fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ရုံး၊ကျောင်း ထမင်းဘူး တွေ ကို ကျန်းမာရေးနှင့် အညီ ဘယ်လို ပြင်ဆင်ကြမလဲ????

57
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/11/2017
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ရုံး၊ကျောင်း ထမင်းဘူး တွေ ကို ကျန်းမာရေးနှင့် အညီ ဘယ်လို ပြင်ဆင်ကြမလဲ????
ရုံး၊ကျောင်း ထမင်းဘူးထည့်တဲ့နေရာ မှာ သတိထားသင့်တာလေးတွေ မျှဝေပေးလိုက်ပါတယ်။ ဒီရက်ပိုင်းမှာ အလုပ်ရှုပ်လာတာ နှင့် အမျှ လူတော်တော်များများ ကလည်း ရုံး ထမင်းဘူးတွေ ကို သိပ်ပြီးအလေးထားပြီးမပြင်ဆင်ကြတော့ပါဘူး။

ဒါကြောင့် လွယ်လွယ် နဲ့ ရတဲ့ လက်သုတ်စုံတွေ အခုတလာ အစားများနေတဲ့ လက်ဖက်ထမင်းတွေ ဆိုင်မှာ အထပ်ထပ်နွှေး ထားတဲ့ ပာင်းနဲ့ ထမင်းကြော် တွေ အစားများလာပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဘာတွေ ဖြစ်လာနိုင်လဲ ဆိုတော့ လက်သုတ်စုံ တွေ ကတော့ ထုံးစံ အတိုင်း အခုလို မိုးရာသီမှာတော့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေပါတယ်။

အလွယ်တကူ ရတဲ့ လက်ဖက်ထမင်း အစားများရင်လည်း လူကြီးတွေ မှာ ဆို သံဓါတ်ချို့တဲ့ပြီး သွေးအားနည်းစေပါတယ်။ အမျိုးသမီးတွေဆို ပိုခံစားရပါတယ်။ ကလေးငယ်တွေ ကလည်း အိမ်မှာ ပာင်းမကြိုက်ရင် မချက်ရင် အလွယ်တကူ ဝယ်လို့ရတဲ့ အသင့်စား လက်ဖက်တွေ နဲ့ ထမင်းစားနေတာ ကိုတော်တော် များများ လေး တွေ့ လာရပါတယ်။

သို့ပေမယ့် ကလေးငယ် တွေ အတွက်တော့ လက်ဖက်ပာာမစားသင့်တဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။ အကြောင်းအရင်း ကတော့ လက်ဖက် ပာာ အူလမ်းကြောင်းမှသံဓါတ် စုပ်ယူခြင်း ကို ပိတ်ပင်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ကလေး တွေ ပာာ သံဓါတ်ချို့တဲ့ လာတယ်။ သံဓါတ်ချို့တဲ့တော့ သွေးအားနည်းရောဂါ ပါ ဖြစ်လာပါတယ်။ အဆိုးဆုံး ကလေးငယ်တွေ မှာ ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးမှု့ကို ပါ ထိခိုက်လာစေပြီး ဦးနှောက်နှင့် အာရုံကြော ဖွံဖြိုးမှု့ ကိုပါ နှောင့်နှေးလာစေပါတယ်။ ဒါကြောင့် မိဘများ အနေ နဲ့ မိမိ ကလေး ငယ် တွေရဲ့ အနာဂါတ် အတွက် အလွယ်တကူ ဝယ်လို့ရတဲ့ အသင့်စား
လက်ဖက်တွေ ကို မကျွေးတော့ ဘဲ စနစ်တကျ လေး ပြင်ဆင်ချက်ပြုတ်ပြင်ဆင်ပေးပါလို့ အကြံပြုချင်ပါတယ်။

