စိတ်ဖိစီးမှုများလာရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေကတော့ နှလုံးရောဂါ၊ သွေးချို ဆီးချိုရောဂါ၊ အဝလွန်ရောဂါ၊ စိတ်ကျရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ နှင့် အခြား အစာအိမ်နှင့်အူလမ်းကြောင်း ရောဂါတွေ ဖြစ်ပါတယ်။ဒီစိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ပြဿနာတွေကို တစ်ဖက်တစ်လမ်းမှ စားသောက်မှုပုံစံတွေနဲ့ ကာကွယ်လို့ရပါတယ်။
(၁) အစိမ်းရောင်ရှိသော အသီးအရွက်များ
ဥပမာ- ပာင်းနုနွယ်အရွက်မှာ ဆိုရင် (Folate)ဖောလ်လိတ်ဓါတ် ကြွယ်ဝစွာပါဝင်တဲ့အတွက် ကျွန်တော်တို့ ခန္ဓာကိုယ်ကနေ ထုတ်တဲ့ mood regulating neurotransmitter လို့ခေါ်တဲ့ စီရိုတိုနင် (serotonin) နဲ့ ဒိုပါမင်း(dopamine) ထုတ်တာကို အားပေးတဲ့အတွက် စိတ်ဖိစီးမှုကြောင့် ဖြစ်လာမယ့် depression စိတ်ကျရောဂါ ကို ကာကွယ်ပေးပါတယ်။
(၂) အချဉ်ဖောက်ထားတဲ့ အစားအစာများ
ဥပမာ- ဒိန်ချဉ် မှာဆိုရင် အူလမ်ကြောင်းမှာ ရောဂါဖြစ်စေတဲ့ဘက်တီးရီးယားတွေကို ဖယ်ရှားပေးတဲ့အတွက် ထိုဘက်တီးရီးယားတွေ ကထုတ်တဲ့အဆိပ်ကြောင့် ဖြစ်တဲ့ရောဂါများ (စိတ်တိုစိတ်ဆတ်လွယ်တာ၊ စိတ်ဓါတ်ကျတာ၊ စိတ်မတည်မငြိမ်ဖြစ်တာ) ကို ကာကွယ်ပေးပါတယ်။
(၃) ဆော်လမွန်ငါး နှင့် အခြားသော ပင်လယ်ငါးများ
ငါးမှာ Omega 3 , EPA, DHA တွေ ပါတဲ့အတွက် စိတ်ကို ကြည်လင်လန်းဆန်းစေသလို မှတ်ဉာဏ်စွမ်းအားကိုလည်း ပိုကောင်းစေပါတယ်။
(၄) ဘယ်ရီသီးများ
ဘယ်ရီသီးမှာ Anthocyanin Pigment လို့ခေါ်တဲ့ ဓါတ်ပစ္စည်းတစ်မျိုး ပါတဲ့အတွက် ဓါတ်တိုးဆန့်ကျင်သတ္တိ (antioxidant action) အပြင် ဗီတာမင်စီ (vitamin C)ပါဝင်တဲ့အတွက် စိတ်ဖိစီးမှုတွေကိုပါ လျှော့ချပေးပါတယ်။
(၅) ချောကလက်(Dark Chocolate)
အခုနောက်ပိုင်း dark chocolate တွေကို အရမ်းစိတ်လှုပ်ရှားတဲ့ အချိန်တွေမှာ ဆေးတစ်မျိုး အနေနဲ့ အသုံးပြုလာပါတယ်။ အဓိက ကတော့ dark chocolate ဟာ Anandamide လို့ခေါ်တဲ့ ဓါတုပစ္စည်း ထုတ်တာကို အားပေးတဲ့ အတွက် စိတ်ဖိစီးခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်လှုပ်ရှားခြင်းတွေကို သက်သာစေပါတယ်။
(၆) အစေ့အဆန်များ
ဖရုံစေ့၊ နေကြာစေ့၊ နှမ်းစေ့ စတဲ့ အစေ့အဆန်တွေ မှာ မက်ဂနီဆီယမ် (Magnesium) ပါတဲ့ အတွက် စိတ်ဖိစီးမှုကို လျော့ကျပါတယ်။
(၇) ထောပတ်သီး
ထောပတ်သီးမှာ ပိုတက်ဆီယမ် (potassium)၊ ဗီတာမင်အီး (vitamin E) နှင့် ဗီတာမင်ဘီ(vitamin B), ဖောလ်လိတ် (Folate), မက်ဂနီဆီယမ် (Magnesium) တို့ပါဝင်တဲ့အတွက် အာဟာရ များစွာပါဝင်တဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။ ဗီတာမင်ဘီ နှင့် မက်ဂနီဆီယမ် ပါဝင်တဲ့ အတွက်ကြောင့် စိတ်ကြည်လင် လန်းဆန်းစေပြီး စိတ်ကျရောဂါကို ကာကွယ်ပေးပါတယ်။
လေးစားစွာဖြင့်
Dr. Nutrition