ်ပါတယ်။

ကာကွယ်နည်း
-လိင်ဆက်ဆံလျှင် ကွန်ဒုံးသုံးရန်
-အပျော်အပါးလိုက်စားမှု ရှောင်ကျဉ်ရန်
ကာလသားရောဂါသည် တစ်ခါသုံး ဆေးထိုးအပ်မသုံးလျှင်လည်း ရောဂါကူးစက်နိုင်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ
-ကိုယ်ဝန်ဆောင်စဉ် ရောဂါရှိလျှင် ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း၊ စောမွေးခြင်းတို့ဖြစ်နိုင်ပါတယ်။ ကလေးတွင်လည်း မွေးရာပါ ကာလသားရောဂါ ပါလာတတ်ပါတယ်။ ကလေးတွင် အရိုး၊သွား၊ မျက်စိ၊ နား၊ ဦးနှောက် စသည့်တို့တွင် ချို့ယွင်းချက် ပါလာတတ်ပါတယ်။ ထို့ကြောင့် စောစောရောဂါပိုးကို ရှာဖွေကုသသင့်ပါတယ်။

Author : Dr. ပြည့်ရှင်း

 

Previous Post

သုက်လွှတ်ပြဿနာများ

Next Post

ရင်တုန်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရင်တုန်ခြင်း

ဆီးခဏခဏသွားခြင်း

သောက်-----ခြောက်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.