ေလက်င့္ခန္းနဲ႔အားကစား
ေလ့က်င့္ခန္းနဲ႔ အားကစားဆိုတာ တူတူပဲလား။ သေဘာတရားအရေတာ့တူတယ္။ ဒါေပမယ့္ အျပည့္အဝမတူပါဘူး။ ေဆာင္းတြင္းမွာ မနက္တိုင္း ထၿပီး လမ္းေလွ်ာက္တယ္။ ကိုယ္လုံးကိုယ္ေပါက္လွဖို႔ ဗိုက္ခ်ပ္ဖို႔ လိုအပ္တဲ့ ကိုယ္လက္လႈပ္ရွားမႈေတြ လုပ္ၾကတယ္။ ပစၥည္းေတြ သုံးၿပီး လုပ္ၾကတာလည္းရွိပါတယ္။
ေလ့က်င့္ခန္းဆိုတာက ေရတိုအေနနဲ႔လည္းလုပ္ႏိုင္တယ္။ ေရရွည္အေနနဲ႔လည္းလုပ္ႏိုင္တယ္။ ေဆာင္းတြင္းၿပီးလို႔ လမ္းမေလွ်ာက္ေတာ့ဘူး ဆိုတာလည္းျဖစ္ႏိုင္တယ္။ ရာသီဥတုမေ႐ြးမနက္တိုင္းလမ္းေလွ်ာက္တာလည္း ျဖစ္ႏိုင္တယ္။ လိုခ်င္တဲ့ ကိုယ္လုံးကိုယ္ေပါက္ျဖစ္ၿပီဆိုရင္ ကိုယ္လက္လႈပ္ရွားမႈကို ရပ္လိုက္တာေတြ ေလွ်ာ့လိုက္တာေတြလည္းရွိပါတယ္။
ေလ့က်င့္ခန္းလုပ္ျခင္းအားျဖင့္ ကိုယ္ခႏၶာမွာရွိတဲ့ ေသြးလွည့္ပတ္မႈကိုေကာင္းေစပါတယ္။ မလိုအပ္တဲ့ အဆီပိုေတြကို ခ်ေပးႏိုင္ပါတယ္။ ကိုယ္အေလးခ်ိန္ကိုထိန္းေပးႏိုင္ပါတယ္။
တစ္ခုေတာ့ရွိပါတယ္။ ေလ့က်င့္ခန္းလုပ္တဲ့အခါမွာ စလုပ္တာမွာ အင္တိုက္အားတိုက္ လုပ္မိလိုက္ရင္ ေနာက္တစ္ေန႔ေတြမွာ ႂကြက္သားေတြ နာက်င္ကိုက္ခဲတတ္တယ္။ အဲဒါဆိုရင္ေနာက္ရက္ေတြကို ဆက္ၿပီးမလုပ္ႏိုင္တာေတြျဖစ္ႏိုင္တယ္။
ေနာက္ထပ္တစ္ခုကေတာ့ ကိုယ္လုံးကိုယ္ေပါက္ လွပေစဖို႔ ေလ့က်င့္ခန္းေတြ လုပ္ၿပီး လိုခ်င္တဲ့ ကိုယ္လုံးရလာတဲ့အခါ ေလ့က်င့္ခန္းကို တုံးတိရပ္လိုက္တယ္ဆိုရင္ ကိုယ္လုံးကိုယ္ေပါက္ ျပန္ၿပီးပ်က္စီးလာတတ္ပါတယ္။
ေလ့က်င့္ခန္းလုပ္တယ္ဆိုတာက တစ္ေန႔ နည္းနည္းနဲ႔ ျဖည္းျဖည္းနဲ႔ ႏိုင္သေလာက္လုပ္ေပးရပါတယ္။ ဒါမွ ႂကြက္သားေတြမွာလည္း ဒဏ္မပိမွာ က်န္းမာေရးနဲ႔လည္းညီၫြတ္မွာျဖစ္ပါတယ္။
အားကစားလုပ္တယ္ဆိုတာမွာလည္း ဘာအားကစားလဲေပါ့။ အားရင္ကစားတာကို ေျပာတာမ်ိဳးမဟုတ္ပါဘူး။ အားကစားလုပ္တယ္ဆိုတာမွာ ေရကူးတာ ေျပးခုန္ပစ္ ေဘာလုံး ဘတ္စကတ္ေဘာ ေဘာ္လီေဘာ အေျပးစသျဖင့္ အမ်ိဳးမ်ိဳးရွိပါတယ္။
