အဝတ္ေလွ်ာ္ဆပ္ျပာမႈန႔္နဲ႔ က်န္းမာေရး သုတ
လက္ေလွ်ာ္ျဖစ္ေစ ၊စက္နဲ႔ ေလွ်ာ္သည္ ျဖစ္ေစ အဝတ္ေဖြးျဖဴေအာင္ အဝတ္ေလွ်ာ္ဆပ္ျပာမႈန႔္ကို လူသားေတြ အသုံးျပဳလာၾကသည္မွာ ႏွစ္ အေတာ္ၾကာပါၿပီ။ ဒါေၾကာင့္ အသုံးမ်ားလာတဲ့ အဝတ္ေလွ်ာ္ဆပ္ျပာမႈန႔္ဟာ လူသားတို႔ က်န္းမာေရး အေပၚ ဘယ္လို အက်ိဳးသက္ေရာက္မႈ ရွိသလဲ ဆိုတာ သိခ်င္ၾကမယ္ထင္ပါတယ္။
အဝတ္ေလွ်ာ္ဆပ္ျပာမႈန႔္ Detergent ဆိုသည္မွာ
-အဝတ္ေလွ်ာ္ဆပ္ျပာမႈန႔္ဆိုသည္မွာ ေရတြင္ ေပ်ာ္ဝင္ကာ အညစ္အေၾကးမ်ားကို သန႔္စင္ေပးပါတယ္။
-အဝတ္ေလွ်ာ္ဆပ္ျပာမႈန႔္သည္ အရည္နဲ႔ လာသလို ၊အမႈန႔္မ်ားအေနနဲ႔လည္း လာပါတယ္။
အဝတ္ေလွ်ာ္ဆပ္ျပာမႈန႔္မွာ ဘာေတြပါလဲ
– alcoholethoxy sulfate
-linear alkylbenzene sulfonate
-propylene glycol
-citric acid
-sodium hydroxide
-borax
-ethanolamine
ထိုအထဲမွာမွ လူသားတို႔ က်န္းမာေရးအတြက္ ဆိုးက်ိဳးေပးေသာ ဓာတုပစၥည္းေလးမ်ိဳး ရွိပါတယ္။
၁) Sodium lauryl sulfate (SLS)/sodium laureth sulfate (SLES)
၂) 1,4-dioxane
၃) NPE (nonylphenol ethoxylate)
၄) Phosphates
၁) Sodium lauryl sulfate (SLS)/sodium laureth sulfate (SLES)
SLS သည္ sulfur trioxide နဲ႔ cholorsulfuric acid နဲ႔ ေရာၿပီး အညစ္အေၾကးမ်ားကို သန႔္စင္ေပးသလို အျမႇပ္မ်ားလည္း ထေစပါတယ္။ Environmental Working Group’s Skin Deep: Cosmetic Safety Reviews ရဲ႕ ေလ့လာထားခ်က္မ်ား အရ
-အသားအေရနဲ႔ မ်က္လုံးမ်ား ယားယံတတ္ျခင္း
-ကိုယ္တြင္း အဂၤါကလီစာမ်ား ထိခိုက္ျခင္း
-အာ႐ုံေၾကာ ထိခိုက္ျခင္း
-မ်ိဳးပြားအဂၤါမ်ား ထိခိုက္ျခင္း
-ကင္ဆာမ်ား ျဖစ္ႏိုင္ျခင္း
SLES ကေတာ့ SLS ေလာက္ ဆိုးက်ိဳးမမ်ားပါ။
၂) 1,4-dioxane
Green Patriot Working Group (GPWG)မွ ေဒးဗစ္ စတိုင္နာနဲ႔ အဖြဲ႕သည္ ၂၀၀၈-၂၀၁၀ အတြင္းမွာ လူသုံးကုန္ပစၥည္းမ်ားကို ေလ့လာခဲ့ရာ ဒိုင္ေအာက္စိမ္း Dioxane ကို အဝတ္ေလွ်ာ္ဆပ္ျပာမႈန႔္ ၊ေခါင္းေလွွ်ာ္ရည္ စတဲ့ လူသုံးကုန္ပစၥည္းေတာ္ေတာ္မ်ားမွာ ေတြ႕ရပါတယ္။ အေမရိကန္ျပည္ေထာင္စုရွိ ေအာ္ဂင္နစ္ပစၥည္း စားသုံးသူမ်ား အသင္းရဲ႕ ေလ့လာခ်က္မ်ား အရ
-တိရိစာၦန္မ်ားတြင္ အေရျပား ၊အစာအိမ္ ၊အဆုတ္လမ္းေၾကာင္းမွ စုပ္ယူႏိုင္စြမ္းရွိကာ ကင္ဆာ ျဖစ္ေစႏိုင္ပါတယ္။
-ေျမေအာက္ေရမ်ားကိုလည္း ညစ္ညမ္းေစပါတယ္။
၃) NPE (nonylphenol ethoxylate)
NPE သည္ ေဟာ္မုန္းလ္ဆိုင္ရာ က်န္းမာေရး ျပႆနာမ်ားကို ျဖစ္ေစပါတယ္။ အဆိုပါ ဓာတုပစၥည္းသည္ အီစထ႐ိုဂ်င္ ေဟာ္မုန္းလ္နဲ႔ ဆင္တူသျဖင့္ မေဟာ္မုန္းလ္၏ အာနိသင္မ်ား ခႏၶာကိုယ္မွာ သက္ေရာက္ပါတယ္။ ဒါ့အျပင္ အမ်ိဳးသားေတြမွာ သုက္ပိုးကို က်ေစသလို ၊ကေလးေတြမွာ ေဝွးေစ့ႀကီးထြားမႈကို ေႏွာင့္ေႏွးေစပါတယ္။ ကေလးေတြမွာ ခႏၶာကိုယ္ ႀကီးထြားမႈကို ဟန႔္တားပါတယ္။ ဒါ့အျပင္ ကင္ဆာနဲ႔ဆက္ႏြယ္မႈလည္း ရွိပါတယ္။
၄) Phosphates
ေဖာ့စဖိတ္ Phosphate မ်ားသည္ လူသုံးသန႔္စင္ပစၥည္းေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္ပါတယ္။ အေရျပားယားယံမယ္ ၊ပါးစပ္ကတဆင့္ မ်ိဳခ်မိရင္ ပ်ိဳ႕အန္မယ္၊ ဝမ္းပ်က္ဝမ္းေလ်ာျဖစ္မယ္။
Author : ေခတ္သစ္ ဇီဝက
အဝတ်လျှော်ဆပ်ပြာမှုန့်နဲ့ ကျန်းမာရေး သုတ
လက်လျှော်ဖြစ်စေ ၊စက်နဲ့ လျှော်သည် ဖြစ်စေ အဝတ်ဖွေးဖြူအောင် အဝတ်လျှော်ဆပ်ပြာမှုန့်ကို လူသားတွေ အသုံးပြုလာကြသည်မှာ နှစ် အတော်ကြာပါပြီ။ ဒါကြောင့် အသုံးများလာတဲ့ အဝတ်လျှော်ဆပ်ပြာမှုန့်ဟာ လူသားတို့ ကျန်းမာရေး အပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲ ဆိုတာ သိချင်ကြမယ်ထင်ပါတယ်။
အဝတ်လျှော်ဆပ်ပြာမှုန့် Detergent ဆိုသည်မှာ
-အဝတ်လျှော်ဆပ်ပြာမှုန့်ဆိုသည်မှာ ရေတွင် ပျော်ဝင်ကာ အညစ်အကြေးများကို သန့်စင်ပေးပါတယ်။
-အဝတ်လျှော်ဆပ်ပြာမှုန့်သည် အရည်နဲ့ လာသလို ၊အမှုန့်များအနေနဲ့လည်း လာပါတယ်။
အဝတ်လျှော်ဆပ်ပြာမှုန့်မှာ ဘာတွေပါလဲ
– alcoholethoxy sulfate
-linear alkylbenzene sulfonate
-propylene glycol
-citric acid
-sodium hydroxide
-borax
-ethanolamine
ထိုအထဲမှာမှ လူသားတို့ ကျန်းမာရေးအတွက် ဆိုးကျိုးပေးသော ဓာတုပစ္စည်းလေးမျိုး ရှိပါတယ်။
၁) Sodium lauryl sulfate (SLS)/sodium laureth sulfate (SLES)
