fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

မိုဘိုင်းဖုန်း၊အင်တာနက် စတဲ့နည်းပညာများ နဲ့ လူငယ်

250
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/01/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

မိုဘိုင္းဖုန္း၊အင္တာနက္ စတဲ့နည္းပညာမ်ား နဲ႔ လူငယ္

လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ တန္ဖိုးနည္းဆင္းကဒ္မ်ား ေပၚလာခ်ိန္မွစၿပီး ျမန္မာႏိုင္ငံတြင္ လူတန္းစားမေ႐ြး ဟမ္းဖုန္း(Handphone) ကိုယ္စီ ကိုင္ႏိုင္လာၾကသည္။

ကြၽန္ေတာ္တို႔ေခတ္တုန္းက ဖုန္းလိုင္းဆိုလို႔ ျမန္မာ့ဆက္သြယ္ေရးတခုပဲရွိတဲ့အျပင္ ဆယ္တန္းေအာင္ၿပီးတာေတာင္မွ ကီးပတ္(ခလုတ္) ဖုန္းေလးကိုင္ဖို႔ကို မလြယ္ခဲ့ပါဘူး။ ဖုန္းကိုသြားကိုင္ရင္ ပ်က္မွာစိုးလို႔ဆိုၿပီး လူႀကီးေတြက ေအာ္တာေငါက္တာ ခံရပါေသးတယ္။ အင္တာနက္လိုင္းကလည္း လုံးဝမေကာင္းပါ။

အခုေခတ္မွာေတာ့ အင္တာနက္လိုင္းေတြလည္းေကာင္း ေ႐ြးခ်ယ္စရာဆင္းကဒ္ေတြကလည္း အမ္ပီတီအျပင္ တယ္လီေနာ၊ေအာ္ရီဒူးစသျဖင့္ စုံလွသည္။ ဖုန္းဘယ္ေလာက္ေပါလာသလဲဆိုရင္ လူႀကီးေတြ၊လူငယ္ေတြလက္ထဲမွာသာမက ကေလးငယ္ေတြကိုပါ ဟန္းဖုန္းေတြေပးထားၾကတဲ့အေျခအေနထိကိုေရာက္ေနပါၿပီ။

ဆက္သြယ္ေရးနဲ႔အင္တာနက္ နည္းပညာမ်ားတိုးတက္ထြန္းကားလာျခင္း၊ဟန္းဆက္(Handset) ေတြကို ေဈးအသင့္တင့္နဲ႔ ဝယ္လို႔ရလာျခင္း သည္ လူ႔အဖြဲ႕အစည္းတစ္ရပ္အတြက္ ေကာင္းတဲ့လကၡဏာျဖစ္သလို တိုးတက္မႈရဲ႕ ျပယုဂ္တစ္ဆိုလည္း မမွားပါဘူး။ သို႔ေသာ္ ထိုတိုးတက္ေျပာင္းလဲမႈမွာအေကာင္းအဆိုး ဒြန္တြဲပါလာတတ္ပါတယ္။

အေကာင္းဘက္ကၾကည့္ရင္ ဆက္သြယ္ေရးနဲ႔ အင္တာနက္ နည္းပညာတိုးတက္လာၿပီး လူတိုင္းနီးပါးကိုယ္စီ ဖုန္းရွိလာတဲ့အတြက္ တစ္နယ္နဲ႔တစ္နယ္ တစ္ေယာက္နဲ႔တစ္ေယာက္ အေၾကာင္းရွိရင္ အလြယ္တကူ ဆက္သြယ္လာႏိုင္တယ္။ မိုဘိုင္းဖုန္းနဲ႔ အင္တာနက္သုံးၿပီး ပညာဗဟုသုတရွာတာ၊ ေဈးႏႈန္းေတြစုံစမ္းတာ၊ ေဈးေရာင္းတာ၊ သတင္းၾကည့္တာ၊ ေဈးဝယ္တာ၊ သီခ်င္းေတြ ေဒါင္းလုဒ္ဆြဲတာ၊ ဗီဒီယိုဇာတ္ကားေတြ ေဒါင္းလုဒ္ဆြဲတာ၊ Live လႊင့္တာေတြလုပ္တာ၊ သီခ်င္းနားေထာင္တာ၊ ဂိမ္းေဆာ့တာ စသျဖင့္လုပ္ႏိုင္တယ္။ ေျပာရရင္ အင္တာနက္သည္ လူမူေရး ပညာေရး စီးပြါးေရး ႏိုင္ငံေရး ဘာသာေရးက အစအေထာက္အကူျပဳေနပါတယ္။ ကိုင္တြယ္သုံးစြဲတတ္ရင္ အရမ္းတန္ဖိုးရွိပါတယ္။