အားကစားသမားေတြ အမ်ိဳးမ်ိဳး ရွိၾကပါတယ္။ အားကစားလို႔ဆိုရာမွာ မေျပးမလႊားဘဲ လုပ္ရတာလည္းရွိပါတယ္။ ေျပးလႊားၿပီး ေခြၽးထြက္သံယိုနဲ႔ အေမာခံၿပီး လုပ္ရတာလည္းရွိပါတယ္။
ဘယ္အားကစားပဲျဖစ္ေစပါ အားကစားသမားတစ္ေယာက္ျဖစ္ၿပီဆိုရင္ စိတ္ဓာတ္ပိုင္းကပါ ခိုင္မာဖို႔လိုပါတယ္။ အႏိုင္မခံအရႈံးမေပးစိတ္ဓာတ္ရွိရမယ္။ ကိုယ္ခ်င္းစာတတ္ရမယ္။ အရႈံးကို ရင္ဆိုင္ႏိုင္တဲ့ စိတ္ဓာတ္ရွိရပါမယ္။ အမ်ားနဲ႔ ေပါင္းစည္းၿပီးလုပ္တတ္ရမယ္။ အမိန႔္နာခံတတ္ရပါမယ္။
အားကစားသမားတစ္ေယာက္ျဖစ္လာၿပီဆိုရင္ သက္ဆိုင္ရာအားကစားအလိုက္ ေလ့က်င့္မႈေတြ အၿမဲမျပတ္လုပ္ေနရပါတယ္။ ေလ့က်င့္မႈလို႔ဆိုတာမွာ အားကစားနည္းကိုပဲ ေလ့က်င့္ေနရတာလည္းျဖစ္ႏိုင္တယ္။ ဥပမာအားျဖင့္ စစ္တုရင္ထိုးတာ ဘိလိယက္ကစားတာစသျဖင့္ indoor အားကစားေတြပါ။
တစ္ခ်ိဳ႕ေသာအားကစားေတြကေတာ့ သက္ဆိုင္ရာအားကစားနည္း ေလ့က်င့္တာတင္မကေတာ့ပါဘူး။ အေမာခံႏိုင္ဖို႔ သက္လုံေကာင္းဖို႔ ကိုယ္အေလးခ်ိန္ထိန္းဖို႔ အတြက္ပါ ေလ့က်င့္ခန္းေတြ လုပ္ၾကရပါတယ္။ ေလ့က်င့္ခန္းတင္မကဘဲ အစားအေသာက္အေနအထိုင္ပါ ျပဳျပင္ရတာေတြလည္းရွိတတ္ပါတယ္။
အားကစားသမားေတြမွာ ကိုယ္လက္လႈပ္ရွား႐ုံတင္မၿပီးဘဲ စိတ္ဓာတ္ပိုင္း အမူအက်င့္ပိုင္းေတြပါ ျပဳျပင္ေျပာင္းလဲဖို႔လိုပါတယ္။ ေအာင္ျမင္မႈပန္းတိုင္ဆိုတာကို မွန္းၿပီး အားကစားေလ့က်င့္ၾကရပါတယ္။
ေလ့က်င့္ခန္းပဲျဖစ္ေစ အားကစားပဲျဖစ္ေစ လုပ္ေနတဲ့ အခ်ိန္အတြင္းမွာ ကိုယ့္ရဲ႕ လုပ္ႏိုင္ရည္ကို ထည့္တြက္ပါ။ စိတ္ပါဝင္စားမႈ ဝါသနာလည္း ရွိဖို႔လိုအပ္ပါတယ္ ။ မဟုတ္ရင္ ေလ့က်င့္ခန္းလုပ္ေနရတာကိုက စိတ္ကို ဖိစီးမႈေတြ ပိုၿပီးျဖစ္လာေစပါတယ္။ လုပ္တဲ့အခါလည္း အားရေက်နပ္ျခင္း မရွိေတာ့ပါဘူး။ မိမိတို႔ရဲ႕ စိတ္ကို ဖြင့္ခ်ထားပါ။ ဒါမွ အေကာင္းဆုံးလုပ္ေဆာင္ႏိုင္မွာပါ။
Author : Dr. CST
လေကျင့်ခန်းနဲ့အားကစား
