ခရီးထွက်ခြင်းရဲ့အကျိုး
အခုလို ခရီးသွားရာသီမှာ ခရီးသွားလာခြင်းရဲ့အကျိုးကျေးဇူးကတော့ အများကြီးရှိပါတယ်။ ခရီးထွက်ကြမယ်ဆိုကတည်းက စိတ်ပျော်ရွှင်မှု တစ်ဦးနှင့် တစ်ဦးရင်းနှီးဖော်ရွေမှု မိမိသွားရမယ့် နေရာဒေသအလိုက် စူးစမ်းလေ့လာမှု စသည်ဖြင့် စတင် စိတ်ကြည်နူးမှု ခံစားရရှိနိုင်ပါလိမ့်မယ်။
ခရီးထွက်ခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးများမှာ
(1)ကိုယ်ကျန်းမာရေး တိုးတက်ခြင်း
အလုပ်တာဝန်ဒဏ်ပိနေသူများသည် အလုပ်များနှင့် ဝေးရာသို့ ခရီးထွက်လိုက်ပါက မိမိခံစားနေကျဝေဒနာများရှိပါက မေ့ပျောက်ကာ နာကျင်မှုများ သက်သာ၍ ပိုမို ကျန်းမာရေးကောင်းမွန်လာသည်ဟုခံစားရတတ်ပါတယ်။ အားအင်ပြည့်ကာ ဘဝရဲ့ စိတ်ကျေနပ်မှုများ ပိုမိုရရှိနိုင်ပါတယ်။ လူအများစသည် ခရီးထွက်ပြီးနောက် ပိုမိုကျန်းမာလာသည်ဟု တညီတညွတ် ဆန္ဒပြုကြပါတယ်။ နှလုံးရောဂါရှိသူများ ပိုမိုသက်သာကာ ပိုမိုအသက်ရှည် ကျန်းမာစေပါတယ်။ ခရီးထွက်ခြင်းဖြင့် သွေးတိုးကျစေပြီး သွေးတွင်းအဆီဓာတ် လျော့စေပါတယ်။
(2)စိတ်ချမ်းသာခြင်း
ခရီးထွက်ခြင်းဖြင့် မိမိစိတ်လိုအင်များပြည့်ဝကာ မိမိကိုယ်မိမိနှင့် ပတ်ဝန်းကျင်အပေါ် အကောင်းမြင်စိတ်များ ဖြစ်ပေါ်စေပါတယ်။ အလုပ်ဒဏ်ပိသူများအနေဖြင့် ခရီးထွက်ပြီး ပြန်လာပါက အလုပ်အပေါ်ပိုမိုအာရုံစိုက်နိုင်ပါလိမ့်မယ်။ ဖန်တီးမှု စွမ်းအားများ၊ ပြဿနာ ဖြေရှင်းနိုင်မှု စွမ်းအားများ ပိုမိုအားကောင်းလာပါလိမ့်မယ်။ သဘာဝအပေါ် ချစ်မြတ်နိုးစိတ်၊ မိမိလုပ်ဖော်ကိုင်ဖက်များအပေါ် ချစ်ခင်မြတ်နိုးစိတ်များ ပေါ်ပေါက်လာပါလိမ့်မယ်။
(3)စွမ်းဆောင်ရည်တိုးတက်ခြင်း
ကုမ္ပဏီများအနေဖြင့် မိမိအလုပ်သမားများအား နှစ်စဉ်ခရီးထွက်ခွင့်ပေးသင့်ပါတယ်။ စီစဉ်ပေးသင့်ပါတယ်။ အလုပ်သမားများ အနေဖြင့် စိတဖိစီးမှု လျော့ပါးခြင်း၊ စိတ်ဒဏ်လျော့ပါခြင်း၊ အကောင်းမြင်စိတ်များလာခြင်းနှင့် စိတ်ဓာတ်အားအင်တိုးခြင်းတို့ကို ခံစားရလိမ့်မယ်။ တဦးနှင့်တဦး တွဲဖက်လုပ်ကိုင်နိုင်ပြီး ကုမ္ပဏီအကျိုးစီးပွားလည်း တိုးပွားအောင် စွမ်းဆောင်နိုင်ပါလိမ်မယ်။ အသင်းအဖွဲ့စိတ်ဓာတ် ရရှိစေပါလိမ့်မယ်။
(4)မိသားစုအချင်းချင်း ရင်နှီးချစ်ခင်မှု
ယခုလို မိသားစုတွေ စုံစည်းဖို့ခက်နေတဲ့ ခေတ်မှာ အချိန်တစ်ခုယူပြီး မိသားစု ခရီးထွက်ပါ။ မိသားစုဝင် အချင်းချင်း ရင်နှီးမှု ပြန်လည်ရရှိကာ သံယောဇဉ် ပိုတိုးစေပါတယ်။ မိသားစုဝင်တွေရဲ့ စိတ်ရောကိုယ်ပါ အားအင်တိုးလန်းဆန်းစေပါတယ်။ ရိုင်းပင်းကူညီမှု ညှာတာမှု ညှိနိူင်းမှုတွေ ဖြစ်စေပါတယ်။
နောက်ခရီးစဉ်တွေ အတွက်လည်း အစီအစဉ် ဆွဲတတ်ကြပါတယ်။
(5)အစီအစဉ်ရေးဆွဲ ခြင်း
ခရီးစမထွက်ခင် အစီအစဉ်ဆွဲရုံဖြင့် ပျော်ရွင်မှု၊ တက်ကြွမှု၊ စိတ်အားထက်သန်မှု ဖြစ်စေပါတယ်။ တဦးချင်းစီရဲ့ ဆန္ဒတွေ ထုတ်ဖော်ဆွေးနွေးမယ် ညှိနှိုင်းမယ်စသည်ဖြင့် မိမိစိတ်ကျေနပ်မှုကို ဖြစ်စေပါတယ်။မသွားခင် သွားရမယ့်နေရာဒေသကို ကြိုတင်လေ့လာခြင်းဖြင့် ဗဟုသုတ တိုးပွားစေပါတယ်။ လေ့လာလိုစိတ် ဖြစ်စေပါတယ်။
(6)ခရီးသွားနေစဉ်
ခရီးသွားနေစဉ် ကြုံတွေ့ရတဲ့ အခက်အခဲ အချို့ရှိခဲ့လျှင်လည်း တဦးနဲ့တဦး ပေါင်းစည်းဖြေရှင်းမှု၊ ညှိနှိုင်းတတ်မှု စသည့်တို့ကို ရရှိစေနိုင်ပါတယ်။ ထို့ကြောင့် ခရီးထွက်ခြင်းသည် လူတဦးတယောက်အတွက် စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာစေရုံသာမက အချင်းချင်းပူးပေါင်းတတ်မူ လိုက်လျောညီထွေတတ်မှု ဗဟုသုတတိုးပွားစေမှု စသည့်အကျိုးကျေးဇူးများရရှိစေနိုင်ပါတယ်။
Author : Dr.ပြည့်ရှင်း