fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home သွားနှင့် ခံတွင်း ကျန်းမာရေး

ခံတွင်းကပြောတဲ့ သင့်ကျန်းမာရေး

50
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/05/2018
in သွားနှင့် ခံတွင်း ကျန်းမာရေး
1 min read
A A

Zawgyi
သင့္ခံတြင္းက သင့္ခႏၶာကိုယ္ရဲ႕ တံခါးမႀကီးပါ
အစားအေသာက္နဲ႔ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ေဆးဝါးအမ်ားစုကို ပါးစပ္ထဲကတစ္ဆင့္ ခႏၶာကိုယ္ထဲကို ေရာက္ေအာင္ သြတ္သြင္းေပးရတာပါ။ ခႏၶာကိုယ္ထဲကို ဝင္ေရာက္မည့္ အရာမွန္သမွ် ခံတြင္းကို အရင္ျဖတ္သန္းရပါ တယ္။ အစာေျခစနစ္ရဲ႕ ပထမဆုံးအဆင့္ျဖစ္ၿပီး အစာေတြအမ်ားဆုံး ႂကြင္းက်န္ခိုကပ္တဲ့ေနရာဆိုရင္လည္း မမွားပါ ဘူး။
ဘက္တီးရီးယားမ်ားစြာ ခိုကပ္ႏိုင္ၿပီး ခႏၶာကိုယ္ရဲ႕ ခ်ိဳ႕ယြင္းခ်က္အေတာ္ေတာ္မ်ာဟာလည္း ခံတြင္းထဲမွာ လကၡဏာတစ္ရပ္အေနနဲ႔ လာေရာက္ျဖစ္ေပၚေလ့ရွိပါတယ္။ ထို႔အတူ ခံတြင္းထဲက ဗက္တီးရီးယားေတြေၾကာင့္လည္း ခႏၶာကိုယ္ထဲမွာ ေရာဂါအခ်ိဳ႕ကို ျဖစ္ေစပါတယ္။ အျပန္အလွန္ဆက္ႏြယ္ေနၾကသလို ႏွစ္ခုစလုံးကိုလည္း တစ္ခ်ိန္ တည္း ကုသမွ ေရာဂါက ပိုမိုေပ်ာက္ကင္းေလ့ရွိပါတယ္။
ဆီးခ်ိဳေရာဂါက ခံတြင္းက်န္းမာေရးအေပၚမွာ လႊမ္းမိုးမႈအရွိဆုံးေရာဂါပါ။ ဆီးခ်ိဳေရာဂါျဖစ္ေနသူေတြက သာမန္လူေတြထက္ပိုၿပီး ေရစီးကမ္းၿပိဳေရာဂါျဖစ္ႏိုင္ပါတယ္။ ခႏၶာကိုယ္ထဲမွာရွိတဲ့ သၾကားဓာတ္ကို ေခ်ဖ်က္ေပးတဲ့ အင္ဆူလင္ (Insulin) ဓာတ္ထုတ္လုပ္မႈ ေလ်ာ့နည္းျခင္း၊ မထြက္ျခင္းေတြက ဆီးခ်ိဳေရာဂါကို ျဖစ္ေစပါတယ္။ ေသြးထဲမွာ သၾကားဓာတ္မ်ားလာျခင္းက ဗက္တီးရီးယားေတြ၊ ေရာဂါပိုးမႊားေတြ ေပါက္ဖြားလာေစတဲ့ အဓိကအခ်က္ပါ ပဲ။ ခံတြင္းမွာလည္း ဗက္တီးရီးယားေတြက ဆိုး႐ြားစြာ ဒုကၡေပးၿပီး သြားဖုံးေတြေရာင္၊ ၾကာလာရင္ ေရစီးကမ္းၿပိဳေရာဂါ ပါ ျဖစ္လာပါေတာ့တယ္။
