Zawgyi
Unicode
သွားသန့်ရှင်းရေး(scaling)လုပ်ခြင်းအားဖြင့် ခံတွင်းထဲမှာ ဘာတွေကောင်းမွန်သွားမလဲ ??
-သွားချေး ၊သွားကျောက်တွေကြောင့်ဖြစ်ရတဲ့ ခံတွင်းနံ့မကောင်းခြင်း ပျောက်ကင်းသွားပါလိမ့်မယ် ။
-သွားမျက်နှာပြင်က အစွန်းထင်းတွေ အတိုင်းအတာတစ်ခုအထိ လျော့နည်းသွားမယ် ။
-သွားဖုံး သွေးထွက်ခြင်း ၊ရောင်ခြင်းတွေ မရှိနိုင်တော့ပါဘူး ။
-ခံတွင်းနဲ့ဆက်စပ်လျက်ရှိတဲ့အခြားသောရောဂါများဖြစ်ဖို့ အခွင့်အလမ်းနည်းပါးစေပါတယ် ။
-သွားတွေတင်မကပဲ ခံတွင်းထဲမှာရှိတဲ့ သွားဖုံး ၊ ပါးစောင် ၊ လျှာ ၊ အာခေါင်စတာတွေကိုပါ ၁ခါတည်းစစ်ဆေးလိုက်သလိုဖြစ်စေပါတယ် ။
-သွားဖုံးရောင်ရမ်းခြင်း နဲ့ သွားတွေအချောင်းလိုက်ကျွတ်ထွက်တဲ့ ရေစီးကမ်းပြိုရောဂါတွေကို ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ် ။
-သွားဆေးခန်းကိုလာတဲ့အတွက် အခြားခံတွင်းပြသနာတွေကိုပါ သိနိုင်ပါလိမ့်မယ် ။
-အရေးကြီးဆုံးအချက်ဖြစ်တဲ့ မိမိကိုယ်ကိုယုံကြည်မှု ရရှိလာမှာပါ ။