fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

WY အကြောင်း

11.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/01/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

WY အေၾကာင္း

WY ေဆးျပားဆိုတာက Methamphetamine နဲ႔ Caffine ဆိုတဲ့ ဓါတုပစၥည္းႏွစ္ခု အဓိကပါဝင္တဲ့ တရားမဝင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ျဖစ္ပါတယ္။ လုံးလုံးဝိုင္းဝိုင္းပုံစံနဲ႔ အခ်င္း(Diameter) 0.24 inch ေလာက္ရွိပါတယ္။ အေရာင္ကေတာ့ မ်ိဳးစုံရွိေပမယ့္ အမ်ားအားျဖင့္ အနီေရာင္၊ ပန္းေရာင္နဲ႔ လိေမၼာ္ေရာင္ေတြ အေတြ႕မ်ားပါတယ္။

ေနရာေဒသနဲ႔ လိုက္ၿပီး ထိုစိတ္ႂကြ႐ူးသြပ္ေဆးျပားမွာ နာမည္မ်ိဴးစုံ ရွိပါတယ္။ ျမန္မာႏိုင္ငံမွာ WY လို႔ ေခၚၾကေပမယ့္ ဖိလစ္ပိုင္ နဲ႔ အင္ဒိုနီးရွားမွာဆိုရင္ ရွဘူး(Shabu)၊ ဘဂၤလားေဒ့ရွ္မွာဆိုရင္ ဂူတီ(Guti)၊ ထိုင္းႏိုင္ငံေျမာက္ပိုင္းမွာဆိုရင္ ခ်ိဳကလီး (Chocalee) စသျဖင့္ ႏိုင္ငံတစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ အေခၚေဝၚေတြ ကြဲျပားပါတယ္။

ႏိုင္ငံတကာအေနနဲ႔ေတာ့ ယာမ(Ya ma) ယာဘ(Ya ba) လို႔သိၾကပါတယ္။ Amphetamine ဆိုတာက ဗဟိုအာ႐ုံေၾကာအဖြဲ႕အစည္း(Central Nervous System) ကို အားေကာင္းေကာင္းနဲ႔ လႈံ႕ေဆာ္ၿပီး စိတ္ခံစားမႈကို ျမႇင့္တင္ေပးတဲ့ ဓါတုပစၥည္းတစ္မ်ိဳးပါ။

Lazăr Edeleanu လို႔အမည္ရတဲ့ ႐ိုမန္းနီးယန္း ဓါတုပညာရွင္ (Romanian chemist) က ၁၈၈၇ ခုႏွစ္တြင္ ဂ်ာမနီႏိုင္ငံက ဓါတ္ခြဲခန္းမွာ စမ္းသပ္ေဖာ္ထုတ္ခဲ့တာ ျဖစ္ပါတယ္။ စစခ်င္းမွာ အာ႐ုံေၾကာနဲ႔ဆိုင္တဲ့ေရာဂါ၊ စိတ္နဲ႔ဆိုင္တဲ့ေရာဂါေတြကို ကုသဖို႔နဲ႔ စစ္တပ္သုံးအေနနဲ႔သာ အသုံးျပဳခဲ့ေပမယ့္ ေနာက္ပိုင္းမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တစတစ တစ္ကမာၻလုံးကိုပ်ံ႕သြားၿပီး အေဝးေျပးကားေမာင္းသမားေတြ၊ အားကစားသမားေတြပါ သုံးလာၾကပါတယ္။

ဒီလိုနဲ႔ပဲ ျမန္မာႏိုင္ငံကိုပါ ေရာက္ရွိလာခဲ့ပါတယ္။ စစခ်င္းေရာက္တာကေတာ့ နယ္စပ္ေဒသတစ္ခုျဖစ္တဲ့ ၀ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသကို ေရာက္တာပါ။ အစပိုင္းမွာ မတ္ေစာက္တဲ့ေတာင္ေတြကို တက္ရတဲ့အခါ၊ အလုပ္ၾကမ္းေတြ မနားတမ္းခိုင္းတဲ့အခါ အေမာခံႏိုင္ေအာင္ဆိုၿပီး ျမင္းေတြကို တိုက္ခဲ့တာပါ။ဒါေၾကာင့္ ျမင္းေဆး(horse drug) လို႔လည္း ေခၚခဲ့ပါေသးတယ္။

