fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home သွားနှင့် ခံတွင်း ကျန်းမာရေး

သွားရောဂါကင်းဝေးဖို့ ဘယ်လိုစားသောက်မလဲ

922
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/09/2021
in သွားနှင့် ခံတွင်း ကျန်းမာရေး
1 min read
A A

သကြားဓာတ်များစွာပါသောအစားအစာများသည် သွားများယိုယွင်းပျက်စီးစေတတ်သော အကြောင်းအချက်တစ်ခုဟု လူအများစုကထင်နေကြသည်။

တကယ်တော့မဟုတ်ပါ။ သွားကိုတကယ်ထိခိုက်ပျက်စီးစေသောအကြောင်းမှာ အချို များသောအစားအစာများကို
အကြိမ်အရေအတွက် ဘယ်လောက် များများစားသလဲဆိုသည့်အကြောင်းချက်ပေါ်တွင်
မူတည်နေခြင်း များဖြစ်ပါသည်။

အချိုရည်များနှင့် အချိုများသောအစားအစာများကြောင့် ပါးစပ်အတွင်းဖြစ်ပေါ်လာသော အက်စစ်ဓာတ်များကို ပျောက်သွားအောင် ချေဖျက်ရန်မှာအနည်းဆုံးတစ်နာရီမျှကြာသည်။ ထိုအချိန်အတွင်းတွင် ကျွန်တော်တို့၏ သွားများသည် အက်စစ်ဓာတ်များ၏ ဖျက်ဆီးခြင်းကိုခံရသည်။

ထိုသို့အက်စစ်ဓာတ်များ၏သွားဖျက်ဆီးနှုန်းလျော့နည်းစေရန် အချိုရည်များနှင့် အချိုများသောအစားအစာများကို ထမင်းစားချိန်များတွင်သာ စား သောက်သင့်ပါသည်။

အသားစားပြီးချိန်နှင့် သရေစာမုန့်များစားပြီးချိန်တွင် အချိုမပါသောပီကေဝါးခြင်းနှင့် ရေသောက်ခြင်းသည် သကြားဓာတ်ကြောင့် ပါးစပ်အတွင်းဖြစ်ပေါ်လာသော အက်စစ်ဓာတ်များကို လျင်မြန်စွာချေဖျက်ပေးပါသည်။ ထို့ပြင် သွားများယိုယွင်းပျက်စီးမှုကိုဖြစ်စေသော ဂက်စ်ပါသောအချိုရည်များ၊ အသီးဖျော်ရည်များ၊ အားဖြည့်အချိုရည်များနှင့်ဝိုင်များသည် သွားများကိုပျက်စီးသောအက်စစ်ဓာတ်များကိုဖြစ်စေပြီးသွားကြွေလွှာပျက်စီခြင်းကိုဖြစ်စေပါသည်။

သွားကြွေလွှာပျက်စီးသွားပါက သွားများသည် အနည်းငယ်မျှထိခိုက်ဒဏ်ကိုပင် မခံနိုင်တော့ဘဲ သွားကျဉ်လွယ်ခြင်း၊ သွားအခေါင်းပေါက်များဖြစ်လာပြီး သွားကိုက်၊ သွားနာဖြစ်ခြင်း၊သွားပြည်တည်ခြင်းစသည့် သွား နှင့်ပတ်သက်သောရောဂါဝေဒနာများကို ဖြစ်စေနိုင်ပါသည်။

သွားကျန်းမာရေးကောင်းမွန်စေရန် သွားတိုက်ခြင်း၊ သွားကြားရှင်းကြိုးဖြင့် သန့်ရှင်းခြင်းနှင့်သွားကိုပုံမှန်စစ်ဆေးခြင်းများကပုံမှန်လုပ်ဆောင်ခြင်းသည် အလွန်အရေးကြီးကြောင်းဖော်ပြထားသည်။ သို့သော်လည်း သွားနှင့်သွားဖုံးကိုပိုမိုကျန်းမာစေရန် ထိန်းသိမ်းရမည့်နည်းလမ်းကောင်းများရှိပါသေးသည်။

