fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home သွားနှင့် ခံတွင်း ကျန်းမာရေး

ခံတွင်းအနံ့ဆိုး မထွက်အောင် ဒါတွေဆောင်

331
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/11/2018
in သွားနှင့် ခံတွင်း ကျန်းမာရေး
1 min read
A A

ခံတွင်းအနံ့ဆိုး မထွက်အောင် ဒါတွေဆောင်

လူကြီးလူငယ် အသက်အရွယ်မရွေး လူအများကြားတွင် စကားပြောဆိုရသည့် အခြေအနေမျိုး အချိန်မရွေး ကြုံတွေ့ရနိုင်သည်။ ထိုအချိန်တွင် ရဲရဲဝံ့ဝံ့ဖြင့် လိုအပ်သည့် အကြောင်းအရာကို ပြောဆိုနိုင်ရန်အတွက် မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေရန် လိုသည်။

ထိုသို့လိုအပ်သော ယုံကြည်မှုအပြည့် ရှိနေရန်အတွက် မိမိပြောလိုသည့် အကြောင်းအရာအပေါ် နားလည်တတ်ကျွမ်းမှု ရှိနေရန်လိုအပ်သလို တကိုယ်ရည် သန့်ရှင်းမှုနှင့် အထွေထွေကျန်းမာရေးအခြေအနေလည်း ကောင်းမွန်နေရန်လိုသည်။ လူအများကြား စကားပြောဆိုရာတွင် အလွန်အရေးကြီးသည့် ကျန်းမာရေးပြဿနာမှာ သွားနှင့်ခံတွင်း ကျန်းမာရေးပင်ဖြစ်သည်။

သင်ပါးစပ်ဟလိုက်လျှင် ထွက်လာသောအနံ့ဆိုးများကြောင့် နားထောင်နေသူအနေနှင့် သင်ပြောလိုသည့် အကြောင်းအရာအပေါ် စိတ်ပါဝင်စားမှု လျော့နည်းသွားနိုင်သလို သင့်အပေါ်လည်း ယုံကြည်မှု လျော့နည်းသွားနိုင်သဖြင့် ခံတွင်းအနံ့ဆိုးများကို ဖြစ်စေတတ်သည့် အကြောင်းအရာများနှင့် ၎င်းတို့ကို ပျောက်ကင်းသက်သာစေမည့် နည်းလမ်းများကို ကြိုတင်သိရှိလိုက်နာထားသင့်သည်။

သို့မှသာ လူအများနှင့် ပြောဆို ဆက်ဆံရာတွင် မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် မိမိပြောဆိုရှင်းလင်းလိုသည်ကို ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်မည်ဖြစ်သည်။ ခံတွင်းအနံ့ဆိုးခြင်းမည်သူမဆို အကြောင်းအမျိုးမျိုးကြောင့်ဖြစ်သော ခံတွင်းအနံ့ဆိုးခြင်းကို တွေ့ကြုံခံစားရနိုင်သည်။ အသက်အရွယ်၊ အလုပ်အကိုင်များအရ ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာ များစွာရှိကာ ဖြစ်ပွားရသော အကြောင်းအရာကို လိုက်၍ အချို့သောသူများတွင် အချိန်ကြာမြင့်စွာ ခံစားရနိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှု ကျဆင်းစေနိုင်ရုံသာမက စိတ်ဓာတ်ကျခြင်းများအထိ ဖြစ်ပွားနိုင်သည်။

ကာယကံရှင်အနေနှင့် မိမိ၏ခံတွင်းအနံ့ ဆိုးနေခြင်းကို ရုတ်တရက် သတိမထားမိနိုင်ပဲ မိမိနှင့် နီးကပ်စွာ စကားပြောမိသည့် ပတ်ဝန်းကျင်မှ လူများမှ ဦးစွာသတိထားမိနိုင်သည်။ အသက်ရှုရာတွင် အနံ့မကောင်းခြင်း၊ လျှာမှ ပုံမှန်မဟုတ်သော အရသာများ (သို့မဟုတ်) မကောင်းသော အရသာများ ခံစားမိလျှင် ခံတွင်းအနံ့ဆိုးနေကြောင်း သိရှိနိုင်သည်။

ဖြစ်ပွားစေသည့် အကြောင်းအရင်းများ

ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပွားစေသည့်အကြောင်းအရင်းများ များစွာရှိသော်လည်း အဓိကဖြစ်ပွားရခြင်းမှာ ခံတွင်းသန့်ရှင်းမှု အားနည်းခြင်းကြောင့် ပါးစပ်အတွင်းရှိ ဘတ်တီးရီးယားပိုးများ ပွားလာပြီး ဖြစ်ပွားရခြင်းဖြစ်သည်။

ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပွားစေသည့် အကြောင်းအရင်းများမှာ –