အခုနောက်ပိုင်း ထမင်းဆိုင်တွေ မှာ အထပ်ထပ် နွှေးထားတဲ့ ပာင်း တွေမှာ ဆိုရင် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ စတဲ့ ရောဂါတွေ ကို ဖြစ်စေတဲ့ trans-fat တွေ အများကြီးပါနေတတ်ပါတယ်။ ဒါကြောင့် မိမိစားမယ့် ထမင်းဘူး ကို ကျန်းမာရေးနဲ့ အညီ ပြင်ပေးဖို့ လိုပါတယ်။ အစာအုပ်စု (၃) အုပ်စု အပြင် အမျှင်ဓါတ် ကြွယ်ဝ အောင် ပါဝင်ဖို့လည်း လိုအပ်ပါတယ်။ ဥပမာ အနေနဲ့ ထမင်း၊ အသားပာင်း(သို့) ပဲပာင်း တစ်မျိုးမျိုး အပြင် အရွက်ကြော် တစ်မျိုးမျိုးက မဖြစ်မနေ ပါဝင်သင့်ပါတယ်။

အသားပာင်း စားတဲ့နေရာမှာ လည်း လက်နှစ်ဆစ် အရွယ် အသားနှစ်တုံးတော့ အနည်းဆုံးပါသင့်ပါတယ်။ ဒါမှမဟုတ် အသားပာင်း မပါရင် လည်း ကြက်ဥ နှစ်လုံး (အနှစ်ကို တစ်လုံး သာစားရန်) သို့မဟုတ် ပဲပာင်းချို တစ်မျိုးမျိုး စားပေးဖို့လိုပါတယ်။ နောက်တစ်မျိုးကတော့ နို့နှင့် နို့ထွက်ပစ္စည်း တစ်မျိုးမျိုး စား ပေးဖို့လည်း လိုပါတယ်။ ဥပမာ ရုံးမှာနေ့လည်နေ့ခင်း နွားနို့ ပဲနို့သောက်တာမျိုး ဒိန်ချဉ်သောက်တာ မျိုးလေးတွေ လုပ်ပေးသင့်ပါတယ်။

ကင်ဆာရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ နှင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရောခြင်း တို့ကို ကာကွယ်နိုင်ရန်အတွက် အောက်ဖော်ပြပါ အရောင်ငါးမျိုး ပါတဲ့ အသီးအရွက်များ ကို နေ့စဉ်စားသုံးပေးဖို့လိုအပ်ပါတယ်။ တစ်နေ့ကို တရုတ်ထမင်း ပန်ကန်လုံး ၄-၆ လုံး စားပေးဖို့လိုပါတယ်။

ဖြစ်နိုင်ရင် အသီးအရွက်စားတဲ့ နေရာမှာ အရောင်ငါးမျိုး ပြည့်အောင် ထည့်စားတာ ပိုကောင်းပါတယ်။ အရောင်ငါးမျိုး ဆိုတာကတော့-
1.အနီရောင် ပါသော အသီးအရွက်များ
အနီရောင် အသီးအရွက်တွေ မှာ lycopene (လိုင်ကိုပင်း) လို့ခေါ်တဲ့ ဓါတ်တစ်မျိုးက ဓါတ်တိုးဆန့်ကျင်သတ္တိရှိတဲ့ အတွက် ကင်ဆာရောဂါ နဲ့ နှလုံးရောဂါ များကို ကာကွယ်ပေးနိုင်ပါတယ်။
ဥပမာ- ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ၊ ပန်းသီး အနီ၊ ဖရဲသီး။

2.ခရမ်းရောင်/အပြာရောင် ပါသော အသီးအရွက်များ
ခရမ်းရောင်/အပြာရေင် အသီးအရွက်တွေ က Anthocyanin (အန်သိုဆိုင်ရာနင်) ဆိုတဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် ခန္ဓာကိုယ် မှ ဆဲလ် တွေ ပျက်ဆီးခြင်းကို ကာကွယ်ပေးလို့ ကင်ဆာရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ များကို ကာကွယ်ပေးပါတယ်။
ဥပမာ- ခရမ်းသီး၊ ဘလူးဘယ်ရီသီး။

