fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ကျန်းမာရေးကောင်းစေတဲ့ အိပ်ပုံအိပ်နည်း

406
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/12/2016
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(zawgyi)

ညေကာင္းေကာင္းအိပ္ေပ်ာ္ျခင္းရဲ႕ အေရးႀကီးပုံကို ကြၽန္မတို႔အားလုံးသိၾကပါတယ္။

အိပ္ေရးပ်က္ျခင္းက ကိုယ္အေလးခ်ိန္တိုးျခင္း၊ အေရျပားအေရာင္မြဲျခင္း၊ မွတ္ဉာဏ္ေပ်ာက္ျခင္းနဲ႔ စိတ္ေနစိတ္ထားေျပာင္းလဲျခင္းစ တဲ့ မလိုခ်င္တဲ့ လကၡဏာေတြကို ျဖစ္ေစတယ္။ လွဲေလ်ာင္းလိုက္တဲ့ အေနအထားေၾကာင့္ သင့္ရဲ႕ ႐ုပ္ပိုင္းဆိုင္ ရာ ပိုညည္းညဴမႈေတြ ျဖစ္လာႏိုင္တယ္။

သင့္ရဲ႕ အိပ္ေနတဲ့အေနအထားက ပုံလ်က္သားက်ေနၿပီး ေျဖာင့္တန္းမႈမရွိရင္ အသက္ရႈရာမွာ ဆိုးက်ိဳးရွိႏိုင္ တယ္။ သင္ေျခကုန္လက္ပန္းက်ေနရင္ သင့္ရဲ႕အေနအထားကို ျပင္ရန္ ခက္ခဲလိမ့္မယ္။    တစ္ေမွးအိပ္မေပ်ာ္မီ အေနအထားကို အနည္းငယ္ျပဳျပင္ျခင္းက သင့္ခႏၶာကိုယ္အား အားသစ္မာန္သစ္နဲ႔ ႏိုးၾကားေစရန္ႏွင့္ ျပင္ဆင္ ႏိုင္ရန္ လုံေလာက္တဲ့ အခြင့္အေရးရၿပီး ႏိုးလာေသာအခါ ေကာင္းစြာအနားရကာ ေနာက္တစ္ေန႔ကို ရင္ဆိုင္ေရး အတြက္ အဆင္သင့္ျဖစ္ေနမယ္။

လွဲအိပ္တဲ့အေနအထားကို စစ္ေဆးပါ။ သင္အိပ္ေနပုံက သင့္က်န္းမာေရးလိုအပ္ခ်က္နဲ႔ ကိုက္ညီရဲ႕လား

(၁) သေႏၶသားပုံအတိုင္းရွိတဲ့ အေနထား
သင့္နံေဘးေပၚခႏၶာကိုယ္ကို ေကြးၿပီး အိပ္ျခင္း။
ေကာင္းက်ိဳး – လူ ၇၅ ရာခိုင္ႏႈန္းက ဒီလိုေကြးအိပ္တာကို ႀကိဳက္ၾကတယ္။ ခါးနာတဲ့သူေတြအတြက္ ဒီလိုအိပ္ တာအက်ိဳးရွိတယ္။ ဒီလိုအိပ္တဲ့အခါမွာ ေက်ာ႐ိုးေပၚ ဖိထားျခင္းမရွိဘဲကူရွင္သဖြယ္ ခံေပးတဲ့ေၾကာ႐ိုးအဆစ္ မ်ားၾကားရွိ အ႐ိုးႏုလႊာသို႔ ေရဆြဲငင္ခံရၿပီး ၎က ယိုယြင္းပ်က္ဆီးမႈကို မြမ္းမံဖို႔ ကူညီေပးတယ္လို႔ ႐ူပကုထုံးဆ ရာ ဆမ္မီမာဂိုကဆိုတယ္။ ခႏၶာကိုယ္ကို အတြင္းဘက္ေကြးျခင္းဟာ တင္းေနတဲ့ေနရာေတြကို ဖြင့္ေပးၿပီး ဆန႔္ထုတ္ေပးတယ္။