ႏွလုံးေရာဂါနဲ႔လည္း ဆက္စပ္မႈရွိပါတယ္။ ဘယ္လိုဆက္စပ္တာလဲဆိုတာကိုေတာ့ အတိအက် မေျပာႏိုင္ေပ မယ့္ ႏွလုံးေရာဂါျဖစ္ေနသူေတြရဲ႕ ၉ ရာခိုင္ႏႈန္းေက်ာ္ကေတာ့ ေရစီးကမ္းၿပိဳေရာဂါျဖစ္ေနတာကို ေတြ႕ရပါတယ္။ ႏွလုံး ေရာဂါနဲ႔ ေရစီးကမ္းၿပိဳေရာဂါႏွစ္ခုစလုံးက ေဆးလိပ္ေသာက္ျခင္း၊ က်န္းမာေရးအတြက္ မသင့္ေလ်ာ္တဲ့ အစားအစာ ေတြ စားျခင္းေၾကာင့္ျဖစ္ရတာပါ။ သီအိုရီအခ်ိဳ႕အရဆိုရင္ေတာ့ ခံတြင္းထဲမွာ သြားဖုံးေရာင္ျခမ္းက ေသြးျပန္ေၾကာေတြ ကိုပါ ေရာင္ရမ္းေစၿပီး ႏွလုံးနဲ႔ခႏၶာကိုယ္အစိတ္အပိုင္းေတြၾကားက ေသြးေၾကာေတြပါ ေရာင္ရမ္းေစပါတယ္။ ေသြးေၾကာေရာင္ျခင္းက ေသြးဖိအားကို ျမင့္ေစၿပီး ေသြးတိုးျခင္းကိုျဖစ္ေစပါတယ္။ ေသြးေၾကာအတြင္းပိုင္းေတြ က်ဥ္း လာေတာ့ အဆီခဲေလးေတြက ေသြးေၾကာထဲမွာ ပိတ္ဆို႔ဖို႔ အခြင့္အလမ္းမ်ားလာၿပီး ႏွလုံး႐ုတ္တရက္ ထေဖာက္တာ၊ ႏွလုံးေသြးေၾကာက်ဥ္းတာနဲ႔ ေလျဖတ္ျခင္းေတြပါ ျဖစ္ကုန္ပါတယ္။
အတိအက် အခ်က္အလက္ေတြ မရွိေပမယ့္ ကေလးလမေစ့ဘဲ ေမြးတာ၊ ေပါင္ခ်ိန္မျပည့္တာေတြက ႏွလုံး ေရာဂါ၊ အဆုတ္ေရာဂါနဲ႔ အျခားအေျခအေနေပါင္းမ်ားစြာနဲ႔ ဆက္စပ္မႈရွိေနသလို၊ ကိုယ္ဝန္ေဆာင္မိခင္ရဲ႕ ခံတြင္းက်န္း မာေရးနဲ႔လည္း ပတ္သက္မႈရွိႏိုင္တယ္လို႔ ေလ့လာခ်က္ေတြမွာ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ေတြ အေနနဲ႔ တတ္ႏိုင္သမွ် ပုံမွန္ျပသေပးေစလိုပါတယ္။
ေရစီးကမ္းၿပိဳေရာဂါနဲ႔ အ႐ိုးပြေရာဂါ ဆက္စပ္မႈရွိလားဆိုတာကိုေတာ့ ေလ့လာေနဆဲပါပဲ။ ဒီေရာဂါႏွစ္မ်ိဳးလုံးမွာ တူညီတဲ့အခ်က္က အ႐ိုးေတြပ်က္စီးသြားတာပါပဲ။ အျငင္းပြားစရာကေတာ့ အ႐ိုးပြေရာဂါက ရွည္လ်ားတဲ့ လက္႐ိုး၊ ေျခ႐ိုးေတြမွာသာ ျဖစ္ပြားၿပီး ေရစီးကမ္းၿပိဳကေတာ့ ေမး႐ိုးမွာသာ ျဖစ္ပြားတာပါ။ ေနာက္တစ္ခ်က္က အ႐ိုးပြေရာဂါကို အမ်ိဳးသီးေတြမွာ အျဖစ္နည္းပါတယ္။ ေရစီးကမ္းၿပိဳကေတာ့ အမ်ိဳးသားေတြမွာ ပိုအျဖစ္မ်ားပါတယ္။ ဒါေပမယ့္လည္း အ႐ိုးပြေရာဂါျဖစ္ေနတဲ့ အမ်ိဳးသမီးအမ်ားစုက အျခားအမ်ိဳးသမီးေတြထက္ ေရစီးကမ္းၿပိဳေရာဂါ ပိုျဖစ္ေလ့ရွိတာကို လည္း ေတြ႕ရွိထားေတာ့ စဥ္းစားစရာျဖစ္ကုန္ပါတယ္။ ဒါေၾကာင့္ ေလ့လာေနသူေတြဟာ ေရစီးကမ္းၿပိဳေနရာက အ႐ိုးေတြ ထိခိုက္ေစႏိုင္လားဆိုတာကို အသည္းအသန္ စူးစမ္းေနၾကပါတယ္။
ေဆးလိပ္ေသာက္ျခင္းက ခံတြင္းမွာသာမက ခႏၶာကိုယ္တစ္ခုလုံးကိုပါ ဒုကၡေပးပါတယ္။ ေဆးလိပ္ေသာက္သူေတြက ျပင္းထန္တဲ့ သြားဖုံေရာဂါျဖစ္ဖို႔သာမန္လူေတြထက္ ၃ ဆ ပိုမ်ားပါတယ္။ ေဆးလိပ္မွာပါတဲ့ နီကိုတင္း (Nicotine) က ေသြးေၾကာက်ဥ္းေစတဲ့အတြက္ ခံတြင္းထဲမွာ အနာက်က္ေႏွးေစႏိုင္ပါတယ္။
ေလးဖက္နာေရာဂါျဖစ္ေနတဲ့သူေတြမွာ ခံတြင္းက်န္းမာေရးကို ဂ႐ုစိုက္ေပးရင္ နာတဲ့ေဝဒနာသက္သာေစပါတယ္။ သြားဖုံးေရာဂါေၾကာင့္ နမိုးနီးယားန႔ အဆုတ္ေရာင္ေရာဂါအခ်ိဳ႕ ပိုဆိုးေစတယ္လို႔လည္း ဆိုထားပါေသးတယ္။ ခံတြင္းထဲမွာရွိတဲ့ ဆိုး႐ြားတဲ့ ဗက္တီးရီးယားေတြ အသက္ရွဴလမ္းေၾကာင္း ေသြးေၾကာထဲက တစ္ဆင့္ အဆုတ္ထဲကို ေရာက္သြားလို႔ပါ။
အခ်ဳပ္အားျဖင့္ ေျပာရရင္ေတာ့ ခံတြင္းနဲ႔ ခႏၶာကိုယ္က ပူးတြဲတည္ရွိေနတာပါ။ ခႏၶာကိုယ္က ခံတြင္းကိုထိခိုက္ မႈရွိေစရင္ ခံတြင္းကလည္း တန္ျပန္မႈ ရွိေစမွာပါပဲ။ ဒါေၾကာင့္ ခံတြင္းက်န္းမာျခင္းက အေရးႀကီးပါတယ္။ ခံတြင္း က်န္းမာဖို႔အတြက္ လုပ္သင့္တဲ့အရာေတြျဖစ္တဲ့ သြားတိုက္ျခင္း၊ သြားဆရာဝန္နဲ႔ ပုံမွန္စစ္ေဆးျခင္းေတြလုပ္ေပးရပါ လိမ့္မည္။
အထက္ေဖာ္ျပပါ အေျခအေနကို ဂ႐ုမစိုက္ဘူးပဲထား၊ သြားဖုံးေရာဂါေၾကာင့္ သင့္ရဲ႕သြားေတြ ဆုံးရႈံးလိုက္ရ တယ္ဆိုပါစို႔။ သင့္မွာဝါးစရာ သြားရွိေတာ့တဲ့အတြက္ အစာေကာင္းေကာင္းမစားႏိုင္ေတာ့ဘဲ အာဟာရဆုံးရႈံးၿပီး က်န္းမာေရးထိခိုက္လာမွာပါ။ ဒါေၾကာင့္ “အသက္ရွည္ ရွည္ေနရဖို႔၊ သြားေတြကို ဂ႐ုစိုက္စို႔”လို႔ပဲ ေျပာခ်င္ပါတယ္။

