fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

သားအိမ်ခေါင်းကင်ဆာ

78
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/12/2017
in ရောဂါကြီးများ
1 min read
A A

(Zawgyi ျဖင့္ဖတ္ရန္)

သားအိမ္ေခါင္းကင္ဆာဆိုတာ ျမန္မာႏိုင္ငံမွာ အမ်ိဳးသမီးေတြအတြက္ အျဖစ္အမ်ားဆုံး ကင္ဆာေရာဂါတစ္ခု ဆိုလည္း မမွားပါဘူး။ သားအိမ္ေခါင္းကင္ဆာ ဘယ္လိုလူေတြမွာ ပိုျဖစ္ႏိုင္တယ္၊ ျဖစ္လာခဲ့ရင္ ဘယ္လို လကၡဏာေတြ ရွိတယ္ဆိုတာကို ဒီေဆာင္းပါးေလးမွာ ေဖာ္ျပလိုက္ပါတယ္။

သားအိမ္ေခါင္းကင္ဆာဟာ
 လိင္ဆက္ဆံေဖာ္မ်ားတဲ့သူေတြ
 လိင္ႏွင့္ပတ္သက္တဲ့ ကူးစက္ေရာဂါ ရွိတဲ့သူေတြ
 ကိုယ္ခံအားနည္းတဲ့သူေတြ
 ေဆးလိပ္ေသာက္တဲ့ အမ်ိဳးသမီးေတြ
 အသက္ ငယ္ငယ္နဲ႔ အိမ္ေထာင္က်တဲ့သူေတြ
 သေႏၶတားေဆးေတြကို ကာလရွည္ေသာက္ေနတဲ့သူေတြ
 ကေလးအမ်ားႀကီး ရွိတဲ့သူေတြမွာ ပိုျဖစ္တတ္ပါတယ္။

လိင္ဆက္ဆံေဖာ္မ်ားတဲ့သူေတြနဲ႔ လိင္နဲ႔ ပတ္သက္တဲ့ ကူးစက္ေရာဂါ ရွိသူေတြမွာ ဘာေၾကာင့္ျဖစ္တာလဲဆိုရင္ အဓိက ကေတာ့ Human Papilloma Virus လို႔ေခၚတဲ့ HPV ပိုးေၾကာင့္ ျဖစ္တတ္ပါတယ္။ HPV ပိုး အမ်ိဳးအစား ရာေက်ာ္ရွိတဲ့အနက္ တခ်ိဳ႕အမ်ိဳးအစားေတြက သားအိမ္ေခါင္းကင္ဆာကို ျဖစ္ေစတတ္ပါတယ္။ ဒီပိုးဟာ လိင္ကတဆင့္ ကူးစက္တတ္ပါတယ္။

တခ်ိဳ႕ပိုးေတြက သူ႔အလိုလို ေပ်ာက္သြားေလ့ ရွိၿပီး တစ္ခါတစ္ေလမွာ မေပ်ာက္ဘဲ နာတာရွည္ ျဖစ္သြားတဲ့အခါမွာ သားအိမ္ေခါင္းကင္ဆာ ျဖစ္ဖို႔ အႏၲရာယ္မ်ားပါတယ္။ အသက္ငယ္ငယ္နဲ႔ အိမ္ေထာင္က်တဲ့သူေတြမွာလည္း အဲဒီ့သေဘာပဲ ျဖစ္ပါတယ္။ အသက္ငယ္ငယ္နဲ႔ အိမ္ေထာင္က်ေတာ့ အမ်ိဳးသားနဲ႔ ေနတဲ့အခ်ိန္ ပိုမ်ားသြားပါတယ္။ ဒါေၾကာင့္ HPV ပိုး ပိုကူးစက္ႏိုင္ေခ်ရွိလို႔ပါ။