ဆိုးက်ိဳး – နံေဘးအေနအထားက ခႏၶာကိုယ္ေပၚသို႔ အခ်ိဳးမညီတဲ့ ဖိအားနဲ႔ ဆြဲအားကို ေရာက္ေစၿပီး အေရးအေၾကာင္းေတြ ျဖစ္ေပၚေစကာ ေက်ာ႐ိုးရဲ႕မွန္ကန္တဲ့ ေျဖာင့္တန္းမႈကို အထိန္းႏိုင္တဲ့ကိစၥေတြမွာ ဖြဲ႕စနစ္ ပုံနဲ႔ဆိုင္တဲ့ အေကြးကိုျဖစ္ေစတယ္။ ေကာင္းေအာင္ဘယ္လိုလုပ္မလဲ – သင့္လည္ပင္း၊ ေက်ာ႐ိုးနဲ႔ တင္ပါးဆုံ႐ိုး တို႔ သဘာဝအလယ္မ်ဥ္းအတြင္း အေနအထား၌ ရွိေစရန္ ေခါင္းအုံးေတြကို အသုံးျပဳပါ။ အေရအတြက္ ဘယ္ ေလာက္သုံးရမယ္ဆိုတာဟာ ခႏၶာကိုယ္ရဲ႕ ပုံသ႑န္နဲ႔ အ႐ြယ္အစားေပၚမူတည္ၿပီး အသုံးျပဳဖို႔ လိုခ်င္မွ လိုမယ္ ဟုဆယ္ဖီက ဆိုတယ္။ တင္ပါးႀကီးသူျဖစ္လွ်င္ ေခါင္းအုံးအပိုေတြကို ခါးနဲ႔ဒူးေအာက္မွာ ထားခ်င္ေပလိမ့္မယ္။

(၂) ေဘးေစာင္းအေနအထား
ခႏၶာကိုယ္ကို မ်ဥ္းေျဖာင့္အတိုင္းေဘးေစာင္းဆန႔္ၿပီး လက္ေတြကို နေဘး (သို႔) ကိုယ္ေရွ႕တည့္တည့္ ထုတ္ထားပါ။
ေကာင္းက်ိဳး – ျပန္မတ္လာသည့္ အေနအထားနဲ႔ ကိုယ္ေနဟန္ထားတြင္တူတဲ့ ဒီပုံစံနဲ႔လဲေလ်ာင္းျခင္းဟာ အက္ စစ္ျပန္စီးထြက္ျခင္းရဲ႕ လကၡဏာေတြကို ေလ်ာ့ေစတယ္။ ဘယ္ဘက္ကိုေစာင္းၿပီး အိပ္တာက အစာႁပြန္မွ အစာ အိမ္အက္စစ္ထုတ္ပစ္ျခင္းကို တိုးျမႇင့္ေစတာေၾကာင့္ အစာမေၾက၍ ရင္ပူျခင္းကိုေလ်ာ့ေစတယ္။

ဆိုးက်ိဳး – သေႏၶသားကဲ့သို႔ ေကြးၿပီး အိပ္တဲ့အေနအထားကဲ့သို႔ ခႏၶာကိုယ္အခ်ိဳးမညီတဲ့ ဖိအားမ်ားမွ ေတာင့္တင္းမႈခံစားရကာ အိပ္ရာမွ ႏိုးႏိုင္တယ္။ နံေဘးမွာလက္ထားၿပီး အိပ္ရင္ ေသြးလည္ပတ္မႈခံစားရကာ အိပ္ရာမွ ႏိုးႏိုင္တယ္။ နံေဘးမွာလက္ထားၿပီးအိပ္ရင္ ေသြးလည္ပတ္မႈနဲ႔ဆိုင္တဲ့ ျပႆနာျဖစ္ႏိုင္တယ္ဟု ဆမ္မီ ကဆိုတယ္။ ေကာင္းေအာင္ဘယ္လိုလုပ္မလဲ – ခႏၶာကိုယ္က အလယ္မ်ဥ္းအေနအထား၌ ရွိရန္ႏွင့္ ဦးေခါင္းက ဝမ္းဗိုက္ထက္ျမင့္ေနေအာင္ ေခါင္းအုံးေတြကို အသုံးျပဳပါ။ ျဖစ္ႏိုင္ရင္ လက္ေမာင္းေတြကို ထိန္းထားတဲ့ အေန အထားမွာ ထားျခင္းျဖင့္ေသြးစီးဆင္းမႈ သိပ္မတင္းက်ပ္ေတာ့ေပ။