Unicode
ခံတွင်းကပြောတဲ့ သင့်ကျန်းမာရေး

သင့်ခံတွင်းက သင့်ခန္ဓာကိုယ်ရဲ့ တံခါးမကြီးပါ
အစားအသောက်နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆေးဝါးအများစုကို ပါးစပ်ထဲကတစ်ဆင့် ခန္ဓာကိုယ်ထဲကို ရောက်အောင် သွတ်သွင်းပေးရတာပါ။ ခန္ဓာကိုယ်ထဲကို ဝင်ရောက်မည့် အရာမှန်သမျှ ခံတွင်းကို အရင်ဖြတ်သန်းရပါ တယ်။ အစာခြေစနစ်ရဲ့ ပထမဆုံးအဆင့်ဖြစ်ပြီး အစာတွေအများဆုံး ကြွင်းကျန်ခိုကပ်တဲ့နေရာဆိုရင်လည်း မမှားပါ ဘူး။
ဘက်တီးရီးယားများစွာ ခိုကပ်နိုင်ပြီး ခန္ဓာကိုယ်ရဲ့ ချို့ယွင်းချက်အတော်တော်မျာဟာလည်း ခံတွင်းထဲမှာ လက္ခဏာတစ်ရပ်အနေနဲ့ လာရောက်ဖြစ်ပေါ်လေ့ရှိပါတယ်။ ထို့အတူ ခံတွင်းထဲက ဗက်တီးရီးယားတွေကြောင့်လည်း ခန္ဓာကိုယ်ထဲမှာ ရောဂါအချို့ကို ဖြစ်စေပါတယ်။ အပြန်အလှန်ဆက်နွယ်နေကြသလို နှစ်ခုစလုံးကိုလည်း တစ်ချိန် တည်း ကုသမှ ရောဂါက ပိုမိုပျောက်ကင်းလေ့ရှိပါတယ်။
ဆီးချိုရောဂါက ခံတွင်းကျန်းမာရေးအပေါ်မှာ လွှမ်းမိုးမှုအရှိဆုံးရောဂါပါ။ ဆီးချိုရောဂါဖြစ်နေသူတွေက သာမန်လူတွေထက်ပိုပြီး ရေစီးကမ်းပြိုရောဂါဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သကြားဓာတ်ကို ချေဖျက်ပေးတဲ့ အင်ဆူလင် (Insulin) ဓာတ်ထုတ်လုပ်မှု လျော့နည်းခြင်း၊ မထွက်ခြင်းတွေက ဆီးချိုရောဂါကို ဖြစ်စေပါတယ်။ သွေးထဲမှာ သကြားဓာတ်များလာခြင်းက ဗက်တီးရီးယားတွေ၊ ရောဂါပိုးမွှားတွေ ပေါက်ဖွားလာစေတဲ့ အဓိကအချက်ပါ ပဲ။ ခံတွင်းမှာလည်း ဗက်တီးရီးယားတွေက ဆိုးရွားစွာ ဒုက္ခပေးပြီး သွားဖုံးတွေရောင်၊ ကြာလာရင် ရေစီးကမ်းပြိုရောဂါ ပါ ဖြစ်လာပါတော့တယ်။
နှလုံးရောဂါနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ ဘယ်လိုဆက်စပ်တာလဲဆိုတာကိုတော့ အတိအကျ မပြောနိုင်ပေ မယ့် နှလုံးရောဂါဖြစ်နေသူတွေရဲ့ ၉ ရာခိုင်နှုန်းကျော်ကတော့ ရေစီးကမ်းပြိုရောဂါဖြစ်နေတာကို တွေ့ရပါတယ်။ နှလုံး ရောဂါနဲ့ ရေစီးကမ်းပြိုရောဂါနှစ်ခုစလုံးက ဆေးလိပ်သောက်ခြင်း၊ ကျန်းမာရေးအတွက် မသင့်လျော်တဲ့ အစားအစာ တွေ စားခြင်းကြောင့်ဖြစ်ရတာပါ။ သီအိုရီအချို့အရဆိုရင်တော့ ခံတွင်းထဲမှာ သွားဖုံးရောင်ခြမ်းက သွေးပြန်ကြောတွေ ကိုပါ ရောင်ရမ်းစေပြီး နှလုံးနဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကြားက သွေးကြောတွေပါ ရောင်ရမ်းစေပါတယ်။ သွေးကြောရောင်ခြင်းက သွေးဖိအားကို မြင့်စေပြီး သွေးတိုးခြင်းကိုဖြစ်စေပါတယ်။ သွေးကြောအတွင်းပိုင်းတွေ ကျဉ်း လာတော့ အဆီခဲလေးတွေက သွေးကြောထဲမှာ ပိတ်ဆို့ဖို့ အခွင့်အလမ်းများလာပြီး နှလုံးရုတ်တရက် ထဖောက်တာ၊ နှလုံးသွေးကြောကျဉ်းတာနဲ့ လေဖြတ်ခြင်းတွေပါ ဖြစ်ကုန်ပါတယ်။
အတိအကျ အချက်အလက်တွေ မရှိပေမယ့် ကလေးလမစေ့ဘဲ မွေးတာ၊ ပေါင်ချိန်မပြည့်တာတွေက နှလုံး ရောဂါ၊ အဆုတ်ရောဂါနဲ့ အခြားအခြေအနေပေါင်းများစွာနဲ့ ဆက်စပ်မှုရှိနေသလို၊ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ခံတွင်းကျန်း မာရေးနဲ့လည်း ပတ်သက်မှုရှိနိုင်တယ်လို့ လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေ အနေနဲ့ တတ်နိုင်သမျှ ပုံမှန်ပြသပေးစေလိုပါတယ်။
ရေစီးကမ်းပြိုရောဂါနဲ့ အရိုးပွရောဂါ ဆက်စပ်မှုရှိလားဆိုတာကိုတော့ လေ့လာနေဆဲပါပဲ။ ဒီရောဂါနှစ်မျိုးလုံးမှာ တူညီတဲ့အချက်က အရိုးတွေပျက်စီးသွားတာပါပဲ။ အငြင်းပွားစရာကတော့ အရိုးပွရောဂါက ရှည်လျားတဲ့ လက်ရိုး၊ ခြေရိုးတွေမှာသာ ဖြစ်ပွားပြီး ရေစီးကမ်းပြိုကတော့ မေးရိုးမှာသာ ဖြစ်ပွားတာပါ။ နောက်တစ်ချက်က အရိုးပွရောဂါကို အမျိုးသီးတွေမှာ အဖြစ်နည်းပါတယ်။ ရေစီးကမ်းပြိုကတော့ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ ဒါပေမယ့်လည်း အရိုးပွရောဂါဖြစ်နေတဲ့ အမျိုးသမီးအများစုက အခြားအမျိုးသမီးတွေထက် ရေစီးကမ်းပြိုရောဂါ ပိုဖြစ်လေ့ရှိတာကို လည်း တွေ့ရှိထားတော့ စဉ်းစားစရာဖြစ်ကုန်ပါတယ်။ ဒါကြောင့် လေ့လာနေသူတွေဟာ ရေစီးကမ်းပြိုနေရာက အရိုးတွေ ထိခိုက်စေနိုင်လားဆိုတာကို အသည်းအသန် စူးစမ်းနေကြပါတယ်။
ဆေးလိပ်သောက်ခြင်းက ခံတွင်းမှာသာမက ခန္ဓာကိုယ်တစ်ခုလုံးကိုပါ ဒုက္ခပေးပါတယ်။ ဆေးလိပ်သောက်သူတွေက ပြင်းထန်တဲ့ သွားဖုံရောဂါဖြစ်ဖို့သာမန်လူတွေထက် ၃ ဆ ပိုများပါတယ်။ ဆေးလိပ်မှာပါတဲ့ နီကိုတင်း (Nicotine) က သွေးကြောကျဉ်းစေတဲ့အတွက် ခံတွင်းထဲမှာ အနာကျက်နှေးစေနိုင်ပါတယ်။
