fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးနှင့် ဒူးနာဝေဒနာ

women and knee pain
685
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/05/2022
in အမျိုးသမီး ကျန်းမာရေး, အရိုးအကြောနှင့် လေးဖက်နာ
1 min read
A A

ထိခိုက်ဒဏ်ရာရခြင်း၊ ခန္ဓာကိုယ်အလေးချိန် တိုးလာခြင်းနှင့် အသက်အရွယ် ရလာသည်နှင့်အမျှ အရိုးအဆစ်များ နာကျင်သည့်ဝေဒနာကို ခံစားရတတ်ပါသည်။ အရိုးတစ်ခုနှင့်တစ်ခု ထိစပ်လျက်ရှိသော အဆစ်နေရာများတွင် လှုပ်ရှားမှုပြုလုပ်တိုင်း ပွတ်တိုက်မှုဖြစ်တတ်ပါသည်။ ထိုသို့ ပွတ်တိုက်မှုများ wear and tear ကြောင့် ခန္ဓာကိုယ်အလေးချိန် ဒဏ်ခံရသည့် ဒူးပတ်လည်ရှိ အရိုးနုများ တဖြည်းဖြည်းပျက်စီးလာပြီး အရိုးချင်းထိခိုက်မှု အချိန်ကြာလာသည်နှင့်အမျှ ဒူးနာခြင်းကို ခံစားရနိုင်သည်။

ထိခိုက်ဒဏ်ရာကြောင့် ဒူးဆစ်လွဲခြင်း၊ အရွတ်ပြဲခြင်း၊ ဒူးဖုံးစွပ်အရိုးယောင်ခြင်း၊ ဂုံးညင်းရိုးလွဲခြင်း၊ ဒူးဆစ်ရောင်ရမ်းခြင်းနှင့် ဒူးကျီးပေါင်းတို့ကြောင့် ဒူးနာခြင်းဖြစ်ရသည်။ ဒူးတွင် osteophyte ခေါ် အရိုးအတက် ထွက်လာခြင်းကြောင့် လှုပ်ရှားနိုင်စွမ်းနည်းပြီး တောင့်တင်း နာကျင်လာတတ်သည်။ ဒူးနာဝေဒနာသည် အမျိုးသားများထက် အမျိုးသမီးများတွင် ပို၍ခံစားရတတ်သည်ကို တွေ့ရှိရသည်။

အမျိုးသမီးများတွင် ဒူးနာဝေဒနာ ပိုခံစားရသည့် အကြောင်းအရင်းတစ်ခုမှာ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်မှု ပုံစံကြောင့် ဖြစ်ပါသည်။ တင်ပါးဆုံ အရိုးကားသည့် အရိုးအဆစ် တည်ဆောက်မှုပုံစံကြောင့် ဒူးရိုးဆစ်ပေါ် အလေးချိန် ပိုပိစေခြင်းနှင့် အမျိုးသမီးဟော်မုန်းများကြောင့် တွယ်ဆက်အရွတ်များ အားနည်းခြင်းတို့ကြောင့် ဒူးနာခြင်း ဖြစ်ရပါသည်။ အထူးသဖြင့် အမျိုးသမီးများသည် အမျိုးသားများထက် ဒူးအကွေးအဆန့် အထိုင်အထများသောကြောင့် ဒူးနာခြင်း ပို၍ခံစားရလေ့ရှိသည်။

အမျိုးသမီးများ လစဉ်ရာသီလာမလာခင် အီစထရိုဂျင် (estrogen) ဟော်မုန်းပမာဏ ပြောင်းလဲမှုကြောင့် အရိုးအဆစ်နှင့် ကြွက်သားများ နာကျင်မှုကို ပိုခံစားရတတ်ပါသည်။ ထို့ပြင်အမျိုးသမီးများတွင် အမျိုးသားများထက် နာကျင်မှုကိုသက်သာစေသော natural painkiller အန်ဒေါဖင် (endorphin) ထွက်ရှိမှုပမာဏ နည်းသောကြောင့် ပို၍နာကျင်ရတတ်သည်။ နာကျင်မှုခံစားရသည့်အခါ တုံ့ပြန်ထွက်ပေါ်လေ့ရှိသော ဒိုဘာမင်း (dopamine) ဟော်မုန်းပမာဏသည်လည်း အမျိုးသမီးများတွင် အမျိုးသားများထက် လျော့နည်းပါသည်။