(၃) လူေသအေလာင္းအေနအထား
ပက္လက္အိပ္ၿပီး လက္ေတြကိုေဘးမွာထားပါ။
ေကာင္းက်ိဳး – ဆမ္မီ၏ အဆိုအရ၊ လူ ၁၅မွ ၂၀ ရာခိုင္ႏႈန္းသာ ဒီအေနအထားမွာ အိပ္ၾကတယ္။ ဒီအေနအထား မွာအခ်ိဳးအစား ညီၫြတ္မွ်တၿပီး ကိုယ္အေလးခ်ိန္ကို ခႏၶာကိုယ္တစ္ေလွ်ာက္ ညီညာစြာထားေပးလို႔ ဒီအေန အထားဟာ အေကာင္းဆုံးျဖစ္တယ္။ ဒါေပမယ့္ လူေတြက ဒီနည္းကိုမလုံၿခဳံဘူးလို႔ ခံစားၾကတယ္လို႔ ၎ကေျပာ တယ္။

ဆိုးက်ိဳး – အသက္ရႈခက္တဲ့ ဒါမွမဟုတ္ ပန္းနာေရာဂါရွိသူေတြအတြက္ ဒီအေနအထားက ျပႆနာရွိတယ္။ အဲဒီလို အိပ္တတ္တဲ့ လူေတြပိုၿပီး ေဟာက္တတ္တယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ လွ်ာနဲ႔ ႏူးညံ့တဲ့ အာေခါင္တို႔ ဟာ လည္မ်ိဳထဲသို႔ေနာက္ဆုတ္လိုဟန္ရွိလို႔ ေလလမ္းေၾကာင္းကို က်ဥ္းေစတယ္။ ေကာင္းေအာင္ဘယ္လိုလုပ္မ လဲ – သင့္လည္ပင္းနဲ႔ ဦးေခါင္းဟာ အလယ္မ်ဥ္းအေနအထားတြင္ရွိေနဖို႔ ေခါင္းအုံးမ်ားလုံေလာက္စြာ ရွိပါေစ။ ပိုျမႇင့္ထားတဲ့အေနအထားသည္ အေပၚပိုင္းေလလမ္းေၾကာင္းကို ေျပေလ်ာ့ေစၿပီး ေအာက္စီဂ်င္ ဝင္ေရာက္မႈပို ေကာင္းေစလို႔ ေဟာက္တတ္သူမ်ားအတြက္ အက်ိဳးရွိေၾကာင္း ဆမ္မီကဆိုတယ္။