3.လိမ္မော်ရောင်/အဝါရောင် ပါသော အသီးအရွက်များ
လိမ္မော်ရောင်/အဝါရောင်ပါတဲ့ အစားအစာတွေ မှာ Betacarotene (ဘီတာ ကယ်ရိုတင်း) ဆိုတဲ့ မျက်စိအားကောင်းစေတဲ့ ဓါတ် တွေပါဝင်ပါတယ်။ ထို့အပြင် Vit A ကြွယ်ဝလို့ ရာသီအကူးအပြောင်းမှာဖြစ်တတ်တဲ့ ရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။
ဥပမာ- မုန်လာဥနီ၊ ကန်စွန်းဥ၊ သရက်သီး၊ နာနတ်သီး၊ လိမ္မော်သီး။

4.အစိမ်းရောင် ပါသော အသီးအရွက်များ
အစိမ်းရောင် ပါတဲ့ အသီးအရွက်တွေမှာ phytochemical (ဖိုက်တိုကယ်မီကယ်) တွေပါတဲ့ အတွက်ကင်ဆာရောဂါတွေ ကို ကာကွယ်ပေးပါတယ်။
ဥပမာ- ပန်းပွင့်စိမ်း၊ပာင်းနုနွယ်။

5.အဖြူရောင် ပါသော အသီးအရွက်များ
အဖြူရောင် ပါတဲ့လအသီးအရွက် တွေမှာ phytochemical(ဖိုက်တို ကယ်မီကယ်) ဆိုတဲ့ဓါတ်တစ်မျိုးပါတဲ့ အတွက် ရာသီ အကူးအပြောင်းဖြစ်တတ်တဲ့ နှာစေး ချောင်းဆိုး လည်ချောင်းနာ စတဲ့ ရောဂါတွေ ကိုကာကွယ်ပေးပါတယ်။
ဥပမာ- ပန်းဂေါ်ဖီ၊အာလူး၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ ဌက်ပျောသီး။

ဒီအရောင် ငါးမျိုး ကို မိမိတို့ရဲ့ ထမင်းဘူးမှာ ထည့်စားပေးမယ်ဆိုရင် ကင်ဆာရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ နှင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း တို့ကို ကာကွယ်ပေးနိုင်ပါတယ်။

လေးစားစွာဖြင့်

Author: ဒေါက်တာ ညီညီကျော်

႐ုံး၊ေက်ာင္း ထမင္းဘူး ေတြ ကို က်န္းမာေရးႏွင့္ အညီ ဘယ္လို ျပင္ဆင္ၾကမလဲ????

႐ုံး၊ေက်ာင္း ထမင္းဘူး ေတြ ကို က်န္းမာေရးႏွင့္ အညီ ဘယ္လို ျပင္ဆင္ၾကမလဲ????
႐ုံး၊ေက်ာင္း ထမင္းဘူးထည့္တဲ့ေနရာ မွာ သတိထားသင့္တာေလးေတြ မွ်ေဝေပးလိုက္ပါတယ္။ ဒီရက္ပိုင္းမွာ အလုပ္ရႈပ္လာတာ ႏွင့္ အမွ် လူေတာ္ေတာ္မ်ားမ်ား ကလည္း ႐ုံး ထမင္းဘူးေတြ ကို သိပ္ၿပီးအေလးထားၿပီးမျပင္ဆင္ၾကေတာ့ပါဘူး။

