fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home သွားနှင့် ခံတွင်း ကျန်းမာရေး

Dry mouth (Xerostomia) လို့ခေါ်တဲ့ ခံတွင်းထဲမှာတံတွေးထွက်နှုန်း နည်းလာခြင်းအကြောင်း

196
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/05/2018
in သွားနှင့် ခံတွင်း ကျန်းမာရေး
1 min read
A A

Zawgyi
ကြၽန္ေတာ္တို႔ရဲ႕ခံတြင္းထဲမွာ တံေတြးပုံမွန္ထြက္ရွိေနဖို႔လိုအပ္တယ္ဗ် ။ တံေတြးက ခံတြင္းကိုစိုစြတ္ေနေစၿပီး သန႔္ရွင္းမႈနဲ႔ အစာေၾကေစဖို႔အတြက္အကူအညီေပးပါတယ္ ။ ခံတြင္းထဲကို မေကာင္းတဲ့ပိုးမႊားေတြနဲ႔မႈိေရာဂါအမ်ိဳးမ်ိဳးဝင္ေရာက္ကပ္တြယ္ျခင္းမရွိရေအာင္လည္း ကာကြယ္ေပးပါေသးတယ္။ တံေတြးပုံမွန္ထြက္ေနသေ႐ြ႕ကေတာ့ အားလုံးကပုံမွန္အတိုင္းပဲျဖစ္ေနမွာပါ ။ Dry mouth ျဖစ္လာၿပီဆိုရင္ေတာ့ ခံတြင္းထဲမွာကေမာက္ကမေတြျဖစ္လာေတာ့မွာပါ ။
ခံတြင္းထဲမွာတံေတြးထြက္နည္းလာၿပီဆိုရင္ ပါးစပ္ထဲမွာေျခာက္ကပ္ကပ္ျဖစ္လာမယ္ ၊ ေရငတ္လာမယ္ ၊ ပါးစပ္ထဲမွာအနာေလးေတြျဖစ္လာပါလိမ့္မယ္ ။ ႏႈတ္ခမ္းေထာင့္ေတြမွာအနာျဖစ္ျခင္း ၊ ႏွတ္ခမ္းကြဲျခင္း ၊ လည္ေခ်ာင္းေျခက္ေသြ႕ျခင္း ၊ လွ်ာပူေလာင္ျခင္း ၊ စပ္ျခင္းေတြလည္း ႀကဳံေတြ႕ရႏိုင္ပါတယ္ ။ လွ်ာကအရင္နဲ႔မတူေတာ့ပဲ နီရဲလာျခင္း ၊ ေျခာက္ေသြ႕ျခင္း ၊ ၾကမ္းတမ္းလာျခင္းေတြရွိလာမွာပါ ။ အေျခအေနဆိုးလာရင္ စကားေျပာရတာပါအခက္အခဲရွိလာမွာပါ ။ အရသာခံစားရာတြင္လည္းေကာင္း ၊ အစာဝါးျခင္း ၊ မ်ိဳခ်ျခင္းေတြမွာပါခက္ခဲလာေလ့လည္းရွိပါတယ္ ။ လည္ေခ်ာင္းနာျခင္း ၊ ခံတြင္းနံ႔ဆိုးျခင္းေတြလည္းအခ်ိန္နဲ႔အမွ် ျဖစ္လာမွာပါ ။
Dry mouth ျဖစ္လာရင္သြားပိုးစားျခင္းနဲ႔သြားဖုံးေရာဂါေတြပိုမိုျဖစ္ပြားလာေလ့ရွိပါတယ္ ။
ပုံမွန္အတိုင္းတံေတြးထြက္ေနရင္ တံေတြးကခံတြင္းကိုသန႔္ရွင္းေပးေနတာေၾကာင့္ ေရာဂါေတြအလြယ္တကူျဖစ္ေလ့မရွိပါဘူး ။
