fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး
အိတ်အိုင်ဗွီ ရောဂါရှင်များ စားသောက်နေထိုင်သင့်သည် အစားအသောက်နေထိုင်မှုပုံစံ
63
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/01/2018
in အမျိုးသားကျန်းမာရေး
1 min read
A A
Author: Dr. 528
အိတ်အိုင်ဗွီ ရောဂါရှင်များ စားသောက်နေထိုင်သင့်သည် အစားအသောက်နေထိုင်မှုပုံစံ
လူတိုင်းဟာ အာဟာရဓါတ်ပြည့်စုံစွာ ရရှိမှသာ ခန္ဓာကိုယ်ထဲက ဇီဝဖြစ်စဉ်တွေဖြစ်ပျက်ဖို့ စွမ်းအင်ရရှိပြီး ကျန်းမာကာ အလုပ်လုပ်နိုင်မှာပါ။
အာဟာရပြည့်ဝပြီး ကျန်းမာအသက်ရှည်ဖို့ နေ့စဉ်နေ့တိုင်း လူတွေဟာ ကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့ ဆန်တို့ဂျုံတို့ ကနေရတဲ့ ကစီဓါတ်၊ အသားနဲ့ပဲတွေ ကနေရတဲ့ အသားဓါတ်နဲ့ အဆီဓါတ်၊ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကရတဲ့ ဗီတာမင်နဲ့သတ္ထုဓါတ်တွေကို လုံလောက်မျှတစွာ စားသောက်ဖို့ အရေးကြီးပါတယ်။
အိတ်အိုင်ဗွီရှိတဲ့ ကလေးတွေ၊ လူကြီးတွေမှာ အသားဓါတ်နဲ့ အဆီဓါတ်၊ ဗီတာမင်နဲ့ သတ္ထုဓါတ် စတာတွေဟာ သာမန်လူတွေလိုပဲ ပုံမှန်ပမာဏသာ လိုအပ်ပေမယ့် ကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့ ကစီဓါတ်ကျတော့ သာမန်လူတွေ လိုအပ်တာထက် ၁၀ရာခိုင်နှုန်းပိုပြီးတော့တောင် လိုအပ်ပါတယ်။
သာမန်အမျိုးသား တစ်ယောက်ဟာ နေ့စဉ် ၂၈၀၀ ကယ်လိုရီ၊ သာမန် အမျိုးသမီးတစ်ဦးဟာ နေ့စဉ် ၂၀၀၀ ကယ်လိုရီ လိုအပ်ပါတယ်။ အိတ်အိုင်ဗွီ ဝေဒနာရှင်တွေကတော့ နေ့စဉ် အထက်ပါလိုအပ်ချက်ထက် ၁၀ရာခိုင်နှုန်း ပိုစားသောက်ရပါမယ်။ ဒါကြောင့်မို့ ထမင်း၊ ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ ဆန်၊ ဂျုံ နဲ့လုပ်ထားတဲ့ အစားအစာအမျိုးမျိုးကို နည်းနည်းချင်း ခဏခဏစားခြင်းဖြင့် ကစီဓါတ်ပိုရအောင် လုပ်ရပါမယ်။
အစားအစာ (အသား၊ ငါး၊ ဟင်းသီးဟင်းရွက် စတာ) တွေကို သေချာကျက်အောင် ချက်ပြုတ်ကြော်လှော်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ဟင်းသီးဟင်းရွက်တွေကို အစိမ်း ငပိရည်နဲ့ တို့စားတာမျိုးမလုပ်ပါနဲ့။ ယင်နားစာ၊ လမ်းဘေးစာတွေကိုလည်း ရှောင်ကျဉ်ဖို့ လိုပါတယ်။
ဘာလို့လဲဆိုတော့ အိတ်အိုင်ဗွီဝေဒနာရှင်များမှာ ဝမ်းပျက်ဝမ်းလျှော ဝမ်းကိုက်တာတွေဟာ သာမန်လူများထက် ဖြစ်ပွားလွယ်တဲ့အပြင် ဖြစ်ခဲ့ရင်လည်း သာမန်လူတွေထက် ပိုဆိုးရွားနိုင်လို့ပါ။ အသီးအနှံတွေ စားပါကလည်း ရေကောင်းရေသန့်နဲ့ သေချာစင်ကြယ်အောင် ဆေးပြီးမှ စားသုံးသင့်ပါတယ်။ ဒါမှပိုးမွှားကင်းစင်နိုင်သလို ပိုးသတ်ဆေး အကြွင်းအကျန်ဒဏ်ကိုလည်း မခံစားရမှာပါ။ အသုံးပြုတဲ့ အိုးခွက်ပန်းကန် အသုံးဆောင်တွေနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းများကိုလည်းသန်းရှင်းစင်ကြယ်စွာထားသင့်ပါတယ်။
ဒါတွေကတော့ အိတ်အိုင်ဗွီဝေဒနာရှင်တွေအတွက် စားသောက်မှုပုံစံပါ။ နေထိုင်မှုနဲ့ ပတ်သက်လို့ကတော့ အိတ်အိုင်ဗွီပိုးရှိသူတိုင်းဟာ နေ့လည်နေ့ခင်းမှာ အနည်းဆုံး ၂နာရီခန့် အနားယူသင့်ပါတယ်။ညအိပ်ချိန်ဟာလည်း ၈နာရီခန့်ရှိသင့်ပါတယ်။ (ဥပမာ ည ၁၀နာရီအိပ်ပြီး မနက်၆နာရီ ထပါ)
