သြားအစြပ္ (Crown) စြပ္ထားတဲ့သြားေတြကို ဘယ္လိုဂ႐ုစိုက္ၾကမလဲ??
?အခ်ိဳ႕ေသာသြားေတြက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အစြပ္ (Crown) စြပ္ရေလ့ရွိပါတယ္ ။
– သြားပိုးစားျခင္းေၾကာင့္ သြားရဲ႕အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားပ်က္စီးၿပီး သြားကျပန္ဖာလို႔မရေလာက္တဲ့အေျခအေန
– သြား ၂ေခ်ာင္းၾကားအစာညပ္တဲ့ အခ်ိဳ႕ေသာအေျခအေန
– အေၾကာထုတ္ကုသမႈ (RCT) ခံယူထားျခင္း
– ေဘးသြားအကူအညီနဲ႔ သြားစိုက္ထားျခင္း (Bridge)
– မိမိသြားရဲ႕ ပုံစံသြင္ျပင္ကို မႀကိဳက္ မႏွစ္သက္တဲ့အခ်ိန္
– သြားမ်က္ႏွာျပင္ေႂကြလႊာ အရမ္းကိုျပဳန္းတီးေနတဲ့အခါေတြမွာ သြားအစြပ္ (Crown) ျပဳလုပ္ရေလ့ရွိပါတယ္ ။
သြားအစြပ္ (Crown) ကို ေႂကြ(သို႔)သတၱဳေတြနဲ႔ ျပဳလုပ္ထားတာေၾကာင့္စိတ္ခ်လက္ခ်ဝါးႏိုင္စားႏိုင္ၿပီဆိုေပမယ့္ ဂ႐ုစိုက္ရမွာေတြေတာ့ရွိေနပါတယ္ ။
သြားအစြပ္နဲ႔ သြားဖုံးစပ္ၾကားေနရာေတြကို သန႔္ရွင္းေရးေသခ်ာလုပ္မေပးရင္ သြားပိုးစား ၊ သြားဖုံးေရာင္တာေတြျဖစ္လာႏိုင္ပါတယ္ ။
သြားအစြပ္က အထိုင္(fitting)မက်ပဲ ဟေနတဲ့အခါမွာ သြားပိုးစား ၊ သြားကိုက္ ၊ သြားက်ဥ္တာေတြျဖစ္လာႏိုင္ပါတယ္ ။
အေရးႀကီးတဲ့အခ်က္ ၁ ခ်က္ရွိပါေသးတယ္ ။ သြားအစြပ္စြပ္ထားတဲ့သြားေတြရဲ႕ ေဘးမွာရွိေနတဲ့သြားေတြက အစာညပ္ၿပီးသြားပိုးစားႏိုင္ေခ်အရမ္းမ်ားေလ့ရွိပါတယ္ ။ သြားအစြပ္ပတ္ခ်ာလည္ကို သြားတိုက္ ၊ သြားၾကားပြတ္ႀကိဳး (Dental Floss) ေသခ်ာအသုံးျပဳေပးရပါလိမ့္မယ္ ။
Dr. မုိးေဝ (မိုးပုလဲ)
Unicode
သွားအစွပ် (Crown) စွပ်ထားတဲ့သွားတွေကို ဘယ်လိုဂရုစိုက်ကြမလဲ??
?အချို့သောသွားတွေက အကြောင်းအမျိုးမျိုးကြောင့် အစွပ် (Crown) စွပ်ရလေ့ရှိပါတယ် ။
– သွားပိုးစားခြင်းကြောင့် သွားရဲ့အစိတ်အပိုင်းတော်တော်များများပျက်စီးပြီး သွားကပြန်ဖာလို့မရလောက်တဲ့အခြေအနေ
– သွား ၂ချောင်းကြားအစာညပ်တဲ့ အချို့သောအခြေအနေ
– အကြောထုတ်ကုသမှု (RCT) ခံယူထားခြင်း
– ဘေးသွားအကူအညီနဲ့ သွားစိုက်ထားခြင်း (Bridge)
-မိမိသွားရဲ့ ပုံစံသွင်ပြင်ကို မကြိုက် မနှစ်သက်တဲ့အချိန်
– သွားမျက်နှာပြင်ကြွေလွှာ အရမ်းကိုပြုန်းတီးနေတဲ့အခါတွေမှာ သွားအစွပ် (Crown) ပြုလုပ်ရလေ့ရှိပါတယ် ။
သွားအစွပ် (Crown) ကို ကြွေ(သို့)သတ္တုတွေနဲ့ ပြုလုပ်ထားတာကြောင့် စိတ်ချလက်ချ ဝါးနိုင်စားနိုင်ပြီဆိုပေမယ့် ဂရုစိုက်ရမှာတွေတော့ရှိနေပါတယ် ။
သွားအစွပ်နဲ့ သွားဖုံးစပ်ကြားနေရာတွေကို သန့်ရှင်းရေးသေချာလုပ်မပေးရင် သွားပိုးစား ၊ သွားဖုံးရောင်တာတွေဖြစ်လာနိုင်ပါတယ် ။
သွားအစွပ်က အထိုင်(fitting)မကျပဲ ဟနေတဲ့အခါမှာ သွားပိုးစား ၊ သွားကိုက် ၊ သွားကျဉ်တာတွေဖြစ်လာနိုင်ပါတယ် ။
အရေးကြီးတဲ့အချက် ၁ ချက်ရှိပါသေးတယ် ။ သွားအစွပ်စွပ်ထားတဲ့သွားတွေရဲ့ ဘေးမှာရှိနေတဲ့သွားတွေက အစာညပ်ပြီးသွားပိုးစားနိုင်ချေအရမ်းများလေ့ရှိပါတယ် ။ သွားအစွပ်ပတ်ချာလည်ကို သွားတိုက် ၊ သွားကြားပွတ်ကြိုး (Dental Floss) သေချာအသုံးပြုပေးရပါလိမ့်မယ် ။
Dr. မိုးဝေ (မိုးပုလဲ)