fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

ကိုဗစ်ကိုတွန်းလှန်နိုင်ဖို့ စိတ်ဓာတ်ခွန်အားအရေးကြီးတယ်လို့ဆိုတဲ့ မော်ဒယ်ဟန်လေး

238
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/10/2021
in ကိုဗစ်ရောဂါ, အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

ဇူလိုင်လဆန်းပိုင်းတွင် ဟန်လေး စဖျားသည်။
ကိုဗစ်တတိယလှိုင်း ပြင်းထန်နေသည့်ကာလဖြစ်သည့်အတွက် Positive ဖြစ်နေပြီဟုသိလိုက်ရသည်နှင့်
ဟန်လေး သူ့ကိုယ်သူ စိုးရိမ်မိသည်။

“ဖြစ်ဖြစ်ချင်းတုန်းက အရမ်းလည်း ကြောက်တယ်။ မိသားစုရဲ့အဝေးမှာ
တစ်ယောက်တည်း နေတာဆိုတော့ အားလည်း ငယ်တယ်။ စိုးရိမ်စိတ်တွေလဲ ဖိစီးတာပေါ့။”

ဖျားပြီး နှစ်ရက်လောက်အကြာတွင် သူအနံ့စပျောက်သည်။
ပိုဆိုးသည်က နောက်ရက်များတွင် အရသာပါပျောက်သွားသည်။
ဘာစားစား ဘာအရသာမှမရှိသည့်အတွက် စားရသောက်ရ အဆင်မပြေဖြစ်လာသည်။
“အရသာရချင်ဇောနဲ့ အငန်တွေဘာတွေစားလည်း ငန်လို့ငန်မှန်းမသိဘူး။”

လူငယ်တစ်ဦးဖြစ်သော်လည်း အသက်အရွယ်မရွေးနေ့မြင်ညပျောက်ဖြစ်နေသည့်အချိန်တွင်
ဗိုင်းရပ်စ်ကူးစက်ခံရသူတိုင်းအတွက်က စိုးရိမ်စရာဖြစ်သည်။ ရောဂါက ဘယ်အချိန်တွင်
ဘယ်လောက်ထိ တိုက်ခိုက်မှု ပြင်းထန်လာမလဲ ဘယ်သူမှမသိနိုင်ဘူးမဟုတ်ပါလား။

ထို့အတွက်ကြောင့် ဟန်လေး ကိုယ့်ကိုယ်ကိုယ် အထူးဂရုစိုက်သည်။
ဆေးရုံဆေးခန်းသွားဖို့ခက်ခဲသော်လည်း ဆရာဝန်နှင့် အွန်လိုင်းကပြသည်။
လိုအပ်သည့်ဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်သည်။ “ကြောက်နေရုံနဲ့ မပြီးဘူးလေ။
အသက်ဆက်ရှင်ဖို့ ကိုယ်တိုင်လုပ်မှ ရမယ်ဆိုတဲ့ စိတ်နဲ့ အားတင်းနေရပါတယ်။
ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ညွှန်ကြားတဲ့ ဆေးတွေ သောက်တယ်။
အားရှိအောင် အစားတွေ စားတယ်။ ညကို ပုံမှန်အိပ်တယ်။
အောက်စီဂျင် နဲ့ သွေးပေါင်ချိန် ပုံမှန်တိုင်းတယ်။”
ဟု အသက် ၂၈ နှစ်အရွယ်ရှိ မော်ဒယ် ဟန်လေးက ပြောသည်။

ကိုယ်ခံအားကောင်းမှ တွန်းလှန်နိုင်မည်ဖြစ်သဖြင့် အားရှိအောင်

အစားအသောက်ကို မဝင်ဝင်အောင်စားသည်။ အသက်ရှုလေ့ကျင့်ခန်းကို ပုံမှန်လုပ်သည်။
“အနံ့အရသာမရတော့တဲ့ အချိန်မှာဆို ဝမ်းနည်းလွန်းလို့ တစ်ယောက်တည်း
ငိုရင်းနဲ့ ကြိတ်မှိတ်ပြီး မရမက စားတယ်။”

၁၁ ရက်ကြာအနံ့ပျောက်ပြီးချိန်တွင် ဟန်လေး သက်သာလာသည်။
စားသောက်ရ ပိုအဆင်ပြေလာသလို လူလည်း ပိုလန်းဆန်းလာသည်။
သူ့အနေဖြင့် အသက်ရှူလေ့ကျင့်ခန်းကို များများလုပ်ဖြစ်သလို ယောဂတွေဆော့တာ၊
မနက်နေပူစာလှုံတာတွေ ဂရုတစိုက်လုပ်တာကလည်း အကျိုးရှိကြောင်း ယုံကြည်သည်။

