Question
သြားႏႈတ္ထားတာကို သြားျပန္မစိုက္ရင္ ဘာျပႆနာေတြ ျဖစ္ႏိုင္လဲ ?
Answer
– သြားႏႈတ္ၿပီး သြားျပန္မစိုက္တာက ခံတြင္းထဲက လက္က်န္သြားေတြ အကုန္လုံးကို ဝါးအစည္းေျပသလိုျဖစ္ေစကာ ႀကံ့ခိုင္မႈအပိုင္းေရာ ၊ လွပမႈအပိုင္းကိုပါ ျပသနာေတြျဖစ္ေစပါတယ္ ။
– အခ်ိန္နဲ႔အမွ် သြားေတြတျဖည္းျဖည္းယိုင္လာပါလိမ့္မယ္။ အထူးသျဖင့္ ႏႈတ္ထားတဲ့ ေနရာရဲ႕ ေဘး၁ဘက္၁ခ်က္စီက သြားေတြယိုင္လာပါမယ္။
– သြားမရွိေတာ့တဲ့ ေနရာတဝိုက္ပဲ အခုလို ျဖစ္ေနတာ မဟုတ္ပါဘူး။ ခံတြင္းထဲက သြားေတြအကုန္လုံး အနည္းနဲ႔အမ်ား သြားက်ဲလာႏိုင္ပါတယ္။
– ေနာက္ဘက္က အံသြားႏႈတ္လိုက္ရင္ ခ်က္ခ်င္းမသိသာေပမယ့္ ေရရွည္မွာ ေရွ႕သြားေတြက်ဲလာေလ့ရွိပါတယ္။
– ေအာက္သြားေတြကို ႏႈတ္ၿပီးျပန္မစိုက္ရင္ ပိုဆိုးပါတယ္။ ႏႈတ္လိုက္တဲ့သြားရဲ႕ အေပၚမ်က္ႏွာခ်င္းဆိုင္သြားက တျဖည္းျဖည္း ရွည္က်လာတာပါ။
– သြားေတြက်ဲလာ ၊ ေစာင္းလာ ၊ ရွည္က်လာတဲ့ျပသနာေတြေၾကာင့္ ခံတြင္းကိုသန႔္ရွင္းေရးလုပ္ရတာ ပိုခက္ခဲလာေလ့ရွိပါတယ္။ သြားပိုးစားတာပို ျဖစ္လာႏိုင္ၿပီး သြားဖုံးေရာဂါေတြျဖစ္လာဖို႔လည္း အခြင့္အလမ္းပိုမ်ားလာပါတယ္။
– အလွအပကိုလည္းေရရွည္မွာ ဆိုးဆိုးဝါးဝါးထိခိုက္ေစမွာျဖစ္ပါတယ္ ။
– သြားျပန္မစိုက္ရင္ ျဖစ္လာႏိုင္တဲ့ အက်ိဳးဆက္ကို ေအာက္မွာ ပုံေလးေတြနဲ႔တကြေဖာ္ျပေပးထားတာေၾကာင့္ ေလ့လာေပးႏိုင္ပါတယ္ ။
Author : Dr. မုိးေဝ (မုိးပုလဲ)
Question
သွားနှုတ်ထားတာကို သွားပြန်မစိုက်ရင် ဘာပြဿနာတွေ ဖြစ်နိုင်လဲ ?
Answer
– သွားနှုတ်ပြီး သွားပြန်မစိုက်တာက ခံတွင်းထဲက လက်ကျန်သွားတွေ အကုန်လုံးကို ဝါးအစည်းပြေသလိုဖြစ်စေကာ ကြံ့ခိုင်မှုအပိုင်းရော ၊ လှပမှုအပိုင်းကိုပါ ပြသနာတွေဖြစ်စေပါတယ် ။
– အချိန်နဲ့အမျှ သွားတွေတဖြည်းဖြည်းယိုင်လာပါလိမ့်မယ်။ အထူးသဖြင့် နှုတ်ထားတဲ့ နေရာရဲ့ ဘေး၁ဘက်၁ချက်စီက သွားတွေယိုင်လာပါမယ်။
– သွားမရှိတော့တဲ့ နေရာတဝိုက်ပဲ အခုလို ဖြစ်နေတာ မဟုတ်ပါဘူး။ ခံတွင်းထဲက သွားတွေအကုန်လုံး အနည်းနဲ့အများ သွားကျဲလာနိုင်ပါတယ်။
– နောက်ဘက်က အံသွားနှုတ်လိုက်ရင် ချက်ချင်းမသိသာပေမယ့် ရေရှည်မှာ ရှေ့သွားတွေကျဲလာလေ့ရှိပါတယ်။
– အောက်သွားတွေကို နှုတ်ပြီးပြန်မစိုက်ရင် ပိုဆိုးပါတယ်။ နှုတ်လိုက်တဲ့သွားရဲ့ အပေါ်မျက်နှာချင်းဆိုင်သွားက တဖြည်းဖြည်း ရှည်ကျလာတာပါ။
– သွားတွေကျဲလာ ၊ စောင်းလာ ၊ ရှည်ကျလာတဲ့ပြသနာတွေကြောင့် ခံတွင်းကိုသန့်ရှင်းရေးလုပ်ရတာ ပိုခက်ခဲလာလေ့ရှိပါတယ်။ သွားပိုးစားတာပို ဖြစ်လာနိုင်ပြီး သွားဖုံးရောဂါတွေဖြစ်လာဖို့လည်း အခွင့်အလမ်းပိုများလာပါတယ်။
– အလှအပကိုလည်းရေရှည်မှာ ဆိုးဆိုးဝါးဝါးထိခိုက်စေမှာဖြစ်ပါတယ် ။
– သွားပြန်မစိုက်ရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို အောက်မှာ ပုံလေးတွေနဲ့တကွဖော်ပြပေးထားတာကြောင့် လေ့လာပေးနိုင်ပါတယ် ။
Author : Dr. မိုးဝေ (မိုးပုလဲ)