(Zawgyi)
ကြၽန္ေတာ္ တို႔ ေန႔စဥ္ စားေနတဲ့ စားသုံးဆီ ေတြထဲ မွာ ဘယ္လို ဆီမ်ိဳး ကို စားသင့္ပါသလဲ????
1. ေျမပဲဆီ
2. ႏွမ္းဆီ
3. ေနၾကာဆီ
4. ပဲပုပ္ေစ့ ဆီ
5. သံလြင္ဆီ
6. ပာင္း႐ြက္ဆီ
7. စားအုန္းဆီ
အေျဖ-
သံလြင္ဆီ ကေတာ့ အေကာင္းဆုံးပါ။ ဒါေပမယ့္ လက္ေတြ႕ မွာ ေဈးႏႈန္း ကတျခားဆီ ေတြထက္ ေဈးႀကီးေနေတာ့ လူတိုင္း ပုံမွန္ေန႔စဥ္ စားဖို႔ေတာ့ ခက္ခဲပါတယ္။
စားအုန္းဆီ ကေတာ့ ကြၽန္ေတာ္တို႔ ႏိုင္ငံကို တင္သြင္းတဲ့ ဆီ ေတြက အရည္ အေသြး မျပည့္မီ ပဲ ထုတ္လုပ္တဲ့ေနရာ မွာ အဆင့္တစ္ခုေလွ်ာ့ထားလို႔ ျမန္မာႏိုင္ငံ မွာ ဆိုရင္ေတာ့ စားအုန္းဆီ ကမစားသင့္ပါ။ တျခား အိမ္နီးခ်င္း ႏိုင္ငံ ေတြ မွာေတာ့ အရည္အေသြးျပည့္မီ တဲ့ အတြက္ စားၾကပါတယ္။
ဒါဆို က်န္တဲ့ ဆီေတြ အားလုံး ထဲက ဘာကိုေ႐ြးၾကမလဲ???
တကယ္ေတာ့ က်န္တဲ့ ဆီ ေတြ အားလုံး က က်န္းမာ ေရးအေပၚ အက်ိဳးသက္ေရာက္ ပုံ ေတြက သိပ္မကြာလွပါ။ ဒါေပမယ့္ အဓိက စဥ္းစားသင့္တဲ့ အခ်က္ကေတာ့ ဆီ သန႔္ မသန႔္ ဆိုတာစဥ္းစားဖို႔လိုအပ္ပါတယ္။ ဆီ သန႔္ မသန႔္ စဥ္းစားတဲ့ ေနရာ မွာ ပဲဆီ စစ္စစ္ ဟုတ္ မဟုတ္ ကို စဥ္းစားတာထက္ ဆီထဲ မွာ အသက္ အႏၲရာယ္ ျဖစ္ေစတဲ့ မႈိ ေတြ ပါ မပါ ကို စဥ္းစားရမွာပါ။ ဒါကလည္း ကြၽန္ေတာ္ တို႔ မ်က္စိ နဲ႔ ၾကည့္႐ုံ နဲ႔ မသိ ႏိုင္ပါ။
အခုလူေတာ္ေတာ္ မ်ားမ်ား သတိထားလာမိတာ က င႐ုတ္သီးမွာ ပါတဲ့ မႈိ တစ္မ်ိဳးက အသည္းကင္ဆာ ျဖစ္ေစတယ္ ဆိုတာပါ။ ဒါေပမယ့္ အဲ့ဒီ အသည္းကင္ဆာ ျဖစ္ေစတဲ့ မႈိ က ေျမပဲ မွာလည္း ပါတတ္တာကို သိပ္သတိမထား မိၾကပါဘူး။ ေျမပဲတင္မက ပါဘူး တခ်ိဳ႕ ကုန္ၾကမ္းေတြ မွာလည္း ေသခ်ာ အေျခာက္မခံ ရင္ ဒီမႈိေတြ က ေပါက္တတ္ပါတယ္။ ဒါ့ေၾကာင့္ ဒီမႈိ ေတြကပ္ေနတဲ့ ေျမပဲ ကို ႀကိတ္ထားတဲ့ ဆီ စားမိရင္လည္း အသည္းကင္ဆာ အႏၲရာယ္ ရွိလာ ႏိုင္ပါတယ္။
ဒါဆို ဘယ္လိုကာကြယ္ၾကမလဲ????