လေ့ကျင့်ခန်းနဲ့ အားကစားဆိုတာ တူတူပဲလား။ သဘောတရားအရတော့တူတယ်။ ဒါပေမယ့် အပြည့်အဝမတူပါဘူး။ ဆောင်းတွင်းမှာ မနက်တိုင်း ထပြီး လမ်းလျှောက်တယ်။ ကိုယ်လုံးကိုယ်ပေါက်လှဖို့ ဗိုက်ချပ်ဖို့ လိုအပ်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ကြတယ်။ ပစ္စည်းတွေ သုံးပြီး လုပ်ကြတာလည်းရှိပါတယ်။
လေ့ကျင့်ခန်းဆိုတာက ရေတိုအနေနဲ့လည်းလုပ်နိုင်တယ်။ ရေရှည်အနေနဲ့လည်းလုပ်နိုင်တယ်။ ဆောင်းတွင်းပြီးလို့ လမ်းမလျှောက်တော့ဘူး ဆိုတာလည်းဖြစ်နိုင်တယ်။ ရာသီဥတုမရွေးမနက်တိုင်းလမ်းလျှောက်တာလည်း ဖြစ်နိုင်တယ်။ လိုချင်တဲ့ ကိုယ်လုံးကိုယ်ပေါက်ဖြစ်ပြီဆိုရင် ကိုယ်လက်လှုပ်ရှားမှုကို ရပ်လိုက်တာတွေ လျှော့လိုက်တာတွေလည်းရှိပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် ကိုယ်ခန္ဓာမှာရှိတဲ့ သွေးလှည့်ပတ်မှုကိုကောင်းစေပါတယ်။ မလိုအပ်တဲ့ အဆီပိုတွေကို ချပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်ကိုထိန်းပေးနိုင်ပါတယ်။ တစ်ခုတော့ရှိပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ စလုပ်တာမှာ အင်တိုက်အားတိုက် လုပ်မိလိုက်ရင် နောက်တစ်နေ့တွေမှာ ကြွက်သားတွေ နာကျင်ကိုက်ခဲတတ်တယ်။ အဲဒါဆိုရင်နောက်ရက်တွေကို ဆက်ပြီးမလုပ်နိုင်တာတွေဖြစ်နိုင်တယ်။
နောက်ထပ်တစ်ခုကတော့ ကိုယ်လုံးကိုယ်ပေါက် လှပစေဖို့ လေ့ကျင့်ခန်းတွေ လုပ်ပြီး လိုချင်တဲ့ ကိုယ်လုံးရလာတဲ့အခါ လေ့ကျင့်ခန်းကို တုံးတိရပ်လိုက်တယ်ဆိုရင် ကိုယ်လုံးကိုယ်ပေါက် ပြန်ပြီးပျက်စီးလာတတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာက တစ်နေ့ နည်းနည်းနဲ့ ဖြည်းဖြည်းနဲ့ နိုင်သလောက်လုပ်ပေးရပါတယ်။ ဒါမှ ကြွက်သားတွေမှာလည်း ဒဏ်မပိမှာ ကျန်းမာရေးနဲ့လည်းညီညွတ်မှာဖြစ်ပါတယ်။