၂) 1,4-dioxane
၃) NPE (nonylphenol ethoxylate)
၄) Phosphates
၁) Sodium lauryl sulfate (SLS)/sodium laureth sulfate (SLES)
SLS သည် sulfur trioxide နဲ့ cholorsulfuric acid နဲ့ ရောပြီး အညစ်အကြေးများကို သန့်စင်ပေးသလို အမြှပ်များလည်း ထစေပါတယ်။ Environmental Working Group’s Skin Deep: Cosmetic Safety Reviews ရဲ့ လေ့လာထားချက်များ အရ
-အသားအရေနဲ့ မျက်လုံးများ ယားယံတတ်ခြင်း
-ကိုယ်တွင်း အင်္ဂါကလီစာများ ထိခိုက်ခြင်း
-အာရုံကြော ထိခိုက်ခြင်း
-မျိုးပွားအင်္ဂါများ ထိခိုက်ခြင်း
-ကင်ဆာများ ဖြစ်နိုင်ခြင်း
SLES ကတော့ SLS လောက် ဆိုးကျိုးမများပါ။
၂) 1,4-dioxane
Green Patriot Working Group (GPWG)မှ ဒေးဗစ် စတိုင်နာနဲ့ အဖွဲ့သည် ၂၀၀၈-၂၀၁၀ အတွင်းမှာ လူသုံးကုန်ပစ္စည်းများကို လေ့လာခဲ့ရာ ဒိုင်အောက်စိမ်း Dioxane ကို အဝတ်လျှော်ဆပ်ပြာမှုန့် ၊ခေါင်းလှျှော်ရည် စတဲ့ လူသုံးကုန်ပစ္စည်းတော်တော်များမှာ တွေ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုရှိ အော်ဂင်နစ်ပစ္စည်း စားသုံးသူများ အသင်းရဲ့ လေ့လာချက်များ အရ
-တိရိစ္ဆာန်များတွင် အရေပြား ၊အစာအိမ် ၊အဆုတ်လမ်းကြောင်းမှ စုပ်ယူနိုင်စွမ်းရှိကာ ကင်ဆာ ဖြစ်စေနိုင်ပါတယ်။
-မြေအောက်ရေများကိုလည်း ညစ်ညမ်းစေပါတယ်။
၃) NPE (nonylphenol ethoxylate)
NPE သည် ဟော်မုန်းလ်ဆိုင်ရာ ကျန်းမာရေး ပြဿနာများကို ဖြစ်စေပါတယ်။ အဆိုပါ ဓာတုပစ္စည်းသည် အီစထရိုဂျင် ဟော်မုန်းလ်နဲ့ ဆင်တူသဖြင့် မဟော်မုန်းလ်၏ အာနိသင်များ ခန္ဓာကိုယ်မှာ သက်ရောက်ပါတယ်။ ဒါ့အပြင် အမျိုးသားတွေမှာ သုက်ပိုးကို ကျစေသလို ၊ကလေးတွေမှာ ဝှေးစေ့ကြီးထွားမှုကို နှောင့်နှေးစေပါတယ်။ ကလေးတွေမှာ ခန္ဓာကိုယ် ကြီးထွားမှုကို ဟန့်တားပါတယ်။ ဒါ့အပြင် ကင်ဆာနဲ့ဆက်နွယ်မှုလည်း ရှိပါတယ်။
၄) Phosphates
ဖော့စဖိတ် Phosphate များသည် လူသုံးသန့်စင်ပစ္စည်းတော်တော်များများမှာ ပါဝင်ပါတယ်။ အရေပြားယားယံမယ် ၊ပါးစပ်ကတဆင့် မျိုချမိရင် ပျို့အန်မယ်၊ ဝမ်းပျက်ဝမ်းလျောဖြစ်မယ်။
Author : ခေတ်သစ် ဇီဝက