(၁) သွားကြားများအတွင်းနှင့် ကြွေသွားလွှာပေါ်တွင် သွားချေးများကပ်နေခြင်း

(၂) သွားနှင့်ခံတွင်းရောဂါများ (ရေစီးကမ်းပြို၊ သွားပိုးစားခြင်း)

(၃) အစာဟောင်းများကျန်နေခြင်း (အစာစားပြီးတိုင်း ပလုပ်မကျင်းသူများ)

(၄) ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း

(၅) အာခြောက်ခြင်း (နှာခေါင်းပိတ်သောသူများတွင် ပါးစပ်ဖြင့် အသက်ရှုခြင်းကြောင့် အာခြောက်ခြင်းနှင့် ရေဓာတ်ချို့တဲ့ခြင်းကြောင့် အာခြောက်ခြင်း)

(၆) အရသာပြင်းလွန်းသောအစားအစာများ စားသုံးခြင်း (ချိုလွန်းသောအစာများနှင့် ကြက်သွန်ဖြူ၊ ကြက်သွန်နီစသည့် အနံ့ပြင်းသောအစားအစာများ)

(၇) လျှာထူနေခြင်း (သွားတိုက်ရာတွင် လျှာကိုပါ စနစ်တကျ သန်ရှင်းမှုမလုပ်ခြင်းနှင့် အစာဟောင်းများကြောင့် လျှာပေါ်တွင်အဖြူများ ကပ်နေခြင်း)

(၈) အံကပ်ဝတ်ဆင်သူများအနေနှင့် စနစ်တကျသန့်စင်မှုမရှိခြင်း (ညပိုင်းများတွင်ပါ တပ်၍အိပ်ခြင်း)

(၉) အချို့သောဆေးဝါးများကြောင့်ဖြစ်သော ခံတွင်းအနံ့ဆိုးခြင်း

(၁၀) အထွေထွေကျန်းမာရေးပြဿနာများရှိနေခြင်း (နှာစေးခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း၊ အဆုပ်ရောဂါ၊ ဆီးချိုရောဂါ၊ အသည်းနှင့် ကျောက်ကပ်ဆိုင်ရာရောဂါများ ခံစား နေရခြင်း)

မနက်အိပ်ယာထစတွင်ဖြစ်သော ခံတွင်းအနံ့ဆိုးခြင်းသည် ပုံမှန်ဖြစ်၍ မနက်ပိုင်း သွားတိုက်ပြီးအစာတခုခုစားပြီးချိန်တွင် သက်သာသွားတတ်သည်။

ခံတွင်းအနံ့ဆိုးထွက်ခြင်းမှ ကာကွယ်ရန် အကောင်းဆုံးနှင့် အထိရောက်ဆုံးသောနည်းမှာ သွားနှင့်ခံတွင်း သန့်ရှင်းမှုကို ဂရုစိုက်ခြင်းဖြစ်သည်။

– Fluoride ပါဝင်သော သွားတိုက်ဆေးများဖြင့် မနက်တကြိမ်၊ ညတကြိမ် သွား တိုက်ပေးပါ။ သွားတိုက်ရင်း လျှာကိုပါ တပါတည်း သန့်ရှင်းရေးပြုလုပ်ပါ။

– သွားတိုက်ခြင်းအပြင် သွားကြားထိုးအပ်ချည် (သို့) သွားကြားထိုးတံဖြင့် သွားအတွင်း ကပ်ညိနေနိုင်သည့် အစာဟောင်းများကို ဖယ်ရှားပေးပါ။

– ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းစားခြင်းများသည် ခံတွင်းအနံ့ဆိုးထွက်ခြင်း ဖြစ်စေ နိုင်ရုံသာမက ပါးစပ်ကင်ဆာနှင့် အခြားသော သွာနှင့်ခံတွင်းဆိုင်ရာ ရောဂါများကိုလည်း ဖြစ်ပွားစေနိုင်သဖြင့် ဂရုပြု၍ရှောင်ကျဉ်ပါ။ မရှောင်နိုင်လျှင် လျော့ပါ။

– သွားရေစာနှင့် မုန့်များ မကြာခဏစားသုံးခြင်းမျိုးရှောင်ကျဉ်ပါ။

– အနံ့ပြင်းသော အစားအသောက်များဖြစ်သည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ဒညင်းသီးကဲ့သို့ အစားအသောက်များ စားသုံးမိလျှင် အချိန်ကြာမြင့်စွာ ခံတွင်းအနံ့ဆိုး ထွက်နေနိုင်သဖြင့် လူအများကြားသွားလာရန် ကိစ္စကြီးငယ်ရှိသည့် နေ့များတွင် ဂရုပြု၍ စားသုံးပါ။

