Zawgyi
ေရွ႕သြား ၂ေခ်ာင္းၾကားမွာ အခုလိုျဖစ္ေနတာက ကေလးငယ္ေတြမွာအၿမဲေတြ႕ရေလ့ရွိတယ္ဗ် ။ ႀကီးသြားေတြစထြက္လာခါစ အခ်ိန္မ်ိဳးမွာေပါ့ ။ ျပသနာမဟုတ္သလို အခ်ိန္တန္ရင္လည္း သူ႔အလိုလိုျပန္စိသြားမွာပါ ။
အသက္ႀကီးလာတဲ့အထိ ျပန္မစိဘူးဆိုရင္ေတာ့ စဥ္းစားစရာေလးေတြရွိလာၿပီေပါ့ ။ သြားေတြကပုံမွန္ထက္ေသးေနရင္ သြားေတြက်ဲေလ့ရွိပါတယ္ ။ အေပၚႏႈတ္ခမ္းနဲ႔သြားဖုံးၾကားမွာရွိတဲ့ လွ်ာခင္(Labial frenum)ႀကီးေနရင္လည္း ျဖစ္တတ္သလို ေမြးရာပါသြားတခ်ိဳ႕ပါမလာရင္လည္း သြားက်ဲႏိုင္ေျခရွိပါတယ္ ။
အခ်ိဳ႕ကလည္းမ်ိဳး႐ိုးလိုက္လို႔ျဖစ္တတ္ၿပီး သြားဖုံးထဲမွာသြားအပိုေလး (Mesiodens) ေတြပါလာရင္လည္း ျဖစ္တတ္ပါတယ္ ။ လက္မ စုပ္တတ္တဲ့အက်င့္ေၾကာင့္လည္း တခါတရံျဖစ္တတ္ၿပီး သြားဖုံးေတြမက်န္းမာေတာ့တဲ့ အသက္ႀကီးပိုင္းေတြမွာလည္းျဖစ္တတ္ပါတယ္ ။
ကုသမႈအေနနဲ႔ေတာ့ သြားဖာ ၊ ေႂကြအစြပ္စြပ္ ၊ ေႂကြကပ္(veneer) ၊ သြားအပိုေတြရွိေနရင္ ႏႈတ္ရပါမယ္ ။ Labial frenum ႀကီးေနတာမ်ိဳးဆိုရင္ frenectomy လုပ္သင့္ရင္လုပ္ ၊ သြားညႇိကု (orthodontic treatment)လုပ္သင့္တဲ့အေျခအေနမ်ိဳးေတြလည္း ရွိႏိုင္ပါတယ္ ။
သြားေတြမရွိလို႔က်ဲတာမ်ိဳးဆိုရင္ သြားအျမစ္တု (dental implant) ထည့္သင့္ရင္ထည့္ေပးႏိုင္ပါတယ္ ။ သြားဖုံးေတြမေကာင္းလို႔ သြားေတြက်ဲလာတယ္ဆိုရင္ေတာ့ သြားဆရာဝန္နဲ႔တိုင္ပင္ကုသမႈေတြလုပ္ရပါလိမ့္မယ္ ။
Unicode
အပေါ်ရှေ့သွား ၂ ချောင်းကြားမှာ သွားကျဲနေရင်
ရှေ့သွား ၂ချောင်းကြားမှာ အခုလိုဖြစ်နေတာက ကလေးငယ်တွေမှာအမြဲတွေ့ရလေ့ရှိတယ်ဗျ ။ ကြီးသွားတွေစထွက်လာခါစ အချိန်မျိုးမှာပေါ့ ။ ပြသနာမဟုတ်သလို အချိန်တန်ရင်လည်း သူ့အလိုလိုပြန်စိသွားမှာပါ ။
အသက်ကြီးလာတဲ့အထိ ပြန်မစိဘူးဆိုရင်တော့ စဉ်းစားစရာလေးတွေရှိလာပြီပေါ့ ။ သွားတွေကပုံမှန်ထက်သေးနေရင် သွားတွေကျဲလေ့ရှိပါတယ် ။ အပေါ်နှုတ်ခမ်းနဲ့သွားဖုံးကြားမှာရှိတဲ့ လျှာခင်(Labial frenum)ကြီးနေရင်လည်း ဖြစ်တတ်သလို မွေးရာပါသွားတချို့ပါမလာရင်လည်း သွားကျဲနိုင်ခြေရှိပါတယ် ။
အချို့ကလည်းမျိုးရိုးလိုက်လို့ဖြစ်တတ်ပြီး သွားဖုံးထဲမှာသွားအပိုလေး (Mesiodens) တွေပါလာရင်လည်း ဖြစ်တတ်ပါတယ် ။ လက်မ စုပ်တတ်တဲ့အကျင့်ကြောင့်လည်း တခါတရံဖြစ်တတ်ပြီး သွားဖုံးတွေမကျန်းမာတော့တဲ့ အသက်ကြီးပိုင်းတွေမှာလည်းဖြစ်တတ်ပါတယ် ။
ကုသမှုအနေနဲ့တော့ သွားဖာ ၊ ကြွေအစွပ်စွပ် ၊ ကြွေကပ်(veneer) ၊ သွားအပိုတွေရှိနေရင် နှုတ်ရပါမယ် ။ Labial frenum ကြီးနေတာမျိုးဆိုရင် frenectomy လုပ်သင့်ရင်လုပ် ၊ သွားညှိကု (orthodontic treatment)လုပ်သင့်တဲ့အခြေအနေမျိုးတွေလည်း ရှိနိုင်ပါတယ် ။
သွားတွေမရှိလို့ကျဲတာမျိုးဆိုရင် သွားအမြစ်တု (dental implant) ထည့်သင့်ရင်ထည့်ပေးနိုင်ပါတယ် ။ သွားဖုံးတွေမကောင်းလို့ သွားတွေကျဲလာတယ်ဆိုရင်တော့ သွားဆရာဝန်နဲ့တိုင်ပင်ကုသမှုတွေလုပ်ရပါလိမ့်မယ် ။