Zawgyi
အိမ္အလွဆင္တဲ့အခါမွာၾကမ္းခင္းေတြကို ေကာ္ေဇာ ၊ပါေကးခင္းတာေတြလုပ္ေလ့ရွိၿပီး အဲဒါကို veneer လုပ္တယ္လို႔ေျပာႏိုင္ပါတယ္ ။veneer ရဲ႕သေဘာက ရွိရင္းစြဲကိုပိုမိုလွပသြားေအာင္ဖန္းတီးေပးတာပါ ။
ကြၽန္ေတာ္တို႔ရဲ႕ သြားေတြအတြက္လည္း veneer လုပ္လို႔ရပါတယ္။ ၿပဳံးရယ္လိုက္တိုင္းျမင္ရတဲ့ ေရွ႕သြားေလးေတြကို ျပဳျပင္ခ်င္တဲ့သူတိုင္းအတြက္ ယေန႔ေခတ္မွာ veneer ကဦးစားေပးျဖစ္လို႔ေနပါၿပီ..
အရင္တုန္းကေတာ့ ေဘာလုံးသမားေတြ ၊ ေဟာလီးဝုဒ္စတားေတြအမ်ားဆုံးလုပ္ၾကၿပီး အခုေတာ့ေနရာစုံ၊အလႊာစုံကလူေတြပါ ျပဳလုပ္လာၾကပါတယ္။ veneer နည္းပညာကနာမည္ႀကီးတဲ့အေလ်ာက္ တကယ္လည္းလူတစ္ေယာက္ရဲ႕သြင္ျပင္ကို လုံးဝေျပာင္းလဲလွပသြားေအာင္ျပဳျပင္ေပးႏိုင္စြမ္းရွိပါတယ္။
သြား၁ေခ်ာင္းလုံးကိုတိုက္စားပစ္စရာမလိုပဲ ေရွ႕မ်က္ႏွာျပင္သီးသန႔္ပုံစံယူၿပီး ေႂကြလႊာကပ္ေပးတဲ့နည္းစနစ္ပါ..
လွပမႈနဲ႔အတူ ခိုင္ခန႔္မႈလည္းရွိၿပီး နဂိုေအာက္ခံသြားလည္းထိခိုက္မႈအေတာ္ေလးနည္းပါးတာေၾကာင့္ သင့္အတြက္စိတ္ဝင္စားစရာေကာင္းတဲ့ေ႐ြးခ်ယ္မႈတစ္ရပ္ျဖစ္ေစမွာပါ ။
မိမိရဲ႕ေရွ႕သြားပုံစံအေနအထားကိုသေဘာမက်တဲ့သူေတြ ၊ သြားမ်က္ႏွာျပင္မွာခြၽတ္လို႔မရတဲ့အစြန္းထင္းျဖစ္ေနသူေတြ ၊ သြားပဲ့ေနတာ ၊ ေရွ႕သြားက်ဲေနတာ ၊ သြားတိုေနသူေတြ ၊ tetracycline ေၾကာင့္သြားအေရာင္ေျပာင္းေနသူေတြအတြက္ အထူးသင့္ေတာ္တဲ့ ကုသမႈျဖစ္ပါတယ္ ။
Unicode
” Dental Veneer ဆိုတာ….. ”
အိမ်အလှဆင်တဲ့အခါမှာကြမ်းခင်းတွေကို ကော်ဇော ၊ပါကေးခင်းတာတွေလုပ်လေ့ရှိပြီး အဲဒါကို veneer လုပ်တယ်လို့ပြောနိုင်ပါတယ် ။veneer ရဲ့သဘောက ရှိရင်းစွဲကိုပိုမိုလှပသွားအောင်ဖန်းတီးပေးတာပါ ။
ကျွန်တော်တို့ရဲ့ သွားတွေအတွက်လည်း veneer လုပ်လို့ရပါတယ်။ ပြုံးရယ်လိုက်တိုင်းမြင်ရတဲ့ ရှေ့သွားလေးတွေကို ပြုပြင်ချင်တဲ့သူတိုင်းအတွက် ယနေ့ခေတ်မှာ veneer ကဦးစားပေးဖြစ်လို့နေပါပြီ..
အရင်တုန်းကတော့ ဘောလုံးသမားတွေ ၊ ဟောလီးဝုဒ်စတားတွေအများဆုံးလုပ်ကြပြီး အခုတော့နေရာစုံ၊အလွှာစုံကလူတွေပါ ပြုလုပ်လာကြပါတယ်။ veneer နည်းပညာကနာမည်ကြီးတဲ့အလျောက် တကယ်လည်းလူတစ်ယောက်ရဲ့သွင်ပြင်ကို လုံးဝပြောင်းလဲလှပသွားအောင်ပြုပြင်ပေးနိုင်စွမ်းရှိပါတယ်။
သွား၁ချောင်းလုံးကိုတိုက်စားပစ်စရာမလိုပဲ ရှေ့မျက်နှာပြင်သီးသန့်ပုံစံယူပြီး ကြွေလွှာကပ်ပေးတဲ့နည်းစနစ်ပါ..
လှပမှုနဲ့အတူ ခိုင်ခန့်မှုလည်းရှိပြီး နဂိုအောက်ခံသွားလည်းထိခိုက်မှုအတော်လေးနည်းပါးတာကြောင့် သင့်အတွက်စိတ်ဝင်စားစရာကောင်းတဲ့ရွေးချယ်မှုတစ်ရပ်ဖြစ်စေမှာပါ ။
မိမိရဲ့ရှေ့သွားပုံစံအနေအထားကိုသဘောမကျတဲ့သူတွေ ၊ သွားမျက်နှာပြင်မှာချွတ်လို့မရတဲ့အစွန်းထင်းဖြစ်နေသူတွေ ၊ သွားပဲ့နေတာ ၊ ရှေ့သွားကျဲနေတာ ၊ သွားတိုနေသူတွေ ၊ tetracycline ကြောင့်သွားအရောင်ပြောင်းနေသူတွေအတွက် အထူးသင့်တော်တဲ့ ကုသမှုဖြစ်ပါတယ် ။