အဲ့ကေနတဆင့္ ဝေဒသမွာရွိတဲ့ ၀ လူငယ္ေတြစၿပီး စမ္းသုံးၾကည့္ရာက ဒီေဆးသုံးရင္ မအိပ္မစားလည္း အေမာခံႏိုင္တယ္၊ လန္းဆန္းတက္ႂကြေနတယ္ဆိုၿပီး ၀ လူငယ္ေတြၾကားမွာ အသုံးမ်ားလာပါတယ္။

ဒီလိုကေန တျဖည္းျဖည္းအသုံးမ်ားလာေတာ့ သူတို႔ဘာသာ သူတို႔အမွတ္တံဆိပ္ WY (Wa Youth) ဝလူငယ္ ဆိုၿပီး ေဆးျပား႐ိုက္ကာ ထုတ္တဲ့အျပင္ ျမန္မာတစ္ျပည္လုံးမွာရွိတဲ့ လူငယ္ေတြ ၾကားထဲကိုပါ ဝိသမေလာဘသားေတြကဆင့္ တရားမဝင္နည္းေတြနဲ႔ ျဖန႔္ခ်ီလာပါတယ္။ WY နာမည္အျပင္ ၾကယ္သီး၊ အသီး လို႔လည္း ေခၚၾကပါေသးတယ္။

အခုဆိုရင္ ျမန္မာတစ္ျပည္လုံး ေနရာအႏွံ႔က လူငယ္ေတြၾကားထဲမွာ WY ေဆးျပားဟာ ေပၚျပဴလာ ျဖစ္ေနပါတယ္။ စစသုံးခ်င္းမွာ ေဆးျပားကို ေသာက္တာေလာက္ပဲရွိေပမယ့္ ေနာက္ပိုင္းမွာ အကင္ခဲျပား၊ အလွျပင္ဆိုင္သုံးခဲျပား၊ အိုးဖာတိပ္၊ ပီကယ္ခြံ နဲ႔ ေဆးလိပ္ဗူးခြံထဲက ခဲျပား စတဲ့ ခဲျပားတစ္ခုခုေပၚမွာ ေဆးျပားကိုတင္လိုက္ကာ မီးျခစ္မီးအေသးစားေလးနဲ႔ အပူေပးၿပီး ထြက္လာတဲ့ အေငြ႕ကိုတိုက္႐ိုက္ရွဴတာ၊ ေရခံရွဴတာ (ေရသန႔္ဘူးခြံ၊အေအးဘူးခြံကို ေရနည္းနည္းထည့္၊ ေရထည့္တဲ့အေပၚနားက အေပါက္ေဖာက္ အေအးေသာက္တဲ့ပိုက္ထည့္ ပိုက္တစ္ဖက္ ေရထဲျမဳပ္၊ တစ္ဖက္ကို အျပင္ထုတ္၊အျပင္ထုတ္ထားတဲ့ပိုက္နားမွာ ေဆးျပားကို ခဲျပားေပၚတင္ မီးအပူေပးပါတယ္။ အဲ့အခါမွာ အေငြ႕က အျပင္ထုတ္ထားတဲ့ ပိုက္ကေနတဆင့္ ေရထဲျဖတ္ၿပီး ဘူးခြံအဝကေန ထြက္ပါတယ္။ အဲ့အေငြ႕ကို ရွဴတာပါ) ေတြပါ လုပ္လာၾကပါတယ္။

အေငြ႕ရွဴတာကိုေတာ့ ျမန္မာျပည္က ေဆးသုံးသူေတြၾကားထဲမွာ နဂါးေငြ႕တန္းကို ဖမ္းတယ္လို႔ တင္စားၾကပါတယ္။ အဂၤလိပ္လိုေတာ့ Chasing the Dragon လို႔ပဲ ေခၚပါတယ္။ အေငြ႕ရွဴသူေတြ အခ်င္းခ်င္းၾကားထဲမွာ ေရ မခံရင္ အေသျမန္တယ္လို႔လည္း စသလိုလို အတည္လိုလို ေျပာၾကပါတယ္။ ဘယ္လိုရွဴရွဴ အႏၲရာယ္ရွိတာပါပဲ။

