Dr. Moe Wai (မိုးပုလဲ)
Unicode
သွား ၂ချောင်းကြားက အနက်ရောင်တြိဂံများ (Black Triangles Between Teeth)
?အသက်ကြီးတဲ့သူတွေ နဲ့ သွားကြားထိုးတဲ့သူတွေမှာအများဆုံးတွေ့ရပါတယ် ။
?အသက်ကြီးတဲ့သူတွေမှာတော့ သွားဖုံးအရိုး (Interdental bone) တဖြည်းဖြည်းပြုန်းတီးလာခြင်းကြောင့်ဖြစ်ကြရပါတယ် ။ အသက်ကြီးလာလေ ပိုဆိုးလာလေပါပဲ ။
?သွားကြားထိုးတဲ့သူတွေမှလည်း သွား၂ချောင်းကြားကသွားဖုံးသား (Interdental Papilla)လေးတွေ မရှိတော့လို့ သွားကြားတွေဟနေသလိုဖြစ်လေ့ရှိပါတယ် ။
?သွားတိုက်အရမ်းကြမ်းတဲ့သူတွေ ၊ ညအိပ်ပျော်နေစဉ်အံကြိတ်တတ်သူတွေမှာလည်း တွေ့ရတတ်ပါတယ် ။
?သွားကြားတွေထဲမှာ သွားချေးကျောက်(Calculus)ရှိခြင်း ၊ သွားဖုံးရောဂါဖြစ်နေသူများမှာလည်း အခုလိုအခြေအနေမျိုးတွေဖြစ်နေတတ်ပါတယ် ။
?ဒီလိုတြိဂံပုံစံသွားကြဲနေရင် ပြသနာများပါတယ် ။ အစာစားတိုင်းသွားကြားညပ် ၊ သွားကျဉ် ၊ သွားကိုက်တာတွေဖြစ်တတ်ပါတယ် ။ အလှအပနဲ့လည်းသက်ဆိုင်တာကြောင့် မိမိကိုယ်ကိုယုံကြည်မှုပါ ကျဆင်းစေနိုင်ပါတယ် ။
?ကုသမှုအနေနဲ့ကတော့ ဖြစ်နေတဲ့အနေအထားပေါ်မူတည်ပြီး ကုသမှုပုံစံကွဲပြားနိုင်ပါတယ် ။
?သွားဖုံးရောဂါဖြစ်နေခြင်းကြောင့် အခုလိုဖြစ်ရတာဆိုရင် သွားဖုံးရောဂါကိုအရင်ဆုံးကုသရမှာပါ ။
?အခြားသောအခြေအနေတွေကြောင့်ဆိုရင်တော့ သွားကိုကြွေအစွပ်စွပ်ခြင်း (Crown) ၊ ကြွေကပ်ခြင်း (Veneer) တွေလုပ်ပေးနိုင်ပါတယ် ။
Dr. Moe Wai (မိုးပုလဲ)