fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home သွားနှင့် ခံတွင်း ကျန်းမာရေး

သွားတိုက်ပေမယ့် ခံတွင်းနံ့မကောင်းဖြစ်နေတဲ့အခါ

134
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/05/2018
in သွားနှင့် ခံတွင်း ကျန်းမာရေး
1 min read
A A

တစ်နေ့ကို ၂ ကြိမ် သွားသေချာတိုက်နေပေမယ့် ခံတွင်းနံ့မကောင်းဘူးဖြစ်နေပါတယ် ? ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုမရှိတော့ပါဘူး။ ဘာလို့ဒီလိုဖြစ်ရတာလဲ ?

Answer

ခံတွင်းနံ့ ကောင်းခြင်း၊ မကောင်းခြင်းတွေက အချက်အလက်ပေါင်းများစွာ အပေါ်မှာမူတည်နေပါတယ်ဗျ။

ကျန်းမာရေးအခြေအနေ၊ စားတဲ့အစားအသောက်၊ ခံတွင်းကို ဂရုစိုက်မှု၊ ဆေးလိပ်သောက်ခြင်း၊ ပုံမှန်သောက်သုံးနေတဲ့ဆေးဝါး စတာတွေကြောင့် ခံတွင်းနံ့ကပုံမှန်မဟုတ်ပဲ ဆိုးနေတတ်ပါတယ်။

အဓိကဖြစ်ရလေ့ရှိတဲ့အကြောင်းက ခံတွင်းသန့်ရှင်းရေးလုပ်တာအားနည်း (သွားတိုက်တာနည်းစနစ်မကျ) လို့ပါ။

မကောင်းတဲ့ ဘက်တီးရီးယားတွေက သွားကြိုသွားကြား၊ လျှာမျက်နှာပြင်ပေါ်က အရသာခံအဖုလေးတွေကြား၊ သွားဖုံးတွေပေါ်မှာ ရှင်သန်ပေါက်ဖွားနှုန်း အရမ်းများပြားလာရင် ခံတွင်းနံ့ကဆိုးလာမှာပါပဲ။ ဒီဘက်တီးရီးယားတွေက သွားပိုးစားခြင်း၊ သွားဖုံးရောဂါတွေနဲ့လည်း ဆက်စပ်လျက်ရှိပါတယ်။

သွားတိုက်တာ နည်းစနစ်မမှန်ခြင်း၊ သွားကြားပွတ်ကြိုး (Dental Floss) အသုံးမပြုခြင်း၊ လျှာကို ပုံမှန်သန့်ရှင်းရေး မလုပ်ပေးခြင်း စတာတွေက ခံတွင်းနံ့မကောင်းခြင်းကို ဖြစ်လာစေပါတယ်။

အစားအသောက်ကြောင့်လည်း ခံတွင်းနံ့က ဆိုးလေ့ရှိပေမယ့် ခဏတာမျှပါပဲ။ ဆေးလိပ်သောက်၊ ကွမ်းစားတာကတော့ ခံတွင်းကို ဆိုးဆိုးရွားရွားထိခိုက်ပါတယ်။ ဆေးလိပ်သောက်၊ ကွမ်းစားခြင်းကြောင့် ခံတွင်းနံ့မကောင်းတဲ့အပြင် သွားတွေမှာအစွန်းထင်းတွေဖြစ် ၊ သွားဖုံးတွေညစ်ပတ်ပြီး လျှာရဲ့အရသာခံနိုင်စွမ်းပါ လျော့ကျစေနိုင်ပါတယ် ။

သွားပိုးစားခြင်းနဲ့ သွားဖုံးရောဂါတွေအပြင် အခြားကိုယ်တွင်းရောဂါတွေကြောင့်လည်း ခံတွင်းနံ့ကဆိုးလေ့ရှိပါတယ်။ တံတွေးထွက်နည်းခြင်း(Dry mouth)၊ အစာအိမ်နဲ့ အူလမ်းကြောင်းမကျန်းမာခြင်း၊ ဆီးချို၊ အသည်းနဲ့ ကျောက်ကပ်မကောင်းခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာပြႆနာရှိခြင်း၊ ဖျားနာခြင်းတွေကြောင့်လည်း ခံတွင်းနံ့ကမကောင်းနိုင်ပါဘူး။

ရေရှည်သောက်သုံးရလေ့ရှိတဲ့ nitrate ပါတဲ့ဆေးဝါး၊ ကင်ဆာအတွက် ဆေးသွင်းနေရသူတွေမှာလည်း ခံတွင်းနံ့ကောင်းလေ့မရှိပါဘူး ။

ခံတွင်းနံ့ ကောင်းချင်တယ်ဆိုရင်တော့ စနစ်တကျသွားတိုက်တတ်ဖို့လိုတဲ့အပြင် သွားကြိုသွားကြားတွေသန့်ရှင်းဖို့ dental floss သုံးပေးခြင်း၊ လျှာညစ်ပတ်နေခြင်းမရှိစေရန် tongue cleaner သုံးပေးဖို့လိုပါတယ်။

သွားဆရာဝန်နဲ့ ၆ လ ၁ ကြိမ်ပြသပြီး သွားနဲ့ခံတွင်းကို စစ်ဆေးပေးပြီး သွားပိုးစားတာ၊ သွားဖုံးရောဂါတွေကို ကုသပေးရပါမယ်။ ဆေးလိပ်သောက်၊ ကွမ်းစားစတဲ့ ဆိုးရွားတဲ့အလေ့အကျင့်တွေကို ရှောင်ကျဉ်ရမှာလည်း ဖြစ်ပါတယ်။ ရေများများသောက်ပေးဖို့လည်း လိုအပ်ပါတယ်။

Dr. Pyae Shin

Previous Post

အပူရှပ်ခဲ့ရင် ဘာတွေလုပ်ရမလဲ (Heat Stroke)

Next Post

ရင်သွေးငယ်မွေးရာပါချို့ယွင်းမူရောဂါမပါရလေအောင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

To choose the right toothpaste

သွားတိုက်ဆေး မှန်ကန်စွာရွေးချယ်တတ်ဖို့

3 years ago
821
Why do you have to stop going every now and then?

ဘာလို့သွားခဏ ခဏကျဉ်နေရတာလဲ?

3 years ago
648

သွားကလေးများ ကျန်းမာဖို့

3 years ago
725

မေးရိုးနာကျင်ခြင်းဖြစ်စေသော အကြောင်းရင်းများ

4 years ago
3.8k

သွားရောဂါကင်းဝေးဖို့ ဘယ်လိုစားသောက်မလဲ

4 years ago
926

ပါးစပ်ထဲမှာ ခါးခါးနေတာ ဘာလို့လဲ

4 years ago
8.8k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရင်သွေးငယ်မွေးရာပါချို့ယွင်းမူရောဂါမပါရလေအောင်

Whole Grain Cereals များရဲ့ကျန်းမာရေးအကျိူးကျေးဇူးများ

ကလေးငယ်များတွင် ဖြစ်လေ့ရှိသော ဘယ်ရီဘယ်ရီရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.