ဒါ့အျပင္ ေဆးျပားကိုအမႈန႔္ေခ်ၿပီး မိုးေရနဲ႔ေရာကာ အေၾကာထဲထိုးတာလည္း လုပ္ၾကပါတယ္။ အေၾကာထဲ တိုက္႐ိုက္ထိုးတာက ေဆးရွိန္တက္တာ အရမ္းျမန္သလို အရမ္းလည္းအႏၲရာယ္မ်ားပါတယ္။ အဓိက ေသြးေၾကာမႀကီးေတြထဲမွာ ေဆးခဲၿပီး ခ်က္ခ်င္းေသတတ္သလို မသန႔္တဲ့အပ္ကို သုံးရာမွတဆင့္ ဘီပိုး၊ စီပိုး၊ အိတ္အိုင္ဗြီ စတဲ့ ေရာဂါပိုးေတြပါ ကူးစက္ခံရႏိုင္ပါတယ္။

ေဆးစသုံးခါစမွာ စိတ္ေရာကိုယ္ပါ ေပါ့ပါးတက္ႂကြလန္းဆန္းၿပီး ေျပာေကာင္းဆိုေကာင္းရွိကာ အားအင္တိုးေနသလိုရွိေပမယ့္ သုံးတာၾကာလာတာနဲ႔အမွ် စိတ္ေရာ ခႏၶာကိုယ္ေရာ ထိခိုက္လာပါတယ္။

ေဆးသုံးတာၾကာလာတာနဲ႔အမွ် ရႏိုင္တဲ့ေဘးထြက္ဆိုးက်ိဴးေတြကေတာ့

စိတ္ပိုင္းဆိုင္ရာအေနနဲ႔ဆိုရင္ စိတ္တိုစိတ္ဆတ္လာတာ၊ ဘာကိုေၾကာက္မွန္းမသိဘဲ စိုးရိမ္ထိတ္လန႔္လာတာ၊ လူတိုင္းကို အရာရာကို မယုံသကၤာျဖစ္လာတာ၊ အစားေသာက္ပ်က္တာ၊ အိပ္မေပ်ာ္တာ၊ေနာက္ဆုံးစိတ္ဓါတ္က်ကာ မိမိကိုယ္မိမိသတ္ေသတာေတြအထိျဖစ္နိင္ၿပီး

႐ုပ္ပိုင္းဆိုင္ရာအေနနဲ႔ဆိုရင္ ဆံပင္ေတြကြၽတ္တာ၊ ပိန္ခ်ဳံးလာတာ၊ အာေခါင္ေျခာက္တာ၊ ခံတြင္းနံ႔နံတာ၊ သြားေတြမွာေက်ာက္တည္ၿပီး သြားေတြေႂကြက်တာ

ခံတြင္းနဲ႔ အစာေရမ်ိဳႁပြန္ ကင္ဆာျဖစ္တာ၊ အားမရွိတာ၊ ေခါင္းကိုက္တာ၊ ေက်ာက္ကပ္၊ အသည္းေတြထိခိုက္ပ်က္စီးတာ၊ ေသြးေပါင္ခ်ိန္တိုးၿပီး ႏွလုံးခုန္ျမန္လာကာ ေသြးေၾကာေပါက္ၿပဲတာ၊ ႏွလုံးရပ္ၿပီးေသဆုံးတာေတြ အထိျဖစ္ႏိုင္ပါတယ္။ ဒါေတြအျပင္ ဘီပိုး၊ စီပိုး၊ အိတ္အိုင္ဗြီပိုးေတြ ကူးစက္ခံရႏိုင္ေျခလည္းမ်ားပါတယ္။ လုံးဝစမ္းမသုံးသင့္ မစမ္းသပ္သင့္တဲ့အရာ ျဖစ္ပါတယ္။

