အသင့္စားေခါက္ဆဲြေျခာက္မ်ားနဲ႕ လူသားတို႕က်န္းမာေရး
ကိုရီးယား ႐ုပ္ရွင္ ၊ဇာတ္လမ္းတြဲမ်ား ၊ဂ်ပန္လူမ်ိဳးမ်ား ၊တ႐ုတ္လူမ်ိဳးမ်ားႏွစ္ၿခိဳက္စြာ စားသုံးၾကေသာ အသင့္စားေခါက္ဆြဲထုတ္ ယဥ္ေက်းမႈသည္ တျခား အေရွ႕အာရွႏိုင္ငံမ်ား သာမက အေရွ႕ေတာင္အာရွပါ ပ်ံ႕ႏွံ႔လာတာ ဇီဝကတို႔အသပင္။
လြယ္လင့္တကူ အစဥ္သင့္ဝယ္စားလို႔ ရတာက တစ္ေၾကာင္း ၊အရသာ ေကာင္းမြန္တာတို႔တာတို႔ေၾကာင့္ လူေတြ အစားမ်ားလာၾကပါတယ္။ အသင့္စား ေခါက္ဆြဲေျခာက္မ်ားနဲ႔ က်န္းမာေရးအေၾကာင္း တေစ့တေစာင္း ေျပာျပပါ့မယ္။
၁) အသင့္စားေခါက္ဆြဲေတြဟာ လူသားတို႔အတြက္ လိုအပ္တဲ့ အာဟာရဓာတ္ရရွိမႈကို ေလ်ာ့နည္းေစေၾကာင္း သုေတသနျပဳလုပ္ခ်က္ေတြအရ ေတြ႕ရွိခဲ့ရပါတယ္။
၂) အပူကိုထိန္းေပးႏိုင္တဲ့ ပလတ္စတစ္ေဖာ့ဗူးျဖဴ (Styrofoam/ Polystyrene) ေတြနဲ႔ ထည့္သြင္းထုပ္ပိုးထားတဲ့ အသင့္စားေခါက္ဆြဲေတြဟာ ကင္ဆာေရာဂါကိုျဖစ္ေစႏိုင္ပါတယ္။
၃) အသင့့္စားေခါက္ဆြဲေတြထဲမွာ အမွ်င္ဓာတ္၊ဗီတာမင္ဓာတ္နဲ႔တျခားအာဟာရဓာတ္ ေတြမပါဝင္ပါဘူး။ ကာဘြန္ဟိုက္ဒ႐ိုက္ခ်ည္း သက္သက္သာ ပါဝင္တဲ့အတြက္ အာဟာရမျဖစ္တဲ့ အစားအစာ (junk food) စာရင္းထဲ ထည့္သြင္းထားပါတယ္။
၄) အသင့္စားေခါက္ဆြဲအမ်ားစုဟာ သာမန္အားျဖင့္ ဆိုဒီယမ္ (ဆားဓာတ္) ျမင့္မားစြာ ပါဝင္ပါတယ္။ ဒါေၾကာင့္ ေသြးတိုးေရာဂါနဲ႔ ႏွလုံးနဲ႔ဆက္စပ္တဲ့ ေရာဂါေတြကိုျဖစ္ေစႏိုင္ပါတယ္။
၅) MSG လို႔ ေခၚတဲ့ Mono-sodium Glutamate ကို အသင့္စားေခါက္ဆြဲေတြမွာ အရသာ ပိုမိုေကာင္းမြန္ေစဖို႔ အသုံးျပဳၾကပါတယ္။ MSG ေၾကာင့္ ဓာတ္မတည့္ျခင္းအျပင္ ေခါင္းကိုက္ျခင္း၊ မ်က္ႏွာျပင္နီရဲျခင္း၊ အဖုအပိန႔္ထျခင္း၊အေရျပားထူပူျခင္းစတဲ့ လကၡဏာစု Chinese restaurant syndrome ကိုပါ တစ္ခ်ိဳ႕လူေတြမွာ ျဖစ္ေပၚတတ္ပါတယ္။
၆) အသင့္စားေခါက္ဆြဲေတြမွာ ကဆီဓာတ္နဲ႔ ဆားဓာတ္ေတြပါဝင္တဲ့အတြက္ ခႏၶာကိုယ္ထဲမွာ ေရကို ထိန္းခ်ဳပ္ထားေအာင္ျပဳလုပ္ေစႏိုင္ပါတယ္။ ဒီအက်ိဳးဆက္ေၾကာင့္ အဝလြန္တာေတြ ေသြးခ်ိဳ ဆီးခ်ိဳ ေရာဂါျဖစ္ပြားျခင္းမ်ား ဆက္လက္ျဖစ္ပြားလာႏိုင္ပါတယ္။