Dry mouth ေၾကာင့္ အံကပ္ေတြလည္းတပ္ရခက္လာေလ့ရွိသလို မက္ခ႐ုလိုအနာမ်ားလည္းျဖစ္လာတတ္ပါတယ္ ။
ဒါဆိုရင္ Dry mouth ေခၚတံေတြးထြက္နည္းသြားျခင္း ဘာလို႔ျဖစ္လာရလဲဆိုတာကိုေလ့လာၾကည့္လိုက္ရေအာင္…
– စိတ္ဖိစီးမႈအတြက္ေသာက္ရတဲ့ေဆးဝါးေတြ ၊ allergies ၊ အေအးမိျခင္းအတြက္ေသာက္တဲ့ေဆးဝါး ၊ အဝလြန္ျခင္း ၊ epilepsy ၊ ေသြးတိုး ၊ စိတ္အေျခအေနမူမမွန္ျခင္း ၊ ပန္းနာရင္က်ပ္ ၊ Parkinson ေရာဂါေတြေၾကာင့္ျဖစ္ေလ့ရွိပါတယ္ ။
– ေရာဂါေတြျဖစ္တဲ့ Alzheimer ၊ Parkinson ၊ HIV ၊ဆီးခ်ိဳ ၊ ေသြးအားနည္း ၊ ေလးဖက္နာ ၊ ေသြးတိုး ၊ ေလျဖတ္ျခင္း စတာေတြေၾကာင့္လည္းျဖစ္တတ္ပါတယ္ ။
– ေဆးဝါးကုသမႈခံယူျခင္းအခ်ိဳ႕ေၾကာင့္ျဖစ္ေလ့ရွိပါတယ္ ။ ကင္ဆာကုသမႈအခ်ိဳ႕ေၾကာင့္ တံေတြဂလင္းကိုထိခိုက္မိၿပီးတံေတြးထြက္နည္းတတ္ပါတယ္ ။
– ဦးေခါင္းနဲ႔လည္ပင္းတဝိုက္က အာ႐ုံေၾကာစနစ္ဒဏ္ရာရသြားျခင္း
– ေရဓာတ္ခန္းေျခာက္တဲ့ျပသနာေတြျဖစ္တဲ့ ဖ်ားနာျခင္း ၊ ေခြၽးအလြန္အမင္းထြက္ျခင္း ၊ ေအာ့အန္ ၊ ဝမ္းေလွ်ာ ၊ ေသြးထြက္မ်ားျခင္း
– မေကာင္းတဲ့လူေနမႈပုံစံေတြျဖစ္တဲ့ ေဆးလိပ္ေသာက္ ၊ ကြမ္းစားျခင္းေတြနဲ႔ ပါးစပ္ဖြင္ၿပီးအသက္ရႈျခင္းေတြ႕ေၾကာင္းျဖစ္ေလ့ရွိပါတယ္ ။
ကုသမႈေတြအေနနဲ႔ကေတာ့…
– ေဆးေတြေၾကာင့္တံေတြးထြကနည္းလာတယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ျပန္လည္ျပသတိုင္ပင္ရပါလိမ့္မယ္
– သၾကားဓာတ္မပါတဲ့ပီေကဝါးေပးျခင္း
– ေရမ်ားမ်ားေသာက္ေပးျခင္း
– တံေတြးအစားထိုး(artificial saliva substitute)ေတြအသုံးျပဳေပးျခင္းေတြျပဳလုပ္ေပးႏိုင္ပါတယ္ ။
သြားေဆးခန္းေတြမွာလည္း Dry mouth ျဖစ္ေနတဲ့သူေတြအတြက္ ထုတ္လုပ္ေပးထားတဲ့ Gel ကိုဝယ္ယူလို႔ရပါတယ္

Unicode
Dry mouth (Xerostomia) လို့ခေါ်တဲ့ ခံတွင်းထဲမှာတံတွေးထွက်နှုန်း နည်းလာခြင်းအကြောင်း

