Zawgyi
Unicode
ခံတွင်းနဲ့ပတ်သတ်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်များ (၁)
- သွားတိုက်ပေမယ့် သွားကြားပွတ်ကြိုး(Dental floss) မသုံးပေးရင် သွားမျက်နှာပြင်တွေရဲ့ ၃ပုံ၂ပုံခန့်ကိုသာ သန့်ရှင်းစေမှာပါ
- လက်ဗွေရာလိုပဲ လျှာရဲ့ပုံစံကလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီပါဘူး
- လူကြိုက်အများဆုံးသွားတိုက်တံအရောင်က အပြာရောင်ဖြစ်ပြီး လူကြိုက်အနည်းဆုံးကတော့ အနီရောင်ပါ
- အမျိုးသမီးတွေကတစ်နေ့ကိုပျမ်းမျှ ၆၂ ကြိမ်ခန့်ပြုံးလေ့ရှိပြီး အမျိုးသားတွေကတော့ ၈ကြိမ်ခန့်သာပြုံးပါတယ်
- သွားတိုက်ရင်အချိန် ၂-၃မိနစ်ခန့်ကြာရမယ်လို့ ဆိုထားပေမယ့် လူအများစုကတော့ ၄၅ မှ ၇၀ စက္ကန့်အတွင်းသာတိုက်ပါတယ်
- ခံတွင်းထဲမှာရှိတဲ့ဘက်တီးရီယား အမျိုးအစား ၃၀၀ ကျော်က သွားချေးတွေဖြစ်အောင် ပြုလုပ်ပါတယ်
- သစ်ကုလားအုတ်တွေက အောက်သွားတွေပဲရှိပါတယ်
- အပြာရောင်ဝေလငါးတွေက ကမ္ဘာပေါ်မှာအကြီးဆုံးသတ္တဝါဖြစ်ပေမယ့် သူတို့မှာသွားမရှိတဲ့အတွက်ပုစွန်သေးသေးလေးတွေကိုပဲ စားလို့ရပါတယ်
- ဆိုဒါပါတဲ့အချိုရည်ဗူး ၁ ဗူးမှာ ပျမ်းမျှသကြား ၁၂ ဇွန်းပါပါတယ်