Zawgyi
Unicode
ညဘက်သွားကြိတ်တတ်တဲ့သူတွေ အသုံးပြုသင့်တဲ့ Nightguard စစ်တမ်းအရ လူဦးရေရဲ့ ၃ပုံ၁ပုံက ညအိပ်စဉ်သွားကြိတ်တတ်ကြပါတယ် ။ (အနည်းနဲ့အများပဲကွာပါတယ်) စောစီးကုသလိုက်ရင်ပြသနာမရှိပေမယ့် ရေရှည်မှာသွားတွေကိုဆိုးဆိုးရွားရွားထိခိုက်စေပါတယ် ။
သွားရဲ့ကြွေလွှာပျက်စီးကုန်ပြီး သွားကိုက် ၊ သွားကျဉ် ၊ သွားမျက်နှာပြင်အက်ကွဲ ၊ သွားဖုံးပြဿနာတွေဖြစ် ၊ သွားတွေကျွတ်ထွက်လာနိုင်ပါတယ် ။ ခက်တာကညအိပ်တဲ့အချိန်သွားကြိတ်တတ်တာကို လူအများစုကသတိမထားမိတာပါပဲ ။ အိပ်ယာထခါစမှာ မေးရိုးတွေနာနေတာ ၊ သွားနာတာ ၊ ခေါင်းကိုက်နေတာမျိုးတွေဖြစ်တတ်တယ်ဆိုရင်တော့ သတိထားသင့်ပါတယ် ။ ဒါတွေက သွားကြိတ်လို့ဖြစ်လာတာ ဖြစ်နိုင်ပါတယ် ။
သွားကြိတ်ရတဲ့အဓိကအကြောင်းရင်းဆိုပြီး အတိအကျမရှိပေမယ့် စိတ်ဖိစီးမှု ၊ ပုံမှန်သောက်နေတဲ့ဆေးဝါး ၊ သွားတွေပြဿနာ ၁ခုခုရှိနေတာနဲ့ဆက်စပ်လျက်ရှိပါတယ် ။ သွားကြိတ်တာအခြေအနေဆိုးရွားနေရင်တော့ Nightguard ခေါ် ညအိပ်ရင်တပ်ထားပေးရမယ့် အံကပ်အသုံးပြုသင့်ပါတယ် ။ Nightguard အသုံးပြုခြင်းအားဖြင့် သွားကြိတ်တဲ့ပြဿနာနည်းပါးသွားမှာဖြစ်ပြီး ဆက်ပြီးသွားတွေထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်မှာပါ ။