လူငယ္ႏွင့္ ေဆးလိပ္၊ ေဆး႐ြက္ႀကီးထြက္ပစၥည္း ေသာက္သုံးမႈ ( အပုိင္း ၂)
လူငယ္မ်ားအတြင္း ေဆးလိပ္၊ ေဆး႐ြက္ႀကီး သုံးစြဲမႈကို ကာကြယ္ရန္ နည္းလမ္းမ်ား
(၁) ေဆးလိပ္ႏွင့္ ေဆး႐ြက္ႀကီးထြက္ပစၥည္း ေသာက္သုံးမႈ ထိန္းခ်ဳပ္ေရး ဥပေဒကို အေကာင္အထည္ေဖာ္ျခင္း
ျမန္မာႏိုင္ငံေဆးလိပ္ႏွင့္ ေဆး႐ြက္ႀကီးထြက္ပစၥည္း ေသာက္သုံးမႈထိန္းခ်ဳပ္ေရး ဥပေဒကို ၂၀၀၆ ခုႏွစ္၊ ေမလ ၄ ရက္ေန႔တြင္ ျပ႒ာန္းခဲ့ပါသည္။ သို႔ေသာ္ ေဆးလိပ္ေငြ႕ကင္းစင္သည့္ ပတ္ဝန္းက်င္ ျဖစ္ေပၚေစရန္ အေကာင္အထည္ေဖာ္သည့္ လုပ္ငန္းမ်ားႏွင့္ အေရးယူသည့္အပိုင္းတို႔တြင္ အားနည္းလွ်က္ရွိေနေသးေၾကာင္း ေတြ႕ရသည္။ ေဆးလိပ္ႏွင့္ ေဆး႐ြက္ႀကီးထြက္ပစၥည္း စြဲလမ္းမႈကို ျဖတ္ေတာက္ႏိုင္ေရးအတြက္ အစီအစဥ္မ်ား ေဆာင္႐ြက္ရန္ ဥပေဒ၌ေဖာ္ျပထားေသာ္လည္း က်ယ္က်ယ္ျပန႔္ျပန႔္ ေဆာင္႐ြက္ႏိုင္ျခင္း မရွိေသးေပ။
ေဆးလိပ္ႏွင့္ ေဆး႐ြက္ႀကီးထြက္ပစၥည္း၏ အမွတ္တံဆိပ္ ေဖာ္ျပေသာ ကုန္ပစၥည္းမ်ား ထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်ျခင္းကို ဥပေဒျဖင့္ တားဆီးထားေသာ္လည္း ၿမိဳ႕နယ္မ်ားရွိ အခ်ိဳ႕ စတိုးဆိုင္မ်ားတြင္ ပ႐ိုမိုးရွင္း ပိုစတာမ်ား၊ တီရွပ္မ်ား၊ ေဆးလိပ္ျပာခြက္မ်ား၌ ေဆးလိပ္အမွတ္တံဆိပ္မ်ား ေတြ႕ရွိေနရဆဲျဖစ္သည္။ သို႔ျဖစ္ရာ ဥပေဒ အေကာင္အထည္ေဖာ္ေဆာင္႐ြက္မႈ အားနည္းလ်က္ရွိသျဖင့္ ႏွီးႏြယ္ေသာ ဌာနမ်ားႏွင့္ အဖြဲ႕အစည္းမ်ားက အေလးထား ေပါင္းစပ္ညႇိႏႈိင္းအေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရန္ လိုအပ္ပါသည္။
(၂) လူထုပညာေပးလုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္း
ေဆးလိပ္ႏွင့္ ေဆး႐ြက္ႀကီးထြက္ပစၥည္း သုံးစြဲမႈ ဆန႔္က်င္ေရး လူထုပညာေပး မီဒီယာ၊ Campaign သည္ အထူးသျဖင့္ တယ္လီေဗးရွင္းမွ ပညာေပးေၾကာ္ျငာမ်ားသည္ လူငယ္ထုအတြင္း မ်ားစြာအေထာက္အကူျပဳၿပီး ထိေရာက္မႈရွိပါသည္။ ေဆးလိပ္ေဆး႐ြက္ႀကီးသုံးစြဲမႈေၾကာင့္ ျဖစ္ေစေသာ က်န္းမာေရး ဆိုးက်ိဳးမ်ားကို TV အစီအစဥ္မ်ားတြင္ ေဖာ္ျပျခင္းျဖင့္ လူငယ္မ်ားအတြက္ မ်ားစြာအက်ိဳးရွိေစႏိုင္သည္။ ထို႔ေၾကာင့္ လူထုပညာေပး မီဒီယာ၊ Campaign မ်ားကို ကေလးလူငယ္ဘဝမွ ဆယ္ေက်ာ္သက္အုပ္စုသို႔ ေရာက္ရွိလာခ်ိန္အထိ ထပ္ခါတလဲလဲ ျပသသြားရန္ လိုအပ္ပါသည္။
(၃) မိဘမ်ားက သားသမီးမ်ားအား ေဆးလိပ္၊ ေဆး႐ြက္ႀကီး စြဲသြားမည့္ အေျခအေနမွ ကာကြယ္ေပးႏိုင္ပါသည္။
မိဘမ်ား၏ ေျပာၾကားမႈ၊ လုပ္ေဆာင္မႈ၊ သားသမီးမ်ားႏွင့္ ဆက္ဆံေရးတြင္ အေလးထား တန္ဘိုးထားမႈတို႔သည္ ကလးသူငယ္မ်ားအေပၚတြင္ ႀကီးစြာေသာ လႊမ္းမိုးမႈျဖစ္ေစသည္။ အိမ္၌ ေဆးလိပ္ေသာက္ျခင္းကို ကန႔္သတ္ျခင္း၊ စားေသာက္ဆိုင္မ်ားတြင္ ေဆးလိပ္မေသာက္ရ အခန္းမ်ား၌သာ မိသားစုႏွင့္အတူ စားသုံးျခင္း စသည္တို႔သည္ ကေလးမ်ားအား ေဆးလိပ္ေသာက္လိုစိတ္ ေလ်ာ့နည္းေစပါသည္။
(၄) ေက်ာင္းမ်ားသည္ ေဆးလိပ္ ေဆး႐ြက္ႀကီး ကင္းစင္သည့္ ပတ္ဝန္းက်င္ျဖစ္ေစရန္ ေဆာင္႐ြက္ျခင္းျဖင့္ လူငယ္မ်ားကို ကူညီႏိုင္ပါသည္။
လူငယ္မ်ားတြင္ ေဆးလိပ္၊ ေဆး႐ြက္ႀကီးထြက္ပစၥည္း သုံးစြဲမႈ ေလ်ာ့က်ေရးအတြက္ ေက်ာင္းမ်ားသည္ အေရးပါေသာ အခန္းက႑မွ ပါဝင္ေနပါသည္။ ေက်ာင္းေန႐ြယ္ကေလးမ်ားသည္ ၎တို႔၏ အိပ္ခ်ိန္မွအပ က်န္အခ်ိန္အားလုံး၏ ၃ ပုံ ၁ ပုံခန႔္သည္ ေက်ာင္း၌ ကုန္ဆုံးရသည္။ ထို႔ေၾကာင့္ ေက်ာင္းမ်ားသည္ လူငယ္မ်ားအတြင္း ေဆးလိပ္၊ ေဆး႐ြက္ႀကီးကို ဆန႔္က်င္သည့္ ခံယူခ်က္၊ အယူအဆႏွင့္ အျပဳအမူမ်ားကို ေမြးျမဴေပးႏိုင္သည့္ ေနရာျဖစ္သည္။ ေက်ာင္းသား၊ ေက်ာင္းသူအားလုံး ဝန္ထမ္းႏွင့္ ဧည့္သည္မ်ား ေက်ာင္းဝင္းအတြင္းေသာ္လည္းေကာင္း၊ ေက်ာင္းမွ ဦးေဆာင္ျပဳလုပ္ေသာ ပြဲမ်ားတြင္ေသာ္လည္းေကာင္း ေဆးလိပ္၊ ေဆး႐ြက္ႀကီး လုံးဝမေသာက္ရန္ တားျမစ္ရမည္။
ေဆးလိပ္၊ ေဆး႐ြက္ႀကီး သုံးစြဲသူ ေက်ာင္းသားမ်ား၊ ဝန္ထမ္းမ်ားရွိပါက ျဖတ္ႏိုင္ေအာင္ စီစဥ္ကူညီေပးရမည္။ ေက်ာင္းပရဝုဏ္မွ ေပ ၁၀၀ အတြင္း ေဆးလိပ္၊ ေဆး႐ြက္ႀကီး ထြက္ပစၥည္း ေရာင္းခ်ျခင္း၊ စီးကရက္ကို တစ္လိပ္ခ်င္းျဖစ္ေစ၊ အလိပ္ ၂၀ ထက္နည္းေသာ အထုပ္ႏွင့္ျဖစ္ေစ ေရာင္းခ်ျခင္း စသည္တို႔ကို ဖိဖိစီးစီးတားဆီးေဆာင္႐ြက္ရပါမည္။
Author: ေဒါက္တာသိန္းထြန္း(ျပည္သူ႔က်န္းမာေရးေဖာင္ေဒးရွင္း), Healthcare Journal, Vol 8, no 49 (22.12.17)
လူငယ်နှင့် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ( အပိုင်း ၂)