(၄) ေမွာက္လ်က္အေနအထား
လက္ႏွစ္ဖက္ကို ေခါင္းအုံးကိုႏႈိက္၍ ရင္ဘတ္ေပၚအိပ္ျခင္း
ေကာင္းက်ိဳး – အစားအစာဟာ လူေတြကို ဟန႔္တားျခင္းမရွိဘဲ ျဖတ္သြားႏိုင္ၿပီး မလိုခ်င္တဲ့ ႂကြက္တက္ျခင္း၊ အစားအစာတို႔ေၾကာင့္ ေဖာင္းကားေနျခင္းနဲ႔ ေလထိုးေလေအာင့္ျခင္း ဖယ္ရွားဖို႔အေကာင္းဆုံးနည္းလမ္း ျဖစ္ တယ္လို႔ ဆိုၾကတယ္။
ဆိုးက်ိဳး – လည္ပင္းနဲ႔ ေနာက္ေက်ာမွာ ေဝဒနာခံစားတဲ့သူေတြဟာ သူတို႔ရဲ႕ဝမ္းဗိုက္ေပၚအိပ္ၾကတယ္လို႔ ဆမ္မီ ကဆိုတယ္။ ဒီအေနအထားက ေက်ာ႐ိုးေအာက္ပိုင္းရွိအခုံးကို ရွိတာထက္ ပိုခ်ဲ႕ၿပီး ဦးေခါင္းကိုတစ္ဖက္သို႔ လိမ္ ရတဲ့အတြက္ လည္ပင္းေပၚတင္းမာမႈကို ျဖစ္ေစတယ္။ ေကာင္းေအာင္ဘယ္လိုလုပ္မလဲ – ရင္ဘတ္ေအာက္မွာ ေခါင္းအုံးတစ္လုံးကို ထားျခင္းျဖင့္ ေစာင္းအိပ္ဖို႔ ကိုယ္ခႏၶာကို     ေလးပုံတစ္ပုံခန႔္ လွည့္လိုက္ပါဟု ဆမ္မီက အႀကံ ျပဳတယ္။

ညမွာေကာင္းေကာင္းအိပ္ေပ်ာ္ဖို႔

၁။ ေခါင္းကိုက္ျခင္းနဲ႔ လည္ပင္းနာျခင္းနည္းေအာင္ သင့္ေတာ္မယ့္ အျမင့္ရွိတဲ့ ေခါင္းအုံးကိုေ႐ြးခ်ယ္ပါ။
၂။ အိပ္ယာမဝင္မီ ေရေႏြးေႏြးေလးနဲ႔ ေရခ်ိဳးျခင္းက ဦးေႏွာက္မွ ေသြးကိုအေရျပားေတြဆီသို႔ ပို႔ေပးျခင္းျဖင့္ အိပ္ခ်င္ေစတယ္။
၃။ ႂကြက္သားေတာင့္တင္းမႈမွ ကာကြယ္ရန္ လည္ပင္းနဲ႔ ပုခုံးကိုဖုံးၿပီး ခႏၶာကိုယ္ေခ်ာင္ၿပီး ေလ်ာ့ရဲရဲျဖစ္ေစတဲ့ ေႏြးၿပီး ပြပြ၊ ဖားဖား၊ ခ်ည္ထည္အဝတ္အစားကို ဝတ္အိပ္ပါ။

Author – ႏွင္းေအးေဝ (Healthcare Journal)

(Unicode)

ညကောင်းကောင်းအိပ်ပျော်ခြင်းရဲ့ အရေးကြီးပုံကို ကျွန်မတို့အားလုံးသိကြပါတယ်။

အိပ်ရေးပျက်ခြင်းက ကိုယ်အလေးချိန်တိုးခြင်း၊ အရေပြားအရောင်မွဲခြင်း၊ မှတ်ဉာဏ်ပျောက်ခြင်းနဲ့ စိတ်နေစိတ်ထားပြောင်းလဲခြင်းစ တဲ့ မလိုချင်တဲ့ လက္ခဏာတွေကို ဖြစ်စေတယ်။ လှဲလျောင်းလိုက်တဲ့ အနေအထားကြောင့် သင့်ရဲ့ ရုပ်ပိုင်းဆိုင် ရာ ပိုညည်းညူမှုတွေ ဖြစ်လာနိုင်တယ်။

သင့်ရဲ့ အိပ်နေတဲ့အနေအထားက ပုံလျက်သားကျနေပြီး ဖြောင့်တန်းမှုမရှိရင် အသက်ရှုရာမှာ ဆိုးကျိုးရှိနိုင် တယ်။ သင်ခြေကုန်လက်ပန်းကျနေရင် သင့်ရဲ့အနေအထားကို ပြင်ရန် ခက်ခဲလိမ့်မယ်။    တစ်မှေးအိပ်မပျော်မီ အနေအထားကို အနည်းငယ်ပြုပြင်ခြင်းက သင့်ခန္ဓာကိုယ်အား အားသစ်မာန်သစ်နဲ့ နိုးကြားစေရန်နှင့် ပြင်ဆင် နိုင်ရန် လုံလောက်တဲ့ အခွင့်အရေးရပြီး နိုးလာသောအခါ ကောင်းစွာအနားရကာ နောက်တစ်နေ့ကို ရင်ဆိုင်ရေး အတွက် အဆင်သင့်ဖြစ်နေမယ်။