ဒါေၾကာင့္ လြယ္လြယ္ နဲ႔ ရတဲ့ လက္သုတ္စုံေတြ အခုတလာ အစားမ်ားေနတဲ့ လက္ဖက္ထမင္းေတြ ဆိုင္မွာ အထပ္ထပ္ေႏႊး ထားတဲ့ ပာင္းနဲ႔ ထမင္းေၾကာ္ ေတြ အစားမ်ားလာပါတယ္။ ေနာက္ဆက္တြဲ အေနနဲ႔ ဘာေတြ ျဖစ္လာႏိုင္လဲ ဆိုေတာ့ လက္သုတ္စုံ ေတြ ကေတာ့ ထုံးစံ အတိုင္း အခုလို မိုးရာသီမွာေတာ့ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါျဖစ္ေစပါတယ္။

အလြယ္တကူ ရတဲ့ လက္ဖက္ထမင္း အစားမ်ားရင္လည္း လူႀကီးေတြ မွာ ဆို သံဓါတ္ခ်ိဳ႕တဲ့ၿပီး ေသြးအားနည္းေစပါတယ္။ အမ်ိဳးသမီးေတြဆို ပိုခံစားရပါတယ္။ ကေလးငယ္ေတြ ကလည္း အိမ္မွာ ပာင္းမႀကိဳက္ရင္ မခ်က္ရင္ အလြယ္တကူ ဝယ္လို႔ရတဲ့ အသင့္စား လက္ဖက္ေတြ နဲ႔ ထမင္းစားေနတာ ကိုေတာ္ေတာ္ မ်ားမ်ား ေလး ေတြ႕ လာရပါတယ္။

သို႔ေပမယ့္ ကေလးငယ္ ေတြ အတြက္ေတာ့ လက္ဖက္ပာာမစားသင့္တဲ့ အစားအစာ တစ္မ်ိဳးျဖစ္ပါတယ္။ အေၾကာင္းအရင္း ကေတာ့ လက္ဖက္ ပာာ အူလမ္းေၾကာင္းမွသံဓါတ္ စုပ္ယူျခင္း ကို ပိတ္ပင္ပါတယ္။ ေနာက္ဆက္တြဲ အေနနဲ႔ ကေလး ေတြ ပာာ သံဓါတ္ခ်ိဳ႕တဲ့ လာတယ္။ သံဓါတ္ခ်ိဳ႕တဲ့ေတာ့ ေသြးအားနည္းေရာဂါ ပါ ျဖစ္လာပါတယ္။ အဆိုးဆုံး ကေလးငယ္ေတြ မွာ ကိုယ္ခႏၶာ ႀကီးထြားဖြံ႕ၿဖိဳးမႈ႕ကို ပါ ထိခိုက္လာေစၿပီး ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာ ဖြံၿဖိဳးမႈ႕ ကိုပါ ေႏွာင့္ေႏွးလာေစပါတယ္။ ဒါေၾကာင့္ မိဘမ်ား အေန နဲ႔ မိမိ ကေလး ငယ္ ေတြရဲ႕ အနာဂါတ္ အတြက္ အလြယ္တကူ ဝယ္လို႔ရတဲ့ အသင့္စား
လက္ဖက္ေတြ ကို မေကြၽးေတာ့ ဘဲ စနစ္တက် ေလး ျပင္ဆင္ခ်က္ျပဳတ္ျပင္ဆင္ေပးပါလို႔ အႀကံျပဳခ်င္ပါတယ္။

အခုေနာက္ပိုင္း ထမင္းဆိုင္ေတြ မွာ အထပ္ထပ္ ေႏႊးထားတဲ့ ပာင္း ေတြမွာ ဆိုရင္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ ေသြးတိုးေရာဂါ၊ ဆီးခ်ိဳေရာဂါ စတဲ့ ေရာဂါေတြ ကို ျဖစ္ေစတဲ့ trans-fat ေတြ အမ်ားႀကီးပါေနတတ္ပါတယ္။ ဒါေၾကာင့္ မိမိစားမယ့္ ထမင္းဘူး ကို က်န္းမာေရးနဲ႔ အညီ ျပင္ေပးဖို႔ လိုပါတယ္။ အစာအုပ္စု (၃) အုပ္စု အျပင္ အမွ်င္ဓါတ္ ႂကြယ္ဝ ေအာင္ ပါဝင္ဖို႔လည္း လိုအပ္ပါတယ္။ ဥပမာ အေနနဲ႔ ထမင္း၊ အသားပာင္း(သို႔) ပဲပာင္း တစ္မ်ိဳးမ်ိဳး အျပင္ အ႐ြက္ေၾကာ္ တစ္မ်ိဳးမ်ိဳးက မျဖစ္မေန ပါဝင္သင့္ပါတယ္။