အေကာင္းဆုံး ေသာနည္းလမ္း ကေတာ့ ဆီ ဝယ္မယ္ဆိုရင္ တံဆိပ္ ကို ေသခ်ာ ဖတ္ၿပီး ဝယ္ပါ။ ဥပမာ FDA approved လုပ္ထားတဲ့ တံဆိပ္ မ်ိဳးကို ဝယ္သုံးပါ။ တခ်ိဳ႕ ျပည္တြင္း ျဖစ္ တံဆိပ္ေတြ က သတ္မွတ္ထားတဲ့ စံခ်ိန္ စံၫႊန္း ႏွင့္ ထုတ္တာ ရွိသလို တခ်ိဳ႕ က်ေတာ့ လည္း တႏိုင္တပိုင္ ထုတ္ၾက(ဥပမာ – ဆုံဆီ) တဲ့ လုပ္ငန္း က်ေတာ့ လည္း အရည္အေသြး မျပည့္မီ ဘဲ ဆီထဲ မွာ Aflatoxin (အသည္းကင္ဆာ ျဖစ္ေစေသာ မႈိ တစ္မ်ိဳး) ေတြ ပါဝင္ေနတတ္ပါတယ္။
ျဖစ္ႏိုင္ရင္ေတာ့ သံလြင္ဆီ သုံးပါ။ ဒါေပမယ့္ အေၾကာင္း အမ်ိဳးမ်ိဳး ေၾကာင့္ တျခားဆီ ေတြ သုံးမယ္ ဆိုရင္လည္း တံဆိပ္ မွာ GMP , HACCP စတဲ့ အမွတ္တံဆိပ္ေတြ ပါတဲ့ ဆီမ်ိဳး ကို ပဲ ေ႐ြးသုံးၾကဖို႔လိုအပ္ပါတယ္။ အဲ့ဒီ လို အမွတ္ တံဆိပ္ေတြ ပါတဲ့ အဓိပၸာယ္ ကေတာ့ ဒီဆီထဲ မွာ လူကို အႏၲရာယ္ျဖစ္ေစတဲ့ ပစၥည္း ေတြ ကင္းရွင္းေၾကာင္း အသိအမွတ္ ျပဳထားတဲ့ သေဘာပါ။
Author : Dr. Nyi Nyi Kyaw @ Dr. Nutrition
ကျွန်တော် တို့ နေ့စဉ် စားနေတဲ့ စားသုံးဆီ တွေထဲ မှာ ဘယ်လို ဆီမျိုး ကို စားသင့်ပါသလဲ????
1. မြေပဲဆီ
2. နှမ်းဆီ
3. နေကြာဆီ
4. ပဲပုပ်စေ့ ဆီ
5. သံလွင်ဆီ
6. ပာင်းရွက်ဆီ
7. စားအုန်းဆီ
အဖြေ-
သံလွင်ဆီ ကတော့ အကောင်းဆုံးပါ။ ဒါပေမယ့် လက်တွေ့ မှာ ဈေးနှုန်း ကတခြားဆီ တွေထက် ဈေးကြီးနေတော့ လူတိုင်း ပုံမှန်နေ့စဉ် စားဖို့တော့ ခက်ခဲပါတယ်။
စားအုန်းဆီ ကတော့ ကျွန်တော်တို့ နိုင်ငံကို တင်သွင်းတဲ့ ဆီ တွေက အရည် အသွေး မပြည့်မီ ပဲ ထုတ်လုပ်တဲ့နေရာ မှာ အဆင့်တစ်ခုလျှော့ထားလို့ မြန်မာနိုင်ငံ မှာ ဆိုရင်တော့ စားအုန်းဆီ ကမစားသင့်ပါ။ တခြား အိမ်နီးချင်း နိုင်ငံ တွေ မှာတော့ အရည်အသွေးပြည့်မီ တဲ့ အတွက် စားကြပါတယ်။
ဒါဆို ကျန်တဲ့ ဆီတွေ အားလုံး ထဲက ဘာကိုရွေးကြမလဲ????