ကိုဗစ်ရောဂါနှင့်ရင်ဆိုင်ကြုံတွေ့ရပါက ဘယ်လိုကျော်ဖြတ်မလဲဆိုသည်နှင့်ပတ်သက်ပြီး

ဟန်လေးက ယခုလို ဝေမျှသည်။

“အဓိကကတော့ စိတ်ပိုင်းနဲ့ပဲဆိုင်တယ်။
ဒီကာလကတော့ ဝင်ငွေကအစ။ ရောဂါဖြစ်တယ်ဆိုတာက
ပိုက်ဆံရှိမှ ကုနိုင်တဲ့သူတွေရှိသလို မကုနိုင်တဲ့သူတွေလည်းရှိတယ်။
ဆုံးသွားတဲ့သူတွေလည်းရှိတယ်။
ကောင်းကောင်းမွန်မွန်ဖြတ်သန်းပါ။
စိတ်ကိုခိုင်ခိုင်ထားရင် အဆင်ပြေမှာပါ။
အားလျှော့ဖို့မလိုဘူး။
အားလုံးအဆင်ပြေသွားမှာပါ။”

စိတ်ဓာတ်ခိုင်မာဖို့အရေးကြီးကြောင်းအပြင်
ဆရာဝန်နှင့် နည်းမှန်လမ်းမှန်ကုသဖို့လည်း သူက အကြံပြုလိုက်သေးသည်။
“ဆေးတွေကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သောက်ပါ။
မလိုအပ်ပဲ တခြားဆေးတွေ သောက်မိရင် နောက်ဆက်တွဲဆိုးကျိုးတွေ ရနိုင်ပါတယ်။
အားရှိမယ့်အစာတွေ စားပါ။
တကယ်လို့ အနံ့ အရသာမရတော့ရင်လည်း အစားဝင်မှ
ငါအသက်ရှင်မှာဆိုတဲ့ စိတ်ကို မွေးပါ။

အမြဲထိုင်စိတ်ညစ်နေမယ့်အစား သူငယ်ချင်းတွေနဲ့ စကားပြောပါ။”

OnDoctor Team

(ယခုဆောင်းပါးသည် ကာယကံရှင်၏အတွေ့အကြုံဖြစ်ရပ်မှန်ကို မေးမြန်းပြီးတင်ပြထားခြင်းဖြစ်ပြီး ဆောင်းပါးပါ ဓာတ်ပုံများသည် ကာယကံရှင်၏ခွင့်ပြုချက်ဖြင့် ဖော်ပြထားခြင်းဖြစ်ပါသည်။ ဆောင်းပါးတွင်ဖော်ပြပါရှိသည့် ဆေးဝါးနှင့် ကုသမှုနည်းလမ်းများသည် ကာယကံရှင်၏အတွေ့အကြုံသာဖြစ်၍ စာဖတ်သူများအနေဖြင့် ဆေးဝါးနှင့်ကုသမှုများလိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးရန် တိုက်တွန်းအပ်ပါသည်။)

Previous Post

သတိပြုရမယ့် နှလုံးသွေးကြောကျဉ်းရောဂါ

Next Post

ကလေးယူဖို့အကောင်းဆုံးအချိန်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
382
summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

2 years ago
683

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

3 years ago
686
About the unknown symptoms of lung cancer

အဆုတ်ကင်ဆာရဲ့ မသိမသာ လက္ခဏာများအကြောင်း

3 years ago
2.1k
things that can damage the lungs

အဆုတ်ကို ထိခိုက်စေသော အရာများ

3 years ago
853
how can ginger be used to prevent colds and coughs

ချင်း (ဂျင်း) ကို အသုံးပြုပြီး အအေးမိ၊ ချောင်းဆိုး ဝေဒနာတွေကို ဘယ်လိုကာကွယ်မလဲ?

3 years ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးယူဖို့အကောင်းဆုံးအချိန်

သင်သိပ်မသိသေးတဲ့ ကြက်သွန်ဖြူရဲ့ကောင်းကျိုးများ

အမျိုးသမီးတွေမှာ မထင်မရှားရှိနေတတ်တဲ့ သံဓာတ်ချို့တဲ့လက္ခဏာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.