ေဆးလိပ္ေသာက္သုံးတတ္တဲ့သူေတြရဲ႕ သားအိမ္ေခါင္းအခြၽဲထဲမွာ ေဆးလိပ္ထဲကပါတဲ့ ဓာတ္တခ်ိဳ႕ကို ေတြ႕ရပါတယ္။ ရွဴသြင္းလိုက္တဲ့ အဆုတ္ကေနတဆင့္ ေသြးထဲကိုေရာက္ အဲဒီေသြးထဲက သားအိမ္ေခါင္းထဲကို ေရာက္တာမ်ိဳး ျဖစ္ပါတယ္။ အဲဒီဓာတ္ေတြဟာ သားအိမ္ေခါင္းထဲက ပုံမွန္ျဖစ္လိုက္ ပ်က္လိုက္ျဖစ္ပြားေနတဲ့ cell ျဖစ္စဥ္ေတြကို ကေမာက္ကမျဖစ္ေစတတ္ပါတယ္။ ဒါေၾကာင့္ ေဆးလိပ္ေသာက္တတ္တဲ့သူေတြမွာ မေသာက္သူေတြထက္ သားအိမ္ေခါင္းကင္ဆာ ျဖစ္ႏိုင္ေခ် ၂ ဆ ပိုျမင့္မားပါတယ္။

ကိုယ္ခံအားနည္းတဲ့သူေတြမွာက် ကင္ဆာျဖစ္ေစတဲ့ မူမမွန္ cell ေတြ ႀကီးထြားမႈကို မဟန႔္တားႏိုင္ပါဘူး။ ဒါ့အျပင္ ကိုယ္ခံအားနည္းတဲ့အတြက္ ပိုးဝင္လာတဲ့အခါမ်ိဳးမွာလည္း တိုက္မထုတ္ႏိုင္ပါဘူး။ ဒါေၾကာင့္ ကိုယ္ခံအားနည္းတဲ့သူေတြမွာ ကင္ဆာေရာဂါ ျဖစ္ႏိုင္ေခ် ပိုမ်ားတာပါ။

သေႏၶတားေဆးေတြကို ႏွစ္ကာလရွည္ေသာက္တဲ့သူေတြမွာလည္း သားအိမ္ေခါင္းကင္ဆာ ျဖစ္ႏိုင္ေခ် ျမင့္မားပါတယ္။ ဒါေပမယ့္ တားေဆးျဖတ္လိုက္ၿပီး ၁၀ ႏွစ္ေလာက္ၾကာရင္ေတာ့ ျဖစ္ႏိုင္ေခ် ျပန္နည္းသြားေလ့ ရွိပါတယ္။

ကေလးေတြ အမ်ားႀကီး ေမြးထားတဲ့သူေတြမွာလည္း ပိုျဖစ္ႏိုင္ေခ် ရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ ကိုယ္ဝန္ေဆာင္စဥ္ ေဟာ္မုန္း ေျပာင္းလဲမႈေတြက HPV ပိုး ပိုကူးစက္ႏိုင္ဖို႔ လြယ္ကူသလို ကင္ဆာျဖစ္ေပၚေစဖို႔လည္း လြယ္ကူေစလို႔ပါ။ ၿပီးေတာ့ အသက္ ၁၇ ႏွစ္ေအာက္ မိခင္ေတြဟာ အသက္ ၂၅ ႏွစ္ေက်ာ္မွ ကိုယ္ဝန္ေဆာင္ ကေလးေမြးတာထက္ သားအိမ္ေခါင္းကင္ဆာ ျဖစ္ႏိုင္ေခ် ၂ ဆ ေလာက္ပိုမ်ားပါတယ္။

သားအိမ္ေခါင္းကင္ဆာျဖစ္ရင္ ဘယ္လို လကၡဏာေတြ ျပေလ့ရွိလဲ
ပုံမမွန္ေသြးဆင္းတတ္ပါတယ္။ ပုံမမွန္ေသြးဆင္းတယ္ဆိုတဲ့ ေနရာမွာ ရာသီလာခ်ိန္မဟုတ္ဘဲ ေသြးဆင္းတာ ၊ အမ်ိဳးသားနဲ႔ အတူေနၿပီးရင္ ေသြးထြက္တာေတြ ပါပါတယ္။ ၿပီးေတာ့ ေသြးဆုံးၿပီးမွ ေသြးျပန္ဆင္းတာလည္း မူမမွန္ဆင္းတာနဲ႔ အက်ဳံးဝင္ပါတယ္။ ရာသီေသြး မေပၚတာ 12 လၾကာသြားၿပီဆို ေသြးဆုံးၿပီလို႔ ယူဆပါတယ္။ ဒါေၾကာင့္ ရာသီမလာတာ ၁၂ လေလာက္ၾကာၿပီးမွ ျပန္ေပၚတယ္ဆိုရင္ေတာ့ သားအိမ္ေခါင္းကင္ဆာကလည္း ျဖစ္ႏိုင္ေခ် ရွိတဲ့ေရာဂါထဲက တစ္ခုျဖစ္လို႔ေနပါၿပီ။