၇) အသင့္စားေခါက္ဆြဲေတြဟာ အစာေျခစနစ္အတြက္လည္းမေကာင္းပါဘူးအသင့္စားေခါက္ဆြဲေတြကို ပုံမွန္စားေသာက္မယ္ဆိုရင္ ဝမ္းမမွန္တာေတြ ၊ဝမ္းပ်က္တာေတြ ၊ေလပြတာေတြကို ျဖစ္ေစႏိုင္တဲ့အျပင္ အစားအေသာက္ေတြမွာပါတဲ့ အာဟာရဓာတ္ေတြကို စုပ္ယူရမွာ အဟန႔္အတား ျဖစ္ေစပါတယ္။
၈) အသင့္စားေခါက္ဆြဲအမ်ားစုမွာ အေရာင္ဆိုးေဆးေတြ ျဖည့္စြက္ပစၥည္းေတြနဲ႔ တာရွည္ခံေဆးေတြလိုမ်ိဳး ဓာတုေဗဒပစၥည္းေတြပါဝင္ပါတယ္။ ဒါေၾကာင့္ အသင့္စားေခါက္ဆြဲေတြကို ေရရွည္စားသုံးျခင္းအားျဖင့္ သင့္ရဲ႕ ကိုယ္ခႏၶာအတြင္း အစာေျခခ်က္မႈ၊ စြန႔္ထုတ္မႈစတဲ့ ဇီဝလုပ္ငန္းစဥ္ေတြကို ထိခိုက္ေစႏိုင္ပါတယ္။ ထိုပစၥည္းေတြသည္ အသည္းနဲ႔ ေက်ာက္ကပ္ကိုလည္း ထိခိုက္ေစပါတယ္။
၉) အထက္ပါပစၥည္းမ်ားအျပင္ ထုတ္ပိုးတဲ့ေနရာမွာပါတဲ့ ပလတ္စတစ္ ပစၥည္းမ်ား ၊ဒိုင္ေအာက္ဇင္း Dioxin ပစၥည္းေတြဟာ ေရေႏြးပူနဲ႔ထိေတြ႕တဲ့အခါ ေရထဲမွာ ေပ်ာ္ဝင္သြားၿပီး ကင္ဆာ ျမစ္ပြားနာမ်ားကို ျဖစ္ပြားေစႏိုင္ပါတယ္။
Author : ေခတ္သစ္ ဇီ၀က
အသင့်စားခေါက်ဆွဲခြောက်များနဲ့ လူသားတို့ကျန်းမာရေး
ကိုရီးယား ရုပ်ရှင် ၊ဇာတ်လမ်းတွဲများ ၊ဂျပန်လူမျိုးများ ၊တရုတ်လူမျိုးများနှစ်ခြိုက်စွာ စားသုံးကြသော အသင့်စားခေါက်ဆွဲထုတ် ယဉ်ကျေးမှုသည် တခြား အရှေ့အာရှနိုင်ငံများ သာမက အရှေ့တောင်အာရှပါ ပျံ့နှံ့လာတာ ဇီဝကတို့အသပင်။
လွယ်လင့်တကူ အစဉ်သင့်ဝယ်စားလို့ ရတာက တစ်ကြောင်း ၊အရသာ ကောင်းမွန်တာတို့တာတို့ကြောင့် လူတွေ အစားများလာကြပါတယ်။ အသင့်စား ခေါက်ဆွဲခြောက်များနဲ့ ကျန်းမာရေးအကြောင်း တစေ့တစောင်း ပြောပြပါ့မယ်။
၁) အသင့်စားခေါက်ဆွဲတွေဟာ လူသားတို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်ရရှိမှုကို လျော့နည်းစေကြောင်း သုတေသနပြုလုပ်ချက်တွေအရ တွေ့ရှိခဲ့ရပါတယ်။
၂) အပူကိုထိန်းပေးနိုင်တဲ့ ပလတ်စတစ်ဖော့ဗူးဖြူ (Styrofoam/ Polystyrene) တွေနဲ့ ထည့်သွင်းထုပ်ပိုးထားတဲ့ အသင့်စားခေါက်ဆွဲတွေဟာ ကင်ဆာရောဂါကိုဖြစ်စေနိုင်ပါတယ်။
၃) အသင့်စားခေါက်ဆွဲတွေထဲမှာ အမျှင်ဓာတ်၊ဗီတာမင်ဓာတ်နဲ့တခြားအာဟာရဓာတ် တွေမပါဝင်ပါဘူး။ ကာဘွန်ဟိုက်ဒရိုက်ချည်း သက်သက်သာ ပါဝင်တဲ့အတွက် အာဟာရမဖြစ်တဲ့ အစားအစာ (junk food) စာရင်းထဲ ထည့်သွင်းထားပါတယ်။