အသားပာင္း စားတဲ့ေနရာမွာ လည္း လက္ႏွစ္ဆစ္ အ႐ြယ္ အသားႏွစ္တုံးေတာ့ အနည္းဆုံးပါသင့္ပါတယ္။ ဒါမွမဟုတ္ အသားပာင္း မပါရင္ လည္း ၾကက္ဥ ႏွစ္လုံး (အႏွစ္ကို တစ္လုံး သာစားရန္) သို႔မဟုတ္ ပဲပာင္းခ်ိဳ တစ္မ်ိဳးမ်ိဳး စားေပးဖို႔လိုပါတယ္။ ေနာက္တစ္မ်ိဳးကေတာ့ ႏို႔ႏွင့္ ႏို႔ထြက္ပစၥည္း တစ္မ်ိဳးမ်ိဳး စား ေပးဖို႔လည္း လိုပါတယ္။ ဥပမာ ႐ုံးမွာေန႔လည္ေန႔ခင္း ႏြားႏို႔ ပဲႏို႔ေသာက္တာမ်ိဳး ဒိန္ခ်ဥ္ေသာက္တာ မ်ိဳးေလးေတြ လုပ္ေပးသင့္ပါတယ္။

ကင္ဆာေရာဂါ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ ႏွင့္ အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာျခင္း တို႔ကို ကာကြယ္ႏိုင္ရန္အတြက္ ေအာက္ေဖာ္ျပပါ အေရာင္ငါးမ်ိဳး ပါတဲ့ အသီးအ႐ြက္မ်ား ကို ေန႔စဥ္စားသုံးေပးဖို႔လိုအပ္ပါတယ္။ တစ္ေန႔ကို တ႐ုတ္ထမင္း ပန္ကန္လုံး ၄-၆ လုံး စားေပးဖို႔လိုပါတယ္။

ျဖစ္ႏိုင္ရင္ အသီးအ႐ြက္စားတဲ့ ေနရာမွာ အေရာင္ငါးမ်ိဳး ျပည့္ေအာင္ ထည့္စားတာ ပိုေကာင္းပါတယ္။ အေရာင္ငါးမ်ိဳး ဆိုတာကေတာ့-
1.အနီေရာင္ ပါေသာ အသီးအ႐ြက္မ်ား
အနီေရာင္ အသီးအ႐ြက္ေတြ မွာ lycopene (လိုင္ကိုပင္း) လို႔ေခၚတဲ့ ဓါတ္တစ္မ်ိဳးက ဓါတ္တိုးဆန႔္က်င္သတၱိရွိတဲ့ အတြက္ ကင္ဆာေရာဂါ နဲ႔ ႏွလုံးေရာဂါ မ်ားကို ကာကြယ္ေပးႏိုင္ပါတယ္။
ဥပမာ- ခရမ္းခ်ဥ္သီး၊ စေတာ္ဘယ္ရီ၊ ပန္းသီး အနီ၊ ဖရဲသီး။

2.ခရမ္းေရာင္/အျပာေရာင္ ပါေသာ အသီးအ႐ြက္မ်ား
ခရမ္းေရာင္/အျပာေရင္ အသီးအ႐ြက္ေတြ က Anthocyanin (အန္သိုဆိုင္ရာနင္) ဆိုတဲ့ ဓါတ္တစ္မ်ိဳးပါတဲ့ အတြက္ ခႏၶာကိုယ္ မွ ဆဲလ္ ေတြ ပ်က္ဆီးျခင္းကို ကာကြယ္ေပးလို႔ ကင္ဆာေရာဂါ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ ေလျဖတ္ေရာဂါ မ်ားကို ကာကြယ္ေပးပါတယ္။
ဥပမာ- ခရမ္းသီး၊ ဘလူးဘယ္ရီသီး။

