fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home သွားနှင့် ခံတွင်း ကျန်းမာရေး

သွားကျဉ်တာ ပျောက်အောင်

3.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/06/2019
in သွားနှင့် ခံတွင်း ကျန်းမာရေး
1 min read
A A

သွားကျဉ်တယ်ဆိုတာဟာ ပူတဲ့အစားသောက်တွေ၊ အေးတဲ့အစားသောက်တွေ၊ ချဉ်တဲ့အစားသောက်တွေ (အက်စစ်ဓာတ်ပါတဲ့အစားသောက်တွေ) စားသောက်တဲ့အခါ သွားအတွင်းထဲကနေ ပြင်းပြစူးရှတဲ့ နာကျင်မှုကို ရုတ်တရက် တဒင်္ဂခံစားရခြင်းဖြစ်ပါတယ်။

ဒီရုတ်တရက် တဒင်္ဂနာကျင်မှုဟာ အတော်လေးကို ပြင်းပြစူးရှတဲ့အတွက် အစားသောက်စားသောက်နေရင်း သင့်ပါးစပ်ကနေ “အိုး” ၊ “အား” စသဖြင့် အာမေဋိတ် အသံတွေတောင်ထွက်လာနိုင်ပါတယ်။

အပူ၊ အအေး၊ အချဉ်တွေစားသောက်တိုင်း ဒါမျိုးမကြာခဏဖြစ်နေတယ်ဆိုရင်တော့ သင့်သွားရဲ့ ကြွေလွှာတွေ ပျက်စီးနေတာ ဖြစ်နိုင်ခြေများပါပြီ။

 

ကျွန်တော်တို့ရဲ့ သွားတွေမှာ အလွှာ ၄ လွှာရှိပါတယ်။

အပေါ်ဆုံးအလွှာကတော့ လူအများသိကြတဲ့ ကြွေလွှာ (Enamel) ဖြစ်ပါတယ်။

ဒုတိယအလွှာကတော့ Dentin ဖြစ်ပြီး တတိယအလွှာကတော့ Cementum ဖြစ်ပါတယ်။ ဒုတိယအလွှာနဲ့ တတိယအလွှာကို မြန်မာလိုအကြမ်းအားဖြင့် ဆင်စွယ်နှစ်လွှာလို့ ခေါ်လေ့ရှိကြပါတယ်။

အောက်ဆုံးအလွှာကတော့ Pulp ဖြစ်ပြီး အဲဒီအလွှာမှာ အာရုံကြောနဲ့ သွေးကြောတွေ အများကြီးရှိတဲ့အတွက် အကြောလွှာလို့ခေါ်လေ့ရှိပါတယ်။

အပေါ်ဆုံးအလွှာဖြစ်တဲ့ ကြွေလွှာဟာ ထူကာမာကျောပြီး သွားတစ်ချောင်းလုံးကို ကာကွယ်ပေးထားပါတယ်။ သူ့မှာ အကြောလွှာလို အာရုံကြောတွေ၊ သွေးကြောတွေမရှိတဲ့အတွက် အာရုံခံစားမှု မရှိပါဘူး။ အပေါ်ဆုံးကြွေလွှာက မာကျောတယ်ဆိုပေမဲ့လည်း အကြောင်းကြောင်းကြောင့် ပျက်စီးတာပါးတာတွေ ဖြစ်နိုင်ပါတယ်။

အဲဒီလိုဖြစ်တဲ့အခါကျ အပူအအေးအချဉ် စတာတွေစားသောက်တဲ့အခါ သွားကျဉ်တာ (ပြင်းပြစူးရှတဲ့ဝေဒနာ) ကို ခံစားရပါတယ်။ဘာလို့လဲဆိုတော့ အပူဓာတ်၊ အအေးဓာတ်၊ အချဉ် (အက်စစ်) ဓာတ်တွေက သွားရဲ့ ဆင်စွယ်နှစ်လွှာကို ထိတယ်ဆိုပေမဲ့ ဆင်စွယ်နှစ်လွှာနဲ့ အကြောလွှာနဲ့က လွန်ပါးကာ နီးကပ်ဆက်စပ်တဲ့အတွက် အကြောလွှာမှာရှိတဲ့ အာရုံကြောတွေကိုပါ သွားထိခိုက်လို့ပါ။

