ျမန္မာႏိုင္ငံ မွ အားေဆးျပႆနာမ်ား
ကြၽန္ေတာ္အခု ဒီေဆာင္းပါး ေရးဖို႔ အမ်ားႀကီးစဥ္းစား ရပါတယ္။ သူမ်ား စီးပြားေရး ကို တိုက္ခိုက္သလိုျဖစ္ မွာလည္းစိုးလို႔ပါ။ ဒါေပမယ့္ ထုံးစံ အတိုင္း လူအမ်ားစု ျဖစ္တဲ့ လူနာေတြဘက္က ျပန္ၾကည့္လိုက္ေတာ့ ေရးသင့္တယ္ထင္လို႔ ေရးလိုက္တာပါ။ ၿပီးေတာ့လည္း ဒီရက္ပိုင္း အားေဆးေတြေဈးႀကီးေနလို႔ မေသာက္ႏိုင္လို႔ စိတ္ညစ္ေနတဲ့ သူေတြေတြ႕ေန ရလို႔လည္း ေရးျဖစ္တာပါ။
ပထမဆုံး အေနနဲ႔ ေျပာခ်င္တာကေတာ့ အားေဆးမွာ ပါဝင္တဲ့ ဗီတာမင္ A,B,C,D,E စတာေတြ နဲ႔သံဓါတ္၊ သတၱဳဓါတ္ (Iron, Zinc, Magnesium, Selenium, Calcium, etc) စတာေတြ ပါဝင္ပါတယ္။ ဒီ ဗီတာမင္ ႏွင့္ သတၱဳဓါတ္အားလုံး က ကြၽန္ေတာ္ တို႔ တစ္ေန႔တာ စားေသာက္ေနတဲ့ အစားအစာေတြ မွာ ပါဝင္ၿပီးသားပါ။
အခုေဈးကြက္ ထဲမွာ နည္းမ်ိဳးစုံ ေျပာေနၾကတဲ့ ႏွလုံးေရာဂါ ကာကြယ္ဖို႔ အတြက္ တစ္မ်ိဳး မ်က္စိေရာဂါကာကြယ္တဲ့ ေဆး ကတစ္မ်ိဳး အရပ္ရွည္ေဆး ကတစ္မ်ိဳး နည္းမ်ိဳးစုံ နဲ႔ စီးပြားေရးသမားေတြ ကလည္းေရာင္းလာၾကပါတယ္။ တကယ္ေတာ့ ပါဝင္ ပစၥည္းေတြ က တစ္ခုနဲ႔ တစ္ခု မကြာပါ။
ေနာက္တစ္ခု အားေဆးဟာ (zero ကယ္လိုရီ) ကယ္လိုရီ လုံးဝ မပါပါ။ အားေဆး ေသာက္လို႔အသားမျဖစ္လာသလို အေလးခ်ိန္လည္း မတက္လာပါဘူး။ ဒါေၾကာင့္ ပိန္ေနတဲ့ သူေတြ အားေဆးေသာက္တယ္ ဆိုတာကလည္း လြဲမွားေနတဲ့ အယူအဆ တစ္ခုပါ။ ဝတယ္ ပိန္တယ္ ဆိုတာ
စားလိုက္တဲ့ ကယ္လိုရီ ပမာဏ ေပၚ ပဲ မူတည္တဲ့ အတြက္ အားေဆးေသာက္တာ ဝျခင္းပိန္ျခင္းအေပၚ အက်ိဳးသက္ေရာက္မႈ႕ မရွိပါ။
တစ္ေန႔တာ လိုအပ္တဲ့ အသားဓါတ္ ထမင္းနဲ႔ အေရာင္ငါးမ်ိဳး စုံေအာင္ အသီးအ႐ြက္ စားေပးေနရင္အားေဆးဆိုတာ လုံးဝ မလိုအပ္ပါ။ ထမင္းဆိုရင္ လည္း ျဖစ္ႏိုင္ရင္ အားျဖည့္ဆန္လိုမ်ိဳးေတြ ကိုစားေပးပါ။ စူပါမားကတ္ ေတြ မွာ ဝယ္လို႔ရပါတယ္။ ေဈးက ကြၽန္ေတာ္တို႔ စားေနၾက ဆန္ေတြ နဲ႔မကြာပါ။ တကယ္ အက်ိဳးရွိပါတယ္။