ကာယအား အလွန်အမင်း စိုက်ထုတ်ရသော ပင်ပင်ပန်းပန်းအလုပ်တွေ မလုပ်သင့်ပါ။ နားနားနေနေ ပေါ့ပေါ့ပါးပါး အလုပ်မျိုးကိုတော့ နေကောင်းနေရင် လုပ်နိုင်ပါတယ်။ သင့်တင့်မျှတတဲ့ ကိုယ်လက်လှုပ်ရှားမှုကို လေ့ကျင့်ခန်းသဘော ပြုလုပ်နိုင်ပေမယ့် ပြင်းထန်ပင်ပန်းတဲ့ လေ့ကျင့်ခန်းတွေ၊ အိမ်မှုကိစ္စတွေကို မနားတမ်း လုပ်ကိုင်ခြင်းကိုတော့ ရှောင်ရပါမယ်။
နောက်ပြီး အိတ်အိုင်ဗွီပိုးရှိတဲ့သူတွေဟာ ဆေးလိပ်သောက်တာ၊ ကွမ်းစားတာ၊ အရက်သောက်တာတွေကို လုံးဝမလုပ်သင့်ပါ။ အရင်က လုပ်ခဲ့ရင်လည်း ဖြတ်ပါ။ တစ်ပူပေါ် နှစ်ပူဆင့်သလို နဂိုရောဂါအခံရှိနေတဲ့အပေါ်မှာ မိမိရဲ့နေထိုင်မှု မဆင်ခြင်ပါက တခြားရောဂါတွေပါ ထပ်မံရရှိနိုင်လို့ပါ။
အပျော်ပါး လိုက်စားခြင်းကိုလည်းရှောင်ပါ။ မရှောင်နိုင်ရင် ကွန်ဒုံးသုံးပါ။ ယုတ်စွအဆုံး အိတ်အိုင်ဗွီပိုးရှိသူအချင်းချင်း ဆက်ဆံရင်တောင်မှ ကွန်ဒုံးအသုံးပြုရပါမယ်။ ဒီလိုပြောလို့ ဆရာရယ် အိတ်အိုင်ဗွီရှိနေသူ အချင်းချင်းပဲဟာ ကွန်ဒုံးသုံးတော့ရော ဘာထူးမှာလဲလို့ မေးမယ့်သူတွေရှိပါမယ်။ ထူးပါတယ်။အိတ်အိုင်ဗွီရှိတာချင်း တူပေမယ့် တစ်ယောက်နဲ့ တစ်ယောက်မှာရှိတဲ့ ပိုးအရေအတွက်နဲ့ ပိုးအမျိုးအစားခြင်း ကွာတဲ့အပြင် ရောဂါအဆင့်ချင်းလည်း မတူနိုင်ပါဘူး။
ကွန်ဒုံးမသုံးတဲ့အခါမှာ ကိုယ့်မှာရှိတဲ့ပိုးနဲ့ သူ့မှာရှိတဲ့ပိုး ပေါင်းမိပြီး ရောဂါအဆင့်ကို မြန်မြန်ပိုဆိုးစေကာ တခြားရောဂါပိုးတွေ ပါဝင်လာနိုင်ပြီး တခြားရောဂါတွေပါ ခံစားရနိုင်ပါတယ်။
အဆုံးသတ်အနေနဲ့ကတော့ အိတ်အိုင်ဗွီပိုးရှိပြီး ခုခံအားကျဆင်းမှု ရောဂါခံစားနေရတဲ့ ဝေဒနာရှင်များဟာ အထက်မှာပြောခဲ့တဲ့အတိုင်းသာ စားသောက်နေထိုင်ပါက (ကောင်းကောင်းစား ကောင်းကောင်းနား ရှောင်သင့်တာရှောင်) ကိုယ်ခန္ဓာအလေးချိန် အများကြီး ကျမသွားအောင် ထိန်းထားနိုင်သလို ခုခံအားကျပါက ဝင်ဖို့အခွင့်အလမ်းချောင်းနေတဲ့ရောဂါတွေ (Oppotunistic Infections especially TB in our country ) အလွယ်တကူ ဝင်ရောက်တာမျိုးကိုလည်း အတိုင်းအတာတစ်ခုထိ လျှော့ချနိုင်ပါတယ်။
Author: Dr. 528
Author: Dr 528
Previous Post
ပြည့်ဝဆီနဲ့ ကျန်းမာရေးဆိုးကျိုးများ
Next Post
တစ်ခုခုကို မျိုချမိသော်
ဆက်စပ် ဆောင်းပါးများ
Do men want to take nutritional supplements?
အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?
1 year ago
1.4k
The second most common cancer in men
အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ
1 year ago
782
About common diseases of men over 50
အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း
2 years ago
1.1k
Is prostate disease hereditary?
ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?
2 years ago
639
အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့
2 years ago
1k
ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?
2 years ago
1.1k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
တစ်ခုခုကို မျိုချမိသော်
WY အကြောင်း
ဆိုးလိုက်တဲ့ချောင်း
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.