အမ်ိဳးသားနဲ႔ အတူေနတဲ့အခါ နာက်င္တာေတြလည္း ျဖစ္တတ္ပါတယ္။ အနံ နံ႔တဲ့ အျဖဴေတြလည္း ဆင္းတတ္ပါတယ္။ ကင္ဆာက အဆင့္ေတြမ်ားၿပီး ပ်ံ႕သြားတဲ့အခါေတြမွာ ဆီးမထိန္းႏိုင္တာ ၊ ဆီးထဲမွာ ေသြးပါတာေတြ ျဖစ္တတ္ပါတယ္။ အ႐ိုးေတြကို ပ်ံ႕သြားတဲ့အခါ ခါးနာတာေတြ ျဖစ္ႏိုင္ပါတယ္။ တခ်ိဳ႕ေတြမွာ ေျခေထာက္တစ္ဖက္ႀကီး ေရာင္ၿပီး ကိုက္ေနတာမ်ိဳးေတြလည္း ျဖစ္ပါတယ္။ အူေတြကို ပ်ံ႕သြားတဲ့အခါ ဝမ္းသြားတဲ့ အေလ့အထေတြ ေျပာင္းသြားတာမ်ိဳး ၊ ဝမ္းခ်ဳပ္တာမ်ိဳးေတြ ခံစားရႏိုင္ပါတယ္။

သားအိမ္ေခါင္းကင္ဆာ မျဖစ္ေအာင္ ဘယ္လိုကာကြယ္ရမလဲ
သားအိမ္ေခါင္းကင္ဆာ ကာကြယ္ေဆး ထိုးေပးပါ။ ေဆးလိပ္မေသာက္ပါနဲ႔။ ကိုယ္ခံအား ေကာင္းေအာင္ အသီးအ႐ြက္ေတြ မ်ားမ်ား စားေပးပါ။ သားအိမ္အခြၽဲစ ယူၿပီး စစ္ေဆးပါ။ အသက္ ၂၁ ႏွစ္မွ အသက္ ၂၉ ႏွစ္ အမ်ိဳးသမီးတိုင္း သားအိမ္အခြၽဲစ စစ္ေဆးျခင္းကို ၃ ႏွစ္တစ္ခါခန႔္ ျပဳမူသင့္ပါတယ္။ အသက္ ၃၀ ေက်ာ္တဲ့ အမ်ိဳးသမီးတိုင္း ၅ ႏွစ္တစ္ခါ အခြၽဲစယူ စစ္ေဆးျခင္းေတြ ျပဳသင့္ပါတယ္။ အသက္ ၆၅ ႏွစ္အထိ ျပဳလုပ္ႏိုင္ရင္ အေကာင္းဆုံးပါ။ အိမ္ေထာင္သည္ အမ်ိဳးသားေရာ အမ်ိဳးသမီးေရာ မိမိ အိမ္ေထာင္ဖက္အေပၚ သစၥာရွိျခင္းျဖင့္လည္း HPV ပိုး ကူးစက္ခံရျခင္းမွ ေလ်ာ့နည္းေစပါတယ္။ အားလုံး ကိုယ္ႏွလုံး ႐ႊင္လန္းၾကပါေစ ဆုမြန္ေကာင္းေတာင္းရင္း ………………

Author : Dr. ေမ

(Unicode ျဖင့္ဖတ္ရန္)

သားအိမ်ခေါင်းကင်ဆာဆိုတာ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအတွက် အဖြစ်အများဆုံး ကင်ဆာရောဂါတစ်ခု ဆိုလည်း မမှားပါဘူး။ သားအိမ်ခေါင်းကင်ဆာ ဘယ်လိုလူတွေမှာ ပိုဖြစ်နိုင်တယ်၊ ဖြစ်လာခဲ့ရင် ဘယ်လို လက္ခဏာတွေ ရှိတယ်ဆိုတာကို ဒီဆောင်းပါးလေးမှာ ဖော်ပြလိုက်ပါတယ်။

သားအိမ်ခေါင်းကင်ဆာဟာ
 လိင်ဆက်ဆံဖော်များတဲ့သူတွေ
 လိင်နှင့်ပတ်သက်တဲ့ ကူးစက်ရောဂါ ရှိတဲ့သူတွေ
 ကိုယ်ခံအားနည်းတဲ့သူတွေ
 ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေ
 အသက် ငယ်ငယ်နဲ့ အိမ်ထောင်ကျတဲ့သူတွေ
 သန္ဓေတားဆေးတွေကို ကာလရှည်သောက်နေတဲ့သူတွေ
 ကလေးအများကြီး ရှိတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။