ကျွန်တော်တို့ရဲ့ခံတွင်းထဲမှာ တံတွေးပုံမှန်ထွက်ရှိနေဖို့လိုအပ်တယ်ဗျ ။ တံတွေးက ခံတွင်းကိုစိုစွတ်နေစေပြီး သန့်ရှင်းမှုနဲ့ အစာကြေစေဖို့အတွက်အကူအညီပေးပါတယ် ။ ခံတွင်းထဲကို မကောင်းတဲ့ပိုးမွှားတွေနဲ့မှိုရောဂါအမျိုးမျိုးဝင်ရောက်ကပ်တွယ်ခြင်းမရှိရအောင်လည်း ကာကွယ်ပေးပါသေးတယ်။ တံတွေးပုံမှန်ထွက်နေသရွေ့ကတော့ အားလုံးကပုံမှန်အတိုင်းပဲဖြစ်နေမှာပါ ။ Dry mouth ဖြစ်လာပြီဆိုရင်တော့ ခံတွင်းထဲမှာကမောက်ကမတွေဖြစ်လာတော့မှာပါ ။
ခံတွင်းထဲမှာတံတွေးထွက်နည်းလာပြီဆိုရင် ပါးစပ်ထဲမှာခြောက်ကပ်ကပ်ဖြစ်လာမယ် ၊ ရေငတ်လာမယ် ၊ ပါးစပ်ထဲမှာအနာလေးတွေဖြစ်လာပါလိမ့်မယ် ။ နှုတ်ခမ်းထောင့်တွေမှာအနာဖြစ်ခြင်း ၊ နှတ်ခမ်းကွဲခြင်း ၊ လည်ချောင်းခြေက်သွေ့ခြင်း ၊ လျှာပူလောင်ခြင်း ၊ စပ်ခြင်းတွေလည်း ကြုံတွေ့ရနိုင်ပါတယ် ။ လျှာကအရင်နဲ့မတူတော့ပဲ နီရဲလာခြင်း ၊ ခြောက်သွေ့ခြင်း ၊ ကြမ်းတမ်းလာခြင်းတွေရှိလာမှာပါ ။ အခြေအနေဆိုးလာရင် စကားပြောရတာပါအခက်အခဲရှိလာမှာပါ ။ အရသာခံစားရာတွင်လည်းကောင်း ၊ အစာဝါးခြင်း ၊ မျိုချခြင်းတွေမှာပါခက်ခဲလာလေ့လည်းရှိပါတယ် ။ လည်ချောင်းနာခြင်း ၊ ခံတွင်းနံ့ဆိုးခြင်းတွေလည်းအချိန်နဲ့အမျှ ဖြစ်လာမှာပါ ။
Dry mouth ဖြစ်လာရင်သွားပိုးစားခြင်းနဲ့သွားဖုံးရောဂါတွေပိုမိုဖြစ်ပွားလာလေ့ရှိပါတယ် ။
ပုံမှန်အတိုင်းတံတွေးထွက်နေရင် တံတွေးကခံတွင်းကိုသန့်ရှင်းပေးနေတာကြောင့် ရောဂါတွေအလွယ်တကူဖြစ်လေ့မရှိပါဘူး ။
Dry mouth ကြောင့် အံကပ်တွေလည်းတပ်ရခက်လာလေ့ရှိသလို မက်ခရုလိုအနာများလည်းဖြစ်လာတတ်ပါတယ် ။
ဒါဆိုရင် Dry mouth ခေါ်တံတွေးထွက်နည်းသွားခြင်း ဘာလို့ဖြစ်လာရလဲဆိုတာကိုလေ့လာကြည့်လိုက်ရအောင်…
– စိတ်ဖိစီးမှုအတွက်သောက်ရတဲ့ဆေးဝါးတွေ ၊ allergies ၊ အအေးမိခြင်းအတွက်သောက်တဲ့ဆေးဝါး ၊ အဝလွန်ခြင်း ၊ epilepsy ၊ သွေးတိုး ၊ စိတ်အခြေအနေမူမမှန်ခြင်း ၊ ပန်းနာရင်ကျပ် ၊ Parkinson ရောဂါတွေကြောင့်ဖြစ်လေ့ရှိပါတယ် ။
– ရောဂါတွေဖြစ်တဲ့ Alzheimer ၊ Parkinson ၊ HIV ၊ဆီးချို ၊ သွေးအားနည်း ၊ လေးဖက်နာ ၊ သွေးတိုး ၊ လေဖြတ်ခြင်း စတာတွေကြောင့်လည်းဖြစ်တတ်ပါတယ် ။