လူငယ်များအတွင်း ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုကို ကာကွယ်ရန် နည်းလမ်းများ
(၁) ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို အကောင်အထည်ဖော်ခြင်း
မြန်မာနိုင်ငံဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဥပဒေကို ၂၀၀၆ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ သို့သော် ဆေးလိပ်ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင် ဖြစ်ပေါ်စေရန် အကောင်အထည်ဖော်သည့် လုပ်ငန်းများနှင့် အရေးယူသည့်အပိုင်းတို့တွင် အားနည်းလျှက်ရှိနေသေးကြောင်း တွေ့ရသည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း စွဲလမ်းမှုကို ဖြတ်တောက်နိုင်ရေးအတွက် အစီအစဉ်များ ဆောင်ရွက်ရန် ဥပဒေ၌ဖော်ပြထားသော်လည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း၏ အမှတ်တံဆိပ် ဖော်ပြသော ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းကို ဥပဒေဖြင့် တားဆီးထားသော်လည်း မြို့နယ်များရှိ အချို့ စတိုးဆိုင်များတွင် ပရိုမိုးရှင်း ပိုစတာများ၊ တီရှပ်များ၊ ဆေးလိပ်ပြာခွက်များ၌ ဆေးလိပ်အမှတ်တံဆိပ်များ တွေ့ရှိနေရဆဲဖြစ်သည်။ သို့ဖြစ်ရာ ဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်မှု အားနည်းလျက်ရှိသဖြင့် နှီးနွယ်သော ဌာနများနှင့် အဖွဲ့အစည်းများက အလေးထား ပေါင်းစပ်ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါသည်။
(၂) လူထုပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှု ဆန့်ကျင်ရေး လူထုပညာပေး မီဒီယာ၊ Campaign သည် အထူးသဖြင့် တယ်လီဗေးရှင်းမှ ပညာပေးကြော်ငြာများသည် လူငယ်ထုအတွင်း များစွာအထောက်အကူပြုပြီး ထိရောက်မှုရှိပါသည်။ ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲမှုကြောင့် ဖြစ်စေသော ကျန်းမာရေး ဆိုးကျိုးများကို TV အစီအစဉ်များတွင် ဖော်ပြခြင်းဖြင့် လူငယ်များအတွက် များစွာအကျိုးရှိစေနိုင်သည်။ ထို့ကြောင့် လူထုပညာပေး မီဒီယာ၊ Campaign များကို ကလေးလူငယ်ဘဝမှ ဆယ်ကျော်သက်အုပ်စုသို့ ရောက်ရှိလာချိန်အထိ ထပ်ခါတလဲလဲ ပြသသွားရန် လိုအပ်ပါသည်။
