fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home သွားနှင့် ခံတွင်း ကျန်းမာရေး

လျှာအရောင်က ပြောတဲ့ သင့်ကျန်းမာရေးအခြေအနေ

1.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/06/2019
in သွားနှင့် ခံတွင်း ကျန်းမာရေး
1 min read
A A

လျှာအရောင်က ပြောတဲ့ သင့်ကျန်းမာရေးအခြေအနေ

လျှာဟာ အရိုးမရှိဘဲ ကြွက်သားတွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ အင်္ဂါဖြစ်ပါတယ်။

လျှာဟာ အစားအသောက်တွေကို အရသာခံဖို့၊ စကားပြောဖို့အတွက် အရမ်းအရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပြီး အစားအသောက်တွေကို ဝါးရာမျိုချရာမှာလည်း အထောက်အကူပြုပါတယ်။

ဒါ့အပြင် လျှာရဲ့အရောင်ပုံစံနဲ့အနေအထားကို ကြည့်ပြီး ခန္ဓာကိုယ်တွင်းမှာ ဘာတွေဖြစ်နေလဲဆိုတာကို သဲလွန်စကောက်နိုင်ပါသေးတယ်။

ဒါကြောင့် ကျွန်တော်တို့နေမကောင်းလို့ ဆေးခန်းသွားပြတဲ့အခါမှာ တချို့ဆရာဝန်ကြီးတွေက လျှာထုတ်ပြခိုင်းလေ့ရှိပါတယ်။

ပါးစပ်ဟ လျှာထုတ်ပြီး အားလို့ အော်ခိုင်းတာကတော့ လျှာရဲ့နောက်မှာရှိတဲ့အာသီးယောင်မယောင်ကို ကြည့်တာပါ။

ကျွန်တော်တို့ရဲ့ ပုံမှန်လျှာအရောင်ဟာ ပန်းနုရောင်ဖြစ်ပြီး လျှာအပေါ်မှာ အဖုအသေးလေးတွေများစွာရှိပါတယ်။ အဲ့အဖုအသေးလေးတွေဟာ ရသာခံဖုလေးတွေဖြစ်ပါတယ်။

တကယ်လို့ ပန်းနုရောင်မဟုတ်ဘဲ တခြားအရောင်တွေဖြစ်နေရင်တော့ ဗီတာမင်ဓါတ်တခုခုချို့တဲ့တာ၊ ကျန်းမာရေးပြသာနာ တခုခုဖြစ်တာ၊ ခံတွင်းရောဂါတခုခုဖြစ်နေတာ စသဖြင့် ဖြစ်နိုင်ခြေရှိပါတယ်။

လျှာအရောင်တွေပေါ်မူတည်ပြီး ဖြစ်နိုင်တဲ့အခြေအနေတွေကို သိသလောက်ရေးသားတင်ပြရရင်တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ လျှာအရောင်ဖြူခြင်း

လျှာအရောင်ဟာ ဖြူဖျော့နေတယ်ဆိုရင် ရေဓါတ်ခန်းခြောက်တာလည်းဖြစ်နိုင်သလို မှက်ခရု စွဲကပ်နေတာလည်း ဖြစ်နိုင်ပါတယ်။

မှက်ခရုဟာ မှိုရောဂါတစ်ခု ဖြစ်ပြီး ဘယ်သူမှာမဆို ဘယ်အသက်ရွယ်မဆို ဖြစ်နိုင်ပေမယ့် အသက် ၆ လအောက် ကလေးငယ်များတွင် ပိုပြီးအဖြစ်များတတ်ပါတယ်။ Candida albicans လို့ခေါ်တဲ့ မှိုတမျိူးကြောင့်ဖြစ်တာပါ။

ဒါ့အပြင် ခံတွင်းထဲရှိ ဆဲလ်တွေပွားများမှုများလာတဲ့ Leukoplakia လို့ခေါ်တဲ့အခြေအနေမှာလည်း လျှာအရောင်ဟာ ဖြူဖျော့နေတတ်ပါတယ်။ Leukoplakia ဟာ ဓါတ်မတည့်တဲ့ အခြေအနေမျိုးတွေမှာ ဖြစ်တတ်ပြီး ဆေးလိပ်သောက်တဲ့သူတွေမှာ ပိုဖြစ်လေ့ရှိနိုင်ပါတယ်။

၂။ လျှာအရောင်နီခြင်း

လျှာအရောင်ဟာ နီရဲနေတယ်ဆိုရင်တော့ လျှာရဲ့အရသာခံဖုတွေ ရောင်ရမ်းနေတာဖြစ်ပြီး ဗီတာမင်ဘီတွဲ နဲ့ ဖောလစ် အက်စစ်ဓါတ်တွေချို့တဲ့နေတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် Scarlet fever နဲ့ Kawasaki ရောဂါတွေဖြစ်တဲ့အခါမှာဆိုရင် လျှာဟာ စတော်ဘယ်ရီသီးမှည့်လို နီရဲရောင်ရမ်းနေတတ်ပါတယ်။

၃။ လျှာအရောင်ဝါခြင်း

သွားနှင့် ခံတွင်းသန့်ရှင်းမှု အားနည်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ တချို့ဆေးတွေ သောက်ခြင်းတွေက လျှာဝါခြင်းကို ဖြစ်စေနိုင်ပါတယ်။