အဆိုးဘက္ကၾကည့္မယ္ဆိုရင္ေတာ့ တိုင္းျပည္အတြက္ လုပ္အားျဖစ္တဲ့ လူငယ္၊လူလတ္ပိုင္းေတြဟာလူမူေရးဝက္ဘ္ဆိုက္မ်ားတြင္အခ်ိန္ကုန္လာၾကတယ္။ ဥပမာ- facebook မွာ အသုံးမဝင္တဲ့ အတင္းေတြ စာေတြဖတ္ရင္း၊ ေရးရင္း စကားႏိုင္လုရင္း ျငင္းခုံရင္းနဲ႔ မိမိအခ်ိန္ေတြ၊ ေငြေတြကို ျဖဳန္းတီးေနၾကတယ္။ တခ်ိဳ႕လည္း အင္တာနက္ ဂိမ္းေတြေဆာ့ရင္းနဲ႔ အခ်ိန္ေတြ ၊ေငြေတြ ကုန္ေနၾကတယ္။ တခ်ိဳ႕လည္း အင္တာနက္ကေန မဟုတ္တာေတြ တတ္လာၾကတယ္။

ဒီလိုနဲ႔အင္တာနက္ဂိမ္းေတြ၊ ေဖ့ဘြတ္ေတြကို စြဲမွန္းမသိစြဲသြားၿပီး မသုံးရမေနႏိုင္တဲ့ အေျခအေနထိေရာက္ကာ နည္းပညာရဲ႕ သားေကာင္ ျဖစ္သြားၾကပါတယ္။ ဒီလိုတအား စြဲသြားတဲ့အခါက် စာသင္ခ်ိန္မွာ အလုပ္ခ်ိန္ေတြမွာ ခိုးသုံးတာေတြျဖစ္လာၿပီး စာသင္ၾကားေနတာ အလုပ္လုပ္ေနတာေတြကို အျပည့္အဝအာ႐ုံမစိုက္ႏိုင္ေတာ့ဘဲ တိုးတက္ရာတိုးတက္ေၾကာင္း အခြင့္လမ္းေတြဆုံးရႈံးလာရပါတယ္။

ေနာက္ၿပီး အိပ္ရာထဲမွဖုန္းသုံးရင္းနဲ႔ ညဥ့္နက္မွ အိပ္ရာဝင္တာေၾကာင့္ အိပ္ေရးပ်က္တာ ေရရွည္ျဖစ္လာတဲ့အခါမွာ စိတ္ဓါတ္က်ၿပီး မိမိကိုယ္ကိုအဆုံးစီရင္တာ၊ေရာဂါေပါင္းစုံဝင္လာတာမ်ိဳးေတြပါျဖစ္လာပါတယ္။

အခ်ိဳ႕ေသာသူမ်ားဟာ မိုဘိုင္းဖုန္းနဲ႔ ဖုန္းေျပာတာ၊ဂိမ္းေဆာ့တာ၊သီခ်င္းနားေထာင္တာေတြကို ကားေမာင္းရင္း၊ဆိုင္ကယ္ေမာင္းရင္း၊ကားလမ္းျဖတ္ကူးရင္း လုပ္ၾကပါတယ္။ဒါဟာ သူတပါးအတြက္ေကာ မိမိအတြက္ပါအႏၲရာယ္မ်ားပါတယ္။ ပိုကီမြန္ဂိမ္းေဆာ့ကာ အေကာင္လိုက္ဖမ္းရင္းနဲ႔ ကားတိုက္ခံရတဲ့တာေတြ၊ဆဲလ္ဖီ႐ိုက္ရင္းနဲ႔အျမင့္ေပၚကျပဳတ္က်ေသတာေတြ၊ဖုန္းေျပာရင္း သေဘာေပၤၚခုန္ကူးရာမွ သေဘာၤႏွစ္စီးၾကားျပဳတ္က်ကာ ေရနစ္ေသဆုံးတာေတြ စတဲ့ျဖစ္ရပ္ေတြဟာ သင္ခန္းစာယူရမယ့္ျဖစ္ရပ္ေတြပါ။