အဆုံးသတ္အေနနဲ႔ေျပာရရင္ ကြၽန္ေတာ္တို႔လို ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာရွိတဲ့ လူငယ္အမ်ားစုဟာ မူးယစ္ေဆးရဲ႕ သားေကာင္ ျဖစ္ေနၾကရပါတယ္။ ျပည္တြင္းစစ္ပြဲေတြ၊ တရားဥပေဒစိုးမိုးေရး အားနည္းမႈေတြ၊နယ္စပ္နဲ႔ျပည္တြင္း လုံၿခဳံေရးအားနည္းမႈေတြကို အခြင့္ေကာင္းယူကာ မူးယစ္ေဆးေတြဟာ နည္းအမ်ိဳးမ်ိဳးနဲ႔ လူငယ္ေတြဆီ ေရာက္ရွိေနပါတယ္။

လူငယ္ဆိုတာကလည္း လူငယ္တို႔ သဘာဝအေလ်ာက္ အရာရာကို စူးစမ္းခ်င္စိတ္ ရွိတတ္ၾကပါတယ္။ဒါ့အျပင္ ကြၽန္ေတာ္တို႔ႏိုင္ငံမွာက် ေဆးလိပ္၊ ကြမ္းေရာင္းတဲ့ အလြယ္ရႏိုင္တဲ့ ကြမ္းယာဆိုင္ေတြ၊ဘီယာဆိုင္ေတြဆိုတာကလည္း အမ်ားႀကီးပါ။ အထက္တန္းေက်ာင္းေတြ၊ တကၠသိုလ္ေက်ာင္းနားေတြမွာလည္း ရွိေနပါတယ္။

လူငယ္ေတြဟာ ၿမီးေကာင္ေပါက္အ႐ြယ္ (အထက္တန္းေက်ာင္းသားအ႐ြယ္) ေလာက္မွာ လူႀကီးေတြလုပ္တာေတြကို အတုယူကာ ေဆးလိပ္စမ္းေသာက္တာ၊ ကြမ္းစမ္းဝါးၾကည့္တာေတြ လုပ္ေလ့ရွိပါတယ္။ အဲ့လိုေဆးလိပ္၊ ကြမ္းကေနတဆင့္ အခုေခတ္ စိတ္ႂကြ႐ူးသြပ္ေဆးျပားေတြကို စမ္းသုံးရင္းနဲ႔ပဲေဆးစြဲသြားၾကပါတယ္။

တခ်ိဳ႕ေသာလူငယ္ေတြကလည္း ေဆးစြဲတယ္ဆိုတာ စိတ္ဓါတ္ေပ်ာ့ညံ့တဲ့သူေတြပဲ စြဲတာပါကြာ ငါကေတာ့ မစြဲေလာက္ပါဘူးဆိုၿပီး မိမိကိုယ္မိမိ အထင္ႀကီးကာ စမ္းသုံးရင္းနဲ႔ စြဲသြားတာမ်ိဳးလည္း ရွိပါတယ္။

ဒါေၾကာင့္ လူငယ္ေတြအေနနဲ႔ လမ္းမွားမေရာက္ဖို႔အတြက္ ေက်ာင္းေတြ ရပ္ကြက္ေတြမွာ စိတ္ႂကြ႐ူးသြပ္ေဆးျပားအပါအဝင္ မူးယစ္ေဆးဝါးအႏၲရာယ္အေၾကာင္းကို ပညာေပးေဟာေျပာတာေတြ၊ မိဘေတြကလည္း မိမိကေလး ၿမီးေကာင္ေပါက္အ႐ြယ္ ေရာက္လာပါက စီးပြားေရးလုပ္ေနရလို႔ အလုပ္လုပ္ေနရလို႔ဆိုၿပီး ပစ္မထားဘဲ မိမိသားသမီးရဲ႕ အရိပ္အေျခကို အကဲခတ္ကာ မူမမွန္တာေတြ႕တာနဲ႔ ေက်ာင္းကဆရာေတြနဲ႔ တိုင္ပင္တာ၊ နားလည္တတ္ကြၽမ္းတဲ့သူနဲ႔ တိုင္ပင္တာေတြ လုပ္ဖို႔လိုပါတယ္။အစိုးရအေနနဲ႔ကလည္း မူးယစ္ေဆးသုံးစြဲတဲ့သူေတြကိုပဲဖမ္းေနတာအျပင္ ျပည္သူလူထုနဲ႔ ေပါင္းၿပီးေတာ့ စီမံကိန္းေကာင္းေကာင္းခ်ကာ အဓိကထုတ္လုပ္ေနတဲ့ အဖြဲ႕အစည္းေတြကိုပါ တိုက္ဖ်က္ဖို႔လိုမယ္လို႔ အႀကံျပဳရင္ ေဆာင္းပါးကို အဆုံးသတ္လိုက္ရပါတယ္။