သို့သော် တခါတရံမှာ လျှာဝါတာဟာ အသည်းနဲ့ အစာအိမ်လမ်းကြောင်းဆိုင်ရာ ရောဂါတခုခု အစပျိုးနေတာလည်း ဖြစ်နိုင်ပါတယ်။

သွားနဲ့ ခံတွင်းသန့်ရှင်းမှု ဂရုတစိုက်လုပ်ပြီး ဆေးလိပ်ဖြတ်လို့မှ လျှာအရောင်ဝါတာ မလျော့သွားရင် ဆေးခန်းပြသကြည့်ဖို့ လိုပါတယ်။

၄။ လျှာအရောင်ပြာခြင်း

လျှာအရောင်ပြာတာဟာ သွေးထဲမှာ အောက်စီဂျင်ဓါတ် လျော့နည်းနေတာကြောင့် ဖြစ်နိုင်ပြီး
နှလုံး အလုပ်ကောင်းမလုပ်နိုင်တာ သို့မဟုတ် အဆုတ်ကောင်းကောင်း အလုပ်မလုပ်နိုင်တာ တွေကြောင့် ဖြစ်နိုင်ပါတယ်။

၅။ လျှာအရောင်ညိုခြင်း

ကော်ဖီ အများကြီးသောက်တာ၊ ဆေးလိပ်သောက်တာတွေကြောင့် လျှာအရောင်ညိုခြင်းကို ဖြစ်စေနိုင်ပါတယ်။

သို့ပေမယ့် အချိန်ကြာသည့်တိုင် ညိုတာလျော့မသွားဘဲ တောက်လျှောက် လျှာအရောင်ညိုနေတယ်ဆိုရင်တော့ ကင်ဆာရောဂါ (အရေပြားကင်ဆာ၊ ခံတွင်းကင်ဆာ) တွေရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်လို့ ဆေးခန်းပြဖို့လိုပါမယ်။

၆။ လျှာမည်းခြင်း

လျှာဝါသလိုပဲ လျှာမည်းတာဟာ သွားနဲ့ ခံတွင်းသန့်ရှင်းမှု အားနည်းရာမှတဆင့် လျှာရဲ့မျက်နှာပြင်ပေါ်မှာ ဘက်တီးရီးယားပိုးတွေ စုစည်ပွားများလာခြင်းကြောင့် ဖြစ်ပါတယ်။

ဘက်တီးရီးယားပိုး အမျိုးအစားပေါ်မူတည်ပြီး အဝါနဲ့ အမည်းရောင်ဖြစ်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆီးချိုရောဂါရှိတဲ့သူတွေ၊ ပိုးသေဆေးတွေ သောက်နေရတဲ့သူတွေ၊ ကင်ဆာဆေးသွင်းကုသမှုခံယူနေတဲ့ သူတွေမှာလည်း လျှာအရောင်ဟာ အမည်းရောင်ဖြစ်နေတတ်ပါတယ်။

အဆုံးသတ်အနေနဲ့ မှာချင်တာကတော့ လျှာအရောင်ကောင်းစေရန် အောက်ပါအချက်တွေကို လိုက်နာကြပါလို့ အကြံပေးချင်ပါတယ်။

– အစာစားပြီးတိုင်း ပလုတ်ကျင်းပါ။

– တနေ့ကို အနည်းဆုံး နှစ်ကြိမ်သွားတိုက်ပေးပါ။ သွားတိုက်တဲ့အခါမှာ လျှာကိုလည်း သွားပွတ်တံနဲ့ သေချာတိုက်ပေးပါ။

– ဆေးလိပ်ဖြတ်ပါ။

– ရေများများသောက်ပါ။

– အသား ငါး ဟင်းသီးဟင်းရွက်စုံလင်မျှတအောင်စားပါ။

Dr 528

Previous Post

ကလေးငယ်များ သန်စွမ်းထက်မြက် ဉာဏ်ရည်တက်ဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ်

Next Post

မတ်မတ်ဗိုက်တို့ သတိထားရမယ့် ကိုယ်အလေးချိန်..

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

To choose the right toothpaste

သွားတိုက်ဆေး မှန်ကန်စွာရွေးချယ်တတ်ဖို့

3 years ago
814
Why do you have to stop going every now and then?

ဘာလို့သွားခဏ ခဏကျဉ်နေရတာလဲ?

3 years ago
637

သွားကလေးများ ကျန်းမာဖို့

3 years ago
721

မေးရိုးနာကျင်ခြင်းဖြစ်စေသော အကြောင်းရင်းများ

4 years ago
3.8k

သွားရောဂါကင်းဝေးဖို့ ဘယ်လိုစားသောက်မလဲ

4 years ago
920

ပါးစပ်ထဲမှာ ခါးခါးနေတာ ဘာလို့လဲ

4 years ago
8.6k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မတ်မတ်ဗိုက်တို့ သတိထားရမယ့် ကိုယ်အလေးချိန်..

ကျန်းမာရေးအတွက် ဆန်လုံးညိုစားကြမယ်

မနက်မိုးလင်းတာနဲ့ ခါးနာနေတဲ့ပြဿနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.