လေးဖက်နာရောဂါဖြစ်နေတဲ့သူတွေမှာ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပေးရင် နာတဲ့ဝေဒနာသက်သာစေပါတယ်။ သွားဖုံးရောဂါကြောင့် နမိုးနီးယားန့ အဆုတ်ရောင်ရောဂါအချို့ ပိုဆိုးစေတယ်လို့လည်း ဆိုထားပါသေးတယ်။ ခံတွင်းထဲမှာရှိတဲ့ ဆိုးရွားတဲ့ ဗက်တီးရီးယားတွေ အသက်ရှူလမ်းကြောင်း သွေးကြောထဲက တစ်ဆင့် အဆုတ်ထဲကို ရောက်သွားလို့ပါ။
အချုပ်အားဖြင့် ပြောရရင်တော့ ခံတွင်းနဲ့ ခန္ဓာကိုယ်က ပူးတွဲတည်ရှိနေတာပါ။ ခန္ဓာကိုယ်က ခံတွင်းကိုထိခိုက် မှုရှိစေရင် ခံတွင်းကလည်း တန်ပြန်မှု ရှိစေမှာပါပဲ။ ဒါကြောင့် ခံတွင်းကျန်းမာခြင်းက အရေးကြီးပါတယ်။ ခံတွင်း ကျန်းမာဖို့အတွက် လုပ်သင့်တဲ့အရာတွေဖြစ်တဲ့ သွားတိုက်ခြင်း၊ သွားဆရာဝန်နဲ့ ပုံမှန်စစ်ဆေးခြင်းတွေလုပ်ပေးရပါ လိမ့်မည်။
အထက်ဖော်ပြပါ အခြေအနေကို ဂရုမစိုက်ဘူးပဲထား၊ သွားဖုံးရောဂါကြောင့် သင့်ရဲ့သွားတွေ ဆုံးရှုံးလိုက်ရ တယ်ဆိုပါစို့။ သင့်မှာဝါးစရာ သွားရှိတော့တဲ့အတွက် အစာကောင်းကောင်းမစားနိုင်တော့ဘဲ အာဟာရဆုံးရှုံးပြီး ကျန်းမာရေးထိခိုက်လာမှာပါ။ ဒါကြောင့် “အသက်ရှည် ရှည်နေရဖို့၊ သွားတွေကို ဂရုစိုက်စို့”လို့ပဲ ပြောချင်ပါတယ်။

Previous Post

ရှေးခေတ်ဂရိလူမျိုးတွေက သွားတွေနဲ့ပတ်သတ်ပြီး ဘယ်လိုကုသမှုတွေလုပ်ခဲ့ကြလဲ

Next Post

လေပွခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

To choose the right toothpaste

သွားတိုက်ဆေး မှန်ကန်စွာရွေးချယ်တတ်ဖို့

3 years ago
821
Why do you have to stop going every now and then?

ဘာလို့သွားခဏ ခဏကျဉ်နေရတာလဲ?

3 years ago
648

သွားကလေးများ ကျန်းမာဖို့

3 years ago
725

မေးရိုးနာကျင်ခြင်းဖြစ်စေသော အကြောင်းရင်းများ

4 years ago
3.8k

သွားရောဂါကင်းဝေးဖို့ ဘယ်လိုစားသောက်မလဲ

4 years ago
926

ပါးစပ်ထဲမှာ ခါးခါးနေတာ ဘာလို့လဲ

4 years ago
8.8k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လေပွခြင်း

သွားမနှုတ်ချင်တဲ့သူတွေ သိထားသင့်တဲ့ သွားအကြောထုတ်ကုသမှု (RCT)

သွားနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေက

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.