အားကစားလုပ်တယ်ဆိုတာမှာလည်း ဘာအားကစားလဲပေါ့။ အားရင်ကစားတာကို ပြောတာမျိုးမဟုတ်ပါဘူး။ အားကစားလုပ်တယ်ဆိုတာမှာ ရေကူးတာ ပြေးခုန်ပစ် ဘောလုံး ဘတ်စကတ်ဘော ဘော်လီဘော အပြေးစသဖြင့် အမျိုးမျိုးရှိပါတယ်။ အားကစားသမားတွေ အမျိုးမျိုး ရှိကြပါတယ်။ အားကစားလို့ဆိုရာမှာ မပြေးမလွှားဘဲ လုပ်ရတာလည်းရှိပါတယ်။ ပြေးလွှားပြီး ချွေးထွက်သံယိုနဲ့ အမောခံပြီး လုပ်ရတာလည်းရှိပါတယ်။
ဘယ်အားကစားပဲဖြစ်စေပါ အားကစားသမားတစ်ယောက်ဖြစ်ပြီဆိုရင် စိတ်ဓာတ်ပိုင်းကပါ ခိုင်မာဖို့လိုပါတယ်။ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ရှိရမယ်။ ကိုယ်ချင်းစာတတ်ရမယ်။ အရှုံးကို ရင်ဆိုင်နိုင်တဲ့ စိတ်ဓာတ်ရှိရပါမယ်။ အများနဲ့ ပေါင်းစည်းပြီးလုပ်တတ်ရမယ်။ အမိန့်နာခံတတ်ရပါမယ်။
အားကစားသမားတစ်ယောက်ဖြစ်လာပြီဆိုရင် သက်ဆိုင်ရာအားကစားအလိုက် လေ့ကျင့်မှုတွေ အမြဲမပြတ်လုပ်နေရပါတယ်။ လေ့ကျင့်မှုလို့ဆိုတာမှာ အားကစားနည်းကိုပဲ လေ့ကျင့်နေရတာလည်းဖြစ်နိုင်တယ်။ ဥပမာအားဖြင့် စစ်တုရင်ထိုးတာ ဘိလိယက်ကစားတာစသဖြင့် indoor အားကစားတွေပါ။
တစ်ချို့သောအားကစားတွေကတော့ သက်ဆိုင်ရာအားကစားနည်း လေ့ကျင့်တာတင်မကတော့ပါဘူး။ အမောခံနိုင်ဖို့ သက်လုံကောင်းဖို့ ကိုယ်အလေးချိန်ထိန်းဖို့ အတွက်ပါ လေ့ကျင့်ခန်းတွေ လုပ်ကြရပါတယ်။ လေ့ကျင့်ခန်းတင်မကဘဲ အစားအသောက်အနေအထိုင်ပါ ပြုပြင်ရတာတွေလည်းရှိတတ်ပါတယ်။
အားကစားသမားတွေမှာ ကိုယ်လက်လှုပ်ရှားရုံတင်မပြီးဘဲ စိတ်ဓာတ်ပိုင်း အမူအကျင့်ပိုင်းတွေပါ ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။ အောင်မြင်မှုပန်းတိုင်ဆိုတာကို မှန်းပြီး အားကစားလေ့ကျင့်ကြရပါတယ်။
လေ့ကျင့်ခန်းပဲဖြစ်စေ အားကစားပဲဖြစ်စေ လုပ်နေတဲ့ အချိန်အတွင်းမှာ ကိုယ့်ရဲ့ လုပ်နိုင်ရည်ကို ထည့်တွက်ပါ။ စိတ်ပါဝင်စားမှု ဝါသနာလည်း ရှိဖို့လိုအပ်ပါတယ် ။ မဟုတ်ရင် လေ့ကျင့်ခန်းလုပ်နေရတာကိုက စိတ်ကို ဖိစီးမှုတွေ ပိုပြီးဖြစ်လာစေပါတယ်။ လုပ်တဲ့အခါလည်း အားရကျေနပ်ခြင်း မရှိတော့ပါဘူး။ မိမိတို့ရဲ့ စိတ်ကို ဖွင့်ချထားပါ။ ဒါမှ အကောင်းဆုံးလုပ်ဆောင်နိုင်မှာပါ။
Author : Dr. CST