သွားကြွေလွှာပျက်စီးခြင်း၊ ပါးခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ သွားတိုက်နည်း မမှန်ခြင်း

သွားတိုက်တဲ့အခါ နာနာတိုက်၊ ကြမ်းကြမ်းဖိတိုက်မှ ပြောင်စင်တယ်လို့ အယူမှားအယူစွဲက တချို့တွေမှာ ရှိတတ်ကြပါတယ်။

နာနာတိုက်၊ ကြမ်းကြမ်းဖိတိုက်တာ၊ သွားပွတ်တံအမွှေးနုတဲ့ဟာ မသုံးဘဲ ကြမ်းတဲ့ဟာသုံးတာတွေဟာ သွားကြွေလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

ဒါ့ပြင် အစာစားပြီးပြီးချင်း သွားတိုက်တာမျိုးကိုလည်း ရှောင်သင့်ပါတယ်။ အထူးသဖြင့် အချဉ်ဓာတ်ပါတဲ့ အသီးတွေ စားပြီးပြီးချင်း သွားလုံးဝမတိုက်သင့်ပါဘူး။ အဲဒီလိုပဲ ဝိုင်အပါအဝင် အယ်လ်ကိုဟောပါတဲ့အရည်များ သောက်ပြီးပြီးချင်း သွားမတိုက်သင့်ပါဘူး။ အဲဒီအချိန်တွေမှာ  သွားအပေါဖုံးထားတဲ့ကြွေလွှာဟာ နုအိပျော့ပျောင်းနေတာဖြစ်တဲ့အတွက် အဲဒီအချိန် သွားတိုက်ပါက ကြွေလွှာတွေ ပျက်စီးစေနိုင်ပါတယ်။

ဒါကြောင့် စားပြီးသောက်ပြီးလျှင် အနည်းဆုံး မိနစ် (၃၀) လောက်ခြားပြီးမှ သွားတိုက်သင့်ပါတယ်။

၂။ မာတဲ့အစာတွေ၊ ချိုလွန်းချဉ်လွန်းတဲ့ အစာတွေ အစားများခြင်း

ကွမ်းသီး၊ ဆားငန်သီးစေ့၊ အရိုး စတာတွေလိုမျိုးမာတဲ့ အရာတွေကို မကြာခဏအစားများမယ်ဆိုပါက သွားကြွေလွှာတွေ ထိခိုက်ပြီးပဲ့တာပါးတာတွေ ဖြစ်နိုင်ပါတယ်။

ချိုလွန်းတဲ့အစာတွေ (ချောကလက်၊ သကြားလုံးစတာတွေ) ကို အစားများပါကလည်း ရေရှည်မှာ သွားကြားတွေထဲ အချိုတွေကပ်ကျန်ကာ သွားပိုးစားပြီးသွားကြွေလွှာတွေ ပျက်စီးခြင်းကိုဖြစ်စေနိုင်ပါတယ်။

ဒီလိုပဲ ချဉ်လွန်းတဲ့ အစာတွေဟာလည်း အက်စစ်ဓာတ်ကဲတဲ့အတွက် မကြာခဏစားပေးမယ်ဆိုရင် သွားကြွေလွှာတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

 

၃။ မကြာခဏသွားကြေးချွတ်ခြင်း၊ သွားကျောက်ခြစ်ခြင်း

တချို့သူတွေဟာ သွားလေးတွေဖြူဖွေးတာကို သဘောကျပေမဲ့ အစားအသောက်ရှောင်တာတွေကို မလုပ်နိုင်ကြပါဘူး။

