Papaya သေဘာသႌးအေၾကာင္း
သေဘၤာသီးကို အဂၤလိပ္လို ပါးပါးရား(Papaya)ဟုေခၚပါတယ္။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ ေနရာေတာ္ေတာ္မ်ားမ်ားမွာ အလြယ္တကူ ဝယ္ယူရရွိႏိုင္တဲ့ အသီးေတြထဲမွာ ပါတဲ့အသီးတမ်ိဳးျဖစ္ပါတယ္။ လူတိုင္းနီးပါးလည္း ႀကိဳက္ၾကပါတယ္။
အလြယ္တကူ ဝယ္ယူရရွိႏိုင္တဲ့အျပင္ ေဈးကလည္းသိပ္မႀကီးဘဲ တႏွစ္ပတ္လုံးနီးပါး ရႏိုင္တဲ့ အသီးျဖစ္တာေၾကာင့္ အမ်ိဳးမ်ိဳးလုပ္စားၾကပါတယ္။
တခ်ိဳ႕ကလည္းသေဘာသႌးအစိမ္းေထာင္း(ယိုးဒယားသေဘာသႌးေထာင္း)အေနနဲ႔ စားၾကသလို တခ်ိဳ႕ကလည္း အမွည့္ကို အခ်ိဴပြဲအျဖစ္ စားသုံးတာ ႏို႔တို႔ႏို႔ဆီတို႔နဲ႔ေရာစပ္ၿပီး ေဖ်ာ္ရည္အျဖစ္ ေသာက္တာမ်ိဳးေတြလည္းရွိပါတယ္။
သေဘာသႌးအစိမ္းကို ဟင္းခ်က္စားတာ၊ ယိုထိုးစားတာေတြလည္းရွိပါေသးတယ္။
သေဘာသႌးရဲ႕ပုံစံက ရွည္ရွည္ေမ်ာေမ်ာလုံးလုံးပုံစံပါ။ သေဘာသႌးမွည့္ရဲ႕ အနံ႔က ခပ္ျပင္းျပင္း စူးရွရွမဟုတ္ဘဲ ခ်ိဳခ်ိဳေမႊးေမႊးေလးျဖစ္တဲ့အျပင္ အသားကေထာပတ္ကဲ့သို႔ ႏူးညံ့ေပ်ာ့ေပ်ာင္းၿပီး ႏွစ္လိုဖြယ္ေကာင္းတဲ့အတြက္ အဂၤလိပ္လူမ်ိဳးေတြက သေဘာသႌးကို Fruit of the angels လို႔လည္း တင္စားေခၚေဝၚၾကတာ အံၾသစရာသိပ္မရွိပါဘူး။
သေဘာသႌးမွာ ဗီတာမင္စီ၊ ဘီဝမ္း၊ ဘီတူး၊ ေဖာလစ္အက္စစ္၊ ဗီတာမင္ေအ၊ ပိုတက္ဆီယမ္၊ မက္နီဆီယမ္၊ အမွ်င္ဓါတ္၊ သၾကားဓါတ္၊ ပန္သိုသီးနစ္အက္စစ္စတဲ့ အန္တီေအာက္ဆီးဒင့္ေတြ၊ ဗီတာမင္နဲ႔ သတၳဳဓါတ္ေတြ ႂကြယ္ဝစြာပါဝင္ပါတယ္။
အေနေတာ္ အ႐ြယ္သေဘာသႌးတလုံးကို စားျခင္းျဖင့္ ၁၁၇ ကယ္လိုရီ ရရွိႏိုင္ပါတယ္။ သေဘာသႌးအစိမ္းစားစား အမွည့္စားစား ရႏိုင္တဲ့ က်န္းမာေရးေကာင္းက်ိဳးေတြေတာ့မ်ားပါတယ္။
သေဘာသႌးမွာ အမွ်င္ဓါတ္ႂကြယ္ဝစြာ ပါေသာေၾကာင့္ ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ေပးၿပီး ဝမ္းမွန္ေစကာ အူမႀကီးကင္ဆာျဖစ္ပြားႏိုင္မႈကို ေလွ်ာ့ခ်ေပးပါတယ္။
သေဘာသႌးမွာပါဝင္တဲ့ ဗီတာမင္နဲ႔အာဟာရဓါတ္ေတြက ေသြးထဲမွာရွိတဲ့ မေကာင္းတဲ့အဆီဓါတ္ကို ေလ်ာ့နည္းေစတဲ့အတြက္ ေသြးေၾကာက်ဥ္းေရာဂါနဲ႔ႏွလုံးေရာဂါ ဆီးခ်ိဳေရာဂါျဖစ္ပြားမႈကိုလည္းေလ်ာ့နည္းေစပါတယ္။ ကိုယ္ခံအားကိုလည္း ေကာင္းေစကာ ျပင္ပမွ ေရာဂါေတြဝင္ေရာက္မႈကိုလည္း ကာကြယ္ေပးပါတယ္။
သေဘာသႌးမွာ ပါတဲ့အင္ဇိုင္းေတြဟာ ေရာင္ရမ္းမႈ(Inflammation)ကို ေလွ်ာ့ခ်ေစႏိုင္တဲ့အတြက္ ခဏခဏေခ်ာင္းဆိုးတတ္တဲ့သူေတြ၊ မၾကာခဏ ထိခိုက္ဒဏ္ရာရတတ္တဲ့သူေတြ၊အဆစ္အျမစ္ ေရာင္တတ္တဲ့သူေတြဆိုရင္ သေဘာသႌးကို မၾကာမၾကာ စားေပးသင့္ပါတယ္။
သေဘာသႌးကို မၾကာမၾကာ စားေပးပါက အေရျပားကို စိုေျပလွပေစႏိုင္တဲ့အျပင္ အေရျပားေရာဂါေတြကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။ အေရျပားေပၚမွာ ျဖစ္တတ္တဲ့ အမည္းစက္မ်ားကိုလည္း ေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။
Author : Dr. 528
Papaya သဘောင်္သီးအကြောင်း