(၃) မိဘများက သားသမီးများအား ဆေးလိပ်၊ ဆေးရွက်ကြီး စွဲသွားမည့် အခြေအနေမှ ကာကွယ်ပေးနိုင်ပါသည်။
မိဘများ၏ ပြောကြားမှု၊ လုပ်ဆောင်မှု၊ သားသမီးများနှင့် ဆက်ဆံရေးတွင် အလေးထား တန်ဘိုးထားမှုတို့သည် ကလးသူငယ်များအပေါ်တွင် ကြီးစွာသော လွှမ်းမိုးမှုဖြစ်စေသည်။ အိမ်၌ ဆေးလိပ်သောက်ခြင်းကို ကန့်သတ်ခြင်း၊ စားသောက်ဆိုင်များတွင် ဆေးလိပ်မသောက်ရ အခန်းများ၌သာ မိသားစုနှင့်အတူ စားသုံးခြင်း စသည်တို့သည် ကလေးများအား ဆေးလိပ်သောက်လိုစိတ် လျော့နည်းစေပါသည်။
(၄) ကျောင်းများသည် ဆေးလိပ် ဆေးရွက်ကြီး ကင်းစင်သည့် ပတ်ဝန်းကျင်ဖြစ်စေရန် ဆောင်ရွက်ခြင်းဖြင့် လူငယ်များကို ကူညီနိုင်ပါသည်။
လူငယ်များတွင် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှု လျော့ကျရေးအတွက် ကျောင်းများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ကျောင်းနေရွယ်ကလေးများသည် ၎င်းတို့၏ အိပ်ချိန်မှအပ ကျန်အချိန်အားလုံး၏ ၃ ပုံ ၁ ပုံခန့်သည် ကျောင်း၌ ကုန်ဆုံးရသည်။ ထို့ကြောင့် ကျောင်းများသည် လူငယ်များအတွင်း ဆေးလိပ်၊ ဆေးရွက်ကြီးကို ဆန့်ကျင်သည့် ခံယူချက်၊ အယူအဆနှင့် အပြုအမူများကို မွေးမြူပေးနိုင်သည့် နေရာဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူအားလုံး ဝန်ထမ်းနှင့် ဧည့်သည်များ ကျောင်းဝင်းအတွင်းသော်လည်းကောင်း၊ ကျောင်းမှ ဦးဆောင်ပြုလုပ်သော ပွဲများတွင်သော်လည်းကောင်း ဆေးလိပ်၊ ဆေးရွက်ကြီး လုံးဝမသောက်ရန် တားမြစ်ရမည်။ ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲသူ ကျောင်းသားများ၊ ဝန်ထမ်းများရှိပါက ဖြတ်နိုင်အောင် စီစဉ်ကူညီပေးရမည်။ ကျောင်းပရဝုဏ်မှ ပေ ၁၀၀ အတွင်း ဆေးလိပ်၊ ဆေးရွက်ကြီး ထွက်ပစ္စည်း ရောင်းချခြင်း၊ စီးကရက်ကို တစ်လိပ်ချင်းဖြစ်စေ၊ အလိပ် ၂၀ ထက်နည်းသော အထုပ်နှင့်ဖြစ်စေ ရောင်းချခြင်း စသည်တို့ကို ဖိဖိစီးစီးတားဆီးဆောင်ရွက်ရပါမည်။
Author: ဒေါက်တာသိန်းထွန်း(ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း), Healthcare Journal, Vol 8, no 49 (22.12.17)