Author : Dr. 528

WY အကြောင်း

WY ဆေးပြားဆိုတာက Methamphetamine နဲ့ Caffine ဆိုတဲ့ ဓါတုပစ္စည်းနှစ်ခု အဓိကပါဝင်တဲ့ တရားမဝင် စိတ်ကြွရူးသွပ်ဆေးပြား ဖြစ်ပါတယ်။ လုံးလုံးဝိုင်းဝိုင်းပုံစံနဲ့ အချင်း(Diameter) 0.24 inch လောက်ရှိပါတယ်။ အရောင်ကတော့ မျိုးစုံရှိပေမယ့် အများအားဖြင့် အနီရောင်၊ ပန်းရောင်နဲ့ လိမ္မော်ရောင်တွေ အတွေ့များပါတယ်။

နေရာဒေသနဲ့ လိုက်ပြီး ထိုစိတ်ကြွရူးသွပ်ဆေးပြားမှာ နာမည်မျိူးစုံ ရှိပါတယ်။ မြန်မာနိုင်ငံမှာ WY လို့ ခေါ်ကြပေမယ့် ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှားမှာဆိုရင် ရှဘူး(Shabu)၊ ဘင်္ဂလားဒေ့ရှ်မှာဆိုရင် ဂူတီ(Guti)၊ ထိုင်းနိုင်ငံမြောက်ပိုင်းမှာဆိုရင် ချိုကလီး (Chocalee) စသဖြင့် နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ အခေါ်ဝေါ်တွေ ကွဲပြားပါတယ်။

နိုင်ငံတကာအနေနဲ့တော့ ယာမ(Ya ma) ယာဘ(Ya ba) လို့သိကြပါတယ်။ Amphetamine ဆိုတာက ဗဟိုအာရုံကြောအဖွဲ့အစည်း(Central Nervous System) ကို အားကောင်းကောင်းနဲ့ လှုံ့ဆော်ပြီး စိတ်ခံစားမှုကို မြှင့်တင်ပေးတဲ့ ဓါတုပစ္စည်းတစ်မျိုးပါ။

Lazăr Edeleanu လို့အမည်ရတဲ့ ရိုမန်းနီးယန်း ဓါတုပညာရှင် (Romanian chemist) က ၁၈၈၇ ခုနှစ်တွင် ဂျာမနီနိုင်ငံက ဓါတ်ခွဲခန်းမှာ စမ်းသပ်ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ စစချင်းမှာ အာရုံကြောနဲ့ဆိုင်တဲ့ရောဂါ၊ စိတ်နဲ့ဆိုင်တဲ့ရောဂါတွေကို ကုသဖို့နဲ့ စစ်တပ်သုံးအနေနဲ့သာ အသုံးပြုခဲ့ပေမယ့် နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် တစတစ တစ်ကမ္ဘာလုံးကိုပျံ့သွားပြီး အဝေးပြေးကားမောင်းသမားတွေ၊ အားကစားသမားတွေပါ သုံးလာကြပါတယ်။

ဒီလိုနဲ့ပဲ မြန်မာနိုင်ငံကိုပါ ရောက်ရှိလာခဲ့ပါတယ်။ စစချင်းရောက်တာကတော့ နယ်စပ်ဒေသတစ်ခုဖြစ်တဲ့ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို ရောက်တာပါ။ အစပိုင်းမှာ မတ်စောက်တဲ့တောင်တွေကို တက်ရတဲ့အခါ၊ အလုပ်ကြမ်းတွေ မနားတမ်းခိုင်းတဲ့အခါ အမောခံနိုင်အောင်ဆိုပြီး မြင်းတွေကို တိုက်ခဲ့တာပါ။ဒါကြောင့် မြင်းဆေး(horse drug) လို့လည်း ခေါ်ခဲ့ပါသေးတယ်။