အဆုံးသတ္အေနနဲ႔ေျပာရရင္ မိုဘိုင္းဖုန္းနဲ႔အင္တာနက္ ဆိုတာ လူႀကီး လူလတ္ လူငယ္ ဘယ္သူပဲသုံးသုံး သုံးသင့္ပါတယ္။သုံးတဲ့အခါသုံးတတ္ဖို႔လိုတာပါ။ တကယ္သာ ရွာတတ္ ေဖြတတ္ ယူတတ္ သုံးတတ္မယ္ဆိုရင္ အင္တာနက္ဟာ ရသစုံလင္တဲ့ ဗဟုသုတ္ စာေပဟင္းေလးအိုးႀကီးလို႔ ဆိုႏိုင္ပါတယ္။

အင္တာနက္သုံးတဲ့အခါမွာ chat roomေတြမွာ၊မဟုတ္တဲ့ဝက္ဆိုဒ္ေတြမွာသာအခ်ိန္ကုန္ေနတာမဟုတ္ဘဲ ေလ့လာစရာရွိတာေတြကိုေလ့လာတာ၊သင္ယူစရာရွိတာေတြကိုသင္ယူတာလုပ္ဖို႔အေရးႀကီးပါတယ္။ေနာက္တခ်က္ကမိမိအင္တာနက္သုံးတဲ့အခ်ိန္ကန႔္သတ္ထားဖို႔လိုပါတယ္။

အက်ိဳးရွိရွိ မိုဘိုင္းဖုန္းနဲ႔အင္တာနက္ကို အသုံးျပဳမွသာ ႏိုင္ငံတိုးတက္ဖို႔အတြက္ အက်ိဳးျပဳႏိုင္တဲ့ လူငယ္ေတြမ်ားစြာ မ်ားစြာေပၚထြန္းလာမွာပါ။ မဟုတ္ပါက အလုပ္လုပ္ႏိုင္တဲ့လူငယ္အ႐ြယ္မွာ ဂိမ္းစြဲ အင္တာနက္စြဲၿပီး တက္လမ္းေပ်ာက္ေနတဲ့လူငယ္ေတြမ်ားလာကာ ႏိုင္ငံအတြက္ လူ႔စြမ္းအားအရင္းအျမစ္ေတြပါ ဆုံးရႈံးႏိုင္ပါတယ္။

Author: Dr. 528

Unicode

မိုဘိုင်းဖုန်း၊အင်တာနက် စတဲ့နည်းပညာများ နဲ့ လူငယ်

လွန်ခဲ့တဲ့နှစ်အနည်းငယ် တန်ဖိုးနည်းဆင်းကဒ်များ ပေါ်လာချိန်မှစပြီး မြန်မာနိုင်ငံတွင် လူတန်းစားမရွေး ဟမ်းဖုန်း(Handphone) ကိုယ်စီ ကိုင်နိုင်လာကြသည်။ ကျွန်တော်တို့ခေတ်တုန်းက ဖုန်းလိုင်းဆိုလို့ မြန်မာ့ဆက်သွယ်ရေးတခုပဲရှိတဲ့အပြင် ဆယ်တန်းအောင်ပြီးတာတောင်မှ ကီးပတ်(ခလုတ်) ဖုန်းလေးကိုင်ဖို့ကို မလွယ်ခဲ့ပါဘူး။ ဖုန်းကိုသွားကိုင်ရင် ပျက်မှာစိုးလို့ဆိုပြီး လူကြီးတွေက အော်တာငေါက်တာ ခံရပါသေးတယ်။ အင်တာနက်လိုင်းကလည်း လုံးဝမကောင်းပါ။

အခုခေတ်မှာတော့ အင်တာနက်လိုင်းတွေလည်းကောင်း ရွေးချယ်စရာဆင်းကဒ်တွေကလည်း အမ်ပီတီအပြင် တယ်လီနော၊အော်ရီဒူးစသဖြင့် စုံလှသည်။ ဖုန်းဘယ်လောက်ပေါလာသလဲဆိုရင် လူကြီးတွေ၊လူငယ်တွေလက်ထဲမှာသာမက ကလေးငယ်တွေကိုပါ ဟန်းဖုန်းတွေပေးထားကြတဲ့အခြေအနေထိကိုရောက်နေပါပြီ။