လိင်ဆက်ဆံဖော်များတဲ့သူတွေနဲ့ လိင်နဲ့ ပတ်သက်တဲ့ ကူးစက်ရောဂါ ရှိသူတွေမှာ ဘာကြောင့်ဖြစ်တာလဲဆိုရင် အဓိက ကတော့ Human Papilloma Virus လို့ခေါ်တဲ့ HPV ပိုးကြောင့် ဖြစ်တတ်ပါတယ်။ HPV ပိုး အမျိုးအစား ရာကျော်ရှိတဲ့အနက် တချို့အမျိုးအစားတွေက သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတတ်ပါတယ်။ ဒီပိုးဟာ လိင်ကတဆင့် ကူးစက်တတ်ပါတယ်။

တချို့ပိုးတွေက သူ့အလိုလို ပျောက်သွားလေ့ ရှိပြီး တစ်ခါတစ်လေမှာ မပျောက်ဘဲ နာတာရှည် ဖြစ်သွားတဲ့အခါမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ဖို့ အန္တရာယ်များပါတယ်။ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျတဲ့သူတွေမှာလည်း အဲဒီ့သဘောပဲ ဖြစ်ပါတယ်။ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျတော့ အမျိုးသားနဲ့ နေတဲ့အချိန် ပိုများသွားပါတယ်။ ဒါကြောင့် HPV ပိုး ပိုကူးစက်နိုင်ချေရှိလို့ပါ။

ဆေးလိပ်သောက်သုံးတတ်တဲ့သူတွေရဲ့ သားအိမ်ခေါင်းအချွဲထဲမှာ ဆေးလိပ်ထဲကပါတဲ့ ဓာတ်တချို့ကို တွေ့ရပါတယ်။ ရှူသွင်းလိုက်တဲ့ အဆုတ်ကနေတဆင့် သွေးထဲကိုရောက် အဲဒီသွေးထဲက သားအိမ်ခေါင်းထဲကို ရောက်တာမျိုး ဖြစ်ပါတယ်။ အဲဒီဓာတ်တွေဟာ သားအိမ်ခေါင်းထဲက ပုံမှန်ဖြစ်လိုက် ပျက်လိုက်ဖြစ်ပွားနေတဲ့ cell ဖြစ်စဉ်တွေကို ကမောက်ကမဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တတ်တဲ့သူတွေမှာ မသောက်သူတွေထက် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေ ၂ ဆ ပိုမြင့်မားပါတယ်။

ကိုယ်ခံအားနည်းတဲ့သူတွေမှာကျ ကင်ဆာဖြစ်စေတဲ့ မူမမှန် cell တွေ ကြီးထွားမှုကို မဟန့်တားနိုင်ပါဘူး။ ဒါ့အပြင် ကိုယ်ခံအားနည်းတဲ့အတွက် ပိုးဝင်လာတဲ့အခါမျိုးမှာလည်း တိုက်မထုတ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်ခံအားနည်းတဲ့သူတွေမှာ ကင်ဆာရောဂါ ဖြစ်နိုင်ချေ ပိုများတာပါ။

သန္ဓေတားဆေးတွေကို နှစ်ကာလရှည်သောက်တဲ့သူတွေမှာလည်း သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေ မြင့်မားပါတယ်။ ဒါပေမယ့် တားဆေးဖြတ်လိုက်ပြီး ၁၀ နှစ်လောက်ကြာရင်တော့ ဖြစ်နိုင်ချေ ပြန်နည်းသွားလေ့ ရှိပါတယ်။

ကလေးတွေ အများကြီး မွေးထားတဲ့သူတွေမှာလည်း ပိုဖြစ်နိုင်ချေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဝန်ဆောင်စဉ် ဟော်မုန်း ပြောင်းလဲမှုတွေက HPV ပိုး ပိုကူးစက်နိုင်ဖို့ လွယ်ကူသလို ကင်ဆာဖြစ်ပေါ်စေဖို့လည်း လွယ်ကူစေလို့ပါ။ ပြီးတော့ အသက် ၁၇ နှစ်အောက် မိခင်တွေဟာ အသက် ၂၅ နှစ်ကျော်မှ ကိုယ်ဝန်ဆောင် ကလေးမွေးတာထက် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေ ၂ ဆ လောက်ပိုများပါတယ်။