အဲ့ကနေတဆင့် ဝဒေသမှာရှိတဲ့ ၀ လူငယ်တွေစပြီး စမ်းသုံးကြည့်ရာက ဒီဆေးသုံးရင် မအိပ်မစားလည်း အမောခံနိုင်တယ်၊ လန်းဆန်းတက်ကြွနေတယ်ဆိုပြီး ၀ လူငယ်တွေကြားမှာ အသုံးများလာပါတယ်။

ဒီလိုကနေ တဖြည်းဖြည်းအသုံးများလာတော့ သူတို့ဘာသာ သူတို့အမှတ်တံဆိပ် WY (Wa Youth) ဝလူငယ် ဆိုပြီး ဆေးပြားရိုက်ကာ ထုတ်တဲ့အပြင် မြန်မာတစ်ပြည်လုံးမှာရှိတဲ့ လူငယ်တွေ ကြားထဲကိုပါ ဝိသမလောဘသားတွေကဆင့် တရားမဝင်နည်းတွေနဲ့ ဖြန့်ချီလာပါတယ်။ WY နာမည်အပြင် ကြယ်သီး၊ အသီး လို့လည်း ခေါ်ကြပါသေးတယ်။

အခုဆိုရင် မြန်မာတစ်ပြည်လုံး နေရာအနှံ့က လူငယ်တွေကြားထဲမှာ WY ဆေးပြားဟာ ပေါ်ပြူလာ ဖြစ်နေပါတယ်။ စစသုံးချင်းမှာ ဆေးပြားကို သောက်တာလောက်ပဲရှိပေမယ့် နောက်ပိုင်းမှာ အကင်ခဲပြား၊ အလှပြင်ဆိုင်သုံးခဲပြား၊ အိုးဖာတိပ်၊ ပီကယ်ခွံ နဲ့ ဆေးလိပ်ဗူးခွံထဲက ခဲပြား စတဲ့ ခဲပြားတစ်ခုခုပေါ်မှာ ဆေးပြားကိုတင်လိုက်ကာ မီးခြစ်မီးအသေးစားလေးနဲ့ အပူပေးပြီး ထွက်လာတဲ့ အငွေ့ကိုတိုက်ရိုက်ရှူတာ၊ ရေခံရှူတာ (ရေသန့်ဘူးခွံ၊အအေးဘူးခွံကို ရေနည်းနည်းထည့်၊ ရေထည့်တဲ့အပေါ်နားက အပေါက်ဖောက် အအေးသောက်တဲ့ပိုက်ထည့် ပိုက်တစ်ဖက် ရေထဲမြုပ်၊ တစ်ဖက်ကို အပြင်ထုတ်၊အပြင်ထုတ်ထားတဲ့ပိုက်နားမှာ ဆေးပြားကို ခဲပြားပေါ်တင် မီးအပူပေးပါတယ်။ အဲ့အခါမှာ အငွေ့က အပြင်ထုတ်ထားတဲ့ ပိုက်ကနေတဆင့် ရေထဲဖြတ်ပြီး ဘူးခွံအဝကနေ ထွက်ပါတယ်။ အဲ့အငွေ့ကို ရှူတာပါ) တွေပါ လုပ်လာကြပါတယ်။

အငွေ့ရှူတာကိုတော့ မြန်မာပြည်က ဆေးသုံးသူတွေကြားထဲမှာ နဂါးငွေ့တန်းကို ဖမ်းတယ်လို့ တင်စားကြပါတယ်။ အင်္ဂလိပ်လိုတော့ Chasing the Dragon လို့ပဲ ခေါ်ပါတယ်။ အငွေ့ရှူသူတွေ အချင်းချင်းကြားထဲမှာ ရေ မခံရင် အသေမြန်တယ်လို့လည်း စသလိုလို အတည်လိုလို ပြောကြပါတယ်။ ဘယ်လိုရှူရှူ အန္တရာယ်ရှိတာပါပဲ။