အခုတေလာ ႀကဳံေတြ႕ ေနတာက အားေဆးတစ္ခုခု မွ မေသာက္ေနရင္ လူက ႏုံးေနသလိုလိုအားပဲမရွိေတာ့သလို၊ ႏွလုံးေရာဂါ ကာကြယ္ေဆး မေသာက္ရင္ပဲ ႏွလုံးေရာဂါ ျဖစ္ေတာ့မလို စိတ္ထဲမွာ လူေတာ္ေတာ္ မ်ားမ်ားထင္ေနတတ္ၾကပါတယ္။ တကယ္ေတာ့ ဒါဟာ စိတ္က သာျဖစ္ေနတာပါ။စိတ္ကို ပိုင္းျဖတ္ၿပီး အားေဆး မေသာက္ပဲ အစားအစာ သာ အာဟာရျပည့္ေအာင္ စားေပးဖို႔လိုတာပါ။ ကြၽန္ေတာ္ လည္းေနာက္ပိုင္း ဗီတာမင္ ႂကြယ္ဝ တဲ့ အစားအစာေတြ ကို တင္ေပးပါအုံးမယ္။
မလိုအပ္ပဲ အားေဆးေတြ ၫႊန္းတာ တိုက္တာ ကလည္း လူနာေတြ အတြက္ ေဆးကုသ စရိတ္ကိုပိုကုန္ေစတယ္ ဆိုတာ ကိုလည္း သတိျပဳေစခ်င္ပါတယ္။
ဘယ္လိုလူမ်ိဳးေတြ အားေဆးေသာက္သင့္လဲ
အသက္ ၆၅ ႏွစ္ အထက္ေတြ မွာ အစာအိမ္ႏွင့္ အူလမ္းေၾကာင္း လုပ္ေဆာင္ခ်က္ေတြမေကာင္းေတာ့တဲ့ အတြက္ အစားအစာ ကို ေကာင္းေကာင္း မေခ်ျဖတ္ႏိုင္ေတာ့ပါဘူး။ ဒါေပမယ့္ေကာင္းေကာင္းစား ေနႏိုင္ေသးရင္ေတာင္ အားေဆးက မလိုအပ္ပါ။
အစာအိမ္ ႏွင့္ အူလမ္းေၾကာင္း ေရာဂါ ရွိတဲ့သူေတြ
အစာ မစားႏိုင္တဲ့ သူေတြ ပဲ လိုအပ္တာပါ။
ဒါေၾကာင့္ မိမိ ပတ္ဝန္းက်င္မွာ အားေဆးကို မျဖစ္မေန ဆိုၿပီး ဝယ္ေသာက္ေနတဲ့ သူေတြ ကိုတတ္ႏိုင္သမွ် ဒီေဆာင္းပါးေလး က အတိုင္း ရွင္းျပေပးေစလိုပါတယ္။
ေလးစားစြာျဖင့္
ေဒါက္တာ ညီညီေက်ာ္
မြန်မာနိုင်ငံ မှ အားဆေးပြဿနာများ
ကျွန်တော်အခု ဒီဆောင်းပါး ရေးဖို့ အများကြီးစဉ်းစား ရပါတယ်။ သူများ စီးပွားရေး ကို တိုက်ခိုက်သလိုဖြစ် မှာလည်းစိုးလို့ပါ။ ဒါပေမယ့် ထုံးစံ အတိုင်း လူအများစု ဖြစ်တဲ့ လူနာတွေဘက်က ပြန်ကြည့်လိုက်တော့ ရေးသင့်တယ်ထင်လို့ ရေးလိုက်တာပါ။ ပြီးတော့လည်း ဒီရက်ပိုင်း အားဆေးတွေ
ဈေးကြီးနေလို့ မသောက်နိုင်လို့ စိတ်ညစ်နေတဲ့ သူတွေတွေ့နေ ရလို့လည်း ရေးဖြစ်တာပါ။
ပထမဆုံး အနေနဲ့ ပြောချင်တာကတော့ အားဆေးမှာ ပါဝင်တဲ့ ဗီတာမင် A,B,C,D,E စတာတွေ နဲ့
သံဓါတ်၊ သတ္တုဓါတ် (Iron, Zinc, Magnesium, Selenium, Calcium, etc) စတာတွေ ပါဝင်ပါတယ်။ ဒီ ဗီတာမင် နှင့် သတ္တုဓါတ်အားလုံး က ကျွန်တော် တို့ တစ်နေ့တာ စားသောက်နေတဲ့ အစားအစာတွေ မှာ ပါဝင်ပြီးသားပါ။
အခုဈေးကွက် ထဲမှာ နည်းမျိုးစုံ ပြောနေကြတဲ့ နှလုံးရောဂါ ကာကွယ်ဖို့ အတွက် တစ်မျိုး မျက်စိရောဂါကာကွယ်တဲ့ ဆေး ကတစ်မျိုး အရပ်ရှည်ဆေး ကတစ်မျိုး နည်းမျိုးစုံ နဲ့ စီးပွားရေးသမားတွေ ကလည်းရောင်းလာကြပါတယ်။ တကယ်တော့ ပါဝင် ပစ္စည်းတွေ က တစ်ခုနဲ့ တစ်ခု မကွာပါ။