သင်္ဘောသီးကို အင်္ဂလိပ်လို ပါးပါးရား(Papaya)ဟုခေါ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နေရာတော်တော်များများမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ အသီးတွေထဲမှာ ပါတဲ့အသီးတမျိုးဖြစ်ပါတယ်။ လူတိုင်းနီးပါးလည်း ကြိုက်ကြပါတယ်။
အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့အပြင် ဈေးကလည်းသိပ်မကြီးဘဲ တနှစ်ပတ်လုံးနီးပါး ရနိုင်တဲ့ အသီးဖြစ်တာကြောင့် အမျိုးမျိုးလုပ်စားကြပါတယ်။
တချို့ကလည်းသဘောင်္သီးအစိမ်းထောင်း(ယိုးဒယားသဘောင်္သီးထောင်း)အနေနဲ့ စားကြသလို တချို့ကလည်း အမှည့်ကို အချိူပွဲအဖြစ် စားသုံးတာ နို့တို့နို့ဆီတို့နဲ့ရောစပ်ပြီး ဖျော်ရည်အဖြစ် သောက်တာမျိုးတွေလည်းရှိပါတယ်။
သဘောင်္သီးအစိမ်းကို ဟင်းချက်စားတာ၊ ယိုထိုးစားတာတွေလည်းရှိပါသေးတယ်။
သဘောင်္သီးရဲ့ပုံစံက ရှည်ရှည်မျောမျောလုံးလုံးပုံစံပါ။ သဘောင်္သီးမှည့်ရဲ့ အနံ့က ခပ်ပြင်းပြင်း စူးရှရှမဟုတ်ဘဲ ချိုချိုမွှေးမွှေးလေးဖြစ်တဲ့အပြင် အသားကထောပတ်ကဲ့သို့ နူးညံ့ပျော့ပျောင်းပြီး နှစ်လိုဖွယ်ကောင်းတဲ့အတွက် အင်္ဂလိပ်လူမျိုးတွေက သဘောင်္သီးကို Fruit of the angels လို့လည်း တင်စားခေါ်ဝေါ်ကြတာ အံသြစရာသိပ်မရှိပါဘူး။
သဘောင်္သီးမှာ ဗီတာမင်စီ၊ ဘီဝမ်း၊ ဘီတူး၊ ဖောလစ်အက်စစ်၊ ဗီတာမင်အေ၊ ပိုတက်ဆီယမ်၊ မက်နီဆီယမ်၊ အမျှင်ဓါတ်၊ သကြားဓါတ်၊ ပန်သိုသီးနစ်အက်စစ်စတဲ့ အန်တီအောက်ဆီးဒင့်တွေ၊ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။
အနေတော် အရွယ်သဘောင်္သီးတလုံးကို စားခြင်းဖြင့် ၁၁၇ ကယ်လိုရီ ရရှိနိုင်ပါတယ်။ သဘောင်္သီးအစိမ်းစားစား အမှည့်စားစား ရနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေတော့များပါတယ်။
သဘောင်္သီးမှာ အမျှင်ဓါတ်ကြွယ်ဝစွာ ပါသောကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာဖြစ်ပွားနိုင်မှုကို လျှော့ချပေးပါတယ်။
သဘောင်္သီးမှာပါဝင်တဲ့ ဗီတာမင်နဲ့အာဟာရဓါတ်တွေက သွေးထဲမှာရှိတဲ့ မကောင်းတဲ့အဆီဓါတ်ကို လျော့နည်းစေတဲ့အတွက် သွေးကြောကျဉ်းရောဂါနဲ့နှလုံးရောဂါ ဆီးချိုရောဂါဖြစ်ပွားမှုကိုလည်းလျော့နည်းစေပါတယ်။ ကိုယ်ခံအားကိုလည်း ကောင်းစေကာ ပြင်ပမှ ရောဂါတွေဝင်ရောက်မှုကိုလည်း ကာကွယ်ပေးပါတယ်။
သဘောင်္သီးမှာ ပါတဲ့အင်ဇိုင်းတွေဟာ ရောင်ရမ်းမှု(Inflammation)ကို လျှော့ချစေနိုင်တဲ့အတွက် ခဏခဏချောင်းဆိုးတတ်တဲ့သူတွေ၊ မကြာခဏ ထိခိုက်ဒဏ်ရာရတတ်တဲ့သူတွေ၊အဆစ်အမြစ် ရောင်တတ်တဲ့သူတွေဆိုရင် သဘောင်္သီးကို မကြာမကြာ စားပေးသင့်ပါတယ်။
သဘောင်္သီးကို မကြာမကြာ စားပေးပါက အရေပြားကို စိုပြေလှပစေနိုင်တဲ့အပြင် အရေပြားရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားပေါ်မှာ ဖြစ်တတ်တဲ့ အမည်းစက်များကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။
Author : Dr. 528