တကယ်တော့ ကျန်တဲ့ ဆီ တွေ အားလုံး က ကျန်းမာ ရေးအပေါ် အကျိုးသက်ရောက် ပုံ တွေက သိပ်မကွာလှပါ။ ဒါပေမယ့် အဓိက စဉ်းစားသင့်တဲ့ အချက်ကတော့ ဆီ သန့် မသန့် ဆိုတာစဉ်းစားဖို့လိုအပ်ပါတယ်။ ဆီ သန့် မသန့် စဉ်းစားတဲ့ နေရာ မှာ ပဲဆီ စစ်စစ် ဟုတ် မဟုတ် ကို စဉ်းစားတာထက် ဆီထဲ မှာ အသက် အန္တရာယ် ဖြစ်စေတဲ့ မှို တွေ ပါ မပါ ကို စဉ်းစားရမှာပါ။ ဒါကလည်း ကျွန်တော် တို့ မျက်စိ နဲ့ ကြည့်ရုံ နဲ့ မသိ နိုင်ပါ။
အခုလူတော်တော် များများ သတိထားလာမိတာ က ငရုတ်သီးမှာ ပါတဲ့ မှို တစ်မျိုးက အသည်းကင်ဆာ ဖြစ်စေတယ် ဆိုတာပါ။ ဒါပေမယ့် အဲ့ဒီ အသည်းကင်ဆာ ဖြစ်စေတဲ့ မှို က မြေပဲ မှာလည်း ပါတတ်တာကို သိပ်သတိမထား မိကြပါဘူး။ မြေပဲတင်မက ပါဘူး တချို့ ကုန်ကြမ်းတွေ မှာလည်း သေချာ အခြောက်မခံ ရင် ဒီမှိုတွေ က ပေါက်တတ်ပါတယ်။ ဒါ့ကြောင့် ဒီမှို တွေကပ်နေတဲ့ မြေပဲ ကို ကြိတ်ထားတဲ့ ဆီ စားမိရင်လည်း အသည်းကင်ဆာ အန္တရာယ် ရှိလာ နိုင်ပါတယ်။
ဒါဆို ဘယ်လိုကာကွယ်ကြမလဲ????
အကောင်းဆုံး သောနည်းလမ်း ကတော့ ဆီ ဝယ်မယ်ဆိုရင် တံဆိပ် ကို သေချာ ဖတ်ပြီး ဝယ်ပါ။ ဥပမာ FDA approved လုပ်ထားတဲ့ တံဆိပ် မျိုးကို ဝယ်သုံးပါ။ တချို့ ပြည်တွင်း ဖြစ် တံဆိပ်တွေ က သတ်မှတ်ထားတဲ့ စံချိန် စံညွှန်း နှင့် ထုတ်တာ ရှိသလို တချို့ ကျတော့ လည်း တနိုင်တပိုင် ထုတ်ကြ(ဥပမာ – ဆုံဆီ) တဲ့ လုပ်ငန်း ကျတော့ လည်း အရည်အသွေး မပြည့်မီ ဘဲ ဆီထဲ မှာ Aflatoxin (အသည်းကင်ဆာ ဖြစ်စေသော မှို တစ်မျိုး) တွေ ပါဝင်နေတတ်ပါတယ်။
ဖြစ်နိုင်ရင်တော့ သံလွင်ဆီ သုံးပါ။ ဒါပေမယ့် အကြောင်း အမျိုးမျိုး ကြောင့် တခြားဆီ တွေ သုံးမယ် ဆိုရင်လည်း တံဆိပ် မှာ GMP , HACCP စတဲ့ အမှတ်တံဆိပ်တွေ ပါတဲ့ ဆီမျိုး ကို ပဲ ရွေးသုံးကြဖို့လိုအပ်ပါတယ်။ အဲ့ဒီ လို အမှတ် တံဆိပ်တွေ ပါတဲ့ အဓိပ္ပာယ် ကတော့ ဒီဆီထဲ မှာ လူကို အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်း တွေ ကင်းရှင်းကြောင်း အသိအမှတ် ပြုထားတဲ့ သဘောပါ။
Author : Dr. Nyi Nyi Kyaw @ Dr. Nutrition