fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home သွားနှင့် ခံတွင်း ကျန်းမာရေး

ကလေး သွားနို့ပိုးစားခြင်း

317
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/05/2017
in သွားနှင့် ခံတွင်း ကျန်းမာရေး
1 min read
A A

ဇီဝကတို့ လူထုမှာ သွားကျန်းမာရေးအသိ အားနည်းလှပါတယ် ။
ငယ်စဉ်ကလေးဘဝကတည်းက သွားကျန်းမာရေးကို ဂရုစိုက်မှ အသက်ကြီးလာတဲ့
အခါ ပုလဲလုံးလေးများ စီထားတဲ့ သွားအလှပိုင်ရှင်များဖြစ်မှာပါ ။ကလေး သွားနို့ပိုး
စားတယ်လို့ အရပ်ခေါ် ခေါ်တဲ့ Early Childhood Dental Caries အကြောင်းကို
ဒီဆောင်းပါးမှာ ဖော်ပြပါ့မယ် ။

ဒီ Early Childhood Dental Caries ဟာ ကမ္ဘာနဲ့ အဝှမ်း တွေ့ရ
ပါတယ် ။အထူးသဖြင့် ဖွံ့ဖြိုးမှုနည်းတဲ့ နိုင်ငံတွေမှာ ပိုဖြစ်ပါတယ် ။ဘာလို့လဲ ဆိုရင်
သွားကျန်းမာရေးကို ကျောင်းမှာကတည်းက အလေးပေးတဲ့ အကျင့်ကို ဖွံ့ဖြိုးပြီး
နိုင်ငံတွေက ကျင့်သုံးလို့ပါ ။

ကလေး သွားနို့ပိုးစားစေတဲ့ အကြောင်းတွေက အများကြီးပါ ။

-ခံတွင်းသန့်ရှင်းရေး
-သွားကျန်းမာရေး အလေ့အကျင့် ကျင့်သုံးမှု
-အစားအစာ စားသောက်ပုံ
-တံတွေးစီးဆင်းမှုနဲ့ တံတွေးထဲမှာ အက်ဆစ်ဓာတ်ကို ပြယ်စေနိုင်တဲ့ သတ္တိ အနည်း
အများ
-သွားပိုးစားလွယ်တဲ့ မျိုးရိုးဗီဇ
-ဖလိုရိုက်ထဲ ပါဝင်တဲ့ ဖလိုရိုက်ဓာတ် ပါဝင်မှုပမာဏ
-မိဘ အုပ်ထိန်းသူများထံမှ ခံတွင်းပိုးမွှားများ ကူးစက်ခံရမှု(ဥပမာ-ခံတွင်း ပိုးဝင်အနာ
များရှိသူ မိဘက ဝါးကျွေးတဲ့ အစားအစာများ)
စတဲ့ အချက်တွေ အပေါ်မူတည်ပါတယ် ။

ကလေးသွားကျန်းမာရေးနဲ့ သွားနို့ပိုးမစားအောင် ကြိုတင်ကာကွယ်
နိုင်တဲ့ နည်းလမ်းများကို ဆက်လက်ဖော်ပြပါ့မယ် ။

-နို့စို့ကလေးများရဲ့ သွားသန့်ရှင်းရေးကို မိခင်ကိုယ်တိုင် လုပ်ဆောင်ပေးပါ ။

-ရေဆွတ်ထားတဲ့ ဝါဂွမ်း ၊အဝတ်စ ၊တဘက်စ ကို မိခင်ရဲ့ လက်ညှိုးမှာ ရစ်ပတ်ပြီး
ကလေးရဲ့ ခံတွင်းသန့်ရှင်းရေးကို အနည်းဆုံး တစ်နေ့ ၂ကြိမ် သန့်ရှင်းပေးပါ ။
ကလေးသွားစပေါက်တဲ့ အရွယ်ကတည်းက စပြီး အထက်ပါအတိုင်း သန့်ရှင်းပေးပါ

-ကလေး အသက် ၁၀လ ၊၁နှစ်အရွယ်ကစပြီး ကလေးသုံး သွားတိုက်တံ နဲ့ စတင်
တိုက်ပေးလို့ ရပါပြီ ။အစပိုင်းကတော့ နည်းနည်းခက်ပါ့မယ် ။ကလေးကျင့်သားရ
အောင် ၄ ၊ ၅ ၊၁၀ စက္ကန့် လောက်စပြီး ကျင့်ယူပါ ။

-ကလေး အသက် ၁နှစ်ခွဲကနေ ၃နှစ်သားအထိ ဖလိုရိုက်ဓာတ်မပါတဲ့ သွားတိုက်
ဆေးသုံးပြီး တိုက်ပေးပါ ။ဖလိုရိုက်ဓာတ်ဟာ သွားကျန်းမာရေးအတွက် ကောင်း
သည် ဆိုသော်လည်း သွားကောင်းကောင်းမတိုက်တတ်သေးတဲ့ ဒီအရွယ်မှာ မျို
ချမိနိုင်တဲ့ အတွက် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်လို့ပါ ။

-အသက် ၃နှစ်ကစပြီး ဖလိုရိုက်ဓာတ်ပါတဲ့ သွားတိုက်ဆေးနဲ့ တိုက်စေပါ ။ဒါပေမယ့်
ကလေးကို သွားတိုက်ဆေး မထည့်ခိုင်းပါနဲ့ ။သွားတိုက်ဆေးတချို့သည် ချိုအေး
မွှေးသဖြင့် လိုတာထက် ပိုထည့်မိရင် ကလေးတွေ မျိုချမိတတ်တယ် ။အခန့်မသင့်
ရင် ဘေးထွက်ဆိုးကျိုးများ ခံစားရတတ်ပါတယ် ။ဒါကြောင့် ကလေး သွားတိုက်တဲ့
အခါ မိဘတွေ ကိုယ်တိုင် ပဲတီလုံးလောက်ပဲ ထည့်ပေးပါ ။

-တစ်နှစ်ကို တစ်ကြိမ် ကလေး အသက်၂နှစ်ခွဲမှ စပြီး သွားဆရာဝန်နဲ့ စစ်ဆေးမှု
ခံယူပါ ။

ခေတ်သစ် ဇီဝက

Previous Post

ငှက်ဖျားရောဂါ နှင့် သွေးလွန်တုပ်ကွေးရောဂါ

Next Post

ကလေးသွားနဲ့ အစားအစာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

To choose the right toothpaste

သွားတိုက်ဆေး မှန်ကန်စွာရွေးချယ်တတ်ဖို့

3 years ago
821
Why do you have to stop going every now and then?

ဘာလို့သွားခဏ ခဏကျဉ်နေရတာလဲ?

3 years ago
648

သွားကလေးများ ကျန်းမာဖို့

3 years ago
725

မေးရိုးနာကျင်ခြင်းဖြစ်စေသော အကြောင်းရင်းများ

4 years ago
3.8k

သွားရောဂါကင်းဝေးဖို့ ဘယ်လိုစားသောက်မလဲ

4 years ago
926

ပါးစပ်ထဲမှာ ခါးခါးနေတာ ဘာလို့လဲ

4 years ago
8.8k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးသွားနဲ့ အစားအစာ

ငိုလွန်းတဲ့ကလေး သူများပြုစားထားတာလား

အနာပဆုပ် ၊အနာစိမ်းဆိုတာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.