လှဲအိပ်တဲ့အနေအထားကို စစ်ဆေးပါ။ သင်အိပ်နေပုံက သင့်ကျန်းမာရေးလိုအပ်ချက်နဲ့ ကိုက်ညီရဲ့လား

(၁) သန္ဓေသားပုံအတိုင်းရှိတဲ့ အနေထား
သင့်နံဘေးပေါ်ခန္ဓာကိုယ်ကို ကွေးပြီး အိပ်ခြင်း။
ကောင်းကျိုး – လူ ၇၅ ရာခိုင်နှုန်းက ဒီလိုကွေးအိပ်တာကို ကြိုက်ကြတယ်။ ခါးနာတဲ့သူတွေအတွက် ဒီလိုအိပ် တာအကျိုးရှိတယ်။ ဒီလိုအိပ်တဲ့အခါမှာ ကျောရိုးပေါ် ဖိထားခြင်းမရှိဘဲကူရှင်သဖွယ် ခံပေးတဲ့ကြောရိုးအဆစ် များကြားရှိ အရိုးနုလွှာသို့ ရေဆွဲငင်ခံရပြီး ၎င်းက ယိုယွင်းပျက်ဆီးမှုကို မွမ်းမံဖို့ ကူညီပေးတယ်လို့ ရူပကုထုံးဆ ရာ ဆမ်မီမာဂိုကဆိုတယ်။ ခန္ဓာကိုယ်ကို အတွင်းဘက်ကွေးခြင်းဟာ တင်းနေတဲ့နေရာတွေကို ဖွင့်ပေးပြီး ဆန့်ထုတ်ပေးတယ်။

ဆိုးကျိုး – နံဘေးအနေအထားက ခန္ဓာကိုယ်ပေါ်သို့ အချိုးမညီတဲ့ ဖိအားနဲ့ ဆွဲအားကို ရောက်စေပြီး အရေးအကြောင်းတွေ ဖြစ်ပေါ်စေကာ ကျောရိုးရဲ့မှန်ကန်တဲ့ ဖြောင့်တန်းမှုကို အထိန်းနိုင်တဲ့ကိစ္စတွေမှာ ဖွဲ့စနစ် ပုံနဲ့ဆိုင်တဲ့ အကွေးကိုဖြစ်စေတယ်။ ကောင်းအောင်ဘယ်လိုလုပ်မလဲ – သင့်လည်ပင်း၊ ကျောရိုးနဲ့ တင်ပါးဆုံရိုး တို့ သဘာဝအလယ်မျဉ်းအတွင်း အနေအထား၌ ရှိစေရန် ခေါင်းအုံးတွေကို အသုံးပြုပါ။ အရေအတွက် ဘယ် လောက်သုံးရမယ်ဆိုတာဟာ ခန္ဓာကိုယ်ရဲ့ ပုံသဏ္ဍန်နဲ့ အရွယ်အစားပေါ်မူတည်ပြီး အသုံးပြုဖို့ လိုချင်မှ လိုမယ် ဟုဆယ်ဖီက ဆိုတယ်။ တင်ပါးကြီးသူဖြစ်လျှင် ခေါင်းအုံးအပိုတွေကို ခါးနဲ့ဒူးအောက်မှာ ထားချင်ပေလိမ့်မယ်။