– ဆေးဝါးကုသမှုခံယူခြင်းအချို့ကြောင့်ဖြစ်လေ့ရှိပါတယ် ။ ကင်ဆာကုသမှုအချို့ကြောင့် တံတွေဂလင်းကိုထိခိုက်မိပြီးတံတွေးထွက်နည်းတတ်ပါတယ် ။
– ဦးခေါင်းနဲ့လည်ပင်းတဝိုက်က အာရုံကြောစနစ်ဒဏ်ရာရသွားခြင်း
– ရေဓာတ်ခန်းခြောက်တဲ့ပြသနာတွေဖြစ်တဲ့ ဖျားနာခြင်း ၊ ချွေးအလွန်အမင်းထွက်ခြင်း ၊ အော့အန် ၊ ဝမ်းလျှော ၊ သွေးထွက်များခြင်း
– မကောင်းတဲ့လူနေမှုပုံစံတွေဖြစ်တဲ့ ဆေးလိပ်သောက် ၊ ကွမ်းစားခြင်းတွေနဲ့ ပါးစပ်ဖွင်ပြီးအသက်ရှုခြင်းတွေ့ကြောင်းဖြစ်လေ့ရှိပါတယ် ။
ကုသမှုတွေအနေနဲ့ကတော့…
– ဆေးတွေကြောင့်တံတွေးထွကနည်းလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြန်လည်ပြသတိုင်ပင်ရပါလိမ့်မယ်
– သကြားဓာတ်မပါတဲ့ပီကေဝါးပေးခြင်း
– ရေများများသောက်ပေးခြင်း
– တံတွေးအစားထိုး(artificial saliva substitute)တွေအသုံးပြုပေးခြင်းတွေပြုလုပ်ပေးနိုင်ပါတယ် ။
သွားဆေးခန်းတွေမှာလည်း Dry mouth ဖြစ်နေတဲ့သူတွေအတွက် ထုတ်လုပ်ပေးထားတဲ့ Gel ကိုဝယ်ယူလို့ရပါတယ်

 

Previous Post

” Dental Veneer ဆိုတာ….. “

Next Post

ကလေးများနှင့် အိုင်တီပစ္စည်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

To choose the right toothpaste

သွားတိုက်ဆေး မှန်ကန်စွာရွေးချယ်တတ်ဖို့

3 years ago
821
Why do you have to stop going every now and then?

ဘာလို့သွားခဏ ခဏကျဉ်နေရတာလဲ?

3 years ago
648

သွားကလေးများ ကျန်းမာဖို့

3 years ago
725

မေးရိုးနာကျင်ခြင်းဖြစ်စေသော အကြောင်းရင်းများ

4 years ago
3.8k

သွားရောဂါကင်းဝေးဖို့ ဘယ်လိုစားသောက်မလဲ

4 years ago
926

ပါးစပ်ထဲမှာ ခါးခါးနေတာ ဘာလို့လဲ

4 years ago
8.8k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးများနှင့် အိုင်တီပစ္စည်းများ

နှာခေါင်း အစာပိုက် ထည့်ထားသော လူနာများ အတွက် အာဟာရ

ညဘက်သွားကြိတ်တတ်တဲ့သူတွေ အသုံးပြုသင့်တဲ့ Nightguard

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.