ဒါ့အပြင် ဆေးပြားကိုအမှုန့်ချေပြီး မိုးရေနဲ့ရောကာ အကြောထဲထိုးတာလည်း လုပ်ကြပါတယ်။ အကြောထဲ တိုက်ရိုက်ထိုးတာက ဆေးရှိန်တက်တာ အရမ်းမြန်သလို အရမ်းလည်းအန္တရာယ်များပါတယ်။ အဓိက သွေးကြောမကြီးတွေထဲမှာ ဆေးခဲပြီး ချက်ချင်းသေတတ်သလို မသန့်တဲ့အပ်ကို သုံးရာမှတဆင့် ဘီပိုး၊ စီပိုး၊ အိတ်အိုင်ဗွီ စတဲ့ ရောဂါပိုးတွေပါ ကူးစက်ခံရနိုင်ပါတယ်။

ဆေးစသုံးခါစမှာ စိတ်ရောကိုယ်ပါ ပေါ့ပါးတက်ကြွလန်းဆန်းပြီး ပြောကောင်းဆိုကောင်းရှိကာ အားအင်တိုးနေသလိုရှိပေမယ့် သုံးတာကြာလာတာနဲ့အမျှ စိတ်ရော ခန္ဓာကိုယ်ရော ထိခိုက်လာပါတယ်။

ဆေးသုံးတာကြာလာတာနဲ့အမျှ ရနိုင်တဲ့ဘေးထွက်ဆိုးကျိူးတွေကတော့

စိတ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင် စိတ်တိုစိတ်ဆတ်လာတာ၊ ဘာကိုကြောက်မှန်းမသိဘဲ စိုးရိမ်ထိတ်လန့်လာတာ၊ လူတိုင်းကို အရာရာကို မယုံသင်္ကာဖြစ်လာတာ၊ အစားသောက်ပျက်တာ၊ အိပ်မပျော်တာ၊နောက်ဆုံးစိတ်ဓါတ်ကျကာ မိမိကိုယ်မိမိသတ်သေတာတွေအထိဖြစ်နိင်ပြီး

ရုပ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင် ဆံပင်တွေကျွတ်တာ၊ ပိန်ချုံးလာတာ၊ အာခေါင်ခြောက်တာ၊ ခံတွင်းနံ့နံတာ၊ သွားတွေမှာကျောက်တည်ပြီး သွားတွေကြွေကျတာ

ခံတွင်းနဲ့ အစာရေမျိုပြွန် ကင်ဆာဖြစ်တာ၊ အားမရှိတာ၊ ခေါင်းကိုက်တာ၊ ကျောက်ကပ်၊ အသည်းတွေထိခိုက်ပျက်စီးတာ၊ သွေးပေါင်ချိန်တိုးပြီး နှလုံးခုန်မြန်လာကာ သွေးကြောပေါက်ပြဲတာ၊ နှလုံးရပ်ပြီးသေဆုံးတာတွေ အထိဖြစ်နိုင်ပါတယ်။ ဒါတွေအပြင် ဘီပိုး၊ စီပိုး၊ အိတ်အိုင်ဗွီပိုးတွေ ကူးစက်ခံရနိုင်ခြေလည်းများပါတယ်။ လုံးဝစမ်းမသုံးသင့် မစမ်းသပ်သင့်တဲ့အရာ ဖြစ်ပါတယ်။

အဆုံးသတ်အနေနဲ့ပြောရရင် ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ လူငယ်အများစုဟာ မူးယစ်ဆေးရဲ့ သားကောင် ဖြစ်နေကြရပါတယ်။ ပြည်တွင်းစစ်ပွဲတွေ၊ တရားဥပဒေစိုးမိုးရေး အားနည်းမှုတွေ၊နယ်စပ်နဲ့ပြည်တွင်း လုံခြုံရေးအားနည်းမှုတွေကို အခွင့်ကောင်းယူကာ မူးယစ်ဆေးတွေဟာ နည်းအမျိုးမျိုးနဲ့ လူငယ်တွေဆီ ရောက်ရှိနေပါတယ်။

