Zawgyi
Unicode
၆လ၁ကြိမ်ပုံမှန်လုပ်ပေးဖို့လိုအပ်တဲ့သွားသန့်ရှင်းရေး (scaling)
သွားသန့်ရှင်းရေးလုပ်ဖို့လိုအပ်နေပြီလားဆိုတာကို သင့်ရဲ့အောက်ဖက်ရှေ့သွားတွေရဲ့အတွင်းဖက်မျက်နှာပြင်ကို ကြည့်လိုက်တာနဲ့အကြမ်းမျဉ်းသိနိုင်တယ်ဗျ ။ သွားချေးကျောက်လို့ခေါ်တဲ့ Calculus တွေအဖြစ်နိုင်ဆုံးနေရာက အဲဒီနေရာဖြစ်ပါတယ် ။
Calculus တွေက ခံတွင်းနံ့တွေမကောင်း ၊ သွားဖုံးတွေရောင်လာတဲ့အပြင် ကြည့်ရလည်းဆိုးပါတယ် ။ Calculus တွေခံတွင်းထဲမှာရှိနေတာကြာလာရင် ရေစီးကမ်းပြိုရောဂါဖြစ်ဖို့လည်း ရာခိုင်နှုန်းအရများလာမှာပါ ။
တံတွေးထဲမှာပါတဲ့သတ္တုဓာတ်တွေနဲ့ ခံတွင်းထဲကဘက်တီးရီးယားတွေပေါင်းစုပြီး သွားချေးကျောက်(Calculus) ဖြစ်လာစေပါတယ် ။ စနစ်တကျသွားမတိုက်တတ်တာက Calculus ဖြစ်ရတဲ့အဓိကအကြောင်းရင်းဖြစ်ပြီး ဆေးလိပ်သောက်ကွမ်းစားခြင်း ၊ စိတ်ဖိစီးမှု ၊ သွားထပ် သွားမညီမညာဖြစ်နေခြင်း ၊ စိတ်ကျရောဂါနဲ့ သွေးတိုးရောဂါတို့ကြောင့် ခံတွင်းထဲမှာတံတွေးထွက်နည်းသွားတဲ့သူတွေမှာ အဖြစ်များလေ့ရှိတာကိုတွေ့ရတယ်ဗျ ။
စိုးရိမ်စရာကောင်းတဲ့ကိစ္စမဟုတ်ပေမယ့် သွားဖုံးရောင်ရမ်းခြင်းက နှလုံးသွေးကြောကျဉ်းခြင်း ၊ လေဖြတ်ခြင်း ၊ ဆီးချို ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာပြသနာ နဲ့ လမစေ့ပဲကလေးမွေးဖွားခြင်းတွေနဲ့ ဆပ်စပ်မှုရှိတယ်လို့ဆိုပါတယ် ။
မိုးပုလဲသွားနှင့်ခံတွင်းဆေးခန်းတွေမှာ သွားသန့်ရှင်းရေး (scaling) ကို ultrasonic scaling device တွေနဲ့ပြုလုပ်ပေးပြီးကုသချိန်အနေနဲ့လည်း အချိန်အများကြီးမပေးရပါဘူး ။