အဲဒီအခါကျ သွားကို ဖြူဖွေးစေတဲ့ဓာတ်ပါတဲ့ သွားတိုက်ဆေးတွေသုံးတာ၊ ဓာတုဗေဒပစ္စည်းတွေနဲ့ သွားကြေးချွတ်တာ၊ သွားကျောက်ခြစ်တာတွေကို မကြာမကြာလုပ်လေ့ရှိပါတယ်။

ဒီလိုတွေမကြာခဏလုပ်တာဟာလည်း သွားအပေါ်ယံက ကြွေလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

 

၄။ သွားကျိတ်ခြင်း

သွားကျိတ်တယ်ဆိုတာဟာ အပေါ်သွားတွေနဲ့ အောက်သွားတွေကို တင်းတင်းဖိကြိတ်တာ (အပေါ်မေးရိုးနဲ့ အောက်မေးရိုးကို တင်းတင်းဖိကြိတ်ပြီး လှုပ်ရှားတာ) မျိုးကို ဆိုလိုတာပါ။ အံကျိတ်တယ်လို့လည်း ခေါ်ကြပါတယ်။

– စိတ်ဖိစီးစရာများတဲ့သူတွေ

– စိတ်တိုလွယ်တတ်တဲ့သူတွေ၊

– သူများနဲ့ ပြိုင်ချင်စိတ်ပြင်းပြတတ်တဲ့သူတွေ

– သွားစပေါက်တဲ့အရွယ်၊ မေးရိုးဖွံ့ဖြိုးတဲ့ အရွယ်မှာ ရောက်နေတဲ့ ကလေးတွေ

– အရက်ဆေးလိပ်သောက်တဲ့သူတွေ

– ကဖင်းဓာတ်ပါတဲ့ အစားသောက်တွေ စားသောက်များတဲ့သူတွေ

– စိတ်ဆေးတွေ သောက်နေရတဲ့သူတွေ

– မိသားစုမျိုးရိုးထဲမှာ သွားကျိတ်တတ်တဲ့ သူရှိတဲ့သူတွေ

– ပါကင်ဆန်ရောဂါ၊ သတိမေ့ရောဂါ၊ အတက်ရောဂါစတဲ့ ရောဂါအခံတခုခုရှိတဲ့သူတွေ

– အိပ်ပျော်နေစဉ်မှာ အိပ်မက်ဆိုးတွေ မက်လေ့ရှိသူတွေ၊

– တအားဟောက်တဲ့သူတွေ မှာဆိုရင် သွားကျိတ်ခြင်းဟာ ပိုဖြစ်နိုင်ပါတယ်။

 

သွားကျိတ်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ

သွားကြွေလွှာတွေ ထိခိုက်ပျက်စီးပြီး သွားတွေတိုလာတာ၊ ပြားလာတာ၊ ကျိုးပဲ့လွယ်တာ၊ သွားတွေကျင်တာ၊ မေးရိုးကြွက်သားတွေပါ တင်းပြီးနာကျင်တာ၊ နားထင်ကိုက်တာတွေ ဖြစ်နိုင်ပါတယ်။

ဒါတွေကတော့ ကျွန်တော်သိသလောက် သွားကြွေလွှာကို ပျက်စီးစေနိုင်တဲ့ အကြောင်းရင်းတွေပါ။

သွားကြွေလွှာပျက်စီးခြင်းကြောင့် သွားကျဉ်ခြင်းဖြစ်နိုင်သလို သွားနှုတ်တာ၊ သွားတုစွပ်တာ၊ သွားညှိကုသမှုခံယူပြီး စတီးကြိုးသွားမှာ တပ်ထားတာတွေ လုပ်ပြီးနောက်မှာလည်း သွားကျဉ်တာကို ခံစားရနိုင်ပါတယ်။