လူငယ်ဆိုတာကလည်း လူငယ်တို့ သဘာဝအလျောက် အရာရာကို စူးစမ်းချင်စိတ် ရှိတတ်ကြပါတယ်။ဒါ့အပြင် ကျွန်တော်တို့နိုင်ငံမှာကျ ဆေးလိပ်၊ ကွမ်းရောင်းတဲ့ အလွယ်ရနိုင်တဲ့ ကွမ်းယာဆိုင်တွေ၊ဘီယာဆိုင်တွေဆိုတာကလည်း အများကြီးပါ။ အထက်တန်းကျောင်းတွေ၊ တက္ကသိုလ်ကျောင်းနားတွေမှာလည်း ရှိနေပါတယ်။

လူငယ်တွေဟာ မြီးကောင်ပေါက်အရွယ် (အထက်တန်းကျောင်းသားအရွယ်) လောက်မှာ လူကြီးတွေလုပ်တာတွေကို အတုယူကာ ဆေးလိပ်စမ်းသောက်တာ၊ ကွမ်းစမ်းဝါးကြည့်တာတွေ လုပ်လေ့ရှိပါတယ်။ အဲ့လိုဆေးလိပ်၊ ကွမ်းကနေတဆင့် အခုခေတ် စိတ်ကြွရူးသွပ်ဆေးပြားတွေကို စမ်းသုံးရင်းနဲ့ပဲဆေးစွဲသွားကြပါတယ်။

တချို့သောလူငယ်တွေကလည်း ဆေးစွဲတယ်ဆိုတာ စိတ်ဓါတ်ပျော့ညံ့တဲ့သူတွေပဲ စွဲတာပါကွာ ငါကတော့ မစွဲလောက်ပါဘူးဆိုပြီး မိမိကိုယ်မိမိ အထင်ကြီးကာ စမ်းသုံးရင်းနဲ့ စွဲသွားတာမျိုးလည်း ရှိပါတယ်။

ဒါကြောင့် လူငယ်တွေအနေနဲ့ လမ်းမှားမရောက်ဖို့အတွက် ကျောင်းတွေ ရပ်ကွက်တွေမှာ စိတ်ကြွရူးသွပ်ဆေးပြားအပါအဝင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ပညာပေးဟောပြောတာတွေ၊ မိဘတွေကလည်း မိမိကလေး မြီးကောင်ပေါက်အရွယ် ရောက်လာပါက စီးပွားရေးလုပ်နေရလို့ အလုပ်လုပ်နေရလို့ဆိုပြီး ပစ်မထားဘဲ မိမိသားသမီးရဲ့ အရိပ်အခြေကို အကဲခတ်ကာ မူမမှန်တာတွေ့တာနဲ့ ကျောင်းကဆရာတွေနဲ့ တိုင်ပင်တာ၊ နားလည်တတ်ကျွမ်းတဲ့သူနဲ့ တိုင်ပင်တာတွေ လုပ်ဖို့လိုပါတယ်။အစိုးရအနေနဲ့ကလည်း မူးယစ်ဆေးသုံးစွဲတဲ့သူတွေကိုပဲဖမ်းနေတာအပြင် ပြည်သူလူထုနဲ့ ပေါင်းပြီးတော့ စီမံကိန်းကောင်းကောင်းချကာ အဓိကထုတ်လုပ်နေတဲ့ အဖွဲ့အစည်းတွေကိုပါ တိုက်ဖျက်ဖို့လိုမယ်လို့ အကြံပြုရင် ဆောင်းပါးကို အဆုံးသတ်လိုက်ရပါတယ်။

Author : Dr. 528

Previous Post

တစ္ခုခုကို မ်ိဳခ်မိေသာ္

Next Post

ဆိုးလိုက္တဲ့ေခ်ာင္း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆိုးလိုက္တဲ့ေခ်ာင္း

ကိုယ္ဝန္ေဆာင္ခ်ိန္နဲ႔ မီးဖြားၿပီးကာလတြင္ ႀကဳံေတြ႕ရမည့္ ခႏၶာကိုယ္ေျပာင္းလဲမႈမ်ား

လူငယ်နှင့် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ( အပိုင်း ၁)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.