Zawgyi
Unicode
အချို ကြိုက်ပြီး သွားတိုက်ဖို့ပျင်းတဲ့ကလေးငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Fissure Sealants
နောက်ဘက်မှာရှိတဲ့အံသွားတွေရဲ့ ဝါးတဲ့စားတဲ့မျက်နှာပြင်က တပြေးညီပြောင်ချောကြီးမဟုတ်ပါဘူး ။
မြင့်တဲ့နေရာကမြင့် ၊ နိမ့်တဲ့နေရာကနိမ့်ပြီး အချိုင့်လေးတွေ ၊ အစင်းအကြောင်းလေးတွေလည်း အများကြီးပါရှိနေပါတယ် ။
ဒီလိုအဖုအထစ်ချိုင့်ခွက်တွေများတဲ့ သွားမျက်နှာပြင်က ပုံမှန်သွားတိုက်သန့်ရှင်းရေးလုပ်ပေးနိုင်ရင်တော့ သွားပိုးမစားနိုင်ပါဘူး ။
ဒါပေမယ့် အချို ကြိုက်ပြီးသွားတိုက်ပျင်းတဲ့ကလေးငယ်တွေအတွက်တော့ တကယ့်ဒုက္ခပါပဲ ။
အချို့ကလေးတွေကျတော့လည်း သွားတော့တိုက်ပါရဲ့ ၊ သေချာမတိုက်တတ်တော့ မပြောင်ဘူးပေါ့ ။
ဒီလိုပြသနာတွေကို အထိုက်အလျောက်ကာကွယ်ပေးနိုင်ဖို့အတွက် Fissure Sealants လေးလိုအပ်ပါတယ် ။
Fissure Sealants ရဲ့သဘောက သွားမျက်နှာပြင်ပေါ်မှာနဂိုတည်းကရှိတဲ့ အချိုင့်အခွက် ၊ အစင်းကြောင်းလေးတွေအပေါ်ကို သွားဖာဆေးတစ်မျိုးနဲ့အုပ်ပေးလိုက်တာပါ ။
သွားတွေကိုတိုက်စားပစ်စရာမလိုသလို ဘေးဥပါဒ်လည်းမဖြစ်စေပါဘူး ။
ကြီးသွားတွေစပြီးထွက်လာတဲ့ ၆နှစ် ၊ ၇နှစ်အရွယ်ကလေးငယ်တွေကစပြီး လူငယ်ပိုင်းတွေအထိ လိုအပ်ရင်လိုအပ်သလို အံသွား (Molar) ၊ အံရှေ့သွား (Premolar) တွေရဲ့မျက်နှာပြင်တွေပေါ်မှာလုပ်ထားသင့်ပါတယ် ။
သွား၁ချောင်းအတွက်ဆေးခန်းမှာ ကုသမှုကြာချိန် ၁၀မိနစ်ခန့်သာရှိတာကြောင့် အချိန်လည်းအများကြီးမပေးရပါဘူး ။
Fissure Sealants လုပ်ပြီးသွားရင်လည်း ပုံမှန်အတိုင်းပဲသွားတိုက်ပေးနိုင်ပါတယ် ။
နောက်ထပ်သိထားရမှာကတော့ Fissure Sealants လုပ်ထားလည်း သွားတော့သေချာတိုက်ရမှာပါပဲ ။