ဆက်သွယ်ရေးနဲ့အင်တာနက် နည်းပညာများတိုးတက်ထွန်းကားလာခြင်း၊ဟန်းဆက်(Handset) တွေကို ဈေးအသင့်တင့်နဲ့ ဝယ်လို့ရလာခြင်း သည် လူ့အဖွဲ့အစည်းတစ်ရပ်အတွက် ကောင်းတဲ့လက္ခဏာဖြစ်သလို တိုးတက်မှုရဲ့ ပြယုဂ်တစ်ဆိုလည်း မမှားပါဘူး။ သို့သော် ထိုတိုးတက်ပြောင်းလဲမှုမှာအကောင်းအဆိုး ဒွန်တွဲပါလာတတ်ပါတယ်။

အကောင်းဘက်ကကြည့်ရင် ဆက်သွယ်ရေးနဲ့ အင်တာနက် နည်းပညာတိုးတက်လာပြီး လူတိုင်းနီးပါးကိုယ်စီ ဖုန်းရှိလာတဲ့အတွက် တစ်နယ်နဲ့တစ်နယ် တစ်ယောက်နဲ့တစ်ယောက် အကြောင်းရှိရင် အလွယ်တကူ ဆက်သွယ်လာနိုင်တယ်။ မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးပြီး ပညာဗဟုသုတရှာတာ၊ ဈေးနှုန်းတွေစုံစမ်းတာ၊ ဈေးရောင်းတာ၊ သတင်းကြည့်တာ၊ ဈေးဝယ်တာ၊ သီချင်းတွေ ဒေါင်းလုဒ်ဆွဲတာ၊ ဗီဒီယိုဇာတ်ကားတွေ ဒေါင်းလုဒ်ဆွဲတာ၊ Live လွှင့်တာတွေလုပ်တာ၊ သီချင်းနားထောင်တာ၊ ဂိမ်းဆော့တာ စသဖြင့်လုပ်နိုင်တယ်။ ပြောရရင် အင်တာနက်သည် လူမူရေး ပညာရေး စီးပွါးရေး နိုင်ငံရေး ဘာသာရေးက အစအထောက်အကူပြုနေပါတယ်။ ကိုင်တွယ်သုံးစွဲတတ်ရင် အရမ်းတန်ဖိုးရှိပါတယ်။

အဆိုးဘက်ကကြည့်မယ်ဆိုရင်တော့ တိုင်းပြည်အတွက် လုပ်အားဖြစ်တဲ့ လူငယ်၊လူလတ်ပိုင်းတွေဟာ လူမူရေးဝက်ဘ်ဆိုက်များတွင်အချိန်ကုန်လာကြတယ်။ ဥပမာ- facebook မှာ အသုံးမဝင်တဲ့ အတင်းတွေ စာတွေဖတ်ရင်း၊ ရေးရင်း စကားနိုင်လုရင်း ငြင်းခုံရင်းနဲ့ မိမိအချိန်တွေ၊ ငွေတွေကို ဖြုန်းတီးနေကြတယ်။ တချို့လည်း အင်တာနက် ဂိမ်းတွေဆော့ရင်းနဲ့ အချိန်တွေ ၊ငွေတွေ ကုန်နေကြတယ်။ တချို့လည်း အင်တာနက်ကနေ မဟုတ်တာတွေ တတ်လာကြတယ်။

ဒီလိုနဲ့အင်တာနက်ဂိမ်းတွေ၊ ဖေ့ဘွတ်တွေကို စွဲမှန်းမသိစွဲသွားပြီး မသုံးရမနေနိုင်တဲ့ အခြေအနေထိရောက်ကာ နည်းပညာရဲ့ သားကောင် ဖြစ်သွားကြပါတယ်။ ဒီလိုတအား စွဲသွားတဲ့အခါကျ စာသင်ချိန်မှာ အလုပ်ချိန်တွေမှာ ခိုးသုံးတာတွေဖြစ်လာပြီး စာသင်ကြားနေတာ အလုပ်လုပ်နေတာတွေကို အပြည့်အဝအာရုံမစိုက်နိုင်တော့ဘဲ တိုးတက်ရာတိုးတက်ကြောင်း အခွင့်လမ်းတွေဆုံးရှုံးလာရပါတယ်။