သားအိမ်ခေါင်းကင်ဆာဖြစ်ရင် ဘယ်လို လက္ခဏာတွေ ပြလေ့ရှိလဲ
ပုံမမှန်သွေးဆင်းတတ်ပါတယ်။ ပုံမမှန်သွေးဆင်းတယ်ဆိုတဲ့ နေရာမှာ ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းတာ ၊ အမျိုးသားနဲ့ အတူနေပြီးရင် သွေးထွက်တာတွေ ပါပါတယ်။ ပြီးတော့ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာလည်း မူမမှန်ဆင်းတာနဲ့ အကျုံးဝင်ပါတယ်။ ရာသီသွေး မပေါ်တာ 12 လကြာသွားပြီဆို သွေးဆုံးပြီလို့ ယူဆပါတယ်။ ဒါကြောင့် ရာသီမလာတာ ၁၂ လလောက်ကြာပြီးမှ ပြန်ပေါ်တယ်ဆိုရင်တော့ သားအိမ်ခေါင်းကင်ဆာကလည်း ဖြစ်နိုင်ချေ ရှိတဲ့ရောဂါထဲက တစ်ခုဖြစ်လို့နေပါပြီ။

အမျိုးသားနဲ့ အတူနေတဲ့အခါ နာကျင်တာတွေလည်း ဖြစ်တတ်ပါတယ်။ အနံ နံ့တဲ့ အဖြူတွေလည်း ဆင်းတတ်ပါတယ်။ ကင်ဆာက အဆင့်တွေများပြီး ပျံ့သွားတဲ့အခါတွေမှာ ဆီးမထိန်းနိုင်တာ ၊ ဆီးထဲမှာ သွေးပါတာတွေ ဖြစ်တတ်ပါတယ်။ အရိုးတွေကို ပျံ့သွားတဲ့အခါ ခါးနာတာတွေ ဖြစ်နိုင်ပါတယ်။ တချို့တွေမှာ ခြေထောက်တစ်ဖက်ကြီး ရောင်ပြီး ကိုက်နေတာမျိုးတွေလည်း ဖြစ်ပါတယ်။ အူတွေကို ပျံ့သွားတဲ့အခါ ဝမ်းသွားတဲ့ အလေ့အထတွေ ပြောင်းသွားတာမျိုး ၊ ဝမ်းချုပ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးပေးပါ။ ဆေးလိပ်မသောက်ပါနဲ့။ ကိုယ်ခံအား ကောင်းအောင် အသီးအရွက်တွေ များများ စားပေးပါ။ သားအိမ်အချွဲစ ယူပြီး စစ်ဆေးပါ။ အသက် ၂၁ နှစ်မှ အသက် ၂၉ နှစ် အမျိုးသမီးတိုင်း သားအိမ်အချွဲစ စစ်ဆေးခြင်းကို ၃ နှစ်တစ်ခါခန့် ပြုမူသင့်ပါတယ်။ အသက် ၃၀ ကျော်တဲ့ အမျိုးသမီးတိုင်း ၅ နှစ်တစ်ခါ အချွဲစယူ စစ်ဆေးခြင်းတွေ ပြုသင့်ပါတယ်။ အသက် ၆၅ နှစ်အထိ ပြုလုပ်နိုင်ရင် အကောင်းဆုံးပါ။ အိမ်ထောင်သည် အမျိုးသားရော အမျိုးသမီးရော မိမိ အိမ်ထောင်ဖက်အပေါ် သစ္စာရှိခြင်းဖြင့်လည်း HPV ပိုး ကူးစက်ခံရခြင်းမှ လျော့နည်းစေပါတယ်။ အားလုံး ကိုယ်နှလုံး ရွှင်လန်းကြပါစေ ဆုမွန်ကောင်းတောင်းရင်း ………………

Author : Dr. မေ

Previous Post

မွေးလမ်းကြောင်း ပိုးဝင်ခြင်း

Next Post

ပွဲတော်ရက်များ သတိထား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
483

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
903
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
482
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
759
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
444

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပွဲတော်ရက်များ သတိထား

လက္၊ ေျခဖဝါးႏွင့္ ပါးစပ္ ေရာဂါ

Diphtheria ဆုံဆို့နာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.