၄) အသင့်စားခေါက်ဆွဲအများစုဟာ သာမန်အားဖြင့် ဆိုဒီယမ် (ဆားဓာတ်) မြင့်မားစွာ ပါဝင်ပါတယ်။ ဒါကြောင့် သွေးတိုးရောဂါနဲ့ နှလုံးနဲ့ဆက်စပ်တဲ့ ရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။
၅) MSG လို့ ခေါ်တဲ့ Mono-sodium Glutamate ကို အသင့်စားခေါက်ဆွဲတွေမှာ အရသာ ပိုမိုကောင်းမွန်စေဖို့ အသုံးပြုကြပါတယ်။ MSG ကြောင့် ဓာတ်မတည့်ခြင်းအပြင် ခေါင်းကိုက်ခြင်း၊ မျက်နှာပြင်နီရဲခြင်း၊ အဖုအပိန့်ထခြင်း၊အရေပြားထူပူခြင်းစတဲ့ လက္ခဏာစု Chinese restaurant syndrome ကိုပါ တစ်ချို့လူတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။
၆) အသင့်စားခေါက်ဆွဲတွေမှာ ကဆီဓာတ်နဲ့ ဆားဓာတ်တွေပါဝင်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ရေကို ထိန်းချုပ်ထားအောင်ပြုလုပ်စေနိုင်ပါတယ်။ ဒီအကျိုးဆက်ကြောင့် အဝလွန်တာတွေ သွေးချို ဆီးချို ရောဂါဖြစ်ပွားခြင်းများ ဆက်လက်ဖြစ်ပွားလာနိုင်ပါတယ်။
၇) အသင့်စားခေါက်ဆွဲတွေဟာ အစာခြေစနစ်အတွက်လည်းမကောင်းပါဘူးအသင့်စားခေါက်ဆွဲတွေကို ပုံမှန်စားသောက်မယ်ဆိုရင် ဝမ်းမမှန်တာတွေ ၊ဝမ်းပျက်တာတွေ ၊လေပွတာတွေကို ဖြစ်စေနိုင်တဲ့အပြင် အစားအသောက်တွေမှာပါတဲ့ အာဟာရဓာတ်တွေကို စုပ်ယူရမှာ အဟန့်အတား ဖြစ်စေပါတယ်။
၈) အသင့်စားခေါက်ဆွဲအများစုမှာ အရောင်ဆိုးဆေးတွေ ဖြည့်စွက်ပစ္စည်းတွေနဲ့ တာရှည်ခံဆေးတွေလိုမျိုး ဓာတုဗေဒပစ္စည်းတွေပါဝင်ပါတယ်။ ဒါကြောင့် အသင့်စားခေါက်ဆွဲတွေကို ရေရှည်စားသုံးခြင်းအားဖြင့် သင့်ရဲ့ ကိုယ်ခန္ဓာအတွင်း အစာခြေချက်မှု၊ စွန့်ထုတ်မှုစတဲ့ ဇီဝလုပ်ငန်းစဉ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ထိုပစ္စည်းတွေသည် အသည်းနဲ့ ကျောက်ကပ်ကိုလည်း ထိခိုက်စေပါတယ်။
၉) အထက်ပါပစ္စည်းများအပြင် ထုတ်ပိုးတဲ့နေရာမှာပါတဲ့ ပလတ်စတစ် ပစ္စည်းများ ၊ဒိုင်အောက်ဇင်း Dioxin ပစ္စည်းတွေဟာ ရေနွေးပူနဲ့ထိတွေ့တဲ့အခါ ရေထဲမှာ ပျော်ဝင်သွားပြီး ကင်ဆာ မြစ်ပွားနာများကို ဖြစ်ပွားစေနိုင်ပါတယ်။
Author : ခေတ်သစ် ဇီဝက