3.လိေမၼာ္ေရာင္/အဝါေရာင္ ပါေသာ အသီးအ႐ြက္မ်ား
လိေမၼာ္ေရာင္/အဝါေရာင္ပါတဲ့ အစားအစာေတြ မွာ Betacarotene (ဘီတာ ကယ္႐ိုတင္း) ဆိုတဲ့ မ်က္စိအားေကာင္းေစတဲ့ ဓါတ္ ေတြပါဝင္ပါတယ္။ ထို႔အျပင္ Vit A ႂကြယ္ဝလို႔ ရာသီအကူးအေျပာင္းမွာျဖစ္တတ္တဲ့ ေရာဂါမ်ားကိုလည္း ကာကြယ္ေပးပါတယ္။
ဥပမာ- မုန္လာဥနီ၊ ကန္စြန္းဥ၊ သရက္သီး၊ နာနတ္သီး၊ လိေမၼာ္သီး။

4.အစိမ္းေရာင္ ပါေသာ အသီးအ႐ြက္မ်ား
အစိမ္းေရာင္ ပါတဲ့ အသီးအ႐ြက္ေတြမွာ phytochemical (ဖိုက္တိုကယ္မီကယ္) ေတြပါတဲ့ အတြက္ကင္ဆာေရာဂါေတြ ကို ကာကြယ္ေပးပါတယ္။
ဥပမာ- ပန္းပြင့္စိမ္း၊ပာင္းႏုႏြယ္။

5.အျဖဴေရာင္ ပါေသာ အသီးအ႐ြက္မ်ား
အျဖဴေရာင္ ပါတဲ့လအသီးအ႐ြက္ ေတြမွာ phytochemical(ဖိုက္တို ကယ္မီကယ္) ဆိုတဲ့ဓါတ္တစ္မ်ိဳးပါတဲ့ အတြက္ ရာသီ အကူးအေျပာင္းျဖစ္တတ္တဲ့ ႏွာေစး ေခ်ာင္းဆိုး လည္ေခ်ာင္းနာ စတဲ့ ေရာဂါေတြ ကိုကာကြယ္ေပးပါတယ္။
ဥပမာ- ပန္းေဂၚဖီ၊အာလူး၊ၾကက္သြန္နီ၊ၾကက္သြန္ျဖဴ၊ ဌက္ေပ်ာသီး။

ဒီအေရာင္ ငါးမ်ိဳး ကို မိမိတို႔ရဲ႕ ထမင္းဘူးမွာ ထည့္စားေပးမယ္ဆိုရင္ ကင္ဆာေရာဂါ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ ႏွင့္ အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္း တို႔ကို ကာကြယ္ေပးႏိုင္ပါတယ္။

ေလးစားစြာျဖင့္

Author: ေဒါက္တာ ညီညီေက်ာ္

Previous Post

Social Influencers တချို့ရဲ့ လွဲမှားနေသော ဝိတ်ချနည်းများ

Next Post

နှစ်နှစ် အထက် ကလေးတွေ ကို နို့တိုက်မယ် ဆိုရင် ဘယ်လိုအချက်တွေကြည့်သင့်သလဲ????

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
606

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နှစ်နှစ် အထက် ကလေးတွေ ကို နို့တိုက်မယ် ဆိုရင် ဘယ်လိုအချက်တွေကြည့်သင့်သလဲ????

Vitamin B အုပ်စုအကြောင်း သိကောင်းစရာ

ဆီးသွားရင် ဘာကြောင့် တဆတ်ဆတ်တုန်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.