fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home သွားနှင့် ခံတွင်း ကျန်းမာရေး

လည်ချောင်းနာနေပြီဆိုလျှင်

4.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/07/2021
in သွားနှင့် ခံတွင်း ကျန်းမာရေး
1 min read
A A

လည်ချောင်းနာခြင်းဆိုတာဟာ လည်ချောင်းထဲမှာ ရှပြီးနာနေကာ လည်ချောင်းခြောက်သလို ယားသလိုတွေ ခံစားရခြင်းဖြစ်ပါတယ်။အစာရေမျိုချတဲ့အခါ၊ တံတွေးမျိုချတဲ့အခါ၊ စကားပြောတဲ့အခါ ထိုဝေဒနာဟာ ပိုဆိုးတတ်ပါတယ်။ အတော်လေးလည်း နေရခက်ပြီး၊ စိတ်အနှောင့်အယှက်လည်းဖြစ်ရတဲ့ ဝေဒနာဖြစ်ပါတယ်။ ဆေးပညာအရတော့ လည်ချောင်းနာခြင်းကို Sore throat သို့မဟုတ် pharyngitis လို့ခေါ်ပါတယ်။

လည်ချောင်းနာခြင်းကို ဖြစ်စေတဲ့အကြောင်းတွေအနေနဲ့ကတော့

  • အအေးမိ၊ တုပ်ကွေး၊ ရေကျောက်၊ ဝက်သက်၊ ကြက်ညှာချောင်းဆိုး စတဲ့ရောဂါတွေကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေ ဝင်ရောက်ကူးစက်ခံရတာ
  • စထရက်တိုကောကပ် (Streptococcus) ဗက်တီးရီးယားပိုးဝင်ရောက်ကူးစက်ခံရတာ
  • မိမိနဲ့ဓာတ်မတည့်တဲ့ အမှုန်အမွှားတွေကို ရှုမိတာ
  • လေပူတွေကို ရှုမိတာ
  • ညစ်ညမ်ပြီး သန့်စင်မှုမရှိတဲ့ လေကိုရှုမိတာ (ဥပမာ – ဆေးလိပ်မီးခိုး၊ အမှိုက်မီးခိုးတွေပါတဲ့ လေကိုရှုမိတာ)
  • မရပ်မနားအချိန်အကြာကြီး အော်ပြောရတာ
  • အစာခြေရည်ပြန်ဆန်တက်ခြင်း (Gastroesophageal reflux disease) ဖြစ်တာ
  • အိတ်အိုင်ဗီ ဗိုင်းရပ်စ်ပိုး ဝင်ရောက်ကူးစက်ခံရတာ
  • လည်ချောင်း၊ လျှာ၊ အသံအိုးမှာ ကင်ဆာအလုံးအကျိတ်တွေ ဖြစ်တာ စသဖြင့် လည်ချောင်းနာစေနိုင်တဲ့အကြောင်းရင်းတွေများစွာရှိပါတယ်။လည်ချောင်းနာခြင်းဟာ ကလေးငယ်တွေ၊ ကိုယ်ခံအားကျနေတဲ့သူတွေ၊ ဓါတုပစ္စည်းတွေနဲ့ ထိတွေ့မှုများတဲ့သူတွေ၊ ဆေးလိပ်သောက်တဲ့သူတွေ၊ ရေရှည်အသံအားစိုက်ပြီး အသုံးပြုရတဲ့သူတွေ (ကျောင်းဆရာ၊ ကားစပယ်ယာ) မှာ ပိုဖြစ်နိုင်ခြေများပါတယ်။

 

(ENERVON-C နှင့်ပါတ်သ၍ အသေးစိတ်သိရှိလိုပါက ဤပုံကိုနှိပ်ပါ)

လည်ချောင်းနာတဲ့အခါ အများအားဖြင့် လည်ချောင်းထဲရှတတ၊ အက်ကွဲကွဲဖြစ်ပြီးနာနေတာ ၊ လည်ချောင်းယားသလို၊ ခြောက်သလိုဖြစ်တာတွေ ခံစားရပြီး အစာမျိုရေမျိုတံတွေးမျို၊ စကားပြောတဲ့အခါ နာကျင်မှုက ပိုဆိုးတတ်ပါတယ်။

ဒီလိုတွေခံစားရတာအပြင် ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး

– ဖျားတာ
– ချောင်းဆိုးနှာစေးတာ
– အာသီးရောင်တာ
– အာသီးဘေးမှာ အဖြူကွက် သို့မဟုတ် ပြည်တည်တာ
– လည်ပင်းနဲ့ မေးရိုးနားတဝိုက် ပြန်ရည်အကျိတ်တွေ ရောင်တာ
– ခေါင်းကိုက်တာ
– ပျို့အန်တာ
– ကိုယ်လက်ကိုက်ခဲတာ
– အသံသြလာတာ စတဲ့လက္ခဏာတွေကိုပါ တွဲခံစားရနိုင်ခြေရှိပါတယ်။