အဝလွန်သူများတွင် ခန္ဓာကိုယ်အလေးချိန်သည် ဒူးကိုဝန်ပိသေသောကြောင့် ဒူးနာခြင်းကို အလွယ်တကူ ခံစားရတတ်သည်။ ကိုယ်ခံအားစံလွဲ ရောဂါတစ်မျိုးဖြစ်သည့်  Rheumatoid arthritis  အရိုးလေးဖက်နာရောဂါဖြစ်ပွားမှုနှုန်းသည် အမျိုးသမီးများတွင် အမျိုးသားထက် သုံးဆပိုများပြီး ဒူးကဲ့သို့ အဆစ်များ ရောင်ရမ်းနာကျင်မှုကို ခံစားရတတ်ပါသည်။ အမျိုးသမီးများ အိမ်မှုကိစ္စ သန့်ရှင်းရေးပြုလုပ်ရာတွင် ဒူးထောက်၍ ပြုလုပ်လျှင် အဖြစ်များလေ့ရှိသော ဒူးအရိုးအဆစ်အတွင်းရှိ အိတ်များရောင်ခြင်း (Bursitis- Housemaid’s knee) ဟုသော အခြေအနေကြောင့်လည်း ဒူးနာတတ်ပါသည်။
ဒူးနာခြင်းသက်သာစေရန် နာကျင်ခြင်းကို ဖြစ်စေသော လှုပ်ရှားမှုများ၊ ဆောင့်ကြောင့်ထိုင်ခြင်း၊ ခြေထောက်ချိတ်ထိုင်ခြင်း၊ အထပ်မြင့် လှေကားတက်ခြင်းတို့ကို တတ်နိုင်သမျှရှောင်ပါ။ ကိုယ်အလေးချိန်ကို ရှိသင့်သည့် အလေးချိန်အတွင်း ထိန်းထားပါ။ အချိန်အတော်ကြာ ထိုင်နေရာမှ ရုတ်တရက်လှုပ်ရှားမှု မပြုဘဲ လှုပ်ရှားမှုများကို ဖြည်းညှင်းစွာ ပြန်လည်စတင်ပါ။ နာကျင်စေသော လှုပ်ရှားမှုများကို သတိထား၍ ပြုလုပ်ပါ။ ကယ်ဆီယမ်ဓာတ်ကြွယ်ဝသော အစားအစာများကို ပုံမှန်စားပေးပါ။

ဒူးကို ဖိအားဖြစ်စေသည့် ဒေါက်ဖိနပ်ကဲ့သို့ ဖိနပ်မျိုးဝတ်ခြင်းရှောင်ပါ။ ရေခဲ သို့မဟုတ် ရေနွေးအိတ် ကပ်ပေးခြင်း၊ အကိုက်အခဲ ပျောက်ဆေး သောက်ဆေး၊ လိမ်းဆေးများကို အသုံးပြုခြင်း၊ ထိုက်ချိ (Taichi) ကဲ့သို့ ပျောင့်ပျောင်းမှုလေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း၊ အရိုးအဆစ်ကို အားဖြည့်ပေးသော ဖြည့်စွက်အဟာရများ မှီဝဲခြင်း၊ ဒူးနာခြင်းသက်သာစေမည့် လေ့ကျင့်ခန်း ကုသမှုကို စနစ်တကျ ခံယူခြင်း (Physiotherapy)၊ ဆရာဝန်မှ ညွှန်ကြားထားသော ဆေးများကို သောက်ခြင်း၊ ဒူးဆစ်အတွင်း စတီးရွိုက်ဆေးထိုးခြင်း၊ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး ခွဲစိတ်ကုသမှု ခံယူခြင်းတို့ကို ပြုလုပ်၍ ဒူးနာခြင်းကို သက်သာစေနိုင်ပါသည်။

Author: Dr. Yee Mon

Previous Post

မျက်နှာနှိပ်နယ်ခြင်း ဘာကြောင့်လုပ်သင့်တာလဲ?

Next Post

သင့်အသားအရေ ထိန်းသိမ်းဖို့အတွက် သဘာဝအဆီများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

သတိထားသင့်တဲ့ လေးဘက်နာရောဂါအမျိုးမျိုး

1 year ago
2.5k
Arthritis should not be neglected

မပေါ့ဆသင့်တဲ့ အဆစ်ရောင်ရောဂါ

1 year ago
396
Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
617

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
587
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Winter and arthritis

ဆောင်းရာသီနှင့်အဆစ်ရောင်ရောဂါ

1 year ago
179

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
natural oils to care for your skin

သင့်အသားအရေ ထိန်းသိမ်းဖို့အတွက် သဘာဝအဆီများ

Are Choline and Inositol really important to the body?

Choline နှင့် Inositol ဟာ ခန္ဓာကိုယ်အတွက် တကယ်ပဲအရေးပါသလား?

why do you want to sleep after taking cough medicine

ချောင်းဆိုးပျောက်ဆေးတွေ သောက်ပြီးရင် ဘာလို့အိပ်ချင်တာလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.