ဒါပေမဲ့ ပုံမှန်အားဖြင့် သိပ်မကြာတတ်ပါ။

သွားကျဉ်ခြင်း ရေရှည်ဖြစ်နေပြီဆိုရင်တော့ သွားဆရာဝန်နဲ့ပြသစစ်ဆေးကြည့်ဖို့ လိုပါတယ်။

 

ကုသခြင်း

သွားကျဉ်ခြင်းကို ကုသတဲ့အခါမှာ ရောဂါအခြေအနေနဲ့ ဖြစ်တဲ့အကြောင်းပေါ် မူတည်ပြီး

– သွားကြွေလွှာတွေ ဆိုးဆိုးရွားရွားမပျက်စီးသေးရင် ဖလိုရွိုက်ပါတဲ့ သွားဖာကုသမှုတွေပေးတာ၊
သွားကြွေလွှာထပ်ပြုန်းတီးမှုမရှိအောင် သွားအပေါ်ကနေ အကာအနေနဲ့အစွပ်စွပ်တာ၊

– သွားကြွေလွှာတွေ အလွန်ပျက်စီးပြီး အခြေအနေဆိုးတယ်ဆိုရင်တော့ သွားကျဉ်ခြင်းကို သက်သာအောင် သွားကြောထုတ်ကုသနည်း (Root Canal Treatment) လို့ခေါ်တဲ့ သွားအကြောလွှာအတွင်းရှိ အာရုံကြောဆဲလ်လေးတွေကို အာရုံခံစားမှုမရှိတော့အောင်လုပ်တာ စသဖြင့် လုပ်ရနိုင်ပါတယ်။

သွားကျဉ်ခြင်းဖြစ်နိုင်ခြေနည်းအောင် သွားတိုက်နည်းမှန်မှန်နဲ့ သွားပွတ်တံအနုနဲ့ စနစ်တကျတိုက်ပါ။ သွားဖြူစေတဲ့ဓာတ်ပါတဲ့ သွားတိုက်ဆေးတွေ မကြာခဏမသုံးပါနဲ့။ သွားကျောက်ခြစ်တာ၊ သွားချေးခြစ်တာတွေကို မကြာခဏမလုပ်ပါနဲ့။

မာတဲ့အစာတွေ၊ ချိုလွန်း၊ ချဉ်လွန်းတဲ့အစာတွေကို မကြာခဏမစားပါနဲ့။ သွားကျိတ်တတ်တဲ့သူဆိုရင် ပိုးစားနေတဲ့သွားရှိတဲ့သူဆိုရင် စောစီးစွာသွားဆရာဝန်နဲ့ပြသထားပါလို့ အကြံပေးချင်ပါတယ်။

Author: Dr ရင်အေးပန်း

Previous Post

အမျိုးသားသားကြောဖြတ်ခြင်းအကြောင်း

Next Post

မိခင်ရော ကလေးပါ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

To choose the right toothpaste

သွားတိုက်ဆေး မှန်ကန်စွာရွေးချယ်တတ်ဖို့

3 years ago
816
Why do you have to stop going every now and then?

ဘာလို့သွားခဏ ခဏကျဉ်နေရတာလဲ?

3 years ago
640

သွားကလေးများ ကျန်းမာဖို့

3 years ago
721

မေးရိုးနာကျင်ခြင်းဖြစ်စေသော အကြောင်းရင်းများ

4 years ago
3.8k

သွားရောဂါကင်းဝေးဖို့ ဘယ်လိုစားသောက်မလဲ

4 years ago
921

ပါးစပ်ထဲမှာ ခါးခါးနေတာ ဘာလို့လဲ

4 years ago
8.7k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မိခင်ရော ကလေးပါ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်း

လည်ပင်းပေါ်ကအမည်းကွက်တွေ အမြန်ဆုံးပျောက်ကင်းစေမဲ့ အလွယ်ဆုံးနည်းလမ်း ၄ ခု

အရက်စကား အမှားများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.