လည်ချောင်းနာခြင်းဟာ ယေဘုယျအားဖြင့် ရက်အနည်းငယ်ကြာပြီးနောက်မှာ သူ့ဘာသာသူ ပျောက်သွားတတ်လေ့ရှိပါတယ်။ တချို့ဆို တမနက်လောက်ပဲကြာပြီး ပျောက်သွားတာမျိုးလည်းရှိပါတယ်။

လည်ချောင်းနာတဲ့အခါ ငုံဆေးတွေငုံတာ၊ ဆားရည်နွေးနဲ့ ပလုတ်ကျင်းတာ၊ ရေခဲရေ၊ အအေးတွေရှောင်ပြီး ရေများများသောက်ပေးတာ အသံသိပ်မသုံးဘဲနားနားနေနေ နေတာ တွေလုပ်ပေးခြင်းဖြင့် လည်ချောင်းနာခြင်းကို သက်သာစေနိုင်ပါတယ်။

သို့သော် အောက်ဖော်ပြပါ လက္ခဏာတွေရှိရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းပြဖို့လိုပါတယ်။

ကလေးငယ်တွေမှာဆိုရင် အသက်ရှုရခက်လာတာ၊ ပါးစပ်ထဲက သွားရည်တွေကျလာတာ မျိုးတွေရှိပါက နီးစပ်ရာဆေးရုံဆေးခန်းချက်ချင်းပြပါ။

ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေမှာဆိုရင်

– လည်ချောင်းနာတာက တပတ်ကျော်လို့မှ မသက်သာရင် သို့မဟုတ် ပိုပိုဆိုးလာရင်

– ပါးစပ်ဟဖို့ခက်လာတာ

– အသက်ရှုရခက်လာတာ

– နားကိုက်လာတာ

– အဖျားက ၁၀၁ ဒီဂရီဖာရင်ဟိုက်ထက် များလာတာ

– အနီကွက်တွေထလာတာ

– အရိုးအဆစ်တွေပါ ကိုက်ခဲလာတာ

– တံတွေးထဲ၊ သလိပ်ထဲမှာ သွေးပါတာ

– လည်ချောင်းမှာ အလုံးအကျိတ်ပေါ်လာရတာ

– အသံသြတာက နှစ်ပတ်ထက်ပိုကြာနေတာတွေရှိရင် မပေါ့ဆပဲ နီးစပ်ရာဆေးရုံဆေးခန်း ချက်ချင်းပြသဖို့လိုပါတယ်။

လည်ချောင်းနာခြင်း ခံစားရနိုင်ခြေနည်းအောင်

– အငွေ့အမှုန်တွေကို ရှောင်နိုင်သလောက်ရှောင်ပါ။ အပြင်ထွက်ရင် လူထူဖုန်ထူ နေရာတွေကို ရှောင်နိုင်သလောက် ရှောင်ပါ။ မရှောင်နိုင်ပါက နှာခေါင်းစည်းတပ်ပါ။

– ရေများများသောက်ပေးပါ။

– ရေခဲရေ၊ အအေးတွေကို လျှော့နိုင်သလောက် လျှော့သောက်ပါ။

– လက်ခဏခဏဆေးပေးပါ။

– ဆေးလိပ်သောက်တာရှိရင် ဆေးလိပ်ဖြတ်ပါ။

– အစားအသောက်ခွက်ပန်းကန်တွေကို သူများနဲ့မျှမသုံးပါနဲ့။

– ချောင်းဆိုးနှာစေးဖြစ်နေသူများနဲ့ နီးနီးကပ်ကပ်မနေပါနဲ့။

– ဗီတာမင်စီ များများပါတဲ့ အားဆေးတမျိုးမျိုးကိုနေ့စဉ် တစ်လုံးသောက်ပေးပါ လို့ အကြံပေးချင်ပါတယ်။

Author: Dr 528

Previous Post

အဆစ်အမြစ်ကိုက်ခဲခြင်း သက်သာစေမယ့်နည်းလမ်းများ

Next Post

ဖျားနေတဲ့အချိန်ရေချိုးလို့ရသလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

To choose the right toothpaste

သွားတိုက်ဆေး မှန်ကန်စွာရွေးချယ်တတ်ဖို့

3 years ago
818
Why do you have to stop going every now and then?

ဘာလို့သွားခဏ ခဏကျဉ်နေရတာလဲ?

3 years ago
640

သွားကလေးများ ကျန်းမာဖို့

3 years ago
722

မေးရိုးနာကျင်ခြင်းဖြစ်စေသော အကြောင်းရင်းများ

4 years ago
3.8k

သွားရောဂါကင်းဝေးဖို့ ဘယ်လိုစားသောက်မလဲ

4 years ago
923

ပါးစပ်ထဲမှာ ခါးခါးနေတာ ဘာလို့လဲ

4 years ago
8.7k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဖျားနေတဲ့အချိန်ရေချိုးလို့ရသလား

ကလေးများ ဝမ်းပျက်ဝမ်းလျှောမဖြစ်ရအောင်

ခေါင်းကိုက်အမြန်ဆုံးသက်သာစေမယ့် နည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.