(၂) ဘေးစောင်းအနေအထား
ခန္ဓာကိုယ်ကို မျဉ်းဖြောင့်အတိုင်းဘေးစောင်းဆန့်ပြီး လက်တွေကို နဘေး (သို့) ကိုယ်ရှေ့တည့်တည့် ထုတ်ထားပါ။
ကောင်းကျိုး – ပြန်မတ်လာသည့် အနေအထားနဲ့ ကိုယ်နေဟန်ထားတွင်တူတဲ့ ဒီပုံစံနဲ့လဲလျောင်းခြင်းဟာ အက် စစ်ပြန်စီးထွက်ခြင်းရဲ့ လက္ခဏာတွေကို လျော့စေတယ်။ ဘယ်ဘက်ကိုစောင်းပြီး အိပ်တာက အစာပြွန်မှ အစာ အိမ်အက်စစ်ထုတ်ပစ်ခြင်းကို တိုးမြှင့်စေတာကြောင့် အစာမကြေ၍ ရင်ပူခြင်းကိုလျော့စေတယ်။

ဆိုးကျိုး – သန္ဓေသားကဲ့သို့ ကွေးပြီး အိပ်တဲ့အနေအထားကဲ့သို့ ခန္ဓာကိုယ်အချိုးမညီတဲ့ ဖိအားများမှ တောင့်တင်းမှုခံစားရကာ အိပ်ရာမှ နိုးနိုင်တယ်။ နံဘေးမှာလက်ထားပြီး အိပ်ရင် သွေးလည်ပတ်မှုခံစားရကာ အိပ်ရာမှ နိုးနိုင်တယ်။ နံဘေးမှာလက်ထားပြီးအိပ်ရင် သွေးလည်ပတ်မှုနဲ့ဆိုင်တဲ့ ပြဿနာဖြစ်နိုင်တယ်ဟု ဆမ်မီ ကဆိုတယ်။ ကောင်းအောင်ဘယ်လိုလုပ်မလဲ – ခန္ဓာကိုယ်က အလယ်မျဉ်းအနေအထား၌ ရှိရန်နှင့် ဦးခေါင်းက ဝမ်းဗိုက်ထက်မြင့်နေအောင် ခေါင်းအုံးတွေကို အသုံးပြုပါ။ ဖြစ်နိုင်ရင် လက်မောင်းတွေကို ထိန်းထားတဲ့ အနေ အထားမှာ ထားခြင်းဖြင့်သွေးစီးဆင်းမှု သိပ်မတင်းကျပ်တော့ပေ။

(၃) လူသေအလောင်းအနေအထား
ပက်လက်အိပ်ပြီး လက်တွေကိုဘေးမှာထားပါ။
ကောင်းကျိုး – ဆမ်မီ၏ အဆိုအရ၊ လူ ၁၅မှ ၂၀ ရာခိုင်နှုန်းသာ ဒီအနေအထားမှာ အိပ်ကြတယ်။ ဒီအနေအထား မှာအချိုးအစား ညီညွတ်မျှတပြီး ကိုယ်အလေးချိန်ကို ခန္ဓာကိုယ်တစ်လျှောက် ညီညာစွာထားပေးလို့ ဒီအနေ အထားဟာ အကောင်းဆုံးဖြစ်တယ်။ ဒါပေမယ့် လူတွေက ဒီနည်းကိုမလုံခြုံဘူးလို့ ခံစားကြတယ်လို့ ၎င်းကပြော တယ်။

ဆိုးကျိုး – အသက်ရှုခက်တဲ့ ဒါမှမဟုတ် ပန်းနာရောဂါရှိသူတွေအတွက် ဒီအနေအထားက ပြဿနာရှိတယ်။ အဲဒီလို အိပ်တတ်တဲ့ လူတွေပိုပြီး ဟောက်တတ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ လျှာနဲ့ နူးညံ့တဲ့ အာခေါင်တို့ ဟာ လည်မျိုထဲသို့နောက်ဆုတ်လိုဟန်ရှိလို့ လေလမ်းကြောင်းကို ကျဉ်းစေတယ်။ ကောင်းအောင်ဘယ်လိုလုပ်မ လဲ – သင့်လည်ပင်းနဲ့ ဦးခေါင်းဟာ အလယ်မျဉ်းအနေအထားတွင်ရှိနေဖို့ ခေါင်းအုံးများလုံလောက်စွာ ရှိပါစေ။ ပိုမြှင့်ထားတဲ့အနေအထားသည် အပေါ်ပိုင်းလေလမ်းကြောင်းကို ပြေလျော့စေပြီး အောက်စီဂျင် ဝင်ရောက်မှုပို ကောင်းစေလို့ ဟောက်တတ်သူများအတွက် အကျိုးရှိကြောင်း ဆမ်မီကဆိုတယ်။