နောက်တစ်ခု အားဆေးဟာ (zero ကယ်လိုရီ) ကယ်လိုရီ လုံးဝ မပါပါ။ အားဆေး သောက်လို့အသားမဖြစ်လာသလို အလေးချိန်လည်း မတက်လာပါဘူး။ ဒါကြောင့် ပိန်နေတဲ့ သူတွေ အားဆေးသောက်တယ် ဆိုတာကလည်း လွဲမှားနေတဲ့ အယူအဆ တစ်ခုပါ။ ဝတယ် ပိန်တယ် ဆိုတာစားလိုက်တဲ့ ကယ်လိုရီ ပမာဏ ပေါ် ပဲ မူတည်တဲ့ အတွက် အားဆေးသောက်တာ ဝခြင်းပိန်ခြင်းအပေါ် အကျိုးသက်ရောက်မှု့ မရှိပါ။
တစ်နေ့တာ လိုအပ်တဲ့ အသားဓါတ် ထမင်းနဲ့ အရောင်ငါးမျိုး စုံအောင် အသီးအရွက် စားပေးနေရင်အားဆေးဆိုတာ လုံးဝ မလိုအပ်ပါ။ ထမင်းဆိုရင် လည်း ဖြစ်နိုင်ရင် အားဖြည့်ဆန်လိုမျိုးတွေ ကိုစားပေးပါ။ စူပါမားကတ် တွေ မှာ ဝယ်လို့ရပါတယ်။ ဈေးက ကျွန်တော်တို့ စားနေကြ ဆန်တွေ နဲ့မကွာပါ။ တကယ် အကျိုးရှိပါတယ်။
အခုတလော ကြုံတွေ့ နေတာက အားဆေးတစ်ခုခု မှ မသောက်နေရင် လူက နုံးနေသလိုလိုအားပဲမရှိတော့သလို၊ နှလုံးရောဂါ ကာကွယ်ဆေး မသောက်ရင်ပဲ နှလုံးရောဂါ ဖြစ်တော့မလို စိတ်ထဲမှာ လူတော်တော် များများထင်နေတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ စိတ်က သာဖြစ်နေတာပါ။စိတ်ကို ပိုင်းဖြတ်ပြီး အားဆေး မသောက်ပဲ အစားအစာ သာ အာဟာရပြည့်အောင် စားပေးဖို့လိုတာပါ။ ကျွန်တော် လည်းနောက်ပိုင်း ဗီတာမင် ကြွယ်ဝ တဲ့ အစားအစာတွေ ကို တင်ပေးပါအုံးမယ်။
မလိုအပ်ပဲ အားဆေးတွေ ညွှန်းတာ တိုက်တာ ကလည်း လူနာတွေ အတွက် ဆေးကုသ စရိတ်ကိုပိုကုန်စေတယ် ဆိုတာ ကိုလည်း သတိပြုစေချင်ပါတယ်။
ဘယ်လိုလူမျိုးတွေ အားဆေးသောက်သင့်လဲ
အသက် ၆၅ နှစ် အထက်တွေ မှာ အစာအိမ်နှင့် အူလမ်းကြောင်း လုပ်ဆောင်ချက်တွေမကောင်းတော့တဲ့ အတွက် အစားအစာ ကို ကောင်းကောင်း မချေဖြတ်နိုင်တော့ပါဘူး။ ဒါပေမယ့်ကောင်းကောင်းစား နေနိုင်သေးရင်တောင် အားဆေးက မလိုအပ်ပါ။
အစာအိမ် နှင့် အူလမ်းကြောင်း ရောဂါ ရှိတဲ့သူတွေ
အစာ မစားနိုင်တဲ့ သူတွေ ပဲ လိုအပ်တာပါ။
ဒါကြောင့် မိမိ ပတ်ဝန်းကျင်မှာ အားဆေးကို မဖြစ်မနေ ဆိုပြီး ဝယ်သောက်နေတဲ့ သူတွေ ကိုတတ်နိုင်သမျှ ဒီဆောင်းပါးလေး က အတိုင်း ရှင်းပြပေးစေလိုပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်