– ရေဓာတ်ပြည့်ဝနေစေရန်အတွက် ရေမကြာခဏသောက်ပါ။ တနေ့လျှင် အနည်းဆုံး ရေ (၂) လီတာခန့် သောက်ပေးပါ။

– အာခြောက်တတ်သူများအနေနှင့် သကြားမပါဝင်သော ပီကေနှင့် ချိုချဉ်များ ဝါးပါ။

– အံကပ်အသုံးပြုသူများ စနစ်တကျ သန့်ရှင်းရေးပြုလုပ်ပါ။ ညအိပ်ချိန်များတွင် သန့်ရှင်းရေးပြုလုပ်ပြီး ရေခွက်အတွင်း ထည့်၍ထားပါ။

– ပိုးမွှားများကိုသေစေတတ်သည့် ပလုပ်ကျင်းဆေးရည်များဖြင့် ညအိပ်ယာမဝင်မီ အချိန်များတွင် ပလုပ်ကျင်းပေးခြင်းဖြင့်လည်း ပါးစပ်အတွင်း ပိုးမွှားများ လျော့နည်းစေ နိုင်သည်။

– အထက်ဖော်ပြပါနည်းလမ်းများအတိုင်း မသက်သာလျှင် (သို့မဟုတ်) သွားနာခြင်း၊ သွားကိုက်ခြင်းနှင့် ရေစီးကမ်းပြိုခြင်းစသည့် သွားရောဂါများခံစားနေရပါက သွားနှင့် ခံတွင်း ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ပြသ ကုသမှုခံယူပါ။

– သွားနှင့်ခံတွင်းရောဂါများ ခံစားနေရခြင်းမရှိသူများအနေနှင့်လည်း ၆ လလျှင် တကြိမ်ခန့် သွားနှင့်ခံတွင်းဆရာဝန်နှင့် တိုင်ပင်ပြီး သွားကျောက်ခြစ်ခြင်းနှင့် အခြားလိုအပ်သော ကုသမှုများ ခံယူထားသင့်သည်။

– အဆုပ်ရောဂါ၊ အသည်းရောဂါနှင့် ကျောက်ကပ်ရောဂါစသည့် နဂိုရောဂါအခံ ရှိသူများအနေနှင့်လည်း သက်ဆိုင်ရာပါရဂူနှင့် တိုင်ပင်ပြီး လိုအပ်သောကုသမှုကို ခံယူပါ။

ပိုးသေစေတတ်သည့် အာလုပ်ကျင်းဆေးရည်များနှင့် ပူရှိန်းသကြားလုံးများ သုံးစွဲခြင်းဖြင့် ခံတွင်းအနံ့ဆိုးထွက်ခြင်းကို အမြန်ဆုံးသက်သာစေနိုင်သော်လည်း အချိန်အနည်းငယ်မျှသာ ပျောက်ကင်းစေနိုင်ကာ အချိန်ကြာမြင့်စွာ အသုံးပြုလျှင် အခြားသော နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားစေနိုင်သဖြင့် စွဲမြဲစွာအသုံးပြုခြင်းမျိုးထက် သွားနှင့် ခံတွင်းကျန်းမာရေးကိုသာ အထူးဂရုပြုဆောင်ရွက်ပေးသင့်သည်။

ခံတွင်းအနံ့ ကောင်းမွန်စွာဖြင့် လူကြားထဲမှာ ရဲရဲဝံ့ဝံ့ စကားပြောနိုင်ကြပါစေ။

Dr.Tint Tal

Previous Post

မီးဖွားပြီးရင် ဒါတွေစားပါ

Next Post

အုန်းဆီ တစ်ဇွန်းက ဒီလောက်တောင် စွမ်းသတဲ့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

To choose the right toothpaste

သွားတိုက်ဆေး မှန်ကန်စွာရွေးချယ်တတ်ဖို့

3 years ago
818
Why do you have to stop going every now and then?

ဘာလို့သွားခဏ ခဏကျဉ်နေရတာလဲ?

3 years ago
640

သွားကလေးများ ကျန်းမာဖို့

3 years ago
722

မေးရိုးနာကျင်ခြင်းဖြစ်စေသော အကြောင်းရင်းများ

4 years ago
3.8k

သွားရောဂါကင်းဝေးဖို့ ဘယ်လိုစားသောက်မလဲ

4 years ago
923

ပါးစပ်ထဲမှာ ခါးခါးနေတာ ဘာလို့လဲ

4 years ago
8.7k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အုန်းဆီ တစ်ဇွန်းက ဒီလောက်တောင် စွမ်းသတဲ့

နှုတ်ခမ်းအသားပပ် နေပြီလား

တစ်နေ့တာလုံးအဆင်ပြေလန်းဆန်းစေဖို့ မနက်စောစောလုပ်ပေးသင့်တဲ့အလေ့အကျင့်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.