(၄) မှောက်လျက်အနေအထား
လက်နှစ်ဖက်ကို ခေါင်းအုံးကိုနှိုက်၍ ရင်ဘတ်ပေါ်အိပ်ခြင်း
ကောင်းကျိုး – အစားအစာဟာ လူတွေကို ဟန့်တားခြင်းမရှိဘဲ ဖြတ်သွားနိုင်ပြီး မလိုချင်တဲ့ ကြွက်တက်ခြင်း၊ အစားအစာတို့ကြောင့် ဖောင်းကားနေခြင်းနဲ့ လေထိုးလေအောင့်ခြင်း ဖယ်ရှားဖို့အကောင်းဆုံးနည်းလမ်း ဖြစ် တယ်လို့ ဆိုကြတယ်။
ဆိုးကျိုး – လည်ပင်းနဲ့ နောက်ကျောမှာ ဝေဒနာခံစားတဲ့သူတွေဟာ သူတို့ရဲ့ဝမ်းဗိုက်ပေါ်အိပ်ကြတယ်လို့ ဆမ်မီ ကဆိုတယ်။ ဒီအနေအထားက ကျောရိုးအောက်ပိုင်းရှိအခုံးကို ရှိတာထက် ပိုချဲ့ပြီး ဦးခေါင်းကိုတစ်ဖက်သို့ လိမ် ရတဲ့အတွက် လည်ပင်းပေါ်တင်းမာမှုကို ဖြစ်စေတယ်။ ကောင်းအောင်ဘယ်လိုလုပ်မလဲ – ရင်ဘတ်အောက်မှာ ခေါင်းအုံးတစ်လုံးကို ထားခြင်းဖြင့် စောင်းအိပ်ဖို့ ကိုယ်ခန္ဓာကို     လေးပုံတစ်ပုံခန့် လှည့်လိုက်ပါဟု ဆမ်မီက အကြံ ပြုတယ်။

ညမှာကောင်းကောင်းအိပ်ပျော်ဖို့

၁။ ခေါင်းကိုက်ခြင်းနဲ့ လည်ပင်းနာခြင်းနည်းအောင် သင့်တော်မယ့် အမြင့်ရှိတဲ့ ခေါင်းအုံးကိုရွေးချယ်ပါ။
၂။ အိပ်ယာမဝင်မီ ရေနွေးနွေးလေးနဲ့ ရေချိုးခြင်းက ဦးနှောက်မှ သွေးကိုအရေပြားတွေဆီသို့ ပို့ပေးခြင်းဖြင့် အိပ်ချင်စေတယ်။
၃။ ကြွက်သားတောင့်တင်းမှုမှ ကာကွယ်ရန် လည်ပင်းနဲ့ ပုခုံးကိုဖုံးပြီး ခန္ဓာကိုယ်ချောင်ပြီး လျော့ရဲရဲဖြစ်စေတဲ့ နွေးပြီး ပွပွ၊ ဖားဖား၊ ချည်ထည်အဝတ်အစားကို ဝတ်အိပ်ပါ။

Author – နှင်းအေးဝေ (Healthcare Journal)

Previous Post

ဆံပင်ကျွတ်ခြင်း

Next Post

အမျိုးသမီးများ၏ လျှို့ဝှက်ချက်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသမီးများ၏ လျှို့ဝှက်ချက်များ

စိတ်ပညာနှင့်အိပ်မွေ့ချပညာ

ဝမ်းပျက်ဝမ်းလျှောရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.