နောက်ပြီး အိပ်ရာထဲမှဖုန်းသုံးရင်းနဲ့ ညဉ့်နက်မှ အိပ်ရာဝင်တာကြောင့် အိပ်ရေးပျက်တာ ရေရှည်ဖြစ်လာတဲ့အခါမှာ စိတ်ဓါတ်ကျပြီး မိမိကိုယ်ကိုအဆုံးစီရင်တာ၊ရောဂါပေါင်းစုံဝင်လာတာမျိုးတွေပါဖြစ်လာပါတယ်။

အချို့သောသူများဟာ မိုဘိုင်းဖုန်းနဲ့ ဖုန်းပြောတာ၊ဂိမ်းဆော့တာ၊သီချင်းနားထောင်တာတွေကို ကားမောင်းရင်း၊ဆိုင်ကယ်မောင်းရင်း၊ကားလမ်းဖြတ်ကူးရင်း လုပ်ကြပါတယ်။ဒါဟာ သူတပါးအတွက်ကော မိမိအတွက်ပါအန္တရာယ်များပါတယ်။ ပိုကီမွန်ဂိမ်းဆော့ကာ အကောင်လိုက်ဖမ်းရင်းနဲ့ ကားတိုက်ခံရတဲ့တာတွေ၊ဆဲလ်ဖီရိုက်ရင်းနဲ့အမြင့်ပေါ်ကပြုတ်ကျသေတာတွေ၊ဖုန်းပြောရင်း သဘောင်္ပေါ်ခုန်ကူးရာမှ သဘောၤနှစ်စီးကြားပြုတ်ကျကာ ရေနစ်သေဆုံးတာတွေ စတဲ့ဖြစ်ရပ်တွေဟာ သင်ခန်းစာယူရမယ့်ဖြစ်ရပ်တွေပါ။

အဆုံးသတ်အနေနဲ့ပြောရရင် မိုဘိုင်းဖုန်းနဲ့အင်တာနက် ဆိုတာ လူကြီး လူလတ် လူငယ် ဘယ်သူပဲသုံးသုံး သုံးသင့်ပါတယ်။သုံးတဲ့အခါသုံးတတ်ဖို့လိုတာပါ။ တကယ်သာ ရှာတတ် ဖွေတတ် ယူတတ် သုံးတတ်မယ်ဆိုရင် အင်တာနက်ဟာ ရသစုံလင်တဲ့ ဗဟုသုတ် စာပေဟင်းလေးအိုးကြီးလို့ ဆိုနိုင်ပါတယ်။

အင်တာနက်သုံးတဲ့အခါမှာ chat roomတွေမှာ၊မဟုတ်တဲ့ဝက်ဆိုဒ်တွေမှာသာအချိန်ကုန်နေတာမဟုတ်ဘဲ လေ့လာစရာရှိတာတွေကိုလေ့လာတာ၊သင်ယူစရာရှိတာတွေကိုသင်ယူတာလုပ်ဖို့အရေးကြီးပါတယ်။နောက်တချက်ကမိမိအင်တာနက်သုံးတဲ့အချိန်ကန့်သတ်ထားဖို့လိုပါတယ်။

အကျိုးရှိရှိ မိုဘိုင်းဖုန်းနဲ့အင်တာနက်ကို အသုံးပြုမှသာ နိုင်ငံတိုးတက်ဖို့အတွက် အကျိုးပြုနိုင်တဲ့ လူငယ်တွေများစွာ များစွာပေါ်ထွန်းလာမှာပါ။ မဟုတ်ပါက အလုပ်လုပ်နိုင်တဲ့လူငယ်အရွယ်မှာ ဂိမ်းစွဲ အင်တာနက်စွဲပြီး တက်လမ်းပျောက်နေတဲ့လူငယ်တွေများလာကာ နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်တွေပါ ဆုံးရှုံးနိုင်ပါတယ်။

Author: Dr. 528

Previous Post

ရှက်လို့ကြိတ်ပြီး ခံစားတဲ့ ပရိုစတိတ်ဂလင်းကြီးထွားမှု

Next Post

ကလေးငယ်များနဲ့ ကိုယ်ခံအား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
603

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးငယ်များနဲ့ ကိုယ်ခံအား

ပီေက မ်ိဳခ်မိရင္ ဘာေတြျဖစ္မလဲ

ကလေးများတွင် ဖြစ်ပွားသော တီဘီရောဂါ (Childhood Tuberculosis) အကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.