အမေရိကန်သွားကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းက သွားနှင့်သွားဖုံးပျက်စီးယိုယွင်းခြင်းမှကာကွယ်ရန် အကြံပြုချက်များကို
အောက်ပါအတိုင်းဖော်ပြထားသည်။
– ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကိုသာ စားသုံးသင့်ပြီး
မုန့်ပဲသရေစာများကိုလျှော့စားရမည်။
– အချိုပေါ့သောအစားအစာများနှင့် အာဟာရများပါဝင်သောအစားအစာများကိုသာ
ရွေးချယ်စားသုံးရမည်။
– ရေများများသောက်ရမည်။
– တစ်နေ့ လျှင်နှစ်ကြိမ် ဖလိုရိုက်ပါဝင်သောသွားတိုက်ဆေးဖြင့် သွားကိုစနစ် တကျတိုက်ရမည်။
– သွားချေးများကိုဖယ်ရှားရန် နေ့စဉ်သွားကြားရှင်းကြိုးဖြင့်သန့်ရှင်းခြင်းကို ပုံမှန်ပြုလုပ်ရမည်။
– မိမိရက်သတ္တပတ်လုံးစားသုံးခဲ့သော အစားအစာများကို မှတ်သား၍
မိမိစားသုံးခဲ့သောအစားအစာများတွင် သွားနှင့်သွား
ဖုံးများကိုပျက်စီးယိုယွင်းစေသောအစားအစာများ မည်မျှစားသုံး ခဲ့သည်ကိုသတိပြု၍
လွန်ကဲမှုမရှိစေရန်ချင့်ချိန်ရမည်။

သို့ဖြစ်ပါ၍ သွားကျန်းမာရေးကောင်းမွန်စေရန် မိမိတို့၏ သွားလေးများကို နေ့စဉ်ပုံမှန် အနည်းဆုံးနှစ်ကြိမ်ခန့်သွားတိုက်ပြီး သန့်ရှင်းအောင်ပြုလုပ်ပေးရမည်။ ထို့ပြင် သွားဆရာဝန်နှင့် ၆လတစ်ကြိမ် တွေ့ဆုံ၍ပုံမှန်စစ်ဆေးခြင်းများပြုလုပ်ပေးခြင်းသည်လည်း သွားနှင့်ပတ် သက်သောဝေဒနာများမခံစားရစေရန် များစွာအထောက်အကူပေးနိုင်သည်။

သွားများပျက်စီးသွားမှ ဂရုတစိုက်ထိန်းသိမ်းစောင့် ရှောက်ခြင်းထက် ပကတိအကောင်းအတိုင်းရှိသေးသောသွားများကို ပုံမှန်သန့်ရှင်း၍ဂရုစိုက်ခြင်းသည်သာလျှင် သင့်ဘဝတစ် လျှောက်လုံး ကျန်းမာသောသွားများကိုပိုင်ဆိုင်နိုင်ပြီး သွားရောဂါ
အမျိုးမျိုးမှကာကွယ်နိုင်သည့် ထိရောက်သောအကောင်းဆုံးနည်း လမ်းပင်ဖြစ်ပေလိမ့်မည်။

Author: ဒေါက်တာထက်ဝေ

Previous Post

ခွဲခြားသိထားသင့်တဲ့ ချောင်းဆိုးခြင်းအမျိုးအစားများ

Next Post

လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

To choose the right toothpaste

သွားတိုက်ဆေး မှန်ကန်စွာရွေးချယ်တတ်ဖို့

3 years ago
816
Why do you have to stop going every now and then?

ဘာလို့သွားခဏ ခဏကျဉ်နေရတာလဲ?

3 years ago
640

သွားကလေးများ ကျန်းမာဖို့

3 years ago
721

မေးရိုးနာကျင်ခြင်းဖြစ်စေသော အကြောင်းရင်းများ

4 years ago
3.8k

ပါးစပ်ထဲမှာ ခါးခါးနေတာ ဘာလို့လဲ

4 years ago
8.7k

သွားနဲ့ ခံတွင်းကျန်းမာသန့်ရှင်းစေတဲ့ အံ့အားသင့်ဖွယ်ရာအစားအစာများ

4 years ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

OnDoctor-benefits-of-avocado-2021

ထောပတ်သီးကရတဲ့ ကောင်းကျိုးများ

ရှင်သန်ခွင့်အတွက် ကိုဗစ်ကိုအရှုံးမပေးခဲ့သူ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.